part 82
အဲဒါ…
ဝမ်ယွီ၏ နှုတ်ခမ်းထောင့်များ အနည်းငယ်ကော့တက်သွား၏။
ချီကျန်းကျန်း၏ မျက်နှာနှင့်နားရွက်များသည် ချက်ချင်းပင် နီရဲလာပြီး သူ့ကို မကြည့်ရဲတော့ဘဲ အဝေးသို့ အကြည့်လွှဲလိုက်သည်။
ဘေးနားရှိ ဆရာဝန်အမျိုးသမီးက သူမရှေ့တွင် နတ်ဘုရားကဲ့သို့သော အမျိုးသားနှင့် အမျိုးသမီးတို့ နှစ်ယောက်သည် နေရခက်နေကြသည်ကို မြင်သောအခါ သူမ မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။
"အဖေနဲ့အမေ" ဆိုတဲ့ စကားကြောင့် ချီကျန်းကျန်းသည် တိရစ္ဆာန်ဆေးရုံက ပြန်ထွက်လာတဲ့အထိ ဝမ်ယွီကို မကြည့်ဝံ့ခဲ့ပေ။ သူမသည် မျက်လုံးထောင့်မှသာ ဝမ်ယွီကို တိတ်တဆိတ် ခိုးကြည့်နေလေသည်။
သူနှင့်ခဏလောက် အကြည့်ချင်းဆုံသွားသောအခါ သူမသည် ထိတ်လန့်စွာဖြင့် ချက်ချင်းအကြည့်လွှဲလိုက်သည်။
F*ck ရှက်စရာကောင်းလိုက်တာ။
သူမ ပူလောင်နေသော သူမ၏ နားရွက်ကို ထိလိုက်သည်။
ဝမ်ယွီလည်း အနည်းငယ်ရှက်သွားသော်လည်း ချီကျန်းကျန်း၏ တုံ့ပြန်မှုကို မြင်လိုက်သောအခါ နှုတ်ခမ်းထောင့်ကမြင့်တက်လာပြီး နွေးထွေးသော မျက်လုံးများဖြင့် သူမကို ဆက်လက် စိုက်ကြည့်နေသည်။
လျိုကျု့က ဆေးရုံထဲဝင်သွားစဉ်က အနည်းငယ်ညစ်ပတ်နေခဲ့သော်လည်း ထွက်လာသောအခါတွင် သန့်ရှင်းနေသည်။ သူ၏သားမွေးများသည် ပျော့ပျောင်းနေပြီး ခြေသည်းများမှာလည်း သန့်ရှင်းနေကာ အညစ်အကြေးလုံးဝမရှိတော့ပေ။
ချီကျန်းကျန်း သေသေချာချာ ဖက်နိုင်သွားပြီဖြစ်သည်။
ဝမ်ယွီသည် လျိုကျု့အတွက် ဝယ်ထားသည့် ပစ္စည်းများကို သယ်လာရင်း ချီကျန်းကျန်းအတွက် ခရီးသည် တံခါးကို ဆွဲဖွင့်ပေးလိုက်သည်။ သူမဝင်ပြီးတာနဲ့ ပစ္စည်းတွေကို အနောက်ထဲထည့်ကာ ဒရိုင်ဘာထိုင်ခုံသို့ သူပါဝင်လိုက်သည်။
သူသည် ကားမမောင်းသေးဘဲ ခေါင်းငုံ့ကာ လျိုကျု့ကိုထိနေသော ချီကျန်းကျန်းကို ကြည့်လိုက်သော်လည်း သူမက သူ့ဘက်ကိုလှည့်မကြည့်ပေ။
ဝမ်ယွီက ရယ်မောကာ "ကိုယ့်ကိုမကြည့်တော့ဘူးလား"
ပုံမှန်ဖြစ်သွားပြီဖြစ်သော ချီကျန်းကျန်း၏ နားများသည် ရုတ်တရက် ပြန်နီရဲလာသည်။ သူမ ဘာလို့ ဒီလောက် နားရွက်နီနေရတာလဲ။
သူမ၏ မျက်တောင်များ လှုပ်သွားကာ ဝမ်ယွီကို တစ်ချက်ကြည့်ပြီးနောက် လျင်မြန်စွာ ခေါင်းပြန်ငုံ့လိုက်သည်။
ထိုကဲ့သို့ ရှက်ရွံ့သောအမူအရာကြောင့် ဝမ်ယွီသည် ရုတ်တရက် တင်းကျပ်သွားပြီး အသက်ပြင်းပြင်းရှူကာ ဖြည်းညှင်းစွာ ထုတ်လိုက်ရင်း အက်ကွဲနေသောအသံဖြင့် "ချီကျန်းကျန်း" ဟု ခေါ်လိုက်သည်။
"ဟမ်" ချီကျန်းကျန်းက မော့မကြည့်ဘဲ ပြန်ဖြေသည်။
ဝမ်ယွီ : "မင်း..."
မင်းအရမ်းချစ်စရာမကောင်းလို့မရဘူးလား။
"ဘာပြောမို့လဲ..." နောက်ဆုံးတော့ ချီကျန်းကျန်း၏ ပါးနှင့်နားများမှ အပူကနည်းပါးလာပြီး သူ့ကို မော့ကြည့်လိုက်သည်။
ဒီသူဋ္ဌေးကြီးက ဘာပြောမလို့လဲ။
ဝမ်ယွီ : "မင်း သားလေးကိုသေချာကိုင်ထား၊ ကိုယ်မောင်းတော့မယ်။"
ချီကျန်းကျန်း၏ မျက်နှာသည် ချက်ချင်းပင် နီရဲလာပြန်သည်။
ဘာသားလေးလဲ။ သူမတို့က……..အဖေနဲ့အမေလို့ပြောချင်တာလား။
ဝမ်ယွီက သူမကို ကြည့်နေပြီး ဒါကို မြင်လိုက်သောအခါ သူနှုတ်ခမ်းထောင့်က အပေါ်သို့ ပို၍ သိသိသာသာ တက်လာခဲ့သည်။
သူက အရမ်းအကျင့်ပုပ်နေတာမဟုတ်ဘူးလား။
မဟုတ်ရင် ချီကျန်းကျန်းကို ဒီလောက်ရှက်အောင် လုပ်မှာမဟုတ်ဘူး။
ကားကိုစတင်လိုက်ချိန်တွင် သူသည် ခေါင်းငုံ့ကာ သူ့ကိုမကြည့်ရဲဖြစ်နေသော ချီကျန်းကျန်းကို ကြည့်လိုက်တယ်။
ဟမ်၊ သူကအကျင့်ပုပ်ပေမဲ့ ဒီခံစားချက်က အတော်လေးကောင်းသားပဲ။
အိမ်မှာ ခွေးမွေးတာက ချီကျန်းကျန်းအတွက် အရမ်းလွယ်ကူတဲ့ အလုပ်တစ်ခုဖြစ်သည်။ နေ့စဉ်နေ့တိုင်း အိမ်မွှေးတိရစ္ဆာန်လေ့ကျင့်ပေးသောဆရာများက အိမ်သာသွားနည်း၊ သန့်ရှင်းမှုကို နှစ်သက်တတ်စေပြီး ရိုးရှင်းသော ညွှန်ကြားချက်အချို့ကို နားထောင်တတ်စေရန် အိမ်သို့လာ၍ သင်ကြားပေးသည်။
အန်တီဝမ်က ခွေးလေး စားသောက်သည့်အရာနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးပြဿနာများကို ဂရုစိုက်ပေးပြီး သူမသည်တော့ လျိုကျု့နှင့်အပြင်သို့ လမ်းလျှောက်ထွက်ပြီး ကစားပေးရန်သာ လိုအပ်သည်။
ခွေးလေးက ချီကျန်းကျန်းကို အလွန်တွယ်ကပ်ကာ သူမနောက်သို့ ကောက်ကောက်လိုက်နေခဲ့သည်။
သူသည် သူ့အမြီးကို အမြဲယမ်းပြနေတတ်ကာ သူနှင့်ဆော့ကစားနေသောအချိန် 'အီသံ'လေးထွက်တာမှလွဲ၍ သူမကို ဘယ်တော့မှမဟောင်ပေ။ ဝမ်ယွီကဲ့သို့ပင် ဒီအိမ်တွင် ချီကျန်းကျန်းကို ပိုနှစ်သက်သည်။
နောက်တစ်ခုကတော့ ဝမ်ယွီ။
အင်း၊ ဒီကိစ္စက ချီကျန်းကျန်းကို တိတ်တဆိတ် ပျော်ရွှင်စေတယ်။
ဒါပေမယ့် ဝမ်ယွီက ဂရုသိပ်မစိုက်ပေ။ သူသည် ဒီတလော အနည်းငယ် အလုပ်များနေခဲ့ပြီး ကုမ္ပဏီသို့ နေ့တိုင်းသွားနေရသောကြောင့် ချီကျန်းကျန်းသည် လျိုကျု့နှင့်သာ အချိန်ဖြုန်းခဲ့ရသည်။
ဥပမာ၊ အခုတွင် ချီကျန်းကျန်းသည် ဂျာမန်ဘာသာပြန်အလုပ်တစ်ခုကို ရခဲ့ပြီး လျိုကျု့သည် သူမ၏ခြေရင်းတွင်ထိုင်ကာ သူ၏ဘောင်းဘီအဖျားကို ကိုက်နေသည်။
ချီကျန်းကျန်းက ခေါင်းငုံ့ပြီး "လျိုကျု့၊ မင်း ခဏလောက် တစ်ယောက်တည်း ကစားလိုက်နော်၊ ငါဒါပြီးရင် မင်းနဲ့လမ်းလျှောက်ထွက်ပေးမယ်လေ။"
လျိုကျု့: "ဝု ဝု~"
"ဂျီမကျနဲ့လေ၊ ခဏလေးပဲနော်။"
"အာဝု…"
အပြင်ထွက်၍မရတာကြောင့် သူသည် သူမ၏ခြေဖမိုးပေါ်တက်ကာ ခြေကျင်းဝတ်ပေါ် ခေါင်းမှီလိုက်တယ်။
ချီကျန်းကျန်း ပြုံးလိုက်သည်။
မကြာမီ သူမပြီးသွားသောအခါ မတ်တပ်ထရပ်ပြီး "လျိုကျု့၊ အပြင်မှာ သွားကစားကြမယ်။"
လျိုကျု့သည် ချက်ချင်းထရပ်ပြီး သူ့အမြီးကို ချက်ချင်းယမ်းခါနေလိုက်သည်။
ချီကျန်းကျန်း၏ နှုတ်ခမ်းထောင့်များ ကော့တက်လာ၏
ဝမ်ယွီ အိမ်မှာသာရှိနေပြီး အတူတူ အပြင်ထွက်ကစားလို့ရရင် ကောင်းမယ် လို့ သူမ တွေးလိုက်သည်။
ကံမကောင်းစွာနဲ့ ဝမ်ယွီသည် ဒီတလော အလုပ်အရမ်းများနေခဲ့သည်။
ဒီလို ကုမ္ပဏီကြီးကြီးများတွင် အလုပ်အများကြီးရှိတတ်တာကြောင့် အမြဲတမ်း အိမ်ကနေ အလုပ်လုပ်၍မရနိုင်ပေ။
.....
"… ၃၅ ရာခိုင်နှုန်း တိုးလာပါတယ်၊ ကျွန်တော်တို့ မှန်းထားတဲ့ ၂၁ရာခိုင်နှုန်းထက် ၁၄ရာခိုင်နှုန်းတောင် ပိုများပါတယ်။" သူ့လက်အောက်က မန်နေဂျာက သတင်းပို့သည်။
ဝမ်ယွီသည် ခေါင်းညိတ်ကာ ခဏမျှ အစီရင်ခံစာကို လှန်ကြည့်လိုက်ပြီး "ကောင်းတယ်။" ဟု ပြောသည်။
မန်နေဂျာက သက်ပြင်းချရင်း သူ့နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ကာ သူ့မျက်နှာပေါ်ရှိအမူအရာသည် အနည်းငယ်ပြေလျော့သွားသည်။
ဝမ်ယွီက အစီရင်ခံစာကို လက်မှတ်ထိုးပြီးနောက် သူ့ထံ ပေးလိုက်သည် "အလုပ်ပြန်လုပ်တော့။"
"ဟုတ်ကဲ့ပါ၊ ဘောစ့်" မန်နေဂျာက အစီရင်ခံစာကို လက်ဆန့်ကာ ယူလိုက်ပြီး တိတ်တိတ်လေး ထွက်လာခဲ့တယ်..
ရုံးခန်းတံခါးကို ပိတ်လိုက်ပြီးနောက် သူ့ခြေလှမ်းများသည် ရုတ်တရက် အရှိန်မြန်လာပြီး ဒီအလွှာကနေ အမြန်ပျောက်ကွယ်သွားခဲ့တယ်။
ဝမ်ယွီသည် ပြတင်းပေါက်ကိုလှမ်းကြည့်ရင်း တစ်စုံတစ်ဦးကို တွေးတောမိကာ သူ၏အေးစက်သော မျက်နှာသည် အနည်းငယ်ပျော့သွားပြီး မျက်လုံးများသည်လည်းဘနူးညံ့လာသည်။
သူမ အခုချိန် ဘာလုပ်နေလောက်လဲ။
ဧည့်ခန်းထဲမှာ လျိုကျု့နဲ့ ကစားနေတာလား။
ဒါမှမဟုတ် စာကြည့်ခန်းမှာ ဘာသာပြန်နေတာလား။
"Buzz" သူ့ဖုန်း တုန်ခါသွားသည်။
ဝမ်ယွီကို ကြည့်လိုက်ကာ မျက်မှောင်အနည်းငယ်ကြုံ့သွားသည်။
မကိုင်ချင်သော်လည်း ဆင်ခြေကိုမစဉ်းစားနိုင်တာကြောင့် မျက်ခုံးပင့်ကာ ဖုန်းကိုကိုင်ကာ ပြန်ဖြေလိုက်သည်။
ချိတ်ဆက်မိသွားသည်နှင့် တပြိုင်နက် ဒေါသထွက်နေသော အသံထွက်လာသည်။
"ဝမ်ယွီ၊ မင်းဖုန်းမကိုင်တတ်ဘူးလား။"
ဝမ်ကျင်စန်း ဖြစ်သည်။
ဝမ်ယွီသည် စိတ်ထဲတွင်တော့ လှောင်ရယ်နေပေမယ့် သူ့အသံက ပျော့နေပြီး "ဘာဖြစ်လို့လဲ၊ အဖေ။"
"မင်းညီကို ထိုးခဲ့တာလား။" ဝမ်ကျင်စန်းက လာစစ်ဆေးမေးမြန်းခြင်းပင်။
ဝမ်ယွီ၏ မျက်လုံးများသည် ပို၍ အေးစက်လာသည်။
ဝမ်ရိရန်သည် အထိုးခံရတာ နှစ်ရက်ရှိပြီဖြစ်သော်လည်း ဘာကြောင့် အထိုးခံခဲ့ရတာလဲဆိုတာကို မရှင်းပြချင်တာကြောင့် ဝမ်ကျင်စန်းကို မပြောပြခဲ့ပေ။
အခုလည်း သူဘယ်လိုရှာရမလဲဆိုတာ မသိတာကြောင့် ဖုန်းဆက်မေးခြင်းဖြစ်သည်။
ဝမ်ယွီက ဘာမှပြန်မပြောပေ။
အခြားတစ်ဖက်မှ ဝမ်ကျင်စန်းက "မင်းက ရိရန်ရဲ့ အစ်ကိုအရင်းပဲလေ၊ သူနဲ့တည့်အောင်နေလို့မရဘူးလား။ နေ့တိုင်း အိမ်လဲပြန်မလာ၊ ဖုန်းလဲမကိုင်၊ ရှာလို့ကိုမတွေ့ဘူး။ နောက်ဆုံး မင်းညီလေးနဲ့ တွေ့တဲ့အချိန် ထိုးလိုက်တယ်ပေါ့။"
ဝမ်ယွီသည် လှောင်ပြုံးပြုံးရင်း လက်ချောင်းထိပ်များနှင့် စားပွဲပေါ်ကို ပုတ်နေသည်။
သူ ဖုန်းမချခဲ့ပေ။ ဝမ်ကျင်စန်းက သူ ဝမ်ရိရန်ကို ထိုးလိုက်မှန်း သိနေသော်လည်း မအော်ဘဲ သူနှင့် အားအားယားယား အဓိပ္ပါယ်မရှိတာတွေထိုင်ပြောနေတယ်ဆိုတော့ တခြားရည်ရွယ်ချက်ရှိလောက်မည်ဖြစ်သည်။
သူဘာအကွက်ရွှေ့ချင်နေတာလဲဆိုသည်ကို သိချင်သည်။
ဝမ်ကျင်းစန်က မြန်ဆန်စွာ တည်ငြိမ်သွားပြီး "အားယွီ၊ မင်းညီလေးက နောက်ကျ ကုမ္ပဏီကို ဆက်ခံမှာ။ အဖေ မင်းကို လုံးဝလျစ်လျူမရှုနိုင်ဘူးလေ၊ ဒါ့ကြောင့် အဖေ မင်းကို ရှယ်ယာနည်းနည်းပေးမယ်။ မင်းညီလေးနဲ့ ဝမ်မိသားစု အဆင်ပြေနေရင် မင်းလည်း အဆင်ပြေမှာပါ။ မင်းညီနဲ့ အမြဲရန်ဖြစ်နေစရာမလိုတော့ပါဘူး။"
ရှယ်ယာ...
ဟမျ့။
xxxxxx