အပိုင်း ၇၅
Viewers 26k

Part 75


ဝမ်စီစီသည်လည်း အံ့အားသင့်သွားပြီး အကြာကြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်၊ "ဟားဟား၊ ရှုကျားဟုန်၊ ပြောစရာမရှိတော့ဘူးမလား။ ချီကျန်းကျန်း ဝတ်ထားတာက တကယ့်'နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်'လေ။"


အပြာရောင်ဂါဝန်ရှည်နဲ့လိုက်ပြီး မနေ့ကပဲရောင်းလိုက်သည်။ ချီကျန်းကျန်း၏ လည်ပင်းပေါ်ရှိ လည်ဆွဲသည် တကယ်လည်း အရည်အသွေးမြင့်သော လည်ဆွဲနှင့် တူသည်။ ပြောစရာမလိုအောင်ပင် သူမသည် တကယ့် 'နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်'ကို ဝတ်ဆင်ထားခဲ့သည်။


မစ္စစ်ရှုသည် မည်သည့်အဆင့်အတန်းမြင့်ပွဲ၌ ပေါ်လာမည်ကို သိချင်ခဲ့သော်လည်း တကယ်တမ်းတွင် သူတို့ဆင်းရဲသည်ဟုထင်ထားကြသော အိမ်မှထွက်လာသည့် အသက်နှစ်ဆယ်ကျော် မိန်းကလေးတစ်ဦးက သာမာန်မွေးနေ့ပွဲတစ်ခုကို ဝတ်ဆင်လာခဲ့ခြင်းဖြစ်သညလ။


ဤနေရာတွင်ရှိနေသူများအားလုံးသည် အလွန်ငယ်ရွယ်ကြပြီး အာဏာမရရှိသေးသော ဝမ်ရိရန်ပင် လက်ထဲတွင် သန်း၂၃၀ မရှိပေ။


"နင်ဘာလို့ထုတ်မပြောခဲ့တာလဲ။" ရှုကျားဟုန်သည် ချီကျန်းကျန်းကို အပေါက်ဖြစ်လောက်အောင် စိုက်ကြည့်နေရင်း အသံတုန်ယင်စွာမေးလိုက်သည်။


ချီကျန်းကျန်းသည် နောက်ဆုံးတွင် အတွေးနွံနစ်ဝင်နေခဲ့သော မျက်လုံးများကို မျက်တောင်ခတ်လိုက်ပြီး ရှုကျားဟုန်ကို ကြည့်လိုက်သည်။ သူမ၏ အသံသည် တည်ငြိမ်အေးဆေးနေပြီး "ငါဒါကို အတုလို့ ပြောခဲ့လို့လား။"


ထို့အ​ပြင်၊ လူအားလုံးသည် သူတို့တွေးချင်သလို တွေးနေကြတာဖြစ်သည်။


ရှုကျားဟုန် သွေးအန်လု မတတ်ပင်။ သူတို့အားလုံးက သူမကို ရယ်မောခဲ့ကြပြီး သူမက စကားတစ်ခွန်းတောင် မပြောခဲ့တာကြောင့် ဘယ်သူက တကယ့်အစစ်ကိုဝတ်ထားသည်ဟု ထင်မည်နည်း။


သူမသည် ချီကျန်းကျန်း၏မျက်နှာကို ဖြတ်ရိုက်ချင်ခဲ့သော်လည်း ယခုအချိန်တွင် သူမမျက်နှာသည်သာ အကြိမ်ပေါင်းများစွာ ဖြတ်ရိုက်ခံလိုက်ရသကဲ့ ပူလောင်ကာနာကျင်နေခဲ့သည်။


အန်းချင်ယုသည်လည်း ထိတ်လန့်သွားပြီး ချီကျန်းကျန်းကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။


ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူမ ဘယ်လိုလုပ် 'နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်'ကို ၀တ်နိုင်မှာလဲ။ သူမ ဘယ်လိုလုပ် တတ်နိုင်ပါ့မလဲ။  ဒါမှမဟုတ် ဘယ်သူက သူမအတွက် ဝယ်ပေးပါ့မလဲ။


ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?!


သူမသည် အရမ်းထိတ်လန့်သွားကာ ဆွံ့အသွားရပြီး ချီကျန်းကျန်း၏လည်ပင်းပေါ်က ဆွဲကြိုးကို စိုက်ကြည့်နေသည်။


သူမ၏မျက်လုံးများထဲတွင် ထိတ်လန့်ခြင်း၊ အားကျခြင်းနှင့် မနာလိုခြင်းများ ပြည့်နှက်နေသည်။


ဒါဟာ သူမ ဘဝတစ်လျှောက်လုံး မပိုင်ဆိုင်နိုင်လောက်မဲ့ အရာတစ်ခုပေ။


"ချီကျန်းကျန်း... 'နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်' နင့်ဟာလား။ ဘယ်သူဝယ်ပေးတာလား။"  တစ်စုံတစ်ယောက်က အား​ပျော့​စွာမေးလိုက်သည်။


သူမသည် အန်းချင်ယုကိုယ်စား မေးပေးခဲ့တာဖြစ်သည်။


ချီကျန်းကျန်းက သူမကို ကြည့်ပြီး အမူအရာ မပြောင်းလဲဘဲ ပြုံးကာ "နင်နဲ့ဘာဆိုင်လို့လဲ"


လူတိုင်း: "…"


သူမသည် အလွန်တရာမှ ဂရုမစိုက်စွာ ပြောနေခဲ့သော်လည်း ယခုအချိန်တွင် လူတိုင်းတိတ်သွားကြသည်။ ချီကျန်းကျန်းရဲ့လည်ပင်းပေါ်က ရတနာက သူတို့ကို တကယ်ကို ထိတ်လန့်ကာ ဆွံ့အစေခဲ့ပါသည်။


"ဝမ်စီစီ ဒီနေ့က နင်မွေးနေ့လေ။ ကိတ်မုန့်လှီးရအောင်။" ချီကျန်းကျန်းက ဝမ်စီစီကို ကြည့်ကာ ပြောလိုက်သည်။


သူမ၏စကားက ဒီစကားဝိုင်းကို အဆုံးသတ်သွားစေတယ်။


ထို့ကြောင့် လူတိုင်းသည် ပုံမှန်မွေးနေ့ပွဲများအတိုင်း ကြီးမာသော ကိတ်မုန့်ကို တွန်းလာကြပြီး ဝမ်စီစီအတွက် မွေးနေ့သီချင်းကို ဆိုပေးကြသည်။ ဝမ်စီစီသည်လည်း မျက်လုံးမှိတ်ကာ ဆုတောင်းလိုက်ပြီးနောက် လူအများနှင့် ကိတ်မုန့်ကိုမျှဝေစားလိုက်​သည်။


လေထုက အရင်ကနဲ့မတူတော့ပေ။


လူတိုင်းက ချီကျန်းကျန်း၏လည်ပင်းပေါ်ရှိ 'နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်'ကို တုန်လှုပ်နေသောမျက်လုံးများဖြင့် တမင်ဖြစ်စေ အမှတ်တမဲ့ဖြစ်စေ ကွက်ကြည့်ကွက်ကြည့် လုပ်နေကြတော့သည်။


ရှုကျားဟုန်သည် လူစုလူဝေးကြီး၏ နောက်ထဲတွင် ပုန်းနေခဲ့ပြီး ထပ်မစွန့်စားရဲတော့ပေ။


လူအားလုံးက သူမကို လှောင်ပြောင်ကာ ရယ်မောနေကြသလို ခံစားနေရသည်။


ဒါပေမယ့် တကယ်တော့ သူမဟာ အရမ်းအတွေးလွန်းနေတာဖြစ်ပြီး လူတိုင်းနီးပါးသည် ချီကျန်းကျန်းကိုသာ အာရုံစိုက်နေကြတာဖြစ်သည်။ ဘယ်သူမှ ရှုကျားဟုန်ကို အာရုံမစိုက်မိကြပေ။


သူမ၏နောက်မှ အန်းချင်ယုသည်လည်း အံကြိတ်ကာ "နင်စောစောက သူ့လည်ပင်းပေါ်ကလည်ဆွဲကအတုဆိုတာ သေချာနေခဲ့တာမဟုတ်ဘူးလား။"


သူမ၏နှလုံးသားသည် လောင်ကျွမ်းနေပုံရပြီး အရာအားလုံးကို မီးလောင်တိုက်သွင်းပစ်ချင်နေသည်။


အိမ်မှထွက်ပြေးလာသော ချီကျန်းကျန်းသည် ဆင်းရဲပြီး သနားစရာကောင်းနေသင့်သည်လေ။ ဘာကြောင့် အရင်ကထက် ပိုအဆင်ပြေနေတာလဲ။


လည်ပင်းမှာလည်း သူမ တွေးတောင် မတွေးဝံ့သော အရာတစ်ခုကို ဘာကြောင့် ဝတ်နိုင်နေတာလဲ။


ရှုကျားဟုန်က ပါးစပ်ကိုဖွင့်လိုက်ပြီး "သူအစစ်ကိုဝတ်နိုင်တယ်ဆိုတာ ငါမှမသိခဲ့တာ..."


ထိုသို့ပြောပြီးနောက် သူမသည် အန်းချင်ယုကို စူးစူးရဲရဲစိုက်ကြည့်လိုက်ပြီး "နင်သာ ငါ့အဒေါ်ကို ခေါ်ဖို့မပြောခဲ့ရင် ငါ ဘယ်လိုလုပ် အရှက်ကွဲမှာလဲ။"


သူမ အသံကို မတိုးခဲ့တာကြောင့် အနီးနားရှိ တစ်စုံတစ်ယောက်သည် သတိထားမိသွားသည်။


တုံးလိုက်တာ။


အန်းချင်ယု၏ မျက်လုံးများတွင် ရွံမုန်းမှုများ ထင်ဟပ်နေသော်လည်း သူမ၏ပါးစပ်မှတော့ ဒေါသထွက်စွာဖြင့် "နင် ဘာမဟုတ်တာတွေပြောနေတာလဲ။ ငါနင့်ကို သီးသန့်ဖြေရှင်းဖို့ပဲ အကြံပေးခဲ့တာလေ၊ ပွဲရှာခိုင်းခဲ့လို့လား။ ကျားဟုန် နင်ငါ့ကိုစိတ်ဆိုးလို့မရဘူး။"


"နင်၊ နင်၊ နင်။" ရှုကျားဟုန်သည် ဒေါသအရမ်းထွက်လာပြီး ဘာမှပြန်မပြောနိုင်တော့ပေ။


မူလခန္ဓာကို ညှဉ်းပန်းနှိပ်စက်ခဲ့သော ဤ"စိတ်ထားကောင်းသောကောင်မလေး"နှစ်ယောက်ကြားတွင် နောက်ဆုံးတော့ ပြုပြင်၍မရသော အက်ကြောင်းကြီးတစ်ခုဖြစ်လာခဲ့ပြီ။


ချီကျန်းကျန်းသည် အမူအရာမဲ့စွာ ရေတစ်ခွက်ကို သောက်လိုက်သည်။


ချီကျိုးချန်သည် အနားကိုရောက်လာပြီး အချိန်အတော်ကြာမှ ပါးစပ်ကိုဖွင့်ပြီး "ချီကျန်းကျန်း၊ ဒါက 'နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်' အစစ်လား။"


သူသည် စစ်၊ မစစ်ကို သံသယဝင်နေခြင်းမဟုတ်၊ ချီကျန်းကျန်းသည် 'နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်' ကို ၀တ်ဆင်ထားသည်ဆိုတာကို သူမယုံနိုင်ဖြစ်နေခြင်းပင် ဖြစ်သည်။


"ဟုတ်​လောက်တယ်ထင်တာပဲ။" ချီကျန်းကျန်းက အေးအေးဆေးဆေးပင် ပြောလိုက်သည်။


ချီကျိုးချန်က ခေတ္တရပ်ပြီးမှ "မင်းကိုဘယ်သူပေးတာလဲ။" ဟုဆိုသည်။


"အဲဒါနင့်ကိစ္စမဟုတ်ဘူး။" ချီကျန်းကျန်းသည် ပါးစပ်ပိတ်သွားစေရန် ကိတ်မုန့်တစ်ဖဲ့ကို သူ့ပါးစပ်ထဲထည့်​ပေးလိုက်သည်။


ချီကျိုးချန် အံ့အားသင့်သွားသည်။


ဒါသည် ချီကျန်းကျန်း ကျွေးတဲ့ အစားအစာကို သူပထမဆုံးစားဖူးတာပင်။ ခဏတာ အံ့အားသင့်သွားပြီးနောက်မှ ဖြည်းညင်းစွာ စားလိုက်သည်။


ထားလိုက်တော့၊ ချီကျန်းကျန်းသည် ချီအိမ်မှ ထွက်ခွာသွားပြီပင်။ ချီမိသားစုသည် သူမအား အကြိမ်ကြိမ် အပြစ်လုပ်မိခဲ့တာကြောင့် သူမကို မထိန်းချုပ်သင့်ပေ။ သန်း၂၃၀တန်ကြေးရှိတဲ့ လက်ဝတ်ရတနာကိုတောင် ၀တ်ဆင်နိုင်တယ်ဆိုတော့ သူမဘဝက ဆိုးရွားနေမှာ မဟုတ်ပါဘူး...


သူက ကိတ်မုန့်ကို သေးသေးလေး ကိုက်ကာ ခေါင်းကို တစ်ချက်ခါယမ်းလိုက်သည်။


ချီကျိုးချန် ထွက်သွားပြီးနောက် ချီကျန်းကျန်းသည် ထိုနေရာတွင် တည်ငြိမ်သောအမူအရာဖြင့် ထိုင်နေဆဲဖြစ်ပြီး အခြားသူများ၏အကြည့်များကို လျစ်လျူရှုထားသည်။


မကြာခင်မှာပဲ တခြားသူတွေ တိုးတိုးလေး ပြောလာကြသည်။


"ချီကျန်းကျန်းက အရမ်းတည်ငြိမ်နေတာပဲ။"


"ဒီလောက်တန်ဖိုးကြီးတဲ့ လက်ဝတ်ရတနာတွေကို ၀တ်ထားပြီး handmadeလက်ဆောင်ကိုတောင် တည်တည်ငြိမ်ငြိမ်ပေးရဲတာ ပြောရရင် ငါချီကျန်းကျန်းကို ပထမဆုံးအကြိမ် အရမ်းမိုက်တယ် ထင်တာပဲ။"


"ဟုတ်​တယ်​၊ သူကအရမ်းလှတာပဲ။"


"ငါသူနဲ့ သူငယ်ချင်းဖြစ်ချင်ပေမယ့် အဲဒီကို မသွားရဲဘူး..."


"ငါလည်း မသွားရဲဘူး။"



ဝမ်စီစီသည် လူများပြောစကားကို နားထောင်ရင်း လှီးထားသော ကိတ်မုန့်ကိုကိုင်ကာ ချီကျန်းကျန်းဆီကို လျှောက်သွားလိုက်တယ်။


သူမ၏ အမူအရာသည် စိတ်ရှုပ်ထွေးနေပုံပေါ်သည်။


သူမရှေ့ကို လျှောက်သွားပြီးနောက် ချီကျန်းကျန်း၏လည်ပင်းကို စိတ်ရှုပ်ထွေးသောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ခဏအကြာတွင် သူမ ဘာပြန်ပြောရမှန်း မသိတော့ပေ။


သူမသည် ချီကျန်းကျန်းဘက်တွင် ရှိနေပေးကာ ရှုကျားဟုန်ကို 'နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်'အစစ်ကို ဝတ်ဆင်ထားသည်ဟု ပြောခဲ့သော်လည်း တကယ့်လက်တွေ့တွင်မူ သူမ၏နှလုံးသားထဲမှ ခံစားချက်များသည် ရှုပ်ထွေးလွန်းနေသည်။


သူမသိတဲ့ ချီကျန်းကျန်းဟာ ​​သူမကို ယွမ်၆၀၀၀ ကျော် လိမ်ခဲ့ပြီး ပြဲနေသော ဆွယ်တာအင်္ကျီကိုတောင် ရက်အတော်ကြာအောင် ၀တ်ဆင်နိုင်သူဖြစ်ပါသည်။ သူမကို ရေတစ်ပုလင်းတောင် ဝယ်မတိုက်ဖူးတဲ့ အရေထူတဲ့ အမျိုးသမီး၊ ပိုက်ဆံစုဖို့ မိကျောင်းညဝတ်တောင် ဝတ်ရဲတဲ့ ယှဉ်ပြိုင်မရတဲ့ အမျိုးသမီးဖြစ်သင့်သည်...


သူမရှေ့မှ သန်း၂၃၀တန်သော လည်ဆွဲကို ဝတ်ထားတဲ့အမျိုးသမီးအစားပေါ့။ သူမသည် သူများတွေ ဘာပဲပြောပြော ဂရုမစိုက်ဘဲ ခန်းမထဲမှာ လှပစွာ အေးအေးဆေးဆေးထိုင်နေသည်။


သူမ စကားမပြောရသေးသလို ဘာပြန်ပြောရမှန်းလည်းမသိပေ။


ထိုအချိန်တွင် ချီကျန်းကျန်းက "ဝမ်စီစီ"


"ဟမ်"  ဝမ်စီစီက စိတ်ရှုပ်ထွေးစွာဖြင့် ပြန်ဖြေလိုက်သည်။


xxxxxx