Chapter 30
Viewers 3k

⛰️Chapter 30

အဖေ။



“ကျွန်မက ကြောက်တတ်လို့လား”


လုဟွားနျန်က သူမယောက်ျား၏ခြေထောက်ကို လှမ်းကန်လိုက်သည်။


ကုချင်က သူမကို အထင်မသေးသွားစေရန်အတွက် လုဟွားနျန်က တူကိုကိုင်ကာ တစ်လုတ်စားကြည့်လိုက်သည်။သို့သော် တစက္ကန့်ကြာသွားပြီးနောက် သူမကနေရာမှာဘဲတောင့်တင်းသွားလေသည်။ဆေးဖက်ဝင်မြက်က သူမပါးစပ်ထဲရောက်လာပြီး လည်ချောင်းထဲဆင်းသွားသောအခါ အေးမြပြီးလန်းဆန်းသောခံစားချက်ကို ရသွား၏။


လုဟွားနျန်က မလှုပ်မရှားဖြစ်နေသည်ကိုမြင်သောအခါ ကုချင်က လန့်သွားသည်။သူကသူ့မိန်းမကိုမနောက်နိုင်တော့ဘဲ ကမန်းကတန်းသူမဘေးသို့သွားကာ စိုးရိမ်တကြီးမေးလိုက်သည်။

“ဘာဖြစ်တာလဲ စားလို့မကောင်းဘူးလား မြန်မြန်လေး ထွေးထုတ်လိုက်”


လုဟွားနျန်က ဘာမှပြန်မပြောလာသဖြင့်သူက ‌သူမကျောကိုပုတ်ကာ မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။

“ကိုယ်မင်းကိုမစားနဲ့လို့ပြောသားဘဲ မင်းမှနားမထောင်တာ လက်လွတ်စပယ်စားချင်နေတုန်းလား တရုတ်တိုင်းရင်းဆေးဆိုရင်တောင်မှ ဒီလိုလက်လွတ်စပယ်စားလိုက်လို့မရဘူးလေ မင်း‌ကိုယ်မင်းလည်းကြည့်ဦး နာမည်ကြီးတက္ကသိုလ်ကနေဘွဲ့ရလာပြီး。。。。。。”


“ယောက်ျား。。。。”

လုဟွားနျန်က ကုချင်တတွတ်တွတ်ပြောနေသည်ကို ဖြတ်ပြောလာ၏။


“အရမ်းအရသာရှိတယ် ဒီမြက်ကတကယ်စားကောင်းတယ်လို့”


ကုချင်:。。。。。


“လုဟွားနျန် ကိုယ့်ကိုလာမလိမ်နဲ့”


ကုချင်က သူ့မိန်းမပေါ်မှလက်ကိုချကာ ‌ဆိုဖာပေါ်တွင်မှီလိုက်ပြီး သူ့မျက်နှာကလုံးဝမယုံကြောင်းဖော်ပြနေ၏။


“ကိုယ်တို့ အထက်တန်းကျောင်းတုန်းက ချယ်ရီအရသာကိုလာကို အရမ်းအရသာရှိတယ်လို့မင်းပြောခဲ့တုန်းက ဒီရုပ်နဲ့တစ်ပုံစံတည်းဘဲ”


လုမိသားစုနှင့်ကုမိသားစုက နှစ်ပေါင်းများစွာရင်းနှီးလာခဲ့ကြခြင်းဖြစ်သည်။ကုချင်နှင့်လုဟွားနျန်က ငယ်ချစ်ဦးများဟုသတ်မှတ်နိုင်၏။လူတိုင်းက ချမ်းသာသောမိသားစုများကြားမှလက်ထပ်မှုများသည် အချစ်မရှိဟုဆိုကြသည်။ဆန့်ကျင်ဘက်တွင် သူတို့နှစ်‌ယောက်၏ခံစားချက်များက အလွန်ကောင်းမွန်ပေသည်။သူတို့လက်ထပ်ခဲ့သည်မှာ ဆယ်စုနှစ်အနည်းငယ်ရှိလာပြီဖြစ်သော်လည်း ကြင်စဦးမောင်နှံလိုပြုမူနေကြဆဲဖြစ်သည်။


“ကျွန်မတကယ် မလိမ်ပါဘူး”

လုဟွားနျန်က အသုပ်ဇလုံကိုပိုက်ကာ ကုချင်၏ကိုယ်ကိုမှီလာသည်။သူမက အသုပ်တစ်လုတ်စာကို သူ့ပါးစပ်နားတိုးပေးပြီး ကြင်နာစွာပြောလာ၏။

“ကျွန်မကိုမယုံရင် ရှင်ကိုယ်တိုင်စားကြည့်လိုက်”


ကုချင်ကပြည်ပ၌ပညာသွားသင်ချိန်တွင် ဆေးပညာနှင့်ပတ်သက်သည့်သင်တန်းတစ်ခုယူခဲ့ဖူးသည်။သူက တူပေါ်မှအသုပ်ကိုမြင်သောအခါ ရှောင်လိုက်ပြီးပါးစပ်မဟလာပေ။


“စားကြည့်ပါဆို ကျွန်မကရှင့်မိန်းမလေ ဘာလို့ရှင့်ကိုညာရမှာလဲ”

လုဟွားနျန်က ထိုသို့ပြောလာကာ သူမအပြုံးက အန္တရာယ်အရိပ်အယောင်တစ်ချို့ပါနေ၏။


“မင်းကိုယ့်ကိုလိမ်လို့မဝသေးဘူးလား”


ကုချင်က နှလုံးသားမဲ့စွာလှောင်လိုက်သည်။မည်သို့ပင်ဖြစ်စေ သူ့မိန်းမကိုကြောက်နေဆဲဖြစ်သဖြင့် ပါးစပ်ဟကာ ဆေးဖက်ဝင်မြက်သုပ်ကိုစားလိုက်သည်။သူကတွန့်ဆုတ်နေသောအမူအရာက မပျောက်ကွယ်သေးခင်မှာဘဲ အံ့ဩမှုအဖြစ်ပြောင်းသွားလေသည်။ခနလောက်ကြာပြီးမှသာ သူကအံ့ဩတကြီးပြောနိုင်တော့သည်။


“ဒါကဘာလဲ တကယ်အရသာရှိတာပဲ”


လုဟွားနျန်က ပြောသားဘဲဟူသောပုံစံဖြင့်ကုချင်ကိုကြည့်လိုက်သည်။ထို့နောက်သူမက စားရင်းဖြင့် ပြန်ဖြေလာသည်။


“ယွင်ရုန်ပြောတာတော့ ဒါကဆေးဖက်ဝင်မြက်တဲ့”


ကုချင်က လုဟွားနျန်တစ်ယောက် ယွင်ရုန်ကောင်းကြောင်းပြောသည်များကို ကြားဖူးပြီးသားဖြစ်သည်။ထိုနေ့တွင် သူကစီးပွားရေးကိစ္စဖြင့် နိုင်ငံခြားရောက်နေခဲ့၏။ယွမ်ယွမ်ကထိခိုက်လုနီးပါးဖြစ်သွားသည်ကို ကြားလိုက်ရသောအခါ သူကပြည်ပ၌ဆက်မနေနိုင်တော့ပေ။ယွမ်ယွမ်ကသူ၏တစ်ဦးတည်းသောသမီးလေးဖြစ်ကာ အချစ်ဆုံးနတ်သမီးငယ်လေးပင်။ယွမ်ယွမ်သာတစ်ခုခုဖြစ်သွားပါက သူ့တစ်ဘဝလုံးနောင်တရနေမှာဖြစ်သည်။


ထိုသို့တွေးမိသောအခါ ကုချင်ကစိတ်သက်သာသွားသည်။


ကံကောင်းလို့ ဒီယွင်ရုန်ဆိုတဲ့မိန်းကလေးက ယွမ်ယွမ်ကိုကယ်လိုက်တာ။

သူက သူ့မိန်းမကိုအလိုလို‌ဖက်လိုက်မိသည်။ရယ်မောနေသောမျက်နှာက ပျောက်ကွယ်သွားကာ အလေးအနက်ဖြစ်လာလေသည်။

“မင်း အဲ့ဒီမိန်း‌ကလေးကို သဘောကျတဲ့ပုံဘဲ”


“ဒါပေါ့ ကျွန်မနဲ့ယွင်ရုန်ကြားမှာ တကယ်ကို ကံကြမ္မာတစ်ခုရှိတယ်လို့ ခံစားမိတယ် မဟုတ်ရင် လူတစ်ယောက်က ဘယ်လိုလုပ် တိုက်တိုက်ဆိုင်ဆိုင် ယွမ်ယွမ်ကိုကယ်ပေးနိုင်မှာလဲ ယွင်ရုန်ကိုမြင်လိုက်ရရင် ကျွန်မတကယ်ကိုသက်တောင့်သက်သာဖြစ်ပြီး အရမ်းပျော်တာပါဆို”


လုဟွားနျန်က တက်ကြွစွာပြောပြလာ၏။

“ဒါက တကယ်ကို ကံကြမ္မာကစီစဉ်ပေးထားတဲ့ ရင်းနှီးမှုဘဲ”


“ဒါဆိုကိုယ်တို့ သူမကိုသေချာကျေးဇူးတင်ရမှာပေါ့”

ကုချင်က လုဟွားနျန်၏ခေါင်းကိုထိကာဆက်ပြောသည်။

“ရက်ကောင်းကောင်းတစ်ခုရှာပြီး အိမ်ကိုအလည်ဖိတ်လိုက်လေ”


“ကျွန်မလည်း အဲ့လိုတွေးမိနေတာ”

လုဟွားနျန်က နောက်ဆုံးကျန်သည့်အသုပ်ကိုစားလိုက်ပြီး ထပ်စားချင်သေးသလိုခံစားလိုက်ရသည်။သူမက ယွင်ရုန်ဆီမှနည်းနည်းထပ်ဝယ်ရန်မေးဖို့ဆုံးဖြတ်ပြီးသားဖြစ်သည်။တရုတ်တိုင်းရင်းဆေးများသည် ဘယ်လိုပင်အာနိသင်ကောင်းပါစေ အလှပြင်ဆိုင်၌ treatmentယူသည်ထက်မကောင်းပေ။တိုင်းရင်းဆေးသည် အထဲဘက်မှပြုပြင်ပေးခြင်းဖြစ်ကာ treatmentများကမူ အပြင်ဘက်မှအသားအရေကိုအခြေအနေတိုးတက်လာအောင် လုပ်ဆောင်ပေးခြင်းဖြစ်သည်။ထို့ကြောင့် လုဟွားနျန်က ပထမဆုံးအကြိမ်စားလိုက်ရုံဖြင့် အကျိုးထူးလာဖို့မမျှော်လင့်ထားပေ။သူမစိတ်ထဲတွင် ရလဒ်ထွက်လာဖို့ နောက်ထပ်နည်းနည်းလောက်ထပ်စားရဦးမည်ဟု တွေးလိုက်မိသည်။

 

ရလဒ်အနေဖြင့် နောက်တစ်နေ့တွင် လုဟွားနျန်က ဒယိမ်းဒယိုင်ဖြင့်အိပ်ရာထလာပြီး လုပ်နေကျလိုပင် ယွမ်ယွမ်ကိုကျောင်းလိုက်မပို့‌ပေးခင်၌ မျက်နှာသစ်သွားတိုက်ရန် ရေချိုးခန်းထဲသို့ဝင်သွားလိုက်သည်။ထို့နောက်သူမကခေါင်းမော့လိုက်သောအခါ မှန်ထဲမှတစ်ဆင့် လှပကာဖြူဖွေးနေသည့်မျက်နှာတစ်ခုကိုမြင်လိုက်ရလေသည်။


လုဟွားနျန်က သူမမျက်နှာမှန်းမှတ်မိ၏။သို့သော် မျက်နှာအသား‌အရေက ဆယ်ကျော်သက်တစ်ယောက်လိုနူးအိပြီးလှပနေ၏။သူမမျက်နှာပေါ်မှ ချွေးပေါက်များကိုလည်း လုံးဝမမြင်ရတော့ပေ။


မယုံနိုင်စွာဖြင့် သူမကမှန်ကိုထိကြည့်လိုက်သည်။သူမလက်ချောင်းများက ရေခဲလိုအေးစက်သည့်မှန်သားကိုထိသွားမှသာ လုံးဝနိုးကြားသွားလေသည်။သူမကအသေးစိတ်ထိန်းသိမ်းသော်လည်း အသက်သုံးဆယ်ကျော်ပြီးနောက်တွင် သူမမျက်နှာပေါ်၌ ပြသနာသေးသေးလေးများပေါ်လာခဲ့၏။သို့သော်အခုတွင်မူ ထိုအရာအားလုံးကပျောက်ကွယ်သွားလေသည်။သူမတစ်ကိုယ်လုံးက တောက်ပရွှန်းစိုနေကာ အသက်ငါးနှစ်လောက်ပြန်ငယ်သွားသလိုပင်။


“ကု ကုချင်。。。。。”

လုဟွားနျန်က လန့်လဲလန့်သလို အံ့ဩနေသဖြင့် သူမကယောက်ျားကိုလှမ်းခေါ်လိုက်မိသည်။


“ဘာဖြစ်လို့လဲ”

ကုချင်က မျက်လုံးပွတ်ကာ အိပ်ရာပေါ်မှထလာသည်။သူကဘာမှတွေးမနေဘဲ မေးလိုက်သည်။


“အရေးအကြောင်းလား ဝက်ခြံလား”


“WTF!” 


လုဟွားနျန်က ဒေါသတကြီးငြင်းရန်လှည့်လိုက်သောအခါ သူမယောက်ျား၏မျက်နှာကိုမြင်လိုက်ရ၏။ချက်ချင်းပင် သူမကနောက်တစ်ခါအံ့ဩသွားရပြီး အံ့ဩမှုကြောင့် ညစ်ညမ်းသည့်စကားများတောင်‌ထွက်လာလေသည်။


ကုချင်၏မျက်နှာက အလွန်အကျွံမဟုတ်သော်လည်း ပြောင်းလဲမှုက အလွန်သိသာနေဆဲဖြစ်သည်။သူ့အသားအရေကပိုကောင်းလာရုံသာမက ငယ်ငယ်ကရခဲ့သည့် မျက်ခုံးပေါ်မှအဖြူရောင်အမာရွတ်ကလည်းပျောက်သွားပေပြီ။


အဲ့ဒါက နှစ်သုံးဆယ်ကျော်နေတဲ့ အ မာ ရွတ် ကြီးလေ။


“ကိုယ်တို့ ယွမ်ယွမ်ကိုမွေးပြီးကတည်းက ပြောထားပြီးသားမလား မဆဲရ。。。。。”


ကုချင်က မျက်မှောင်ကြုတ်ကာ နောက်ဆုံးတွင် မျက်လုံးဖွင့်လာလေသည်။သူ့ရှေ့တွင်ရပ်နေသည့် လုဟွားနျန်ကိုမြင်လိုက်ရသောအခါ အိပ်ချင်မူးတူးဖြစ်နေသည်များက လုံးဝပျောက်ကွယ်သွား၏။


“WTF!”


“ကျွန်မတို့တွေ မဆဲရဘူးလို့ ရှင်ပဲပြောလိုက်တာမဟုတ်ဘူးလား”


လုဟွားနျန်က ငေါ့ကာပြန်ပြော၏။


ဆယ်မိနစ်ကြာပြီးနောက်တွင် လင်မယားနှစ်ယောက်က အိပ်ရာပေါ်တွင်ထိုင်ကာ အချင်းချင်းစိုက်ကြည့်နေကြသည်။အချင်းချင်းတစ်ယောက်မျက်နှာတစ်ယောက်မြင်ကာ ထိတ်လန့်သွားပြီးနောက် သူတို့ကတကယ်ပြောင်းလဲသွားသည်ကို တဖြေးဖြေးလက်ခံလာကြလေသည်။


“ယွင်ရုန်ဒါကိုပေးတုန်းက ဘာပြောခဲ့သေးလဲ”

ကုချင်ကအရင်‌ဆုံးမေးခွန်းထုတ်လာသည်။


လုဟွားနျန်က သူမမျက်နှာကိုထိကြည့်နေဆဲဖြစ်သည်။သူမမျက်နှာက ပြုံးသလိုလို၊မပြုံးသလိုလိုဖြစ်နေပြီး စိတ်လွင့်စွာဖြေလာ၏။


“ဒါကိုစားပြီးရင် အသားအရေကပိုကောင်းသွားမယ်လို့ပဲပြောလိုက်တာ အသားအရေကနှင်း‌ဆီရောင်သန်းပြီး နူးညံ့လာမယ်တဲ့”


“ဒီရလဒ်က အရမ်းကောင်းလွန်းတယ်”

ကုချင်ကလည်း သူ့မျက်နှာသူထိကြည့်လိုက်သည်။

“ကိုယ်တစ်လုတ်ဘဲစားလိုက်ပေမယ့် ဒီလောက်တောင်ကောင်းသွားတယ် အခုတော့အဲ့ဒီမိန်းကလေးမှာ တကယ်အရည်အချင်းရှိတာကို ယုံသွားပါပြီ”


“ရှင်ကအခုမှယုံတာလား ဘာကိုမိန်းမငယ်လေးလဲ သူမကမိန်းမငယ်လေးမဟုတ်ဘူး အခုချိန်မှာယွင်ရုန်က ဆရာသခင်ကြီးလို့ပြောလာရင်တောင် ကျွန်မယုံမိမှာဘဲ”

ကုချင်၏စကားကိုကြားသောအခါ လုဟွားနျန်ကအတွေးလွင့်ရာမှသတိပြန်ဝင်လာပြီး အူမြူးလာသည်။

ဘယ်မိန်းကလေးကများ အလှအပကိုမကြိုက်လို့လဲ။အသားအရေကိုငယ်ရွယ်အောင်ထိန်းသိမ်းဖို့ skincareအပေါ်မှာ ယွမ်သောင်းချီဖြုန်းခဲ့ရတာ။အခုဆို သူမက ဘာskincareကိုသုံးဖို့လိုဦးမှာလဲ။အဲ့ဒီအစား skincareဝယ်မယ့်ပိုက်‌ဆံတွေကို ယွင်ရုန်ကိုပေးလိုက်တာက ပိုကောင်းတယ်။


လုဟွားနျန်က စိတ်လွင့်နေကာ အစိုဓာတ်လိမ်းခရင်မ်နည်းနည်းကိုဖြစ်သလိုလိမ်းလိုက်ပြီး ထထွက်သွားသည်။အခုချိန်တွင်သူမက ထိုဆေးဖက်ဝင်မြက်သည်ရလဒ်ကိုဘယ်လောက်‌ကြာကြာထိန်းသိမ်းထားနိုင်မှာလဲဆိုသည်ကို ယွင်ရုန်အားသွားမေးချင်နေ၏။သူမက နောက်ထပ်လည်းနည်းနည်းထပ်ဝယ်ချင်မိသည်။


“မင်း မိတ်ကပ်မလိမ်းတော့ဘူးလား”

ကုချင်က စိတ်အားတက်ကြွနေသောမိန်းမဖြစ်သူအား ကြည့်ပြီး အာရုံထွေပြားစွာမေးလိုက်သည်။


လုဟွားနျန်က တံခါးနားမှလှမ်းဖြေလာသည်။

“ဒီလိုအသားအရေနဲ့ဆို ကျွန်မကမိတ်ကပ်လိမ်းစရာလိုသေးလို့လား”


အဲ့ဒါလည်း ဟုတ်သားပဲဟု ကုချင်တွေးလိုက်သည်။

ဤအချိန်တွင်သူလည်း စိတ်ငြိမ်သွားပြီဖြစ်သည်။ဝတ်စုံပြည့်လဲလိုက်ပြီးနောက် သူ့ကိုယ်သူမှန်ထဲကြည့်လိုက်သောအခါ စိတ်ကျေနပ်စွာခေါင်းငြိမ့်လိုက်မိသည်။သူကအရင်ကထက်ပိုကြည့်ကောင်းလာ၏။‌အမျိုးသားများကလည်း သူတို့၏ပုံပန်းသွင်ပြင်ကိုဂရုစိုက်တတ်ပေသည်။


~~~~~~~~

ယွင်ရုန်က လုဟွားနျန်အိမ်တွင်* ခွေးနှင့်ကြက်များသောင်းကျန်းနေသည်*ကိုမသိပေ။အခုမှအာရုံတက်ချိန်ဖြစ်ကာ ဟိုင်ကျင်းဟိုတယ်၏ presidential suiteအခန်းတွင် ပြတင်းပေါက်များကိုတစ်ဝက်ဖွင့်ထား၏။မနက်ခင်း၏လေညှင်းက အထဲကိုတိုက်လာကာ လေနှင့်အတူစိတ်ဝိဉာဉ်စွမ်းအင်မျှင်များကို သယ်ဆောင်လာလေသည်။

(Tn:**ကသောင်းကနင်းဖြစ်နေတဲ့အခြေအနေကိုပြောချင်တာပါ ခြံထဲမှာကြက်နဲ့ခွေးရှိရင် ခွေးကကြက်‌နောက်လိုက်ပြီး ဆူညံပွက်လောရိုက်နေသလိုမျိုးပါ)


ယွင်ရုန်က ကိုယ်ပေါ်မှစောင်ကိုဖယ်လိုက်သည်။သူမက အိပ်ချင်မူးတူးထထိုင်လိုက်သည်။မျက်လုံးဖွင့်လာသောအခါ သတိမဲ့မှုအနည်းငယ်ပါနေ၏။အခုတွင် ဒီခေတ်မှမိစ္ဆာများက ဘာလို့အရမ်းအဆင့်နိမ့်သွားသည်ကို နားလည်သွားပြီဖြစ်သည်။မနက်ခင်းတွင် သူတို့ကစိတ်ဝိဉာဉ်စွမ်းအင်ကိုစုပ်ယူပြီးကျင့်ကြံရန် အိပ်ရာမထနိုင်သောကြောင့်ဖြစ်သည်။


ဘာလို့လဲဆိုတော့ လူသားတွေရဲ့အိပ်ရာက အရမ်း‌သက်တောင့်သက်သာရှိလို့ပဲ၊ ပြီးတော့လူသားတွေရဲ့စားစရာကလည်း အရမ်းအရသာရှိတယ်။ ဘယ်သူကများ မနက်စောစောထပြီးကျင့်ကြံချင်ဦးမှာလဲ။အဲ့လိုဆိုအရသာရှိတာတွေ ဘယ်လောက်တောင်လွတ်သွားမှာလဲ။


ဒါက တကယ်ကို *‘စားစရာကနွေးနေတဲ့အခါ လောဘနှလုံးသားတစ်ခုမွေးဖွားလာတယ်’*ဆိုတဲ့ အဲ့ဒီစကားအတိုင်းဘဲ။

(Tn:**စားချင်စိတ်ကိုအလွယ်တကူကြီးမားလာစေတဲ့ တစ်စုံတစ်ခုပါ)

 

ယွင်ရုန်က သူမကိုယ်သူမထိုသို့ အဆင့်နိမ့်သွားအောင်လုပ်လို့မဖြစ်ဟုတွေးလိုက်သည်။သူမအိပ်ရာပေါ်မှဆင်းလာပြီးနောက် ခေါင်းအစခြေအဆုံးသန့်ရှင်းရေးမန္တာန်ရွတ်လိုက်သောအခါ သူမတစ်ကိုယ်လုံးကသန့်ရှင်းသွားသည်။ထို့နောက်သူမက ဝရံတာကိုထွက်ကာ စိတ်ဝိညာဉ်စွမ်းအင်ကိုစုပ်ယူရန်သွားလိုက်သည်။သူမသွားနေရင်းဖြင့် ဧည့်ခန်းကိုဖြတ်သွားသောအခါ စားပွဲပေါ်ကိတ်မုန့်ဘူးအလွတ်တစ်ချို့ကိုမြင်သွားသည်။ယွင်ရုန်ကရပ်လိုက်ကာ တံတွေးမြိုချလိုက်သည်။သူမ သိပါက မနေ့ကနည်းနည်းလောက်ချန်ထားခဲ့မှာဖြစ်သည်။အခုတော့ သူမစားချင်နေပေမယ့် ဘာမှမရှိတော့ဘူး။


ယွင်ရုန်က သက်ပြင်းချကာ အစားကောင်းစားချင်သည့်သူမ၏ဆန္ဒကိုထိန်းချုပ်လိုက်သည်။သူမက အာရုံခင်းနေရောင်များတောက်ပနေသည့် ဝရံတာဆီသွားလိုက်သည်။သို့သော်သူမရောက်ရောက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိသည်။အစကဝရံတာတွင် လူ့အရပ်တစ်ဝက်လောက်ရှိသည့် တရုတ်ချယ်ရီပန်းသီးပင်နှစ်ပင်ကို အလှဆင်ပစ္စည်းအဖြစ် ထားထားခြင်းဖြစ်သည်။မနေ့ကမှသာ ထိုအပင်နှစ်ပင်က အလွန်လျင်မြန်စွာကြီးထွားလာသည်ကို သူမသိသွားခြင်းဖြစ်သည်။ဒီနေ့တွင်ပိုလို့တောင် မယုံနိုင်စရာကောင်း၏။နွေရာသီဖြစ်သော်လည်း အပင်ကအပွင့်ပွင့်လာပြီဖြစ်သည်။ထူထဲသည့်အစိမ်းရောင်သစ်ရွက်များကို မတွေ့ရတော့ဘဲ ထိုအစားနီရဲသည့်ဘောလုံးအရွယ်အပွင့်များကိုသာ တွေ့လိုက်ရ၏။


ယွင်ရုန်က သူမ၏ဝိညာဉ်စွမ်းအင်များကို တတ်နိုင်သလောက်ထိန်းချုပ်ထားသော်လည်း အပင်နှင့်ပန်းပင်များအတွက်မူ ၎င်းကပေါများနေဆဲဖြစ်သည်။သူမကတောင်မိစ္ဆာဖြစ်သဖြင့် ထိုကိစ္စကိုဘာမှမလုပ်နိုင်ပေ။ထိုသို့သောသက်ရှိများနှင့် ရင်းနှီးမှုတစ်မျိုးရှိနေ၏။ယွင်ရုန်က အပင်နှစ်ပင်ကိုလက်ညှိုးထိုးကာ အပင်‌များပေါ်တွင် ဖုံးကွယ်မှုတစ်ချို့လုပ်လိုက်သည်။


မနက်ရှစ်နာရီတွင် ကုန်တချင်အလုပ်ရောက်လာသောအခါ ဧည့်ကြိုကောင်တာမှ မိန်းကလေးများ၏စကားသံများကိုကြားလိုက်ရ၏။


“အရမ်းထူးဆန်းတာဘဲ နင်ပဲပြောကြည့် ဒီနှစ်ရက်အတွင်းမှာ ဟိုတယ်ထဲကအပင်တွေက ထူးထူးခြားခြားကိုမလန်းဆန်းနေဘူးလား ကြည့်လိုက်တိုင်းမှာ အပင်တွေကရေလောင်းခံထားရသလိုဘဲ”


“နင်ပြောတာဟုတ်တယ် ဥယျာဉ်မှူးက မြေဩဇာတစ်ခုခုများထည့်ထားတာလား ဟိုတယ်အနောက်ဘက်ကမက်မွန်ပင်တွေကိုရောမြင်ပြီးပြီလား အပင်တိုင်းကမက်မွန်သီးလေးတွေသီးနေပြီ ကြည့်ရတာ လနည်းနည်းလောက်ကြာရင်စားလို့ရလောက်ပြီ”


“ဘာပေါက်ကရတွေပြောနေတာလဲ မက်မွန်ပင်ကဘယ်လိုလုပ်သီးမှာလဲ၊ အဲ့အပင်ကတစ်ဝက်သေနေတာ ဒီတစ်နှစ်လုံး လုံးဝမပွင့်ခဲ့ဘူးလေ”


“ငါပြောတာကိုမယုံရင် နင်ကိုယ်တိုင်သွားကြည့်လိုက်လေ ပြီးခဲ့တဲ့နှစ်ရက်၊ညနေခင်းလောက်မှ စပွင့်လာတာ၊ ငါတို့လည်းထူးဆန်းတယ်လို့တွေးလိုက်သေးတယ် ဒီနေ့မနက်လည်းသွားကြည့်ရော အပွင့်‌တွေခြောက်ပြီး ‌ပဲစေ့အရွယ်မက်မွန်သီးလေးတွေဖြစ်လာတာကို တွေ့လိုက်ရတာ”


ကုန်တချင်က ထိုစကားများကိုကြားသောအခါ တစ်ခုခုညှီနံ့ရသလိုခံစားမိသွားသည်။သူလွန်ခဲ့သည့်နှစ်ရက်ကသွားကြည့်သောအခါ မက်မွန်ပင်များက ခြောက်ကပ်နေခဲ့၏။အသက်ဆက်မရှင်နိုင်တော့သည့်ပုံတောင်ပေါ်နေ၏။သူကတောင် ဥယျာဉ်မှူးခေါ်ကာ အခြားအပင်များနှင့်လဲချင်ခဲ့သေးသည်။ရက်အနည်းငယ်ဘဲရှိသေးတာတောင် အသီးသီးနေပြီတဲ့လား။


“မင်းပြောတာက ‌အနောက်ဘက်ဥယျာဉ်က မက်မွန်ပင်တွေကရှင်နေတယ်ပေါ့ ဟုတ်လား”

သူကကောင်တာနားသွားကာ မေးလိုက်မိသည်။


“မန်နေဂျာ‌ကုန် ရှင်ရောက်လာပြီဘဲ”

ကုန်တချင်က အလွန်ရင်းနှီးတတ်သောသူဖြစ်သည်။ဝန်ထမ်းအငယ်အားလုံးကသူ့ကိုမကြောက်ကြပေ။သူတို့ကသူ့ကို ပြုံးပြီးနှုတ်ဆက်ကာ ပြန်ဖြေပေးလာကြသည်။


“ဟုတ်တယ် အပွင့်တွေပွင့်နေပြီ ဟိုတယ်ကဧည့်သည်အများစုကလည်း သွားကြည့်ကြတယ်လေ လူတိုင်းက ကျွန်မတို့ဟိုတယ်ရဲ့ ဥယျာဉ်ထိန်းသိမ်းရေးက အရမ်းကောင်းလွန်းလို့ မက်မွန်ပင်တွေပွင့်ရမယ့်အချိန် ဧပြီနဲ့မေလမဟုတ်တာတောင် ပွင့်လာတယ်လို့ပြောနေကြတာ”


“မန်နေဂျာကုန်ရော ဒီကိစ္စကို နည်းနည်းထူးဆန်းတယ်လို့မထင်ဘူးလား”


“ဘာထူးဆန်းရမှာလဲ မင်းတို့တွေ‌ဘာပေါက်ကရမှမပါဘဲပြောလို့မရဘူးလားကွာ”


ကုန်တချင်က ထိုစကားကိုကြားသောအခါ ချက်ချင်းပင်ယွင်ရုန်အကြောင်းတွေးမိသွားပြီး ရင်ထဲဒိတ်ခနဲဖြစ်သွားသည်။ယွင်ရုန်၏ကျင့်ကြံဆင့်က အလွန်မြင့်သဖြင့် သူမ၏မူလပုံစံကို သူ မမြင်ရပေ။အခုတွင် ကောင်တာမှ‌ဆွေးနွေးသံများကိုကြားလိုက်ရသောအခါ သူက ထိုဘစ်ရှော့ကြီးသည် မက်မွန်ပန်းမိစ္ဆာများလားဟုတွေးလိုက်မိသည်။


ထိုသို့ဆိုပါက သူကသူမကျင့်ကြံမှုကိုမမှီသဖြင့် မိစ္ဆာအသွင်ပြင်နည်းနည်းလေးတောင်မတွေ့ရသည်ကို မအံ့ဩတော့ပေ။မက်မွန်ပန်းမိစ္ဆာနှင့် ‌တာအိုပညာရှင်များသည်အမြဲပင် ဆက်နွယ်မှုအနည်းငယ်ရှိကာ တာအိုမျိုးနွယ်မိစ္ဆာဟုသတ်မှတ်နိုင်၏။သဘာဝအားဖြင့် သူတို့က သာမာန်မိစ္ဆာများနှင့် ကွဲပြားကြသည်။


ဤအတွေးဖြင့် သူကကောင်တာမှသူများကိုဆတ်ခနဲကြည့်ပြီး အလေးအနက်ပြောလိုက်သည်။


“နောက်ဆို ဒီလိုကိစ္စမျိုးကိုမပြောနဲ့တော့ ဘာပဲထူးဆန်းနေပါစေ အပင်တွေရဲ့ကြီးထွားချိန်က မူမမှန်တဲ့သတင်းကိုမပြောနဲ့၊ အခုကနွေရာသီဆိုပေမယ့် အပင်ကနွေဦးလို့ထင်ပြီး ပွင့်တာလဲဖြစ်နိုင်တယ်မလား ဥယျာဉ်မှူးကိုအဲ့ဒါတွေဂရုစိုက်ဖို့အကြောင်းကြားလိုက်ပါ ပြီးတော့ သူ့ကို အလှပြအပင်တွေနဲ့ချုံတွေကို ထပ်စစ်ဆေးကြည့်ဖို့ပြောလိုက်ဦး”


ယွင်ရုန်က သူ့ကလေးများကို ‌ချောမွေ့စွာမီးဖွားနိုင်ရန်ကူညီပေးခဲ့ရုံသာမက ဝိညာဉ်စွမ်းအင်များစွာလည်းပေးခဲ့သေးသည်။သူ မသိပါက ကိစ္စမရှိသော်လည်း သူသိနေပြီဖြစ်သဖြင့် ဘစ်ရှော့ကြီး၏အပင်များအတွက်အဓိကအရင်းအမြစ်ကို သေချာပေါက်ကောင်းကောင်းဂရုစိုက်ရပေလိမ့်မည်။



⛰️