🌌Extra 10
ဥများ (အပိုင်း ၃)
"တောင်းပန်ပါတယ်...လင်း...မင်းသူငယ်ချင်းအပေါ် အမူအကျင့်ကောင်းမပေးလိုက်ရလို့ တကယ်တောင်းပန်ပါတယ်..."
"မဟုတ်ဘူး...လုံးဝမဟုတ်ဘူး..."
လင်း၏ မျက်နှာက ကြောက်လန့်တကြား အမူအရာပြနေသည်။ စင်မြင့်ပေါ်က သရုပ်ဆောင် များပင် အလွန်အမင်း ချဲ့ကားထားသည့် သူ့အမူအရာများကို မယှဉ်နိုင်ချေ။
လင်းက ခေါင်းယမ်းရင်း သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"အမျိုးသားရဲ့ အလိုဆန္ဒက အမျိုးသမီးဇာ့ဂ်တွေဖို့ စည်းမျဉ်းတစ်ခုပဲ...ငါတို့ရဲ့ အတိတ်က ခင်မင်မှုကို လျစ်လျူရှုပြီး သူ့ကို နေရာကို နှင်ထုတ်ဖို့ အခုပဲ မင်း ငါ့ကို အမိန့်ပေးခဲ့ရင်တောင်မှ... ဒါဟာ မစ္စတာစတီဗင်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေရင်တောင်မှ...အမျိုးသားဇာ့ဂ်တစ်ဦးကို ထိခိုက်နစ်နာစေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ငါ ဝန်ထုပ်ဝန်ပိုးဖြစ်မိမှာပါ...”
လင်း ခေါင်းကို စောင်း၍ သူတစ်ပါးဒုက္ခရောက်နေသည်ကို ကျေနပ်မှုအပြည့်ရှိနေသည့် စတီဗင်၏ ကြက်သွေးရောင် မျက်လုံးများကို ကြည့်လိုက်သည်။
သူက ပြော၏။
“မင်းရဲ့ အလွန်အကျွံတောင်းဆိုချက်အတိုင်း ငါ လိုက်လျောလိုက်မယ်...”
စတီဗင်က လင်းကို ကြည့်ပြီး သူ့ခေါင်းထဲတွင် ဒေါသများ တရိပ်ရိပ် တိုးလာသည်။ သူ့မျက်နှာက မူးနေသကဲ့သို့ နီရဲသွားသည်။
ဒီအမျိုးသမီးဇာ့ဂ်… ဒီအမျိုးသမီးဇာ့ဂ်… သူ သူ့ကို သေချာ မှတ်မိတယ်...
သူ့လို ရမ်းကားတတ်သည့် တခြားဇာ့ဂ်မျိုး မရှိချေ။
စတီဗင်က လင်းကို ရုပ်ရည်ချောမောပြီး သူ့အား အစေခံအမျိုးသမီးတစ်ဦးအဖြစ် ပေးအပ်ရန်ပင် ရည်ရွယ်ထားပြီး အာမခံပေးမည်လို့ တွေးခဲ့သည်။
ဒါပေမယ့် ကျေးဇူးတင်ရမယ့်အစား ဒီနှိမ့်ချတဲ့ အမျိုးသမီးဇာ့ဂ်က သူ့ကို လှောင်ပြောင်ခဲ့ တာလား...
ထိုမြင်ကွင်းကို သူဘယ်တော့မှ မမေ့နိုင်ပေ။
ငွေရောင်ဆံပင်နှင့် မျက်လုံးနီရှိသည့် ဇာ့ဂ်က သူ့စာရွက်စာတမ်းများကို ကြည့်ပြီး သူ့ကို ဂရုမစိုက်သလို ကြည့်ကာ ပြောလိုက်၏။
"မစ္စတာ စတီဗင်... ငြင်းဆိုမှုအတွက် ခွင့်လွှတ်ပါ..."
"ငါ အသက်နည်းနည်းရှည်ဖို့ မျှော်လင့်ပါတယ်...ငါ မင်းနဲ့ စာချုပ်ချုပ်ရင်...အချိန်မတန်ဘဲ သေဆုံးသွားမှာကို ကြောက်တယ်..."
"မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို အာရုံစိုက်တာက ပိုကောင်းတာပေါ့...ပြောရမယ်ဆို အမျိုးသားဇာ့ဂ်တွေက နုနယ်တယ်လေ..."
အမျိုးသမီးဇာ့ဂ်က ပြုံးလိုက်၏။
“အားအကောင်းဆုံး အမြီးချိတ်က မင်းရဲ့ ညစဉ် ကြည်နူးမှုတွေကို မခံနိုင်ဘူးလေ...”
...................
စက်ဆုပ်ဖွယ်စရာ...စက်ဆုပ်စရာကောင်းလိုက်တာ...
မကျေနပ်ချက်ဟောင်းများနှင့် နာကြည်းမှုအသစ်များက စတီဗင်၏ နှလုံးသားထဲသို့ တိုးဝင်လာပြီး သူ့ခံစားချက်တွေကို မထိန်းနိုင်တော့ချေ။ သူ ရုတ်တရက် ထရပ်လိုက်သည်။
“ရဲတင်းလိုက်တာ...”
ပြင်းပြင်းထန်ထန် ဒေါသတကြီး အော်သံက အခန်းထဲတွင် ပဲ့တင်ထပ်နေသော်လည်း လုမော့က သူ့ဒေါသကို ဦးစွာ ပြလိုက်သည်။
"မင်းရဲ့ အထောက်အထားက ဘာလဲ..."
လုမော့က ပြစ်တင်ရှုတ်ချလိုက်သည်။
"မင်း မစ္စတာစတီဗင်ကို ဘယ်လိုပြောရဲတာလဲ..."
လင်း၏ အမူအရာ ချက်ချင်းပြောင်းသွားသည်။ သူ့လက်ကို သူ့ပခုံးပေါ်တင်ကာ လုမော့ဆီသို့ ခါးကို လေးလေးနက်နက်ကိုင်း၍ တလေးတစား ပြောလိုက်သည်။
"မြင့်မြတ်တဲ့ အမျိုးသား...ငါရဲ့ ရိုင်းပြမှုကို ခွင့်လွှတ်ပါ"
စတီဗင်က လင်းကို ကြည့်ပြီး အစပိုင်းတွင် ထိတ်လန့်သွားခဲ့သည်။ ဤမျှ ခံနိုင်ရည်ရှိသော အမျိုးသမီးဇာ့ဂ်ကို သူ တစ်ခါမှ မမြင်ဖူးပေ။
ထို့နောက် သူ့ရင်ထဲတွင် ကျေနပ်မှုတစ်ခု ပေါ်လာသည်။
အဆုံးသတ်တွင် လုမော့က အမျိုးသားဇာ့ဂ်သာဖြစ်သည်။ S အဆင့်အမျိုးသားက သူ့ကို ရာထူးကနေ ထုတ်ပစ်မည်လို့ ခြိမ်းခြောက်လိုက်၏။ သူ လုမော့ကို တစ်နေရာရာတွင် စော်ကားခဲ့ မိသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။
သူ့ကို ချော့မော့နေသရွေ့ လုမော့က သူ့စကားတွေကို ပြန်သိမ်းသွားလိမ့်မယ်..။
စတီဗင်က ထပ်ပြော၏။
''တကယ်ကို S အဆင့်အမျိုးသားဇာ့ဂ်ပဲနော်...သခင်လုမော့ရဲ့ ခံ့ညားတဲ့ အသွင်အပြင်က တကယ့်ကို ထူးထူးခြားခြားပါပဲ..."
သို့သော် လုမော့က သူ့ကို လျစ်လျူရှုခဲ့သည်။ သူက လင်း၏ ပခုံးကို အသာအယာဖိလိုက်ပြီး လေးနက်သောလေသံဖြင့် ညွှန်ကြားလိုက်၏။
“ကောင်းပြီ...ငါ မင်းကို ခွင့်လွတ်တယ်...ဒါပေမယ့် နောက်တစ်ကြိမ်တော့ မဖြစ်ရဘူးနော်... ဆိုရိုးစကားက...”
“မှင်အနီးနေရင် မှင်စွန်းသွားလိမ့်မယ်...ပြဒါးနားနေရင် အနီရောင်စွန်းသွားလိမ့်မယ်...”
“လူမိုက်များနားနေရင် ကံဆိုးခြင်းဆီ ဦးတည်သွားလိမ့်မယ်တဲ့..."
လင်းက သက်ပြင်းချလိုက်၏။
“အာ...မင်းရဲ့ သွန်သင်ချက်တွေကို နားထောင်ရတာ ဂုဏ်အရှိဆုံးပဲ..."
လုမော့က ချီးကျူးလိုက်၏။
“တကယ်က မျိုးဆက်သစ်လူငယ်တွေကို သင်ပေးနိုင်တယ်လေ..."
............
စတီဗင်၏ မျက်နှာက အနီမှ အပြာ၊ ၎င်းနောက် ခရမ်းရောင်သို့ လျင်မြန်စွာ ပြောင်းသွားပြီး နောက်ဆုံးတွင် အိုးအောက်ခြေကဲ့သို့ မဲနက်သွားသည်။
နောက်ဆုံးတော့ ဒီဇာ့ဂ်နှစ်ယောက်က သူ့ကို အစကတည်းက ဆော့နေမှန်း သူနားလည်သွား တယ်...
စတီဗင်က လုမော့ကို မလိုသောအကြည့်ဖြင့် စိုက်ကြည့်ကာ သတိပေး၏။
"လူကြီးမင်း...မင်းကို ဒီထက်ပို မလုပ်ဖို့ အကြံပေးပါရစေ..."
သူ ကော်ဖီစားပွဲပေါ်မှ နာမည်ကတ်ကို ကောက်ယူပြီး သူ့ကိုယ်ပေါ် ပြန်ယူလိုက်သည်။
အနီးကပ်ကြည့်လိုက်ရင် သူ့လက်က ဒေါသနှင့် အနည်းငယ်တုန်နေသည်ကို သတိပြုမိလိမ့်မည်။
“မင်းက S အဆင့်အမျိုးသားဇာ့ဂ်ဖြစ်နေရင်တောင်မှ ငါ့ကို အသင်းအဖွဲ့ကနေ နှင်ထုတ်ပိုင်ခွင့်မရှိဘူး..."
စတီဗင်က သူ့အဝတ်အစားများမှ ဖုန်မှုန့်များကို ခါလိုက်ပြီး ပြောလိုက်၏။
"ဆန့်ကျင်ဘက်အနေနဲ့ မင်းကို တာဝန်ရှိတာ ငါပဲလေ...အခုလေးတင် မင်းရဲ့လုပ်ရပ်တွေက အမျိုးသားဇာ့ဂ်ကာကွယ်ရေးအဖွဲ့အစည်းရဲ့ ကိုယ်စားလှယ်ကို အကြီးအကျယ် အဟန့်အတား ဖြစ်စေပါတယ်...ဒါဟာ ကြီးလေးတဲ့ စွဲချက်တစ်ခုပဲ..."
လုမော့က မျက်ခုံးပင့်လိုက်သော်လည်း တိတ်ဆိတ်နေ၏။
“ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့...မင်းက သဘာဝအတိုင်း အပြစ်ပေးခံရမှာ မဟုတ်ဘူး၊ ဒါပေမယ့် ဒါကို လူအများက လက်ခံမှာမဟုတ်ဘူး...”
စတီဗင်က သူ့ခေါင်းကို လင်းဘက်လှည့်လိုက်ပြီး သူ့မျက်လုံးများက မကျေနပ်မှုများနှင့် ပြည့်နှက်နေ၏။
“အမျိုးသားဇာ့ဂ်က ကျူးလွန်တဲ့ ပြစ်မှုအတွက် ပုံမှန်ဆို အိမ်သူဘုရင်မက တာဝန်ယူရတယ်...”
သူ့လက်ကို မြှောက်ပြီး လက်ညိုးထိုးကာ အော်ဟစ်လိုက်၏။
"အားလုံး ဝင်လာကြစမ်း..."
..........
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် စတီဗင်က တင်းကျပ်စွာ ပိတ်နေသော တံခါးကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ နောက်အခိုက်အတန့်တွင် သူသဘောပေါက်ပြီး လုမော့ကို စူးရှစွာ လှည့်ကြည့်လိုက်သည်။
လုမော့က သူ့ကို ပခုံးတွန့်ပြသည်။
"မင်း...မင်း...မင်း...”
စတီဗင်၏ ရင်ဘတ်က နိမ့်ချေမြင့်ချေဖြစ်လာပြီး သူ့ဒေါသက လှောင်ပြောင်သော အပြုံးအဖြစ်သို့ ပြောင်းလဲသွားသည်။
"ကောင်းပြီလေ...မင်း ငါတို့ရဲ့ လုပ်ရပ်တွေကို ဟန့်တားခဲ့ရုံသာမက အခု မင်းလည်း တိုက်ခိုက်မှုတစ်ခု လုပ်နေပြီ..."
သူက လက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းပြီး ကြမ်းတမ်းစွာပြောခဲ့၏။
“ဒီနေ့ ဖြစ်ပျက်ခဲ့သမျှအားလုံးကို ငါ မှတ်တမ်းတင်ထားမှာ...မင်းကို ငါဘာလုပ်ပေးမယ်ဆိုတာ စောင့်ကြည့်လိုက်...”
သို့သော် သူအံ့ဩသွားသည်က အနက်ရောင်ဆံပင်၊ မျက်လုံးစိမ်းနှင့် အမျိုးသားဇာ့ဂ်က ထိတ်လန့်မှု အနည်းငယ်မျှ မပြခဲ့ပေ။ ထိုအစား သူ ရယ်မောလိုက်၏။
စတီဗင်က သူမည်မျှ အာဏာရှိသည်ကို လုမော့မသိသေးကြောင်း ယူဆပြီး သူ့ကို သနားစိတ်ဖြင့် ကြည့်လိုက်သည်။
"ဆက်ပြီး ရယ်မောလိုက်ပါဦး...မင်းရဲ့အောင်ပွဲတွေကို အခုပဲခံစားနိုင်မှာပါ..."
သူက ဤမျှမာနကြီးသော ဇာ့ဂ်အချို့ကို မြင်ဖူးသည်။
ဒါပေမယ့် နောက်ဆုံးမှာ ဘာဖြစ်သွားတာလဲ...သူတို့အားလုံး ကြောက်လန့်တကြား ဖြူဖျော့နေတာပဲ မဟုတ်လား...
လုမော့ နောက်ဆုံး အရယ်ရပ်သွား၏။ သူ သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းလိုက်သည်။
“မစ္စတာစတီဗင်...မင်းရဲ့အာဏာကို ဒီလောက်ကြီးကျယ်ခမ်းနားစွာ ကိုင်စွဲထားပြီး လက်ရှိ အချိန်မှာ လူတစ်ယောက်ကိုသတ်ဖို့ ဓားဟောင်းတစ်လက်ကို အသုံးပြုဖို့ ကြိုးစားနေတယ်ပေါ့..."
စတီဗင် နားမလည်ချေ။
"မင်း ဘာကိုပြောနေတာလဲ..."
"ငါပြောနေတာ မင်းရဲ့ အချက်အလက်တွေ တော်တော်အားနည်းနေတယ်..."
လုမော့က သူ့လက်တွေကို ဖြန့်ပြီး ကျက်သရေရှိရှိ ပြောလိုက်၏။
"မင်းရဲ့အတိတ်က ငါ့မြင့်မြတ်တဲ့ အမျိုးသမီးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ထောက်ပြီး ငါမင်းကို ဒီသတင်းကို ကြိုပြောလိုက်မယ်..."
လုမော့က ဟန်ဆောင်နေသည်ဟု ထင်ရသော်လည်း စတီဗင်က အလိုလိုနေရင်း အသက်ရှုကြပ်နေသည်။ သို့သော် သူ့ရင်ထဲတွင် မသက်မသာ ခံစားချက်တစ်ခု ပေါ်လာသည်။
"နှစ်နာရီအကြာမှာ ဇာ့ဂ့်ဧကရာဇ်အသစ်က သူ့နန်းစံမှုပထမဥပဒေကို ထုတ်ပြန်ကြေညာမှာ ဖြစ်တယ်...ပြဌာန်းချက်တစ်ခုက အမျိုးသားဇာ့ဂ်ကာကွယ်ရေးအဖွဲ့အစည်းအပါအဝင် အသင်း အဖွဲ့ကြီးတွေနဲ့ အသေးစားအသင်းပေါင်း သုံးဆယ့်ရှစ်ခုကို ချက်ချင်းဖျက်သိမ်းမှာဖြစ်တယ်...”
လုမော့က စတီဗင်ကို ကြည့်လိုက်ပြီး သူ့မျက်နှာက ပုံမှန် ယဉ်ကျေးသည့်အပြုံးကို ပြသနေသော်လည်း ဤအချိန်မှာတော့ လှောင်ပြောင်နေသလိုပင်။
"မင်း မှန်ပါတယ်...မင်းကို မောင်းထုတ်ဖို့ ငါမှာ အာဏာမရှိဘူး...မင်းကို နှင်ထုတ်မယ့်လူက ဘုရင်မင်းမြတ်...ဇာ့ဂ့်ဧကရာဇ်ပဲ"
လုမော့ မျက်ခုံးပင့်လိုက်သည်။
"မင်းရဲ့ နာမည်ကတ်ကို ချိတ်ထားလိုရင် မင်းသိမ်းထားလို့ရတယ်...ဒါပေမယ့် သုံးရက် အတွင်းမှာတော့ အဲ့ဒါက အမှတ်တရအဖြစ်သာ ဖြစ်လာတော့မှာ..."
သို့သော်လည်း သူက ဤကိစ္စအတွက် အနည်းငယ်သော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သည်။
စတီဗင် မျက်လုံးပြူးသွားသည်။
ယခု လုမော့ကို ဂရုစိုက်နိုင်သည့် စိတ်ဓာတ်မျိုး မရှိတော့ချေ။ သူ လှည့်၍ ထွက်သွားတော့မည်။ ဤကိစ္စကို မှန်မမှန် အတည်ပြုရန် လို၏။
လုမော့က စတီဗင် အလျင်အမြန်ထွက်ခွာသွားသည်ကို ကြည့်ကာ ပြောလိုက်၏။
"လင်း ကျေးဇူးပြုပြီး သူ့ကို စောင့်ကြည့်လိုက်..."
လင်းက မျက်တောင်ခတ်ပြီး လိမ္မာပါးနပ်စွာ ပြုံးလိုက်၏။
"ဟုတ်ကဲ့ပါ မြင့်မြတ်တဲ့ အမျိုးသား...
မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော စတီဗင်နှင့် ၎င်း၏ လက်အောက်ငယ်သားများကို ကြည့်ပြီး နောက် လင်း အထဲသို့ ပြန်သွားခဲ့သည်။ သို့သော် ထိုအချိန်တွင် သူက သူ့ကို စူးစူးစိုက်စိုက် ကြည့်နေသည်။
လင်းက ထိုအကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ စွဲမက်ဖွယ် အစိမ်းရောင်မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။
သူ့မျက်လုံးများကို မှေးထားသည့်အတွက် လင်းက မေးလိုက်၏။
"မေးလို့ရမလား..."
"ငါ့ကို မိတ်ဆက်ပေးပါဦး..."
သစ်ပင်ရိပ်တွင် တစ်စိတ်တစ်ပိုင်း ဖုံးကွယ်ထားသည့်ပုံရိပ်က နောက်ဆုံး ထွက်လာ၏။
သူ့တွင် အနီရောင်တောက်တောက် ရှည်လျားသော ဆံပင်ရှည်များရှိပြီး လှုပ်ရှားမှုတိုင်းတွင် ဆွဲဆောင်မှုအပြည့်ရှိပြီး လိင်အမျိုးအစားကို ကျော်လွန်သည့် ပြင်းထန်သောဆွဲဆောင်မှုရှိသည်။
သို့သော် အမှန်ပင် သူက အမျိုးသမီးဇာ့ဂ်တစ်ဦးဖြစ်သည်။
ဆံပင်နီနှင့် ဇာ့ဂ်က လင်းကို စိတ်ဝင်တစားကြည့်ကာ တစ်ယောက်ကိုတစ်ယောက် အရွယ်အစား ယှဉ်လိုက်သည်။
ငြိမ်သက်နေသော လေထုထဲတွင် လှိုင်းလုံးများ လှိုင်းထနေသကဲ့သို့ ခံစားရသည်။
မိနစ်အနည်းငယ်အကြာတွင် ဆံပင်နီနှင့် အမျိုးသမီးဇာ့ဂ်က သူ့လက်ကို လင်းထံသို့ ကမ်းလိုက်သည်။
"ငါက ပိုင်ပါ...မင်းက ဒဏ္ဍာရီလာ ဗိုလ်မှူးဖြစ်မယ်ထင်တယ်..."
ပိုင်ကမ်းလှမ်းသော စေတနာကို လက်ခံရန် ရည်ရွယ်ချက်မရှိဘဲ လင်းက အေးစက်စွာ ကြည့်နေလေသည်။
သို့သော် ပိုင်က စိတ်မ၀င်စားဘဲ သူ့လက်ကို ဆွဲထုတ်လိုက်ပြီး လင်းကို သဘောကျစွာ ပြောလိုက်၏။
"အခု မင်းကို လူကိုယ်တိုင်တွေ့ပြီးပြီမို့ ချောမောမြင့်မြတ်တဲ့ အမျိုးသားက မင်းကို ဘာလို့ ဒီလောက်ထိ စွဲလန်းနေတာလဲ ငါနားလည်နိုင်ပြီ..."
သူက လင်းကို တရင်းတနှီးချဉ်းကပ်ကာ အလွန်နီးကပ်သော အကွာအဝေးတွင် ရပ်ကာ သာယာသောရနံ့ကို ရှူရှိုက်ရင်း ပြော၏။
"လှပြီး မာနကြီးပေမယ့် သေစေလောက်ဆုံးအရာက... မင်းဟာ တောင့်တင်းတဲ့ အမျိုးသမီးဇာ့ဂ် အမျိုးအစားမဟုတ်ဘူး...မင်းက သူများထက် လှည့်စားတတ်တဲ့ ခဲယဉ်းတဲ့ ကြောင်ကလေးပဲ..."
နောက်အခိုက်အတန့်တွင် လင်းက ပိုင်၏ နဖူးကို လက်ညိုးဖြင့် ဖိကာ တွန်းဖယ်လိုက်သည်။
ပိုင်က ဒေါသတကြီးဖြင့် သူ့လက်များကို လေထဲသို့ လှုပ်ယမ်းလိုက်၏။
"အာ....ဘယ်လောက်တောင် အသည်းနှလုံးမဲ့လဲ..."
လင်းက မတုန်လှုပ်ဘဲ အေးစက်စွာ ပြောသည်။
"ငါ့ဘေးက ဝေးဝေးနေစမ်းပါ အမျိုးသမီးဇာ့ဂ်...ငါ့ကို စိတ်မချမ်းသာအောင် မလုပ်နဲ့..."
ပိုင်က သူ့ကို မမှတ်မိသော်လည်း သူက ပိုင်ကို မှတ်မိ၏။
စစ်တပ်မှတ်တမ်းများတွင် ပိုင်က အလွန်နာမည်ကြီးသော လိမ်လည်သူဖြစ်သည်။ သို့သော်လည်း ကောက်ကျစ်သော ဇာ့ဂ်က မည်သည့်အထောက်အထားမျှ မကျန်ရစ်ခဲ့ပေ။ အင်ပါယာမြို့တော်၏ လမ်းများပေါ်တွင် လျှောက်သွားနေရင်တောင် ဘယ်သူမှ သူ့ကို ဘာမှ မလုပ်နိုင်ချေ။
"ကောင်းပြီ...ကောင်းပြီ..."
ပိုင် ပါးပြင်ကို ပွတ်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်ပြန်၏။ သူက ပျော်ရွှင်သည့် အမူအရာဖြင့် သူ့ကိုယ်သူထိန်း၍ ပြောလိုက်၏။
“မင်းရဲ့ အပြုအမူကို ကြည့်ရတာ မသိသေးပုံပဲ...ချောမောလှပမြင့်မြတ်တဲ့ အမျိုးသားနဲ့ ငါ တစ်ချိန်က သာယာတဲ့ညမှာ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ခဲ့တယ်..."
ထွက်ခွာရန် လှည့်နေသော လင်း၏ ခြေလှမ်းများက ခဏရပ်သွားသည်။
ပိုင်၏ ရွှေစိမ်းရောင်မျက်လုံးများက နေရောင်အောက်တွင် တောက်ပနေသည်။
အို ဘယ်လောက်ဆန်းကြယ်လဲ...
စတီဗင်နှင့် ပြောဆိုပြီးနောက် လုမော့က ပျော်ရွှင်သော စိတ်များ ပြည့်နှက်နေခဲ့သည်။
သူလမ်းလျှောက်တိုင်း သူ့နောက်မှာ ပန်းပွင့်လေးများ ပွင့်နေသလိုပင်။
သူက အမြဲတမ်း အလုပ်ကြိုးစားသူဖြစ်သည်။
အသင်းခွဲက သူ့ကို ဒုက္ခရောက်စေခဲ့သော်လည်း နောက်ဆုံး တစ်နေ့တွင် ထိုအဖွဲ့အစည်းကို ဒုက္ခရောက်စေမည့်သူမှာ သူပင်။
မဟုတ်ဘူး...မဟုတ်ဘူး...ဒါက ဒုက္ခဖြစ်စေတာမဟုတ်ဘူး...အဲဒီ ပေါင်းသင်းဆက်ဆံမှုက ခေါင်းကို တူနဲ့ ရိုက်သလိုပဲ...
ဇာ့ဂ်ဧကရာဇ်၏ ဥပဒေသစ်ကြေငြာချက်ကို တိုက်ရိုက်ထုတ်လွှင့်မှုမှ ကြည့်ရှုပြီးနောက် သူ၏ ရွှင်လန်းသော စိတ်က မကြုံစဖူးသော အဆင့်သို့ ရောက်ရှိသွားသည်။
အခန်းထဲပြန်ရောက်တော့ ပြုံးစိစိနှင့် ဖြစ်နေပြီး လင်းက ကုတင်ပေါ်တွင် လဲလျောင်းနေ၏။
လင်းက နူးညံ့သော အပြုံးဖြင့် တုံ့ပြန်ခဲ့သည်။
လုမော့က မသိစိတ်ဖြင့်: ovo
ထို့နောက် လုမော့၏ အကြည့်အောက်တွင် လင်းက စောင်ပါးပါးကို ဖြည်းညှင်းစွာ ရုတ်သိမ်းလိုက်သည်။
လုမော့မြင်လိုက်သည်နှင့် အံသြသွား၏။
လင်းက ညအိပ်ဝတ်အင်္ကျီကိုသာ ဝတ်ထားပြီး တောင့်တင်းသော ရင်ဘတ်ကို ဖော်ထားသည်။ အလင်းရောင်အောက်တွင် လိုက်ဖက်နေပြီး သူ့ခေါင်းကိုက်လာစေ၏။
လုမော့အကြည့်များက သူ့ကြွက်သားများအောက်ဘက်သို့ ကျလာပြိး လင်း ကိုယ်ဝန်ရှိလာပြီးနောက် ပထမဆုံးအကြိမ် တွေ့လိုက်ရတယ်...
ယခင်က သွယ်လျသော ခါးလိုင်းက အနည်းငယ် ပုံသဏ္ဍာန် ရှိလာခဲ့သည်။
သူ၏ တောင့်တင်းသော ဝမ်းဗိုက်ပေါ်တွင် အနည်းငယ် စူထွက်နေသော မျဉ်းကွေး တစ်ခုရှိသည်။
"မြင့်မြတ်တဲ့ အမျိုးသား..."
လင်းက သူ့ဆီသို့ လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့မျက်နှာမှာ အနည်းငယ် နီမြန်းနေပြီး သူ့မျက်လုံးများတွင် ရှက်ရွံ့မှုအရိပ်အမြွက်ပြနေသည်။
"ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးဇာ့ဂ်တွေဟာ အာဟာရပိုလိုအပ်ပါတယ်..."
လုမော့က သူ့ကို ဗလာအကြည့်ဖြင့် စိုက်ကြည့်နေ၏။
"အိုး..."
"အဲဒါ ဘာလဲ မင်းသိလား..."
လုမော့က အလိုလိုပြန်ဖြေသည်။
"အဲ့ဒါ ဘာလဲ..."
လက်အိတ်ဖြူဝတ်ထားသော လက်တစ်ဖက်ဖြင့် လင်းက သူ့မျက်နှာကို တစ်စိတ်တစ်ပိုင်း ဖုံးအုပ်ကာ အကြည့်လွှဲ၍ တိုးတိုးပြော၏။
“အဲ့ဒါက...”
သူ စကားနှစ်လုံးကို တိုးတိုးလေးပြောလိုက်သည်။
လုမော့၏ သွေးများက သူ့ခေါင်းဆီသို့ စီးဆင်းသွားသည်။
သူ့အမြီးက ချက်ချင်း ထောင်မတ်လာတယ်...
ထိုညတွင် လင်းက ထူးထူးခြားခြား နူးညံ့သည်။ သူ၏ ပုံမှန်အမူအရာနှင့်မတူဘဲ လုမော့က လင်းအား ထိုသို့ အလွန်ညင်သာသိမ်မွေ့ပြီး လိုက်လျောညီထွေဖြစ်သည်ကို မမြင်ဖူးပေ။
ဒါတင်မကဘဲ လင်းက သူအရင်က တစ်ခါမှ မသုံးဖူးတဲ့ ကိုယ်ဟန်အမူအရာတွေကို ပြခဲ့တယ်... လုမော့အတွက် တကယ့်ကို အမြင်ကျယ်စေတာပဲ...
ယခင်သိပ်စိတ်မလှုပ်ရှားဖူးသည့် လုမော့က စိတ်လှုပ်ရှားပြီး စကားပင် ကောင်းကောင်း မပြောနိုင်ဘဲ စကားထစ်နေ၏။
သူပြောပြီး သူ့မျက်နှာနီရဲသွားသည်။
“ဒီလို အရာအားလုံးကို မင်းဘယ်က သင်လာတာလဲ..."
လင်းက သူ့ကို ညင်သာစွာကြည့်၍ မေးလိုက်သည်။
“ ဒီတော့ မြင့်မြတ်တဲ့ အမျိုးသား...မင်းကြိုက်လား...”
လုမော့: "..."
လုမော့:////
ဤအရေးကြီးသောအခိုက်အတန့်တွင် လင်းမျက်လုံးများကို မှိတ်ထားပြီး လုမော့၏ နားထဲ တိုးတိုးလေး ပြောသည်။
"မင်း ငါ့ကို ပိုကြိုက်လား ဒါမှမဟုတ် ပိုင်လို့ အမည်ပေးထားတဲ့ အဲဒီအမျိုးသမီးဇာ့ဂ်ကို ပိုကြိုက်လား..."
လုမော့: "..."
အား...အား...အားးးးးးးးးးးးးးးးး လင်း ဘယ်လိုသိတာလဲ အား...အား...အား.........
ဒါပေမယ့် သူဘာမှ မလုပ်ခဲ့ဘူးလေ အဟင့်...
သူက နူးညံ့သိမ်မွေ့တဲ့ ပွေ့ဖက်မှုကို လက်ခံရရှိပြီး တစ်ဖက်သားရဲ့ အနမ်းကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့တယ်လေ...
အဟင့်...အဟင့်...အဟင့် သူ ဘာအမှားမှ မလုပ်ခဲ့ဘူး...အဟင့်...အဟင့်...
ထိုညတွင် လုမော့ တရားမျှတမှုဘီးများက ဖြည်းညှင်းစွာကြိတ်သည့်ဆိုလိုရင်းကို သိလာခဲ့သည်။
လက်စားချေမှုက အေးစက်ပြီ အကောင်းဆုံးသော ဟင်းတစ်ခွက်ဖြစ်သည်။
သူ့အသက်ဝိညာဉ်ဆုံးရှုံးလုနီးပါးပင်။
ဒါပေမယ့်... ဒါပေမယ့်...
လင်း၏ ထိုဘက်ခြမ်းကိုလည်း သူမခံနိုင်ကြောင်း ဝန်ခံရမည်။
အဆုံးတွင် လင်းကို လုံး၀ စိတ်ကျေနပ်စေရန် လုပ်ခဲ့ရ၏။
လင်းကို သူ့ရင်ခွင်ထဲတွင် ထား၍ လုမော့ အိပ်ပျော်သွားကာ တိုးတိုးလေး ညည်းတွားလိုက်သည်။
...........
နောက်နေ့မနက်၌။
လုမော့က သူ့နေ့စဉ်ဘဝကို ရိုက်ကူးရန် တာဝန်ရှိသည့် စက်ရုပ်လေးကို ကိုင်ကာ ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ မှတ်တမ်းတင်ထားသည့် ဗီဒီယိုဖိုင်ကို တစ်ခုချင်း ကြည့်လိုက်၏။
သူပိုကြည့်လေ သူ့မျက်ခုံးများ ပိုတွန့်လာလေဖြစ်၏။
အာ...ဤအရာကို သုံးလို့မရပေ။
ထိုအရာကိုလည်း သုံးလို့မရပေ။
နာရီဝက်အကြာတွင် သူက စက်ရုပ်ငယ်လေးကို ပစ်ချပြီး အားအင်မရှိဟု ခံစားရကာ ကုတင်ပေါ်သို့ လဲကျသွားသည်။
သေစမ်း...
အားလုံးက ပြောမပြနိုင်သော အရာများပင်။
သူ့ vlog ကို ဘယ်အချိန်မှာ ပြီးအောင်လုပ်နိုင်မလဲ...
ထိုအရာက အမျိုးသားဇာ့ဂ်များ တကယ်ကို စိတ်ပူရမည့်အရာပင်။
လုမော့ သက်ပြင်းချလိုက်၏။
🌌🌌🌌