အပိုင်း ၈၀
Viewers 26k

Part 80


ချီယန်၏ မျက်ခုံးများ လှုပ်သွားသည်။


သူသည် ကျောင်းသားဖြစ်သော ချီကျိုးချန်ထက်ပို၍ စီးပွားရေးကိစ္စများနှင့် ရင်းနှီးသည်။  စီးပွားရေးလောကသည် တွက်ချက်မှုများနှင့် အပြန်အလှန်အမြတ်အစွန်းများသာကြည့်ကြသည့် စစ်မြေပြင်တစ်ခုသဖွယ်ဖြစ်သည်။ တိတ်တိတ်လေး ကူညီပေးပြီး တခြားလူများကိုတွန်းအားပေးနေသည်ကို ဘယ်သူ ပျော်ရွှင်ပါ့မလဲ။


ဝမ်မိသားစု၏ လက်ရှိအခြေအနေသည် ကောင်းမွန်လွန်းကာ အရာအာလုံး ချောမွေ့စွာ လည်ပတ်နေသဖြင့် အနည်းငယ် စိုးရိမ်စရာကောင်းပါသည်။


ထို့အပြင် ဝမ်ယွီသည် မရိုးရှင်းကြောင်းကို သူတို့က ထပ်ရှာတွေ့ခဲ့သည်။ ထိုအိမ်ကို ကျန်းယွဲ့ဆီမှ ငှားထားသည်မှာဖြစ်နိုင်ပေမဲ့ လက်ဝတ်ရတနာကတော့ ဘယ်သူက သူ့ကိုပေးဖို့အတွက်နဲ့ ဝယ်မှာလဲ။  


ဒါမှမဟုတ် သူတို့ ငှားခဲ့တာလား။


ဒီလိုcollectionကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ထုတ်ငှားပေးမှာလဲ။


"ဝမ်ယွီ"  ချီယန်က ဒီစကားနှစ်လုံးကို ရေရွတ်လိုက်ကာ သူ့စိတ်ထဲတွင် ရှုပ်ထွေးနေသည်။


"အဖေ၊ ကျွန်တော်တွေးနေတာလေ။" ချီကျိုးချန်သည် ချီယန်ကိုကြည့်ပြီး အံကြိတ်ကာ "ဝမ်မိသားစုနဲ့ ပူးပေါင်းထားတာကို ဖျက်သိမ်းလိုက်ပါ့လား။"


"အဓိပ္ပါယ်မရှိတာ။" ချီယန် ချက်ခြင်းထရပ်ပြီး ဒေါသတကြီး​ဖြင့်ပြောသည် "ဝမ်ယွီနဲ့ပတ်သက်တာတွေ အားလုံးက မင်းရဲ့ထင်ကြေးသက်သက်ပဲ။ သူက တကယ် မရိုးရှင်းရင်တောင် ချီမိသားစုနဲ့ ဝမ်မိသားစုကို ဆန့်ကျင်နိုင်မှာမဟုတ်သလို ဆန့်လည်းဆန့်ကျင်မှာမဟုတ်ဘူး။"


ဘယ်လောက်ပဲ မရိုးရှင်းပါစေ ချာတိတ်တစ်ယောက်က စီးပွားရေးလောကမှာ အတွေ့အကြုံများတဲ့ ငါတို့ကို ဘယ်လိုလုပ်ပြိုလဲအောင် လုပ်နိုင်ပါ့မလဲ။


"သူဘာလုပ်မလဲဆိုတာ ကျွန်တော်က တွေးကြည့်ရုံတင်ပါ။ ဝမ်မိသားစုကို ဖြိုခွဲဖို့ နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့တယ်ဆိုရင် ဒီပရောဂျက်က အကောင်းဆုံးအခွင့်အရေးပဲ။" 


 ချီကျိုးချန်ကလည်း လေးနက်သောအမူအရာဖြင့်ပြောသည်။


ချီယန် အသက်ပြင်းပြင်းရှူရင်း...


"ကျိုးချန်၊ ငါတို့ ချီမိသားစုက ဒီပရောဂျက်အတွက် ဘယ်လောက်တောင် ရင်းနှီးထားလဲ သိလား။ ငါမင်းကို အလုပ်လုပ်ပုံကိုပြခဲ့တယ်လေ။ ချီမိသားစုတစ်ခုလုံးနီးပါးကို ဒီပရောဂျက်ထဲထည့်ထားတာ။ မင်းခန့်မှန်းချက်​​​လေးကြောင့် အရင်းအနှီးကို ဘာလို့ထုတ်ရမှာလဲ။"


ချီကျိုးချန်သည် စကားရပ်လိုက်ပြီး နှုတ်ခမ်းကို ဖိကာ တိတ်ဆိတ်သွားသည်။


ဟုတ်ပါတယ်၊ အဲဒီအရင်းအနှီးကို ပြန်ထုတ်လိုက်တာနဲ့ သူတို့ရဲ့ ချီမိသားစုလည်း ထိခိုက်သွားမှာဖြစ်ပြီး သူတို့ရဲ့ ခွန်အားတွေ အကြီးအကျယ်ကို ပျက်စီးသွားမှာပါ။


ရင်းနှီးမြုပ်နှံမှုတွေ အများကြီးလုပ်ထားပြီး အရမ်းလည်းအားထုတ်ထားခဲ့တာ၊ ဘယ်လိုလုပ် လွယ်လွယ်နဲ့ စွန့်လွှတ်လိုက်လို့ရပါ့မလဲ။


ချီယန်က သက်ပြင်းချလိုက်ပြီး "နောက်ကျနေပြီ၊  စောစောအနားယူတော့။ ငါလည်း အပေါ်တက်တော့မယ်။"


ပြောပြီးတာနဲ့ အပေါ်ထပ်ကို တက်သွားတယ်။


ဒါပေမယ့် သူ့ခြေလှမ်းတွေက ခါတိုင်းလို မတည်ငြိမ်ခဲ့ပေ။


ချီယန်က ချီကျိုးချန်ကို ငြင်းဆိုလိုက်သော်လည်း စတင်၍ သံသယဝင်ကာ စိုးရိမ်လာကြောင်း သူတို့နှစ်ယောက်လုံး သိကြသည်။


အမြဲတမ်း အလုပ်ကိစ္စတွေမှာ ဘာမှဝင်မပြောခဲ့သော တင်းယီကျွင်းသည် ချီယန် ထွက်သွားတဲ့အထိ စောင့်ပြီးနောက် စကားပြောလာခဲ့ပါသည်။


"ကျိုးချန်၊ မင်းအမေတို့ကို ဝမ်ယွီက မရိုးရှင်းဘူးဆိုတဲ့အကြောင်း ပထမဆုံးအကြိမ်ပြောခဲ့တဲ့အချိန်တုန်းက အမေ့လန့်သွားတယ်။ အစပိုင်း​တော့ သူက မရိုးရှင်းဘူးဆိုရင် မင်းအစ်မအတွက် ကောင်းမှာပါလို့တွေးမိခဲ့ပေမဲ့ ခဏနေတော့ နည်းနည်းကြောက်သွားခဲ့တယ်။ သူက ဝမ်မိသားစုမှာ ကောင်းကောင်းမနေရဘူးလေ၊ ရှု​ဝေကိုယ်တိုင် စောင့်ကြည့်နေတာတောင် သူက ကောင်းကောင်းဖုံးကွယ်ပြီးနေနိုင်ပါ့မလား။"


ချီကျိုးချန်သည် ရှည်လျားစွာ သက်ပြင်းချလိုက်ပြီး "ဟုတ်တယ်၊ အဲ့ဒါကြောင့် ကျွန်တော် စိတ်ပူနေတာ"


နှစ်အတော်ကြာအောင် ပုန်းအောင်းနေခဲ့ပြီး ဖျက်ဆီးခြင်းသည် အတော်လေး ကြောက်စရာကောင်းလိမ့်မယ်။


သူ့မျက်လုံးများက တံခါးဆီသို့ လှမ်းကြည့်လိုက်သည်။


"ဟူး ဟူး ဟူး ဟူး-" လေသည် အပြင်မှ တိုးဝင်လာသည်။


လေက အနည်းငယ်ပြင်းနေပြီး မုန်တိုင်း၏အရိပ်အယောင်ကဲ့သို့ပါပဲ။


မိုးသည်းစွာရွာပေတော့မည်။


........


"​လေ​တွေအရမ်းတိုက်​နေတယ်။" ချီကျန်းကျန်း အနည်းငယ် တုန်ရီသွားသည်။


သူမရဲ့ ခန္ဓာကိုယ်ကို ချက်ချင်းပဲ အဝတ်တစ်ထည်နဲ့ အထုပ်ခံလိုက်ရကာ သူမကို မော့ကြည့်လိုက်တော့ ဝမ်ယွီသည် သူ့အကျီကို ချွတ်ပြီး သူမကို တင်းတင်းကြပ်ကြပ် ပတ်ထားပေးသည်ကို တွေ့လိုက်ရသည်။


"မိုးရွာတော့မယ်၊ အိမ်ထဲဝင်ရအောင်"  တံခါးက တစ်ဝက်ပွင့်သွားပြီး ဝမ်ယွီက သူမကို တံခါးဝမှ ထုပ်ကာခေါ်သွားသည်။


တီဗီဇာတ်လမ်းထဲတွင်ကြည့်ဖူးသည်က အရပ်ရှည်ကာ ချောမောသော အမျိုးသားသည် လှပသော အမျိုးသမီးတစ်ဦးအပေါ် ကုတ်အင်္ကျီကို တင်ပေးလိုက်သည်။ ထိုအချိန်တွင် ရိုမန်တစ်ဆန်ပြီး နွေးထွေး​နေကာ ကုတ်အင်္ကျီသည် ထိုမိန်းကလေး၏ ပခုံးပေါ်မှကျမသွားလဲ နူးညံ့သိမ်မွေ့စွာတင်နေခဲ့သည်။


သို့သော်လည်း ယခုအချိန်တွင် ဝမ်ယွီသည် သူမအပေါ်တင်မပေးထားဘဲ တင်းကျပ်စွာ ပတ်ထားပေးကာ သူမကိုလည်း တင်းကျပ်စွာဖက်ထားသည်။ သူ့ခြေလှမ်းတွေက နည်းနည်း မြန်နေ​ပြီး ​သူမကို မြန်မြန်ခေါ်သွားချင်ပုံပေါ်သည်...


နည်းနည်းလေးမှကို ရိုမန့်တစ်မဆန်ဘူး။


ချီကျန်းကျန်း : "…" 0_0


သူမရဲ့စိတ်ထဲမှာ အမျိုးမျိုးသော အတွေးများကိုတွေးနေရင်း  ခြေထောက်တစ်ဖက်က အိမ်ထဲသို့ လှမ်းလိုက်သည်။


"ဝူး ဝူး"


"ဟင်၊ ဘာအသံလဲ။" ချီကျန်းကျန်းသည် ထိတ်လန့်သွားပြီး လမ်းလျှောက်တာကို ရပ်လိုက်တယ်။


ဝမ်ယွီက မျက်မှောင်ကြုတ်ကာ "အထဲကိုဝင်။ မင်း ပါးပါးလေးဝတ်ထားတာ အအေးမိလိမ့်မယ်။"


"ဝူး ဝူး ဝူး" လို့ ထပ်ကြားရပြန်သည်။


ချီကျန်းကျန်းသည် အသံထွက်သည့်နေရာကို လှမ်းကြည့်ရင်း "တကယ်အသံထွက်နေတာပဲ။"


တင်းကျပ်စွာ ထုပ်ပိုးထားသော ကုတ်အကျီအောက်မှ လက်တစ်ဖက်ကို ခက်ခက်ခဲခဲ ဆန့်ထုတ်ကာ ဝမ်ယွီ၏ အဝတ်ထောင့်များကို ဆွဲလိုက်ပြီး ခေါင်းကို လိမ်ကာ သူ့ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။


ဝမ်ယွီက သက်ပြင်းချရင်း "ကောင်းပြီ၊ သွားကြည့်ရအောင်။"


ချီကျန်းကျန်းသည် ချက်ချင်းပင် ပျော်ရွှင်သွားပြီး အသံထွက်လာသည့် ​​​ထောင့်​ဆီသို့ ဝမ်ယွီနှင့်အတူ လျှောက်သွားလိုက်သည်။


အိမ်အပြင်တွင် ပန်းများ၊ မြက်ခင်းများနှင့် လှပတဲ့ သစ်ပင်တွေ အများကြီးရှိသည်။ ညအချိန်ဖြစ်နေပြီဖြစ်၍ လေပြင်းကြောင့် အပင်များ လှုပ်ခါနေကာ "တရှဲရှဲ" အသံကိုကြားနေရသည်။


သို့သော် ထို'တရှဲရှဲ' ဟူသော အသံထဲမှ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သော ညည်းညူသံလေးသည် အလွန်ထင်ရှားနေသည်။


ချီကျန်းကျန်းနှင့် ဝမ်ယွီတို့သည် အသံထွက်​နေ​သော နေရာဘေးရှိ သစ်သားတံတားရှေ့သို့ အတူတူလျှောက်သွားခဲ့ကြပြီး တံတားရှိ မြက်ပင်ကြီးများကြားထဲမှ အသံသည် ထွက်လာခဲ့သည်။


သူမ စကတ်ကို မကာ ခါးကိုင်းပြီး စူးစိုက်ကြည့်လိုက်သည်။


ထို့နောက်…


ချီကျန်းကျန်း : "!!!"


သူမသည် ဆုပ်ကိုင်ထားသော ဝမ်ယွီလက်ကိုဖြုတ်ကာ သူ့ရင်ခွင်ထဲမှထွက်လာပြီး မြက်ခင်းပြင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။


- ခွေးကလေးပဲ။


သူမသည် ကြော့ရှင်းသော ဂါဝန်ကို ၀တ်ဆင်ထားဆဲဖြစ်သော်လည်း ယခုအချိန်တွင် သူမ ဂရုမစိုက်တော့ဘဲ သတိထားကာ ထိုင်ချပြီး လက်ကို ဆန့်ထုတ်လိုက်သည်။


ခွေးလေးသည် အလွန်သေးငယ်ပြီး ပုန်းမနေဘဲ သူမကို လှမ်းကြည့်နေကာ သူမအနီးသို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ၊ အော်ဟစ်ညည်းတွားသံများ ထွက်လာသည်။


သနားစရာကောင်းစွာ အကူအညီတောင်းနေသကဲ့သို့။


ချီကျန်းကျန်းက ညင်ညင်သာသာ ကောက်ကိုင်လိုက်ပြီး ဝမ်ယွီကို ကြည့်ကာ "ခေါ်လာလို့ရလား။"


ဝမ်ယွီသည် ခွေးလေးကို စိုက်ကြည့်ရင်း တခဏမျှ မျက်မှောင်ကြုတ်ကာ စိတ်ရှုပ်ထွေးသွားသည်။ လေအရှိန်က ချီကျန်းကျန်း၏ဆံပင်များကို ရှုပ်ပွသွားအောင် တိုက်ခတ်သည်ကို မြင်လိုက်ရသောအခါ မုန်တိုင်းတိုက်တော့မည်ကို သတိရသွားကာ ခေါင်းညိတ်လိုက်သည်။


ချီကျန်းကျန်း ခွေးလေးကို ဝမ်းသာအားရပွေ့ဖက်လိုက်ပြီး ဝမ်ယွီနှင့်အတူ အိမ်ထဲသို့ လိုက်သွားလိုက်သည်။


သူမ အဝတ်အစားလဲပြီး လည်ဆွဲကို အံဆွဲထဲတွက် သော့ခတ်သိမ်းလိုက်တယ်။ ခွေးလေး ရှိနေသေးသောကြောင့် သူမသည် အဝတ်လဲပြီးနောက် အကြာကြီးမနေဘဲ ထွက်လာခဲ့သည်။


အန်တီဝမ်က ခွေးကလေးကို အစာကျွေးနေပြီး၊ ဝမ်ယွီကတော့ သိပ်မဝေးတဲ့နေရာမှာ ရပ်နေပြီး မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေသည်။


ချီကျန်းကျန်း၏ မျက်လုံးများ တောက်ပလာပြီး အမြန်လျှောက်သွားလိုက်သည် "အန်တီဝမ်၊ သူဘယ်လိုနေလဲ။"


"အဆင်ပြေပါတယ်၊ ကံကောင်းလို့ ကောင်းကောင်းလဲစားပြီး ခန္ဓာကိုယ်လည်း ဒဏ်ရာမရှိဘူး။ မနက်ဖြန်ကျရင်တော့ ဆေးစစ်ဖို့ တိရစ္ဆာန်ဆေးကုဆရာဝန်ဆီ ခေါ်သွားမှရပါမယ်။ ဒီခွေးလေးက အခုမှမွေးခါစပဲရှိသေးတယ်၊ ဘယ်ကရောက်လာတာလဲမသိဘူး။  အန်တီဝမ်က ပြုံးပြသည်။


ချီကျန်းကျန်းက ခေါင်းညိတ်ပြပြီး သူ့ရှေ့မှာ ထိုင်ချလိုက်သည်။


ခွေး​လေးကို စောင်သေးသေးလေးနှင့် ထုပ်ထားပြီး သူ၏အမွေးမှာ အညိုရောင်ဖြစ်ပြီး အနည်းငယ်ပါးသည်။  ချီကျန်းကျန်း ခေါ်လာသည်ကိုသိနေတဲ့အတိုင်း ခွေးလေးသည် နို့သောက်တာကို ရပ်လိုက်ပြီး မတ်တပ်ရပ်ကာ အမြီးလေးကို ယိမ်းရင်း ချီကျန့းကျန်းထံသို့ ချဉ်းကပ်လာခဲ့သည်။


"ကျွန်မလည်း ဒီခွေးက ဘယ်ကရောက်လာတာလဲမသိဘူး။ ဒီနေ့ အပြင်မှာ မိုးသည်းလောက်မဲ့ပုံပဲ။ ကျွန်မတို့သာကိုရှာမတွေ့ခဲ့ရင် ဒီနေ့ည…" 


ချီကျန်းကျန်း၏ စိတ်ထဲတွင် စိုးရိမ်သွားမိသည်။  သူမသာ ရှာမတွေ့ခဲ့ရင် ခွေးလေးက ဒီနေ့ည အသက်ဆက်ရှင်နိုင်ပါ့မလား မသေချာပေ။


အန်တီဝမ်က ခေါင်းညိတ်ပြီး လေးလေးနက်နက် သဘောတူလိုက်သည်၊ 


"ကျန်းကျန်းခေါ်လာတာ အရမ်းကံကောင်းသွားတယ်။ ဒီဘက်ပိုင်းမှာ အိမ်​မွေးတိရစ္ဆာန်တွေ မရှိတော့ ဘယ်ကရောက်လာတာလဲဆိုတာ မသိဘူးဖြစ်နေတာ။"


ချီကျန်းကျန်းက သူမ၏လက်ကို မြှောက်လိုက်ပြီး ခွေးလေး၏ဦးခေါင်းကို ထိလိုက်ကာ အန်တီဝမ်၏လက်ထဲမှ နို့ပုလင်းကို လှမ်းယူပြီး ခွေးကလေးကို ဆက်၍ အစာကျွေး​နေလိုက်သည်။


အစာစားရင်း အမြီးလေးကိုယမ်းနေပုံကိုကြည့်​နေရင်း သိသိသာသာကို စိတ်ချမ်းသာလာသည်။


အန်တီဝမ်က ပြုံးပြီးပြောလိုက်သည်။ "ကျွန်မတောင် ဒီနေ့ ကျန်းကျန်းက ခွေးမွေးမလားလို့ မေးမလို့ အဲဒါလုပ်စရာလေးရှိလို့မမေးလိုက်ရတာ။ ဒီနေ့ကျန်းကျန်း ခွေးခေါ်လာမယ်လို့ လုံးဝထင်မထားဘူး..."


ချီကျန်းကျန်း၏ အ​ပြုံးမှာလည်း ကျယ်လာပြီး ခေါင်းလှည့်ကာ ဝမ်ယွီကိုကြည့်လိုက်ပြီး "ဝမ်ယွီ၊ ခွေးမွေးလို့ရလား"


ဤသည်မှာ ဝမ်ယွီ၏အိမ်ဖြစ်သောကြောင့် သူမသည် ဝမ်ယွီ၏ထင်မြင်ချက်ကို မေးရလေမည်။


အဝေးမှာရပ်နေပြီး သူမတို့အနားကိုကပ်မလာတဲ့ ဝမ်ယွီက မျက်မှောင်ကြုတ်လိုက်သည်။


ခဏအကြာတွင်၊ "မနက်ဖြန်ကျ အန်ကယ်လီကို မွေးချင်တဲ့လူကို ရှာခိုင်းလိုက်မယ်" လို့ ပြောလိုက်သည်။


ရှင်းရှင်းပြောရရင် သူက ခွေးမမွေးချင်ပေ။


သူ့သည် တုံ့ဆိုင်းနေပုံပေါ်သည်။


ချီကျန်းကျန်းက ခေတ္တရပ်တန့်သွားပြီးနောက် သူ့ကို အံ့အားသင့်စွာ ပြန်ကြည့်ကာ သူမ၏ နှလုံးသားထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။


ဝမ်ယွီက ခွေးတွေကို ကြိုက်တဲ့လူပင် သူသည် ငယ်ငယ်က ခွေးတွေကို အလွန်ချစ်ခဲ့သည် ခွေးများသည် သူနှင့်အတူကြီးပြင်းလာသော သူ့သူငယ်ချင်းများဖြစ်ပြီး သူ့ကလေးဘဝအတွက် အလွန်အရေးကြီးသည်။


ဒါဆို သူက ဘာလို့ အခုခွေးမွေးဖို့ ဝန်လေးနေတာလဲ။


xxxxxxx