Part 77
သူနှင့် ဝမ်ယွီတို့သည် ငယ်စဉ်ကတည်းက မတည့်ခဲ့ကြပေ။ သို့သော် သူဝမ်အိမ်သို့စရောက်သည့်အချိန်က ဝမ်ယွီ၏ပစ္စည်းကို ကိုင်ခဲ့ခြင်းကြောင့်ကလွဲ၍ အခုအချိန်ထိ ရန်ဖြစ်ခဲ့ခြင်းမရှိခဲ့ပေ။
ဒါပေမယ့် နောက်ပိုင်းမှာ ဝမ်ယွီက သူ့ကိုထိုးရင် ဘာအကျိုးမှမရှိဘူးဆိုတာကို သိလိုက်ရတာကြောင့် သူ့ကို ဘယ်တော့မှ ထပ်မထိတော့ပေ။
ဒါပေမဲ့ ချီကျန်းကျန်းကြောင့် သူတကယ်ကြီး ထိုးလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
ဝမ်ယွီ၏ မျက်လုံးများကို ကြည့်လိုက်တော့ ဝမ်ရိရန် နားလည်သွားခဲ့သည်။
ဝမ်ယွီသည် ချီကျန်းကျန်းကို သဘောကျနေသည်။
ပြီးတော့ အခုချိန်မှာ ဝမ်ယွီက သူ့ကို သတ်ပစ်ချင်နေပြီဆိုတာရောပင်။
သူ့နှလုံးသားက နားမလည်နိုင်စွာ ထိတ်လန့်သွားသော်လည်း မကြာမီမှာပင် ဒေါသက ပြန်ဖုံးလွှမ်းသွားသည်။
ဝမ်ရိရန်သည် သူ့လက်ကိုအားပြုပြီး မြေပြင်ပေါ်မှ ခုန်ထလိုက်ကာ လှောင်ပြုံးတစ်ခုဖြင့် "ဝမ်ယွီ၊ မင်းက ချီကျန်းကျန်းနဲ့ စေ့စပ်ထားတာ ဘယ်လောက်ကြာသေးလို့လဲ။ အဲဒီ့မတိုင်ခင်က သူက ငါ့ကိုနှစ်တွေအကြာကြီးကြိုက်ခဲ့တဲ့ ငါ့နဲ့ စေ့စပ်ထားတဲ့သူနော်။ မင်းဒီမိန်းကလေးကို တကယ်ကြီး ရနိုင်မယ်လို့ထင်နေတာလား။"
ဝမ်ယွီ၏လက်သည် အနည်းငယ်တုန်သွားကာ နဖူးရှိသွေးပြန်ကြောများသည်လည်း ထောင်နေပြီး သွားများကို အံကြိတ်ထားသည်။
ထိုအချိန်တွင် သူ၏မျက်လုံးထဲမှ အကြမ်းဖက်ချင်စိတ်သည် ပြင်းထန်လာသည်။
"သူ့အနားကို ထပ်မလာနဲ့။" ဝမ်ယွီက ပြောလိုက်သည်။
"ဘာလို့လဲ။ ဝမ်ယွီ၊ မင်းက ချီကျန်းကျန်းနဲ့ မထိုက်တန်ဘူး။ သူက ငါ့ကိုကြိုက်နေခဲ့တာ၊ အခုဆို ငါလည်းသူ့ကိုသဘောကျနေပြီ။ မင်းမှာ အခွင့်အရေးရှိသေးတယ်ထင်တယ်ပေါ့။" ဝမ်ရိရန်၏မျက်နှာသည် လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေပြီး သူ၏မျက်နှာပေါ်မှ နာကျင်မှုကြောင့် အရှက်ရကာ ဒေါသလည်းဖြစ်နေခဲ့သည်။
ဝမ်ယွီသည် သွားများကို ပိုမိုတင်းကျပ်စွာကြိတ်လိုက်ပြီး ဝမ်ရိရန်ကို ချီကျန်းကျန်း သဘောကျခဲ့သောနှစ်များကို တွေးမိလိုက်သည်...
ဝမ်ယွီသည် ချီကျန်းကျန်းအား စိတ်ရှုပ်ထွေးနေသော မျက်လုံးများဖြင့် ကြောက်ရွံ့စွာ ခေါင်းငုံ့ကြည့်လိုက်ပြီး သူ၏အသံမှာ လုံးထွေးနေကာ "ကျန်းကျန်း၊ သွားရအောင်။"
ထိုသို့ပြောပြီးနောက် သူသည် ချီကျန်းကျန်းကို ဖက်ကာ ထိတ်လန့်စွာဖြင့် ထွက်ခွာသွားတော့မည်ပင်။
- ချီကျန်းကျန်း သူ့ကိုထားခဲ့ရင်ဆိုတဲ့အတွေးကို ဝမ်ယွီ မတွေးရဲပေ။ သူ့လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ အနွေးဓာတ်ကို ခဏလေးနဲ့ မစွန့်လွှတ်နိုင်ပေ။
- နွေးထွေးမှုကို ခံစားရစေပြီးမှ ထိုနွေးထွေးမှုကို ဆုံးရှုံးလိုက်ရခြင်းက သူ့ကို သတ်လိုက်ခြင်းထပ် ပို၍ပင် စိတ်မသက်မသာ ဖြစ်စေသညခ။
ချီကျန်းကျန်းသည် သူမကို ဆုပ်ကိုင်ထားသော အမျိုးသား၏ အနည်းငယ် တုန်ရီနေမှုကို ခံစားနေရပြီး "ခဏလေး"
ဝမ်ယွီက မရပ်ပေ။ သူမ၏လက်ကို ပထမဆုံးအကြိမ်အဖြစ် အရမ်းတင်းကျပ်စွာဆုပ်ကိုင်ထားပြီး သူ့ ကြောက်သော တစ်စုံတစ်ခုပြောလာမည်ကို ကြောက်ရွံနေသကဲ့သို့ အတင်းဆွဲခေါ်သွားချင်နေပုံပင်။
ဝမ်ယွီသည် အနှစ်၂၀ကျော် အသက်ရှင်ပြီးနောက်တွင်မှ ပထမဆုံးအကြိမ် အကြောက်တရားဆိုသည့်အရာကို သိလိုက်ရခြင်း။
"ဝမ်ယွီ! မင်း ကျန်းကျန်းကို ခေါ်သွားတာနဲ့ပဲ သူ့ကို ရနိုင်မယ်လို့ထင်နေလား။ မင်းနဲ့မသက်ဆိုင်တဲ့အရာက မင်းအပိုင် ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။" ဝမ်ရိရန်က လှမ်းအော်သည်။
ဝမ်ယွီသည် နောက်ဆုံးတွင် ရပ်တန့်လိုက်သည်။
ချီကျန်းကျန်း မော့ကြည့်လိုက်ချိန်တွက် ဝမ်ယွီသည် သူမကိုကြည့်နေပြီး သူ့အမူအရာက... ထိတ်လန့်နေသည်။
သူမ အနည်းငယ် အံ့သြသွားပြီး ဝမ်ယွီက ဘာကို ကြောက်လန့်နေသည်ကို နားမလည်ဖြစ်သွားသည်။ သူမသည် သူ့လက်မောင်းကို ပုတ်လိုက်ပြီး ဝမ်ရိရန်ကို လှည့်ကြည့်လိုက်သည်။
ဝမ်ယွီက သူ့ပါးစပ်ကို ဖွင့်လိုက်သော်လည်း အသံထွက်မလာပေ။
သူမနောက်မှ ဝမ်ရိရန်သည် သူမကို စိုက်ကြည့်နေပြီး သူမခေါင်းကို လှည့်လိက်ချိန်တွင်တော့ သူ့နှုတ်ခမ်းပေါ်တွင် ဘဝင်ဟပ်သောအပြုံးတစ်ခုပေါ်လာသည်။
ချီကျန်းကျန်းက သူ့ကိုကြည့်ပြီး အသက်ပြင်းပြင်းရှူကာ "ဝမ်ရိရန်! နင် ကိုယ့်ကိုကိုယ် အရမ်းအထင်ကြီးမနေနဲ့။ ငါနင့်ကိုထပ်ပြောမယ်၊ ငါနင့်ကိုမကြိုက်ဘူး။ ငါမင်းကို လုံးဝသဘောကိုမကျဘူး။ အရင်ကမျက်လုံးကန်းခဲ့ပေမဲ့ အခု ငါသတိပြန်ဝင်လာပြီ။ နင့်ကိုမြင်ရင်တောင် ငြီးငွေ့စရာကောင်းနေတာ၊ ဘယ်လိုလုပ် နင့်ကိုကြိုက်နိုင်ပါ့မလဲ။ နင်ကိုယ်နင်လအရမ်းအထင်မကြီးဖို့ တောင်းဆိုချင်တယ်၊ ငါနဲ့ ဝေးဝေးနေပေးပါ့လား..."
ဝမ်ရိရန်၏ နှုတ်ခမ်းထောင့်ရှိ အပြုံးသည် အေးခဲသွားပြီး သူမကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။
ဝမ်ယွီသည်လည်း လန့်သွားပြီး သူ့ရင်ခွင်ထဲရှိ သူမကို သေချာကြည့်လိုက်သည်။
ချီကျန်းကျန်းသည် သူမ၏နှလုံးသားထဲတွင် အမြဲရှိနေခဲ့သော စကားများကို တစ်ခါတည်းအပြီးပြောတော့မည့် ပုံပေါ်ပြီး "ဒီကမ္ဘာပေါ်က ယောကျ်ားတိုင်း သေသွားရင်တောင် နင့်လို အမြန်ပြီး,ပြီး အရည်အသွေးနိမ့်တဲ့ ရူးကြောင်ကြောင်ကောင်ကိုကြိုက်မှာမဟုတ်ဘူး။ ပြီးတော့ ဝမ်ယွီကို လာမလှောင်နဲ့။ နင်သူ့ကို လှောင်တဲ့အချိန်တိုင်း နင်ပဲအရူးနဲ့တူနေတယ်။ နင်က ဝမ်ယွီရဲ့ ဆံပင်တစ်မျှင်နဲ့တောင် ယှဉ်မရဘူး။ ဘယ်သူက နင့်ကိုယ်နင်အထင်ကြီးဖို့ ယုံကြည်ချက်တွေပေးလိုက်တာပါလိမ့်..."
'အမြန်ပြီး,ပြီး အရည်အသွေးနိမ့်သော' ဟူသော စကားသည် ပြန်ထွက်လာပြီး သူမသည် ထိုအထဲတွင် "ရူးကြောင်ကြောင်ကောင်'ဟုပင် ပေါင်းထည့်ကာ ပြောခဲ့သေးသည်။
ဝမ်ရိရန်၏ အသက်ရှုသံများ ပြင်းထန်လာပြီး မျက်လုံးများ ပြူးကျယ်ကာ သူမကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။
ဝမ်ယွီသည်လည်း အံ့အားသင့်သွားသော်လည်း သူ့နှုတ်ခမ်းထောင့်များသည် တဖြည်းဖြည်း မြင့်တက်လာသည်။
ဝမ်ရိရန်နဲ့ သူတို့သည် နီးကပ်မနေတာကြောင့် သူမ၏အသံက မတိုးလျပေ၊ ထို့ကြောင့် သိပ်မဝေးသောနေရာမှ ဝမ်စီစီကလည်း အားလုံးကိုကြားလိုက်ရသည်။
သူမ၏နှုတ်ခမ်းထောင့်များသည် အနည်းငယ် တွန့်လာပြီး သူမမျက်နှာကို လက်ဖြင့် တိတ်တဆိတ် ဖုံးအုပ်လိုက်သည်။
သူမရဲ့ ဝမ်းကွဲ ဝမ်ရိရန်အတွက် ခဏလောက် တိတ်ဆိတ်ပေးလိုက်ကြပါ။
ချီကျန်းကျန်းရဲ့ ပါးစပ်ဟာ ဘယ်လောက် အဆိပ်ပြင်းတယ်ဆိုတာကို သူမ သိခဲ့ပေမဲ့ ဒီနေ့တော့ သူမအကိုဝမ်းကွဲရဲ့ အလှည့်ပဲ...
မလှမ်းမကမ်းမှ ပြောဆိုနေခဲ့သော ချီကျန်းကျန်းသည် အသက်ပြင်းပြင်းရှူကာ နောက်ဆုံးစာကြောင်းကို ပြောလိုက်တော့သည်။
"အဲ့တော့ ဝမ်ရိရန်၊ ကိုယ့်အခြေအနေကို သိအောင်လုပ်။ ကိုယ့်ကိုကိုယ်အထင်ကြီးတာလျှော့ပြီး ဘဝင်လေဟပ်နေတာလည်းလျှော့ဦး။ ပြီးတော့ ဝမ်ယွီနဲ့ငါ့နားကလည်း ဝေးဝေးနေပေးလို့ရမလား။"
ရမလား...
ရမလား...
ရမလား...
ဤစကားများသည် ဝမ်ရိန်၏စိတ်ထဲတွင် တုတ်အကြီးကြီးတစ်ချောင်းနဲ့ရိုက်နေသကဲ့သို့ ပဲ့တင်သံထပ်နေပြီး မူးဝေကာ မတည်မငြိမ်ဖြစ်အောင်လုပ်နေသည်။
ချီကျန်းကျန်း စကားဆုံးသွားသောအခါ သူမသည် ဝမ်ယွီကိုကြည့်ပြီး "သွားရအောင်"
သူမ လည်ပင်းမှာ ဝမ်ကျင်းအိမ်ရာရှိ အိမ်တစ်လုံးကို ၀တ်ဆင်ထားသည်ကို မမေ့သေးပေ။
သူမသည် ဝမ်ရိရန်ကဲ့သို့ လူတစ်ယောက်နှင့်ပြိုင်၍ အဓိပ္ပါယ်မရှိသောစကားများကို မပြောချင်ပေ။ သူမ သူ့ကိုမြင်လိုက်တိုင်း မူလပိုင်ရှင်ကို သက်ပြင်းသာချပြီး ပြောလိုက်ချင်ပါတော့သည်၊ 'ဘယ်လိုတောင် မျက်လုံးကန်းတာပါလိမ့်'
မူရင်းဝတ္ထုရဲ့ ဇာတ်ကွက်ကို မသိရင်တောင် အလွန်ကြည့်ကောင်းပြီး ဂရုစိုက်တတ်ကာ သူမလိုအပ်နေချိန်တိုင်း ရောက်လာပေးတဲ့ ဝမ်ယွီက မာနကြီးပြီး ရူးကြောင်ကြောင်ကောင် ဝမ်ရိရန်နဲ့ နှိုင်း၍ပင်မရချေ။
ဒါပေမယ့် ဝမ်ရိရန်က ဝမ်ယွီကို ရန်စတဲ့အချိန် သူမ သည်းမခံနိုင်ပေ။
ငါသဘောကျတဲ့ ဒီလောက်တောင်ပြီးပြည့်စုံတဲ့လူကို သူကဘာကိစ္စနဲ့ လာလှောင်နေတာလဲ။
ဟုတ်ပါတယ်၊ ချီကျန်းကျန်းရဲ့အမြင်အရတော့ ဝမ်ရိရန်က ဝမ်ယွီကို ဘာပဲပြောပါစေ မနာလိုလို့ အသရေဖျက်နေခြင်းပါပဲ။
သူမအကြည့်ကို ဆုံလိုက်ရင်း၊ ဝမ်ယွီသည် အသိပြန်ဝင်လာသည်။ သူ၏နှုတ်ခမ်းထောင့်များသည် မြင့်တက်လာပြီး သူ့မျက်လုံးများထဲမှ အေးသက်မှုများသည် ချက်ချင်းပင် အရည်ပျော်သွားကာ အဆုံးမရှိသော နူးညံ့မှုကိုသာ ထင်ဟပ်နေတော့သည်။
သူက ဖြည်းညှင်းစွာပြောလိုက်သည်၊ "ကောင်းပြီ။"
ထို့နောက် သူမ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်ကာ သိပ်မဝေးသော ကားရပ်ထားသော နေရာဆီသို့ လျှောက်သွားလိုက်သည်။
သူတို့နောက်မှ ဝမ်ရိရန်ရဲ့ ခန္ဓာကိုယ်ဟာ တုန်ရီနေပြီး လူသတ်ချင်စိတ်များဖုံးလွှမ်းနေသည်။ သူသည် အံကြိတ်ကာ သူတို့နှစ်ဦး၏နောက်ကျောကို စိုက်ကြည့်နေသည်။
ဝမ်စီစီသည် လျှောက်လာကာ သတိထားပြီး "အစ်ကို ရိရန်…"
"ထွက်သွားစမ်း" ဝမ်ရိရန်က သူမကို ဒေါသတကြီးပြောလိုက်သည်။
ထို့နောက် ချက်ချင်းပင် ဒေါသတကြီးဖြင့် အခြားဘက်သို့ ထွက်သွားတော့သည်။
ဝမ်စီစီက သူမနှုတ်ခမ်းကို တွန့်လိုက်သော်လည်း သူ့နောက်ကိုတော့ လိုက်မသွားပေ။
အခုချိန်တွင် ဝမ်ရိရန်သည် ဗုံးတစ်လုံးကဲ့သို့ဖြစ်နေပြီး သူ့နောက်လိုက်လျှင် အလကားနေရင်း အပြောခံရမည်ဖြစ်သည်။
သူမသည် ချီကျန်းကျန်းနှင့် ဝမ်ယွီတို့ ထွက်သွားသော လမ်းကြောင်းကို ကြည့်ပြီး သူမ ပြုံးကာ စိတ်ထဲမှဆဲလိုက်သည်။
"ချီကျန်းကျန်း၊ နင်လောင်ဇီရဲ့ မွေးနေ့ပွဲကို ဖျက်ဆီးထားတာ နောက်ကျ လောင်ဇီကို ပြန်ပေးဆပ်ရမှာနော်။"
ချီကျန်းကျန်းသည် ဝမ်ယွီ၏ဒရိုင်ဘာခုံ၏ ဘေးရှိထိုင်ခုံတွင် ထိုင်နေသည်။
အခုချိန်တွင် ကားအင်ဂျင်ကို မစရသေးသဖြင့် တိတ်ဆိတ်နေသည်။
ပွင့်ပွင့်လင်းလင်း ပြောရရင် ချီကျန်းကျန်းက သိပ်ကိုကျေနပ်သွားခဲ့ပေမယ့် စိတ်ငြိမ်သွားချိန်တွင်တော့ သူမဘေးမှာထိုင်နေတဲ့ ဝမ်ယွီကို တွေးပြီး နားရွက်မှစ၍ မျက်နှာအထိ တဖြည်းဖြည်းနီလာတယ်...
အား၊ သူမ အရမ်းကြမ်းတမ်းပြီး ရက်စက်သွားတယ်မလား။
သူမဒီလိုပုံစံသာ ဆိုရင်ရော ဝမ်ယွီ...ဆက်ကြိုက်ပါ့မလား။
သူမ မျက်နှာကို အုပ်ကာ တိုးတိုးလေး "အမ်…ငါက တကယ်ဆို…တကယ်ဆို ဒီလိုမဟုတ်ပါဘူး။ အဲဒါ…သူက အရမ်းစိတ်တိုစရာကောင်းနေလို့…"
ဝမ်ယွီက ဘာမှပြန်မပြောပေ။
ချီကျန်းကျန်း၏ နှလုံးခုန်နှုန်းသည် ပို၍မြန်လာသည်။
သွားပါပြီ၊ ဝမ်ယွီက သူမရဲ့ဒီလိုပုံကို သဘောမကျဘူး...
ဝူး ဝူး ဝူး၊ ငါစိတ်ရှိတိုင်းပေါက်ကွဲခဲ့တာ အကျိုးဆက်က မီးသဂြိုလ်ခံလိုက်ရတော့မှာပေါ့။
"နောက်တစ်ခါကျ မလုပ်တော့ပါဘူး…" ချီကျန်းကျန်းသည် ခေါင်းငိုက်စိုက်ကျနေပြီး သူမ၏အသံသည် ခြင်ကဲ့သို့ သေးသေးလေးဖြစ်နေသည်။
ဝမ်ယွီဆီက အသံထွက်မလာသေးပေ။
သူမ မထိန်းနိုင်ဘဲ လက်ဖြင့်အုပ်ထားသော မျက်နှာကို ဝမ်ယွီဘက်သို့ လှည့်ကာ လက်ချောင်းနှစ်ချောင်းကို ဖြည်းညှင်းစွာဖွင့်ပြီး ချောင်းလိုက်ချိန် ... သူမကို စိုက်ကြည့်နေသော ဝမ်ယွီ၏ ပြုံးနေသော မျက်လုံးတစ်စုံကို ဆုံတွေ့လိုက်ရသည်။
ဟမ်?
"ချီကျန်းကျန်း" ဝမ်ယွီက ရုတ်တရက် ပြောလိုက်သည်။
"ဟင်?" ချီကျန်းကျန်းက သူ့ကိုကြည့်နေသည်။
"လက်ကိုလွှတ်ပေးပါဦး။" ဝမ်ယွီက ပြောသည်။
"အာ…" ချီကျန်းကျန်းသည် သူမ၏လက်များကို ဖြည်းညှင်းစွာ လွှတ်လိုက်ပြီး ပါးပြင်သည် အနည်းငယ်နီနေသည်။
သူမ၏ လှပသော ပါးပြင်များသည် ရှက်နေတာကြောင့် မက်မွန်ရောင်တောက်ပနေပြီး သူမ၏ မျက်တောင်များသည်လည်း အနည်းငယ် တုန်သွားသည်။
ဝမ်ယွီ၏မျက်ခုံးများ လှုပ်ခတ်သွားသည်ကို သူမ သိသာစွာ ခံစားလိုက်ရပြီး သူ့မျက်လုံးများသည်လည်း... စူးရှလာသည်
သူမ မျက်တောင်ခတ်လိုက်ချိန်တွက် ဝမ်ယွီ၏ မျက်လုံးများထဲမှ စူးရှမှုနှင့် အရိပ်အယောင်မျှသာပေါ်နေသည့် အမှောင်ထုသည်လည်း ပျောက်ကွယ်သွားသည်။
ထို့နောက် ဖြည်းညှင်းစွာ သူ့လက်ကို မြှောက်လိုက်ပြီး သူမခေါင်းကို ညင်သာစွာ ပွတ်သပ်ကာ အလွန်နူးညံ့စွာဖြင့် "ချီကျန်းကျန်း၊ မင်းဘယ်လိုပုံစံပဲဖြစ်ဖြစ် ကိုယ်သဘောကျတယ်။"
သူမကို သဘောကျရုံတင်မကပေ၊ သူ့နှလုံးသားထဲမှ သားရဲကိုလည်း ချိုးနှိမ်ပြီး မလွှတ်ပေးရတာက… သူမ ကြောက်လန့်သွားမှာစိုး၍ပင်။
ချီကျန်းကျန်း: "…" ဟမ်?
သူမ၏ ကြည်လင်နေသော မျက်လုံးရွဲကြီးများက တောက်ပစွာဖြင့် သူ့ကိုတည့်တည့်ကြည့်နေပြီး သူမ၏နားရွက်နီလေးများသည်လည်း အနည်းငယ်ရွေ့လျားသွားသည်။
ဒါဆို သူကြိုက်တယ်ပေါ့။
အဲလိုကြိုက်တာမျိုးကို ပြောတာလား။
"ချီကျန်းကျန်း" ဝမ်ယွီက ထပ်ပြောပြန်သည်။
ဒီတစ်ခါတော့ သူ့အသံသည် အရင်ကနဲမတူဘဲ အက်နေသည်။ မသေချာမရေရာသော တစ်စုံတစ်ခုကို ဖိနှိပ်နေပုံရသည်။
သူ့မျက်လုံးများက သူမကို တစ်ကိုက်တည်း ကိုက်စားတော့မည့်အတိုင်း ပို၍ပင် ကြောက်လန့်စရာကောင်းနေတော့သည်။
ဝမ်ယွီသည် သူမကို ဘာကြောင့် အသံနှိမ့်ပြီး 'ကျန်းကျန်း'အစား 'ချီကျန်းကျန်း'လို့ ခေါ်သလဲကို မသိခဲ့ပေ။ သူတို့နှင့်သာဆိုင်သော ထူးခြားသော နွေးထွေးမှုလေးတစ်ခုရှိနေခဲ့သည်။
အမ်… ဘယ်လိုပဲဖြစ်ဖြစ် ချီကျန်းကျန်း ရှက်သွားခဲ့သည်။
သူမ တောင့်မခံနိုင်တာကြောင့် လက်ကို မြှောက်ကာ မျက်နှာကို အုပ်လိုက်ပြန်သည်၊ ဤတစ်ကြိမ်တွင်တော့ သူမ၏မျက်ရည်ဝဲနေသော မျက်လုံးရွဲကြီးများဖြင့် ဝမ်ယွီကို ကြည့်ရင်း "အင်း၊ ဘာဖြစ်လို့လဲ။"
xxxxxx