အပိုင်း ၈၄
Viewers 26k

Part 84


အရည်လဲ့နေသော မျက်လုံးတွေနဲ့ လူတစ်ယောက်နဲ့ ခွေးတစ်ကောင်ကို ကြည့်ရင်း...


ဝမ်ယွီ၏နှလုံးသားထဲတွင် ပြည့်နှက်နေခဲ့သည့် ထိတ်လန့်ကြောက်ရွံ့မှုများအားလုံး တခဏချင်း ပျောက်ကွယ်သွားသည်။


သူ့နှလုံးသားထဲမှ တစ်စုံတစ်ရာကို ခံစားလိုက်ရသည်။


သူ့စိတ်ထဲတွင် ဝှက်ထားသော သားရဲသည် ထိန်းချုပ်၍မရတော့ပေ။


သူသည် ချီကျန်းကျန်းကို စိုက်ကြည့်ရင်း ထိုနေရာမှာပဲ ရပ်နေမိတယ်။


ချီကျန်းကျန်းသည် အနည်းငယ် အံ့အားသင့်နေခဲ့သည်။ ​ဘောစ့်ကြီးက ဘာလို့ ဒီနေ့အစောကြီး ပြန်ရောက်လာတာလဲ။ ပြီး​တော့ သူက တော်တော်လေး ထူးဆန်းနေသလိုပဲ။


"ပြန်လာပြီလား၊ ဒီနေ့ အချိန်ပိုဆင်းစရာမလိုဘူးလားဖယ"  သူမသည် မတ်တပ်ရပ်လိုက်သည်။


သို့သော်လည်း သူမဖိနပ်ကို ကောင်းကောင်းပင်မဝတ်ရသေးသခင် ဝမ်ယွီက ရှေ့ကို ခြေလှမ်းအနည်းငယ်လှမ်းလာပြီး ချီကျန်းကျန်းကို သူ၏ ရင်ခွင်ထဲသို့ ထည့်လိုက်သည်။


သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်။


ဒီအချိန်ခဏတာလေးမှာ သူမကို သူ့အသားနဲ့အရိုးတွေထဲ မြှပ်ပစ်ချင်ခဲ့သည်။


ချီကျန်းကျန်း အံ့အားသင့်သွားပြီးနောက် ရှက်ရွံ့လာကာ သူမနှာခေါင်းထဲတွင် ပြည့်နှက်နေသည့် သူ၏ရနံ့ကြောင့် သူမ၏နှလုံးသားသည် ရင်ဘတ်ထဲမှ ခုန်ထွက်လာတော့မည်အတိုင်း အရှိန်အဟုန်ဖြင့် ခုန်နေခဲ့သည်။


အားးးး!


သူ သူမကို ဖက်ထားတယ်!


သူမကို ထပ်ဖက်ထားတယ်!!


ချီကျန်းကျန်း၏တစ်ကိုယ်လုံးသည် တောင့်တင်းပြီး မလှုပ်မယှက် ဖြစ်နေသည်။


ခဏအကြာတွင် သူမ အသက်ရှူမဝ​တော့သလို ခံစားလိုက်ရသည်၊ ဝမ်ယွီက သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားတာကြောင့်ပင်။


သူမလှုပ်လိုက်သည်။


ဝမ်ယွီသည် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး သူ့လက်များကို အနည်းငယ်အားလျော့သွားသော်လည်း မလွှတ်လိုက်ပေ။


ချီကျန်းကျန်းသည် သူမ၏ ခေါင်းကို ဖြည်းညှင်းစွာ ​မော့လိုက်ချိန် သူမကိုဝါးစားမတတ်စိုက်ကြည့်နေသော နက်နဲသည့် မျက်လုံးတစ်စုံနှင့် ချက်ချင်းပင် ဆုံသွားသည်။


နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် ကြည့်နေကြသည်။ တစ်ယောက်က မော့ကြည့်ပြီး နောက်တစ်ယောက်ကတော့ အောက်ကို ငုံ့ကြည့်နေကာ အသက်ရှုငွေ့များပင် ရိုက်ခတ်လောက်အောင် နီးကပ်နေကြသည်။


ဒုတ်၊ ဒုတ်၊ ဒုတ်။


ချီကျန်းကျန်းသည် သူမ၏ နှလုံးခုန်သံကို ​ပြန်ကြား​နေရသည်။


ဒီအမူအယာ…


သူမ တံတွေး မျိုချလိုက်သည်။


ဝမ်ယွီ ခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်သည်။ 


 သူက အလင်းရောင်ကို ပိတ်ရပ်ထားပြီး ချီကျန်းကျန်း၏အ​မြင်တွင် သူသည် တောက်ပနေလွန်းသဖြင့် သူမ၏ နှလုံးခုန်သံများပင် ရပ်တန့်သွားသလိုပင်။


သူ...ငါ့ကို နမ်းချင်နေတာလား။


အားးးးးး!!


ချီကျန်းကျန်းသည် စိတ်ထဲကနေ အော်ဟစ်လိုက်ပြီး သူ့အဝတ်အစားတွေကို လက်နဲ့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ မျက်လုံးကို အနည်းငယ်မှိတ်ထားလိုက်သည်။ သူမ၏ မျက်တောင်လေးများသည် တုန်ယင်နေပြီး အသက်ရှုအောင့်လိုက်သည်။


ဝမ်ယွီလည်း မျက်လုံးကို အနည်းငယ်မှိတ်ကာ ဖြည်းဖြည်းချင်း ​ခေါင်းငုံ့လိုက်သည်...


"ဝု ဝု ဝု ဝု~" လျိုကျိုးက အလိုက်မသိစွာ ထဟောင်လေသည်။


- အဖေနဲ့အမေ ဘာလုပ်နေ​ကြတာလဲ။ ဘာလို့ သူ့ကို လျစ်လျူရှုထားတာလဲ။


နှစ်ယောက်စလုံးသည့ ရုတ်တရက် ဓာတ်လိုက်ခံရသလို တစ်ယောက်နှင့်တစ်ယောက် လက်လွှတ်လိုက်ကြသည်။ ဝမ်ယွီလဲ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကာ ချီကျန်းကျန်းသည်လည်း နောက်ကိုပြန်ဆုတ်လိုက်ချိန် ဆိုဖာခြေထောက်ကို ကန်မိသွားသည်။


"အာ့-" သူမ ဆိုဖာပေါ်သို့ လဲကျသွားသည်။


"အာ-" သူမရဲ့ခြေထောက်ကို ကိုင်ထားရင်း မျက်ရည်များ ဝဲလာ၏


နာလိုက်တာ!!!


ဆိုဖာထောင့်စွန်းနဲ့ ခြေထောက်တိုက်မိတဲ့ နာကျင်မှုသည် တွေးကြည့်ရုံဖြင့်ပင် နာကျင်ပါသည်။


စက္ကန့်ပိုင်းလေးအတွင်း စူးရှတဲ့ နာကျင်မှုတစ်ခုကို ခံစားလာရပြီး မျက်ရည်များ ဝဲလာပါတယ်။


"ချီကျန်းကျန်း!"  ဝမ်ယွီ၏မျက်နှာက ဖြူဖျော့သွားကာ ချက်ချင်းပင် ငုတ်တုတ်ထိုင်ချလိုက်သည်။


သူ့လက်ကို ဆန့်ပြီး သူမ၏ ဖြူဖွေးသော ကြွေကဲ့သို့ ခြေဖဝါးလေးကို ဆုပ်ကိုင်လိုက်သည်။ ပြစ်ချက်မရှိသော ခြေဖဖိုး၏ ဘေးဘက်တွင် အနည်းငယ်ပွန်းပဲ့သွားခဲ့သည်။


ချီကျန်းကျန်း အေးခဲသွားလေသည်


ဝမ်ယွီ သူမ၏ခြေထောက်ကို ကိုင်လိုက်သောအခါ သူမသည် အရမ်းထိတ်လန့်သွားကာ နာကျင်မှုကိုပင် မခံစားရတော့ချေ။


အားးးး


ဝမ်ယွီက သူမခြေထောက်ကို ဘာလို့ကိုင်နေတာလဲ။


ဘာလို့လဲ...


ကံကောင်းတာက… သူမ ခြေထောက်ဆေးထားတယ်။


သူမ၏မျက်လုံးများသည် မျက်ရည်များဝဲနေပြီး သူမ၏ပါးပြင်များ နီမြန်းနေကာ သူမခြေထောက်ကိုပြန်ဆွဲထုတ်ချင်သော်လည်း မဆွဲနိုင်ခဲ့ပေ။


"မလှုပ်နဲ့။"  ဝမ်ယွီက လေးနက်သောအမူအရာနှင့် အနည်းငယ်လေးနက်စွာ ပြောလိုက်သည်။


ချီကျန်းကျန်း တောင့်တင်းသွားပြီး သူမ မလှုပ်ရှားဝံ့တော့ပေ။


သူသည် သူ့အား ဆူချင်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း ကူကယ်ရာမဲ့စွာ "မင်းသတိထားရမှာပေါ့၊ နာနေလား။"


ဝမ်ယွီသည် စိတ်မကောင်းဖြစ်​နေပြီး စောစောက သူမကို တင်းတင်းကြပ်ကြပ် မဆုပ်ကိုင်ထားမိလို့ သူ့ကိုယ်သူ အပြစ်တင်နေသည်။ တစ်ချိန်တည်းမှာပဲ သူမ၏မျက်ရည်ဝဲနေသောမျက်လုံးများကို မြင်လိုက်ချိန်တွက် သူ့နှလုံးသားက နာကျင်နေပါသည်။


ချီကျန်းကျန်းက ခေါင်းညိတ်လိုက်ပြီးနောက် ရုတ်တရက် ခေါင်း​ပြန်ခါလိုက်ပြီး "မနာပါဘူး…"


ခဏသာ နာကျင်ခဲ့ပါသည်။ ခုနက တကယ်ကို နာကျင်နေခဲ့ပေမယ့် နည်းနည်းကြာပြီးနောက် ထုံသွားပြီး အရင်ကလောက် မနာကျင်တော့ပေ။


သူ သူမကို နူးညံ့သိမ်မွေ့သော အသံဖြင့် "နာနေလား" ဟု မေးခဲ့ချိန်က ချီကျန်းကျန်းသည် အော်ဟစ်ချင်သွားပြီး နာကျင်မှုများပင် ပျောက်ကွယ်သွားသလိုပင်။


ဝမ်ယွီက သူမ မနာကျင်တော့ဘူးလို့ မထင်ပေ။ သူမ၏ ဖြူစင်သော အသားအရေပေါ်မှ အရေပြားများ ပွန်းပဲ့သွားသည်ကို မြင်လိုက်ရတော့ သူ၏နှလုံးသားထဲတွင် အနည်းငယ် မသက်မသာ ခံစားလိုက်ရပြီး မသိစိတ်မှ ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။


သူက အနားကိုတိုးလာပြီး ခြေထောက်ကို ညင်သာစွာ မှုတ်လိုက်သောကြောင့် ချီကျန်းကျန်း တောင့်တင်းသွားမိသည်။


သူမ၏ ခြေချောင်းများ တွန့်ကွေးသွားပြီး ခြေထောက်ကို ပြန်ဆွဲဖို့ကြိုးစားပေမယ့် ပြန်မဆွဲနိုင်ခဲ့ကာ နားရွက်များ နီရဲတက်လာတယ်။


အခုချိန်တွင် မနာတော့ဘဲ နည်းနည်း ယားယံသလို ခံစားနေရသည်။


ဝမ်ယွီသည် ခြေထောက်ကို ဆိုဖာ​ပေါ်သို့ ဂရုတစိုက်ချကယ မတ်တပ်ရပ်လိုက်ပြီး "ကိုယ်အောက်ဆင်းပြီး ဆေးသေတ္တာသွားယူလိုက်ဦးမယ်၊ မလှုပ်နဲ့နော်"


"ဒီလောက်ထိတော့ မလိုအပ်ဘူးမဟုတ်ဘူးလား။"ဟု ပြောလိုက်သည်။


"မဆိုးနဲ့၊ စကားနားထောင်လေ။"  ဝမ်ယွီက သူမခေါင်းကို ဖွဖွလေး ​ခေါက်ကာ အောက်ထပ်သို့ ဆင်းသွားသည်။


ချီကျန်းကျန်း: “…”


တကယ်မနာတော့ပါဘူးဆို။


သူမ၏ ပွန်းသွားသော အ​ရေ​ပြားကို ကြည့်ရန် ခေါင်းငုံ့လိုက်သည်။


ဒီလောက်နည်းနည်းလေးပွန်းနေတာကို တကယ်ကို မလိုဘူးလို့!


သို့သော် ဝမ်ယွီသည် အောက်ထပ်သို့ ဆင်းသွားပြီဖြစ်သည်။


ချီကျန်းကျန်းသည် သက်ပြင်းချလိုက်သော်လည်း အနည်းငယ်ချိုမြိန်သည်ဟုတွေးရင်း နှုတ်ခမ်းထောင့်များကြွတက်လာ၏


"ဝု ဝု~" သူမဘေးနားရှိ လျိုကျိုးက သူ့အမြီးကို ယမ်းပြနေ၏ သူလဲ သူမအတွက် စိုးရိမ်နေသော်လည်း ခန္ဓာကိုယ်သည် သေး​နေတာကြောင့် ကုတင်ပေါ်ကို မတက်နိုင်ပေ။


ချီကျန်းကျန်း သူ့ကို ကောက်ကိုင်လိုက်သောအခါတွင် တက်ကြွစွာ အမြီးကို လှုပ်ယမ်းလိုက်သည်။  သူမသည် သူ့ခေါင်းလေးကို ဖိထားလိုက်သည်။


"အားးးး- မကောင်းတဲ့ လျိုကျိုး!! မင်းအမေရဲ့ ပျော်စရာအခိုက်အတန့်တွေကို ဖျက်စီးပစ်လိုက်တယ်ပေါ့။" အားးးး သူမနမ်းတော့မလို့ကို။


"မင်း မစာနာတတ်တဲ့ ကောင်လေး။" သူမ ဝမ်ယွီကို ခုထိ မနမ်းဖူးသေးဘူး။


"ဝု ဝု ဝု" လျိုကျိုးက .ဝမ်းနည်းနေပြီး သူဘာအမှားလုပ်မိသည်မသိဖြစ်မနသည်။


သို့သော် သူ၏ပိုင်ရှင် ခေါင်းကိုဖိထားခြင်းသည် အလွန်သက်တောင့်သက်သာရှိနေတာကြောင့် ချီကျန်းကျန်း၏ခြေထောက်ပေါ်တွင် ခေါင်းကိုတင်လိုက်သည်။


ချီကျန်းကျန်းသည် ခေါင်းကိုဖိထားငည်ကိုရပ်လိုက်ပြီး လျိုကျု့ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။


စောစောက ဝမ်ယွီ သူမကို မနမ်းချင်ခဲ့တာလည်း ဖြစ်နိုင်တာပဲ။


သူမကို အနီးကပ်ကြည့်ချင်လို့ ဆိုရင်ကော။


ဒါမှမဟုတ် သူ့မှာ တခြားအတွေးတွေရှိနေခဲ့တာဖြစ်ပြီး သူမနားလည်မှုလွဲခဲ့တာများလား။


ချီကျန်းကျန်း၏ ရှက်ရွံ့နေခဲ့သော မျက်နှာသည် ရုတ်တရက် ခေါင်းငိုက်ကျသွားကာ စိတ်ပျက်သွားသည်။


တစ်ဖက်သတ်အချစ်က ဒီလို ခံစားချက်များ အားလုံးကို တစ်ပြိုင်နက် ခံစားရစေနိုင်သလို တွေးလိုက်ရုံဖြင့် သူမကို စိတ်ခံစားချက် အတက်အကျ ဖြစ်စေနိုင်ပါသည်...


ပျော်လိုက် ဝမ်နည်းလိုက်ဖြင့် သူမ၏စိတ်သည် နေ့တိုင်း အကြိမ်ကြိမ် ပြောင်းလဲနေပါသည်။


အား...


ဝမ်ယွီ ပြန်ရောက်လာသောအခါ ချီကျန်းကျန်းသည် သူမ၏တစ်ဖက်သတ်အချစ်အကြောင်းကို စဉ်းစားရင်း "ဝမ်းနည်း" နေဆဲဖြစ်သည်။


သူပြန်လာတာကိုမြင်တော့ သူမသည် သူ့ကို မော့ကြည့်ပြီးနောက် ဝမ်းနည်းစွာ သက်ပြင်းချလိုက်တယ်။


ဝမျယှီ: "...


သူ စိတ်ရှုပ်သွားပြီး "နာနေတာလား" ဟု ဂရုတစိုက်မေးသည်။


သူသည် စကားပြောနေရင်း ငုတ်တုတ်ထိုင်ချပြီး အရက်ကိုထုတ်ကာ ချီကျန်းကျန်း၏ခြေထောက်ကို သူ၏ ဒူးပေါ် ဂရုတစိုက်တင်လိုက်သည်။


ချီကျန်းကျန်း : "တကယ်တော့ မနာတော့ပါဘူး..." သူမ၏တစ်ဖက်သတ်အချစ်ကို ဝမ်းနည်းနေရုံတင်ပါ။


အား...


xxxxxx