အပိုင်း ၇၈
Viewers 34k

Part 78


ဝမ်ယွီက မျက်လုံးလွှဲမသွားဘဲ သူမကိုစိုက်ကြည့်ကာ ခပ်အက်အက်ဖြင့် "လမ်းကိုကြည့်၊ ကိုယ့်ကို မကြည့်နဲ့"


သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုက နိုးထလာတယ်လို့ သူခံစားလိုက်ရသည်၊ သူမသည် သူ့ကိုကြည့်ရုံသာကြည့်နေတာတောင် ထိုသို့သော ကြီးမားတဲ့ တုံ့ပြန်မှုကို ဖြစ်စေသည်...


ဒါ့ကြောင့် ဝမ်ယွီသည် သူမကိုကြည့်ရန် အနည်းငယ် ကြောက်ရွံ့သွားကာ သူ့ကိုယ်သူပင် ခဏလောက် နှာဘူးဟု ခံစားလိုက်ရသည်။


ဒါပေမယ့် ပေါက်ကွဲထွက်လာတော့မယ့် သူ့နှလုံးသားထဲက သားရဲကို မနည်းဖိနှိပ်နေရတာကြောင့် ထိုအရာကိုမငြင်းနိုင်ခဲ့ပါဘူး။


ချီကျန်းကျန်းက သူ့ဘေးမှာ ရပ်ကာ သူ့ကို 'ကာကွယ်'ပြီး ဝမ်ရိရန်ကို သူ့ဆံပင်တစ်မွှေးကိုတောင် မယှဉ်နိုင်ဘူးလို့ပြောခဲ့ချိန်နှင့် အခု မျက်နှာကိုအုပ်ထားကာ သူ့ကိုတည့်တည်ပင် စိုက်မကြည့်နိုင်သောအချိန်...


သူမကို ဖွက်ထားချင်သည်၊ သူမကို လုံခြုံရေးတင်းကျပ်နေအောင် လုပ်ထားတဲ့နေရာမှာ ဖွက်ထားချင်တယ်။ တခြားသူတွေကို လုံးဝမပြဘဲ သူတစ်ယောက်တည်းသာ ကြည့်ချင်သည်။ သူမကို လုယူလို့ မဖြစ်နိုင်လောက်တဲ့နေရာမှာ ဖွက်ထားချင်တယ်။


သူက တကယ်ကို လူယုတ်မာပဲ။


ဝမ်ယွီ တွေးလိုက်သည်။


"ဟင်?" လမ်းကိုကြည့်၊ သူ့ကိုမကြည့်နဲ့။


ချီကျန်းကျန်းက မျက်တောင်ခတ်လိုက်ပြီး မျက်နှာနီမြန်လာကာ ချက်ချင်းပဲ ရှေ့ကို လှည့်လိုက်သည်။


သူမ ကြည့်တာ အရမ်းစူးစိုက်သွားလို့ ဝမ်ယွီ သည်းမခံနိုင်တော့တာများလား။


သူမရဲ့အကြည့်တွေက အရမ်းသိသာနေတာလား။


ဝူး ဝူး ဝူး၊ သူမက သူ့ကို သဘောကျရုံတင်ပါ။ သူပြေးလာပြီး သူမကို ရင်ခွင်ထဲထည့်ကာ ဝမ်ရိရန်ကို ရက်ရက်စက်စက် ထိုးလိုက်တဲ့အချိန်တုန်းကဆို သူ့ရဲ့ ချောမောမှုကြောင့် မျက်လုံးကန်းတော့မလိုပင် ခံစားခဲ့ရသည်။


ထိုအချိန်တွင် သူမကိုယ်သူမ သူ့ဆီကို ပုံအပ်ချင်မိသွားသည်။


ဒါပေမယ့် သူကတော့ သူမကိုမကြည့်စေချင်ပေ။


ချီကျန်းကျန်းသည် ဝမ်ယွီကို မကြည့်ဝံ့တော့ဘဲ ရှေ့မှလမ်းကိုသာ စိုက်ကြည့်နေ​​လေသည်။


ဝမ်ယွီသည် အသက်ပြင်းပြင်းရှူကာ နှလုံးခုန်နှုန်းကို ထိန်းလိုက်ပြီး ဝမ်ကျင်းအိမ်ရာရှိ သူတို့၏အိမ်ဆီသို့ မောင်းသွားခဲ့သည်။


အပြင်ဘက်မှ မီးရောင်များသည် လင်းထိန်နေပြီး ကားအသွားအလာလည်း များလှသည်။


ကားသည် နှစ်ယောက်လုံးစကားမပြောကြသောကြောင့် အရမ်းတိတ်ဆိတ်နေသည်။


ခဏအကြာတွင်၊ ချီကျန်းကျန်းသည် တိတ်ဆိတ်မှုကို မခံနိုင်တော့ကြောင့် ပြတင်းပေါက်ကိုကြည့်နေသော မျက်လုံးများကို ဝမ်ယွီထံသို့ တိတ်တဆိတ် လွှဲလိုက်သည်။


သူသည် ကားကို လေးနက်စွာ မောင်းနေခဲ့သည်။ သူ၏ဘေးမျက်နှာသည် အလွန်ချောမောပြီး ပြီးပြည့်စုံနေကာ စွဲမက်ဖွယ်ကောင်းလှသည်။


အင်း၊ အမြဲတမ်းကို ချောနေတော့တာပဲ။


"လ-လာ​ကြိုပေးလို့ ကျေးဇူးပါပဲ..." ချီကျန်းကျန်းက နောက်ဆုံးတွင် ပြောလိုက်သည်။


ဝမ်ယွီသည် အရှေ့ကို စိုက်ကြည့်​နေသော်လည်း မျက်လုံးထောင့်မှ သူမကို ကြည့်နေသေးသည်။


သူမ၏စကားကို "အင်း" ဟုသာ ပြန်တုံ့​ပြန်သည်။


ဒါပဲလား။


ချီကျန်းကျန်း အနည်းငယ် စိတ်ပျက်သွားသည်။ ဝမ်ယွီက တကယ်ကို စကားနည်းလွန်းတာပဲါ


တွေးနေတုန်းမှာပဲ ဝမ်ယွီက ရုတ်တရက် "ဒီနေ့ ပျော်စရာကောင်းခဲ့လား။"


ချီကျန်းကျန်း : "မဆိုးပါဘူး" ဘာပျော်စရာရှိခဲ့လဲ။ အန်းချင်ယု၏ မည်းမှောင်နေသောအမူအရာကိုမြင်ရတဲ့အချိန်ကလွဲ၍ အခြားအချိန်များတွင် မပျော်နိုင်ခဲ့ပေ။


အစပိုင်းတွင် သူမသည် အလွန်ပျင်းစရာကောင်းသည်ဟု ခံစားမိသော်လည်း နောက်ပိုင်းတွင် 'နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်'ကြောင့် ထိတ်လန့်​နေခဲ့ရသည်။


ခဏလေး။


'နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်'


ချီကျန်းကျန်းသည် တည့်မတ်စွာ ထထိုင်လိုက်ပြီး သူမ၏လည်ပင်းနားရှိ လည်ဆွဲကို ထိလိုက်ကာ ကမန်းကတန်းပြောသည် "ဝမ်ယွီ၊ နင်ငါ့ကို ဘာလို့ ဒီလောက်စျေးကြီးတဲ့ပစ္စည်းကို ပေးတာလဲ။ ပျောက်သွားရင်ဘယ်လိုလုပ်မလဲ။ ငါအသေကြောက်နေခဲ့ရတာ။"


ဝမ်ယွီက သဘာဝကျစွာ ရှင်းပြတယ် "ဒီလည်ဆွဲက မင်းနဲ့အရမ်းလိုက်တယ်။"


ခေတ္တနားပြီးနောက် "ဒါဟာ လည်ဆွဲ​လေးတစ်ခုတင်ပါ။" လို့ ထပ်ပြောလိုက်ပါသည်။


"ဘယ်လိုလုပ် လည်ဆွဲလေးတစ်ခုတင်ဖြစ်မှာလဲ။ ဝမ်ယွီ ဒါက သန်း၂၃၀တောင်ပေးရတယ်။ နင်သိလား၊ ဒီနေ့ ဒီအကြောင်းပေါ်သွားတာနဲ့ ငါစိတ်ထဲမှာ တစ်ယောက်ယောက်က လည်ဆွဲကို လာခိုးတော့မယ်လို့ပဲ စိတ်ထဲစွဲနေတာ။ ဒီနေ့ ပွဲမှာ သက်တော်စောင့်တွေ သိပ်မရှိဘူး၊ တကယ် ခိုးခံလိုက်ရရင် ငါတော့သွားပြီပဲ။" ချီကျန်းကျန်းသည် သူမ၏ရင်ဘတ်ကို ပုတ်လိုက်သည်။


ဒီလောက် ပိုက်ဆံတွေအများကြီး တစ်သက်လုံးရှာတောင် လောက်မှာမဟုတ်ဘူး။ တကယ်ပျောက်သွားရင် ဘယ်ကနေ လျော်ကြေးပေးရပါ့မလဲ။


ဒါကိုကြားတော့ ဝမ်ယွီက ရယ်မောပြီး ကူကယ်ရာမဲ့စွာ "ပျောက်လဲ ပျောက်သွားတယ်ပေါ့။ လည်ဆွဲလေးတစ်ခုတင်ပဲလေ၊ ကိုယ်ပေးလိုက်ပြီဆိုတော့ မင်းပစ္စည်းဖြစ်သွားပြီ။"


ချီကျန်းကျန်း: "!!!"


သူမ၏ မျက်လုံးများသည် ပြူးကျယ်လာကာ မယုံ​ကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည် "ငါ့ကို ပေးတယ်။ လာနောက်နေတာလား၊ ငါမလိုချင်ပါဘူး။ ဝမ်ယွီ၊ ဒီလည်ဆွဲရဲ့တန်ဖိုးကို နင်ငါ့ကိုသာပြောပြခဲ့ရင် ငါဝတ်မှာမဟုတ်ဘူး"


သူမသည် တစ်ခုခုကိုတွေးမိကာ မေးလိုက်သည် "ဒီပွဲဖို့ ငါ့ဂါဝန်နဲ့လိုက်အောင် ပိုက်ဆံအများကြီးအကုန်ခံပြီး ဒီလည်ဆွဲကိုဝယ်ခဲ့တာတော့မဟုတ်ဘူးမလား။"


သူမတကယ်ပြော​နေချင်တာက-


ဘယ်လိုတောင် ဖြုန်းတီးနေတာလဲ။


ဒီ​လောက်ပိုက်ဆံတွေ အများကြီးကို အလကား ဖြုန်းတီးပစ်လိုက်တာမဟုတ်ဘူးလား။


သူမရဲ့ဂါဝန်နဲ့ လိုက်ဖို့ ဝယ်ခဲ့တာတဲ့လား။ သူမ တစ်ကိုယ်လုံး နေလို့မကောင်းတော့ပေ။


အစောပိုင်းတွင် သူမသည် ဝမ်ယွီတွင် ပိုမိုလေးနက်သော အဓိပ္ပါယ်ရှိလို့ဟု ထင်ခဲ့သည်။ တကယ်တော့ ဒီသူဌေးကြီးသည် ခြေလှမ်းတစ်လှမ်း လှမ်းရုံဖြင့် ခြေလှမ်းတစ်ရာကို ကြိုမြင်နိုင်သည်မဟုတ်ပါလား။ မူရင်းဝတ္ထုတွင် သူ့အတွက် အကျိုးမရှိသည့် ဘယ်အရာကိုမှမလုပ်ခဲ့ပေ။


ဝမ်ယွီသည် တည့်မတ်စွာ ထိုင်ကာ မျက်လုံးများ ပြူးကျယ်နေသော သူမကိုမြင်လိုက်ရပြီး သူသာ သူမကို ဒီတိုင်းလက်ဆောင်ပေးဖို့ ဝယ်ခဲ့တာလို့ပြောလိုက်ရင် သူမ မူးလဲသွားနိုင်ပါတယ်။


စဉ်းစားပြီးနောက် ဝမ်ယွီက ပြုံးပြီးပြောလိုက်သည်။


 "အဆင့်မြင့်လက်ဝတ်ရတနာတွေက အဖိုးတန်တယ်လေ။ ဒီ'နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့အိမ်မက်'က ထူးခြားတော့ သေချာထိန်းသိမ်းထားရင် တန်ဖိုးလည်း တိုးလာနိုင်တယ်" လို့ ပြောလိုက်ပါတယ်။


ဒါအမှန်ပဲဆိုပေမဲ့ ချီကျန်းကျန်းကို သူပေးခဲ့တာက ရောင်းလို့မရပေ။


သူမသည် အလွန်ကောင်းမွန်ပြီး အကောင်းဆုံးအရာများနှင့်သာ ထိုက်တန်သည်။


သူသည် ဒါကိုလုံလောက်သည်ဟုတောင် မထင်ခဲ့တာကို ဘာကြောင့် သူမကိုပေးရန် စျေးကြီးသည်ဟု ထင်နိုင်ပါ့မလဲ။


သူသည် ချီကျန်းကျန်းကို အခုချိန်သည် သူ့ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ကာလဖြစ်လို့ ဝမ်ကျင်းအိမ်ရာမှာရှိတဲ့ အိမ်​တွေရဲ့ ရောင်းရငွေအားလုံးကို ယွီတင်းမှာ ပြန်လည်ရင်းနှီးမြှုပ်နှံထားတယ်လို့လည်း မပြောပြခဲ့ပေ။


လည်ဆွဲဝယ်ရန် သန်း၂၃၀ထုတ်ယူခြင်းသည် ကြီးကြီးမားမားမဟုတ်သော်လည်း နောက်ကျရင် သူမနှင့်အတူ အိမ်မှာမနေနိုင်တော့ဘဲ "အချိန်ပို"ဆင်းရန် နေ့တိုင်း ကုမ္ပဏီကို သွားရတော့မည်ဖြစ်သည်။


ချီကျန်းကျန်းက ဒါကို မသိပေ။ လည်ဆွဲသည် တန်ဖိုးတက်လာနိုင်ကြောင်း သူမကြားသောအခါ သက်ပြင်းချပြီး သက်တောင့်သက်သာဖြင့် ထိုင်ခုံပေါ်မှီကာ လေးလေးနက်နက် ပြောလိုက်သည်- "ဒါဆို ငါတို့ ပြန်ရောက်ရင် လည်ဆွဲကိုသေချာသိမ်းလိုက်ဦး။ သေသေချာချာ သိမ်းလိုက်နော်။"


"မင်းပဲသိမ်းထားလိုက်ပါ၊ ဘယ်အချိန်မဆို ထုတ်ဝတ်လို့ရ..."


ချီကျန်းကျန်းက သူ့ကို ဖြတ်ပြောလိုက်သည် "မဟုတ်ဘူး၊ နင်ပဲဒါကို သိမ်းသင့်တယ်။ အရမ်းတန်ဖိုးကြီးလွန်းတယ်။"


"ချီကျန်းကျန်း" မီးပွိုင့်ရောက်သောအခါ မီးနီနေတာကြောင့် ဝမ်ယွီသည် ကားကိုရပ်လိုက်ပြီး လေးနက်သောအမူအရာဖြင့် သူမကို လှည့်ကြည့်လာသည်။ "မင်းပဲသိမ်းထားလိုက်ပါ၊ ကိုယ့်ကိုမငြင်းနဲ့တော့။"


မငြင်းနဲ့တော့။


ဒီစကားက... ဖွင့်ပြောနေတာနဲ့တူတယ်မဟုတ်ဘူးလား။


ချီကျန်းကျန်း၏ မျက်နှာသည် နီမြန်းလာပြီး နှလုံးခုန်သံလည်းမြန်လာသည်။ သူမ တုံ့ပြန်သည့်အချိန်တွင် ရင်ဘတ်ကိုဖိကာ ခေါင်းညိတ်ပြီး တုံ့ပြန်လိုက်သည်။


ဝမ်ယွီက ကျေနပ်စွာ ပြုံးလိုက်ပြီးနောက် မီးပွိုင့်သည် စိမ်းသွား၏။ သူကားကိုစတင်လိုက်ပြီး ဝမ်ကျင်းအိမ်ရာဆီသို့ ဆက်လက်မောင်းသွားခဲ့သည်။ သူ့မျက်လုံးများထဲတွင် အပြုံးများနှင့် ပြည့်နှက်နေပြီး စိတ်အ​ခြေအနေ အရမ်းကောင်းနေသည်မှာ သိသာပါတယ်။


ချီကျန်းကျန်း: "..."


သူမအတော်ကြာအောင် ထိတ်လန့်သွားပြီး ဝမ်ယွီကို ထိတ်လန့်သောအမူအရာဖြင့် ကြည့်လိုက်သည်။


F*ck?!


သူတကယ်​ကြီး သူအလှကို သုံးလိုက်တာလား၊ ဒီလူက အရမ်းတွက်ချက်တာပဲ!!!


xxxxxx