အပိုင်း ၈၃
Viewers 26k

Part 83


သူ ငယ်ငယ်လေးကတည်းက ကျောင်းသွားတဲ့အချိန် သူ့တွက် အစားအသောက်ကို ဂရုမစိုက်ခဲ့ဘဲ အငတ်ထားခဲ့သည်။ ဒီလိုအဖေမျိုးက သူ့ကို ရှယ်ယာတွေပေးပြီး တစ်သက်လုံး ဝမ်မိသားစုဆီကနေ အကျိုးအမြတ်ရစေမှာတဲ့လား။


တကယ်လို့သူတကယ်ပေးချင်တယ်ဆိုရင်တောင် သူမလိုချင်ပေ။


ဝမ်မိသားစုဆီမှရတဲ့ ပစ္စည်းများအားလုံးကို ပို၍သာ ဖျက်ဆီးပစ်ချင်ပါသည်။


"ဘာဖြစ်လို့လဲ။"  ဝမ်ယွီ၏ သည်းခံနိုင်စွမ်းသည် ကုန်ဆုံးတော့မည်ဖြစ်သည်။


ဝမ်ကျင်းစန်က ခေတ္တရပ်လိုက်ပြီး "မင်း ကျန်းမိသားစုက ကျန်းယွဲ့နဲ့ရင်းနှီးတယ်မလား။ ငါတို့ပရောဂျက်ထဲမှာ ကျန်းမိသားစုနှင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုတာတွေရှိတယ်။ ကျန်းမိသားစုက စဉ်းစားဦးမယ်လို့ ပြောထားပေမဲ့ မင်းကျန်းယွဲ့ကို အကူအညီတောင်းကြည့်လိုက်ပါ့လား။"


ဒါက အကူအညီတောင်းတာဟု မြင်နိုင်ပေမဲ့ ကျန်းယွဲ့သာ ကူညီမယ်ဆိုရင် ကျန်းမိသားစုက တကယ် ပူးပေါင်းဆောင်ရွက်ခဲ့ရင် သူတို့ကို အကျိုးအမြတ်များများ ပေးနိုင်ပါတယ်။


"တခြားဘာကိစ္စရှိသေးလဲ။"  ဝမ်ယွီက မေးသည်။


ဖုန်းကို စားပွဲပေါ်တင်ခဲ့ပြီး ရေတစ်ခွက်ကိုသွားထည့်ကာ ပြန်လာပြီး ထိုင်လိုက်သည်။


ထို့​နောက် ဖုန်းကို တန်းမကိုင်ဘဲ ပြတင်းပေါက်ကို လှမ်းကြည့်ပြီးမှ ခွက်ကိုချကာ ဖုန်းကိုကိုင်လိုက်သည်။


တစ်ဖက်မှ ဝမ်ကျင်စန်း၏ အသံက မရပ်တန့်သေးပေ၊ “ကောင်းတာပေါ့၊ ဒါက ဝမ်မိသားစုကပေးနိုင်မဲ့ အကြီးမားဆုံး ရိုးသားမှုပဲလေ။ ခုနကအ​ဖေပြောလိုက်တာကို မှတ်မိတယ်မလား။ အခွင့်အရေးရရင် ကျင်းယွဲ့ကိုပြောလိုက်ဦးနော်။"


"အဲဒီတော့"  ဝမ်ယွီက ဂရုမစိုက်စွာ ပြောသည်။


ဝမ်ကျင်စန်းက "ဒါက ကျန်းမိသားစုနဲ့ကိစ္စ။ နောက်တစ်ခု ပြောစရာရှိသေးတယ်။  မင်းနဲ့ ချီကျန်းကျန်းက အပြင်မှာအတူနေတာကြာပြီ၊ မင်း သူ့အပေါ်ခံစားချက်တွေရှိနေပြီမလား။ သူက ချီမိသားစုရဲ့ သမီးကြီးပဲ။ ဘာလို့ ဒီလိုအိမ်ကနေ အမြဲထွက်ပြေးနေတာလဲ။ ချီယန်က သူ့သမီးကို အရမ်းဂရုစိုက်နေတုန်းပဲ။ ခေါင်းမမာတော့ဘဲ အိမ်ကိုအမြန်ပြန်ဖို့ ပြောလိုက်။ မဟုတ်ရင် ချီယန်ရဲ့ နှလုံးသားက ချီကျန်းကျန်းကို စိတ်ကုန်လာလိမ့်မယ်။ အဲ့ကျ အိမ်ထောင်ကျရင် ဘာမှရမှာမဟုတ်တော့ဘူး။"


ထိုစကားကိုကြားသောအခါ ဝမ်ယွီ၏မျက်လုံးများသည် လှောင်ပြောင်​​နေရာမှ ချက်ချင်းစူးရှသွားကာ သူ့မျက်လုံးများထဲတွင် အန္တရာယ်အငွေ့အသက်များရှိနေပြီး မျက်လွှာချလိုက်သည်။


ဝမ်ကျင်စန်းက မမြင်နိုင်ပေ။သူ့သည် ဒီသားကြီးကို စကား​တွေ အများကြီးမပြောချင်ပေ။ သူရှင်းပြပြီးသွားသောအခါ စကားမပြောချင်တော့တာကြောင့် "အ​ဖေ ပြောခဲ့တာ​တွေကို မှတ်ထားနော်။" ​ဟု ပြောခဲ့ပါတယ်။


ဝမ်ယွီသည် "ဘာကျန်သေးလဲ" နှင့် "အဲ့တော့" ဟူသော စကားများကိုမပြောတော့ချေ။


သူ၏ အသံထဲတွင် ခံစားချက်များရှိမနေပဲ အေးစက်စွာ "ဝမ်ကျင်စန်း၊ မင်းအိပ်မက်မက်နေတာလား။"


တစ်ဖက်မှလူသည် ခဏတာ အံ့​သြသွားပြီးနောက် ဒေါသထွက်နေသော အသံထွက်လာသည်..


"ဝမျယှီ!!!"


ဝမ်ယွီက ဘာမှပြန်မပြောဘဲ ဖုန်းကို ချလိုက်သည်။


ထို့နောက် နံပါတ်ကို blacklistထဲသွင်းလိုက်သည်။


သူ လက်ကိုဆန့်ကာ ခေါင်းလောင်းကို တီးလိုက်သည်။


အတွင်းရေးမှူးနင်းသည် တံခါးကို အလျင်အမြန် တွန်းကာဝင်လာပြီး လေးလေးစားစားဖြင့် "ဘောစ့်"


ဝမ်ယွီ : "ငါတစ်နှစ်အထိမစောင့်ချင်တော့ဘူး။ ဝမ်မိသားစုက စီစဉ်ထားတဲ့ ပရောဂျက်တွေကြောင့် သူတို့ကအရှိန်မြှင့်ကြလိမ့်မယ်။ သူတို့ကို အရင်းအနှီးအားလုံးကို စောစောရအောင် ကူညီပေးပြီးရင် ... ငါတို့​အစီအစဥ်ကို အမြန် အကောင်ထည်ဖော်လိုက်တော့။"


အတွင်းရေးမှူးနင်းသည် အနည်းငယ် အံ့အားသင့်သွားပြီး "ဟုတ်ကဲ့ပါ ဘောစ့်"


ဝမ်မိသားစုတော့ ပျက်စီးပြီပဲ။


ဝမ်ယွီ မတ်တပ်ထရပ်ကာ သူ့ကုတ်အကျီကို ကောက်ကိုင်လိုက်ပြီး "တစ်ခုခုဖြစ်ရင် ငါ့ကိုဖုန်းခေါ်လိုက်။" လို့ပြောပြီး ထွက်သွားလေသည်။


သူပြောပြီးတဲ့အချိန် ရုံးခန်းအပြင်ကိုရောက်နေပြီဖြစ်သည်။


သူချီကျန်းကျန်းကို အခုချက်ချင်း တွေ့ချင်နေပြီ။


တခါတရံမှာ သူသည် သူ၏အသွေးအသားဖြစ်သည့် ဝမ်မိသားစု၏ ညစ်ပတ်သောသွေးများကို တကယ်မုန်းတီးသည်။


သူသည် ဝမ်မိသားစုကို အလွန်မုန်းတီးတာကြောင့် သူ့ကိုယ်သူပင် မုန်းတီးခဲ့သည်။


နွေးထွေးမှုကို ခံစားရသည့် တစ်ခုတည်းသောနည်းလမ်းမှာ ချီကျန်းကျန်းကိုတွေ့ခြင်းသာ ဖြစ်သည်။


သူ ဝမ်မိသားစုကို အမြန်ဖျက်ဆီးပစ်ချင်နေသည်။ ​ချီကျန်းကျန်းရှေ့မှာ ဝမ်ရိရန်ကို ထပ်မတွေ့ချင်တော့သလို ညစ်ပတ်သော ဝမ်မိသားစုနှင့်လည်း အချိန်ဖြုန်းမနေချင်​တော့ပေ။ သူ့မှာသာ အချိန်ရှိရင် ချီကျန်းကျန်းကိုတွေ့ဖို့ ဒါမှမဟုတ် သူတို့ရဲ့ခွေးကို လမ်းလျှောက်ဖို့ အိမ်ကိုသာပြန်လာလိုက်မည်။


ဝမ်ကျင်းအိမ်ရာနှင့် ကုမ္ပဏီသည် မဝေးတာသောကြောင့် အိမ်သို့ အမြန်ပြန်​ရောက်လာခဲ့သည်။


ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်ချိန် ဧည့်ခန်းထဲမှာ တစ်ယောက်မှ မရှိတာကို တွေ့လိုက်ရသည်။


ဝမ်ယွီ၏ ခြေလှမ်းများသည် မရပ်တန့်သွားဘဲ ဒုတိယထပ်မှ စာကြည့်ခန်းဆီသို့ တက်သွားကာကြည့်လိုက်သော်လည မည်သူမျှ မရှိပေ။


သူ အနည်းငယ် ခေတ္တရပ်လိုက်ပြီး သူ့စိတ်ထဲတွင် နားမလည်နိုင်စွာ ကြောက်ရွံ့မှုများပေါ်လာသည်။ အိမ်မှာ ဘယ်သူမှမရှိသည့်ပုံပင်။


ချီကျန်းကျန်း ဘယ်ရောက်သွားတာလဲ။


သူသည် မြန်ဆန်သောခြေလှမ်းများဖြင့် တစ်ခန်းပြီးတစ်ခန်းညလိုက်ရှာပေမယ့် သူမကိူရှာမတွေ့ခဲ့ပေ။


ဝမ်ယွီ၏နှလုံးခုန်သံသည် အနည်းငယ်ရပ်တန့်သွားပုံရပြီး သူ အနည်းငယ် အသက်ရှုကြပ်လာသည်။


ဝရံတာကို ရောက်ချိန်တွင်...


"ချီကျန်းကျန်း?"  သူ့အသံသည် ထိတ်လန့်မှုအပြည့်ဖြင့် အနည်းငယ်တုန်ယင်နေသည်။


တစ်ယောက်ထိုင်ဆိုဖာတစ်လုံးသည် ဝရံတာတွင်ရှိနေပြီး ဝမ်ယွီ့ကို ကျောပေးထားသည်။


ချီကျန်းကျန်းသည် အသံကြားသောအခါ စာအုပ်ကိုချကာ ​နောက်လှည့်ကြည့်လိုက်သည်။


သူမဘေးမှ ခွေးလေး သည်လည်း သူမ၏လှုပ်ရှားမှုများအတိုင်း သူ့ခေါင်းကို ဆန့်ထုတ်လိုက်သည်။


ချီကျန်းကျန်းသည် ခေါင်းကိုစောင်းထားကာ သူမ၏ဆံပင်များသည် နားရွက်နောက်တွင် လျော့တိလျော့ရဲညှပ်ထားပြီး မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် သူ့ကိုကြည့်ရင်း "အမ်"


ခွေးလေးကလည်း ခေါင်းမော့ကာ အမြီးကို ဝမ်းသာအားရ ဝှေ့ယမ်းနေပြီး သူမကဲ့သို့ ခေါင်းစောင်းကာ မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် သူ့ကိုကြည့်နေသည်။ "ဝု~"


xxxxxx