Part 76
ချီကျန်းကျန်းက လက်ယပ်ခေါ်လိုက်တာကြောင့် ဝမ်စီစီက ပိုနီးအောင်ကပ်လာပြီးနောက် ချီကျန်းကျန်းက မတ်တပ်ရပ်လိုက်ပြီး သူမနားထဲတွင် တိုးတိုးလေး ပြောလိုက်ပါသည်။
"ငါအရင်ပြန်နှင့်လို့ရလား။"
ဝမ်စီစီ၏ မျက်ခုံးများ တခဏချင်း စုကြုံ့လာသည်။ ဘာကြောင့်မှန်းမသိ၊ သူမ စိတ်ထဲမှာ တစ်စုံတစ်ခု ပြောင်းလဲနေသည်ဟူသော အဆင်မပြေသောခံစားချက်တစ်ခု ရှိနေပြီး သူမပင် နားမလည်နိုင်ချေ။
သူမသည် "ပြန်ချင်ရင် ပြန်" ဟု အေးစက်စက်ဖြင့် ပြောလိုက်မိသည်။
ထိုစကားကိုပြောပြီးနောက် သူမသည် ကိတ်မုန့်ကိုကိုင်ကာ ထွက်ခွာသွားတော့မည်ပင်။
ချီကျန်းကျန်းက ဝမ်စီစီ၏ စကားကိုကြားလိုက်သောအခါ အနည်းငယ်တုန်ရီစွာဖြင့် သူမ၏လက်ကို ကိုင်လိုက်သည်။
သူမက "ငါ့ကို လိုက်ပို့ပေးပါ့လား၊ ငါနည်းနည်းကြောက်လို့"
"ဘာကိုလဲ။" ဝမ်စီစီ အံ့အားသင့်သွားသည်။
ချီကျန်းကျန်းသည် အသံကို လျှော့လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။
"ဒီလည်ဆွဲက ဒီလောက်စျေးကြီးမယ်ဆိုတာ ငါမသိခဲ့ဘူး။ ငါ အခု ဒီမှာရှိနေပေမဲ့ ငါအရင်ကကြည့်ဖူးတဲ့ သူခိုးရုပ်ရှင်တွေအကြောင်းပဲ တွေးမိနေတယ်။ ငါ့ဘေးက အရာတွေအကုန်လုံးကို သူခိုးလို့ ခံစားနေရတယ်။ အချိန်မရွေး ငါ့လည်ပင်းပေါ်က လည်ဆွဲကိုလုပြီး ငါ့ကိုသတ်ကြတော့မဲ့အတိုင်းပဲ။ ချီး၊ ချောက်ကမ်းပါးအစွန်းရောက်နေသလိုပဲ။ အဲဒါကြောင့် တခြားဘယ်မှမသွားရဲဘဲ ခန်းမထဲမှာပဲထိုင်နေရတာ။"
ဝမ်စီစီ : "…"
သူမသည် ရုတ်တရက် ရယ်မောပြီး ချီကျန်းကျန်းကို စက်ဆုပ်သော အကြည့်တစ်ချက် ပေးလိုက်သည်၊ "ဒီလို သတ္တိသေးသေးလေးနဲ့ 'နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်' ထုတ်ဝတ်ရဲသေးတယ်။ အရင်ဆုံး ငါခွဲထားတဲ့ ဒီကိတ်မုန့်ကို စားလိုက်၊ ငါပြီးရင် လိုက်ပို့ပေးမယ်။"
သူမ၏မျက်လုံးများသည် ရွံရှာပုံပြသနေသော်လည်း သူမ၏ပါးစပ်ထောင့်များသည်တော့ တစထက်တစ မြင့်တက်လာနေသည်။
မဟုတ်ဘူး၊ ချီကျန်းကျန်းက ဒီအတိုင်းပဲ ရှိနေသေးပါတယ်။
ပြဲနေတဲ့ ဆွယ်တာအင်္ကျီကို ဝတ်ထားချိန်ပဲဖြစ်စေ၊ သန်း၂၃၀တန်ကြေးရှိသော လက်ဝတ်ရတနာ တစ်ခုခုကို ဝတ်ဆင်ထားချိန်ပဲဖြစ်စေ ချီကျန်းကျန်းကတော့ အတူတူပဲ ဖြစ်နေသေးပါသည်။
ကောင်းလိုက်တာ...
ချီကျန်းကျန်းက သူမကို ဆွံ့အစွာ စိုက်ကြည့်နေသည်။
ရှုကျားဟုန်သည် 'နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်'ကို သန်း၂၃၀တန်သည်ဟု ပြောလိုက်သည့်အချိန်မှစ၍ သူမ၏လည်ပင်းပေါ်မှ လည်ဆွဲသည် တကယ့်အစစ်ဆိုတာသိလိုက်သည်။ ဝမ်ယွီလို လူက သူမကို ဘယ်လိုလုပ် အတုပေးပါ့မလဲ။
ဒါပေမယ့် သူမ မခံစားနိုင်ပေ။
ဝမ်ကျင်းအိမ်ရာကအိမ်တစ်လုံးက သူမရဲ့လည်ပင်းမှာ တွဲလောင်းကျနေတဲ့ အကြောင်း တွေးလိုက်တာနဲ့ သူမရဲ့ စိတ်အခြေအနေက မကောင်းတော့ပေ။
ကိတ်မုန့်ကို စားပြီးနောက်တွင်ပင် သူမ၏နှလုံးသားထဲတွင် ရှုပ်ထွေးနေဆဲဖြစ်သည်။
သူမဘေးမှ ဝမ်စီစီသည် သူမနားကိုကပ်ပြီး အသံကိုလျှော့ကာ "ငါနင့်ကိုနောက်နေ့ကျ လာရှာပြီး 'နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်'ကိုကြည့်ကြည့်ဦးမယ်။ ဒီလောက် စျေးကြီးတဲ့ လက်ဝတ်ရတနာမျိုး မကြည့်ဖူးဘူး။"
ချီကျန်းကျန်း : "ရော့၊ ကြည့်။ ငါအိမ်ရောက်တာနဲ့ ပြန်ပေးရတော့မှာ။"
ဝမ်စီစီ : "ကောင်းပြီ"
သူမသည် အနီးကပ်ပြီး ကြည့်လိုက်ကာ ထိတွေ့ရန် လက်ကိုဆန့်လိုက်သည်။
"ပြီးပြီလား။" ချီကျန်းကျန်းက မေးသည်။
ဝမ်စီစီက လက်ကို ပြန်ချလိုက်ပြီး "တကယ်ကို ပြီးပြည့်စုံတယ်။ တကယ့်ကို ဆွဲဆောင်မှုရှိပြီးတော့ မနာလိုချင်စရာကြီးပဲ။"
"နင်စျေးနှုန်းကို မစဉ်းစားရင် အရမ်းမနာလိုဖြစ်မှာမဟုတ်ပါဘူး။" ချီကျန်းကျန်းက မျက်လုံးလှိမ့်လိုက်ကာ သက်ပြင်းချလိုက်ပြီး "ရိုးရိုးသားသား ပြောရရင် ငါတောင် စျေးနှုန်းကိုအဲ့လောက်ရှိမယ်လို့ထင်မထားဘူး။ အခုချိန်မှာလေ မြန်မြန်အိမ်ပြန်ပြီး ပြန်ပေးချင်နေပြီ။ တစ်ခုခုဖြစ်သွားရင် ငါ့ကိုယ်ငါပြန်ရောင်းပြီးတောင် လျှော်နိုင်မှာမဟုတ်ဘူး။"
ဝမ်ယွီက သူမကို ဘာလို့ မပြောခဲ့တာလဲ။
သူသာ ပြောခဲ့ရင် သူမ မဝတ်လောက်ပေ။
"ဟုတ်ပါပြီ၊ ငါ့နင့်ကိုလိုက်ပို့ပေးမယ်။" ဝမ်စီစီက ရယ်ချင်တာကို ထိန်းလိုက်သည်။
ထို့နောက် နှစ်ယောက်သား လမ်းလျှောက်သွားကြသည်။
ဝမ်စီစီ - "နင့်ကို ကားနဲ့ပို့ပေးရမလား။"
"အင်း၊ နင်တို့အိမ်က စိတ်ချရတဲ့ ယာဉ်မောင်းကို ရှာပေး။" ချီကျန်းကျန်းသည် လေးနက်နေသည်။
သူ့စိတ်ထဲမှာတော့ နောက်ထပ် လက်ဝတ်ရတနာ ခိုးယူထားသော ဇာတ်ကားပေါင်းများစွာ ပေါ်လာတယ်။ ဒီဇာတ်ကားတွေကို သူမကြည့်ခဲ့ချိန်ကတော့ အရမ်းမိုက်ပြီး အံသြဖို့ကောင်းတယ်လို့ ခံစားမိခဲ့ပေမယ့် သူမရဲ့လည်ပင်းမှာ တန်ဖိုးကြီးတဲ့ လက်ဝတ်ရတနာတွေကို ဝတ်ဆင်ထားချိန်မှာတော့ သူမဟာ ဘယ်လိုမှ မိမိုက်တယ်လို့ မခံစားရရုံတင်မက…
ရိုးရိုးရှင်းရှင်းပြောရရင် သူမ ခြေထောက်တွေတောင် အားနည်းလာသလိုပင်။
"ဝမ်စီစီ။" ရုတ်တရက် အနောက်ကနေ အသံထွက်လာတယ်။
ချီကျန်းကျန်းနှင့် ဝမ်စီစီတို့နှစ်ယောက်လုံး အံ့အားသင့်သွားအာ တပြိုင်နက် ပြန်လှည့်ကြည့်လိုက်ကြသည်။
ဝမ်ရိရန်က သူမတို့ဆီ လျှောက်လာတယ်။
"ခဏလောက် နေရာဖယ်ပေးပါ့လား။ ငါ ချီကျန်းကျန်းနဲ့ စကားနည်းနည်းလောက် ပြောချင်လို့။" ဝမ်ရိရန်က ဝမ်စီစီကို ပြောလိုက်သည်။
ဝမ်စီစီသည် အံ့အားသင့်သွားပြီး ခဏတာ တုံ့ဆိုင်းသွားကာ ချီကျန်းကျန်းကို မသိစိတ်မှ တစ်ချက်လှမ်းကြည့်လိုက်သည်။
သူမသည် ဝမ်မိသားစု၏ ချစ်ခြင်းမေတ္တာပေါ်တွင်သာ အားကိုးနေရဆဲဖြစ်တာကြောင့် ဝမ်ရိရန်ကို ပြစ်မှားမိလို့မရသော်လည်း ချီကျန်းကျန်း၏ သဘောထားကိုလည်း တွေးလိုက်သည်။ ချီကျန်းကျန်းသည် အက်ဆီးဒင့်ဖြစ်ပြီးနောက် ဝမ်ရိရန်ကို မကြိုက်တော့ပေ။
သူမသည် အခုချိန်တွင် ဝမ်ယွီကိုကြိုက်နေတာဖြစ်သည်။
ထို့ကြောင့် ခဏကြာအောင် သူမ ရှောင်ပေးသင့်သလားကို မသေချာဖြစ်နေသည်။
သူမကျပ်တည်းနေသည်ကို သိသဖြင့် ချီကျန်းကျန်းက သူမကို ခေါင်းညိတ်ပြလိုက်သည်။
ဝမ်စီစီသည် သူမအား ကျေးဇူးတင်စွာ စိုက်ကြည့်ပြီး ရှောင်ပေးလိုက်သော်လည်း အရမ်းအဝေးကြီးမသွားဘဲ သူမတို့ကို စောင့်ကြည့်နေလေသည်။
ဝမ်ရိရန်သည် ချီကျန်းကျန်းရှေ့မှာ ရပ်နေပြီး သူမကို စိတ်ရှုပ်ထွေးစွာဖြင့် လေးလေးနက်နက် စိုက်ကြည့်နေသည်။
သူသည် ယနေ့ညတွင် သူမကို အာရုံစိုက်နေခဲ့ပြီး သူ့အကြည့်များကို သူမဆီမှ မရွှေ့နိုင်ခဲ့ပေ။ သူမ ထွက်သွားချိန်မှာတောင် မထိန်းချုပ်နိုင်ဘဲ နောက်မှလိုက်လာခဲ့တာဖြစ်သည်။
သူကြိုက်သော ချင်ယုက သူ့ကို ဆွဲခဲ့ပေမဲ့ မသိစိတ်မှ လက်ကိုဆွဲဖယ်ကာ ပြေးထွက်လာခဲ့သည်။
"ဘာကိစ္စရှိလို့လဲ။" ချီကျန်းကျန်း၏ အသံသည် အနည်းငယ် စိတ်မရှည်သည့်ပုံပေါ်နေသည်။
ဝမ်ရိရန်က သူမကို ကြည့်နေသော်လည်း စကားမပြောပေ။
သူမရဲ့အလှကို အရင်က သေချာမကြည့်ဖူးပေမယ့် အနီးကပ်ပြီး ကြည့်လိုက်တော့ မျက်လုံးတွေကို အဝေးကို ဖယ်၍ပင်မရတော့ကြောင့် သူတွေ့ရှိခဲ့ပါတယ်။ သူမဟာ အမြဲတမ်း လူတွေကြားတွင် ထင်းနေတတ်သည်။
"ပြောစရာမရှိရင် ငါသွားတော့မယ်။" သူဘာမှမပြောတာကိုမြင်တော့ ချီကျန်းကျန်းက မျက်လုံးလှိမ့်ပြီး လှည့်ထွက်သွားရန်ပြင်လိုက်သည်။
ထိုအချိန်တွင် ဝမ်ရိရန်သည် သူမလက်ကို အားဖြင့်ဆွဲလိုက်ပြီး သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တင်းကျပ်စွာ ဖက်ထားလိုက်သည်။
"ဝမ်ရိရန်၊ နင်ဘာလုပ်နေတာလဲ။ ငါ့ကိုလွှတ်!" ချီကျန်းကျန်း အံ့အားသင့်သွားပြီး အပြင်းအထန် ရုန်းခဲ့သော်လည်း ဝမ်ရိရန်၏လက်သည် သူမ၏လက်မောင်းများကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။
ဒီလူ ရူးနေတာလား။
"ချီကျန်းကျန်း မင်းနိုင်တယ်။ မင်းဝမ်ယွီကိုသုံးပြီး ငါ့ကိုသဝန်တိုအောင် လုပ်တာက အောင်မြင်သွားပြီ။ ငါမင်းကို လျစ်လျူမရှုနိုင်တော့ဘူး။" ဝမ်ရိရန်၏ အသံထဲမှ အံကြိတ်သော အရိပ်အမြွက်ကို ကြားနေရသည်။
ချီကျန်းကျန်း အံ့အားသင့်သွားပြီး သူ့ကို ကြည့်လိုက်သည်။
ဝမ်ရိရန်သာ သူမ၏အမူအရာကို သေချာကြည့်လျှင် 'ချီးပဲ၊ ဒီအရူးက ဘယ်ကထွက်လာတာလဲ။' ဆိုသည့်စကားလုံးများက ထင်ရှာစွာပေါ်လွင်နေမှာဖြစ်သည်။
ဒါပေမဲ့ သူသည် သေချာမကြည့်ခဲ့ပေ။ သူ၏နှလုံးသားထဲတွင် ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်နေပြီး သူ့ခေါင်းထဲတွင်လည်း ဖရိုဖရဲ အတွေးများစွာ ရှိနေသည်၊ သူ့အသံက လံုးထွေးနေပြီး
"ဝမ်ယွီကို ထားခဲ့လိုက်၊ ငါ...ငါတို့ တွဲကြည့်ကြရအောင်။"
အတိတ်က သူပြောခဲ့၊ လုပ်ခဲ့တာတွေအတွက် သူ့မျက်နှာကို ဖြတ်ရိုက်သလိုဖြစ်နေတာကို လက်ခံဖို့ ခက်ပေမယ့် ချီကျန်းကျန်းကိုတော့ ဝမ်ယွီရှိတဲ့ ထိုနေရာကို ပြန်မသွားချင်စေခဲ့ပါဘူး။
ချီကျန်းကျန်း: "..."
သူမသည် အလွန်ထိတ်လန့်သွားပြီး သူမ၏နားကိုပင် မယုံကြည်နိုင်အောင် ဖြစ်သွားသည်။
အလွန်အံ့အားသင့်နေသော သူမ ဘာမှပြန်မပြောရသေးခင် လူတစ်ယောက်သည် သူမဘေးမှ လေပြင်းများတိုက်ခတ်သွားသကဲ့သို့ ရောက်လာပြီး သူမကို လက်တစ်ဖက်ဖြင့် ပြန်ဆွဲကာ အခြားလက်တစ်ဖက်ဖြင့် ဝမ်ရိရန်ကို ပြင်းထန်စွာ ထိုးလိုက်သည်။
"ဘန်း-" လက်သီးနှစ်ချက်ဖြင့် ဝမ်ရိရန်သည် မြေပြင်ပေါ်သို့ လဲကျသွားသည်။
ချီကျန်းကျန်း၏ ဦးခေါင်းသည် တောင့်တင်းသော ရင်ဘတ်ထဲသို့ ထိုးကျသွားပြီး ရင်းနှီးသော အနံ့တစ်ခုကို ရလိုက်သည်။
- ဝမျယှီပဲ
သူမ ခေါင်းကို ဆတ်ခနဲ မြှောက်လိုက်ချိန်တွင် ဝမ်ယွီ၏ မေးရိုးသည်တောင့်တင်းနေပြီး ဒေါသထွက်နေတဲ့ ဝံပုလွေတစ်ကောင်လို လည်ပင်းတွင် အပြာရောင်သွေးပြန်ကြောများ ထောင်နေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးအစုံက ဝမ်ရိရန်ကို လူသတ်ချင်စိတ်ဖြင့် စိုက်ကြည့်နေသည်။
သူသည် အချိန်မရွေး အပြေးအလွှားသွားကာ ဝမ်ရိရန်ကို ကိုက်သတ်ပစ်တော့မလိုပင်။
သူ့လက်များသည် အနည်းငယ် တုန်ရီနေပြီး နှုတ်ခမ်းများ အနည်းငယ်ပွင့်နေပြီး အံကြိတ်ကာ "ဝမ်-ရိ-ရန်၊ မင်းသေချင်နေတာပဲ။"
မြေပြင်ပေါ်သို့ လဲကျနေသော ဝမ်ရိရန်သည် ခဏတာ ထိတ်လန့်သွားပြီး သူ့လက်ကို မြှောက်ကာ ပါးစပ်ထောင့်ရှိ သွေးများကို ထိလိုက်သည်။
ဝမ်ယွီ... သူ့ကို တကယ်ကြီး ထိုးလိုက်တာလား...
xxxxxx