Part 87
တံခါးအပြင်ဘက်သို့ ထွက်လာသော မန်နေဂျာလီ အရမ်းအံ့သြကာ မယုံကြည်နိုင်ဖြစ်နေပြီး အသံလျှော့ကာ "အတွင်းရေးမှူးနင်း၊ ဘာဖြစ်နေတာလဲ။ ဘာလို့ဘော့စ်က ကျွန်တော့ကို စိတ်မဆိုးတာလဲ။ ဒါမှမဟုတ်… ခင်ဗျား ကျွန်တော့်ကို အလုပ်ဖြုတ်ခံရတော့မယ် ဒီတိုင်းပြောလိုက်တာလား။"
အတွင်းရေးမှူးနင်း ခဏမျှ တိတ်ဆိတ်သွားပြီး "မဖြစ်နိုင်ဘူး..." ဟုဆိုသည်။
ဒီကိစ္စကြောင့်နဲ့ ဘော့စ်က မန်နေဂျာလီကို အလုပ်ထုတ်တဲ့အထိလုပ်မှာတော့မဟုတ်ပေမဲ့ သေချာပေါက် သူ့ကိုဆူလိမ့်မည်၊ ဒါပေမယ့် ဘာလို့ ဒီနေ့ ဘာမှမပြောတာပါလိမ့်။
လက်ထောက်ကောသည်လည်း မန်နေဂျာလီ လျင်မြန်စွာ ထွက်လာပြီး ဆူပူသံကိုလည်း မကြားခဲ့ရတာကြောင့် အံ့အားသင့်သွားသည်။
"ဒီနေ့ဘော့စ်ဘာဖြစ်နေတာလဲ။"
"ငါလည်း မသိဘူး။"
အတွင်းရေးမှုးရုံးခန်းတွင် နှင်းဆီပန်းများနှင့် ဆော့ကစားနေသော အတွင်းရေးမှူးရှုက ဂရုမစိုက်စွာ ပြောသည်။
"ကျစ်၊ နင်တို့ အမြန် တခြားမန်နေဂျာတွေကို သွား အကြောင်းကြားကြလေ။ ဘော့စ်က အခု မီးစိမ်းပြနေတာ၊ အရမ်းမဆိုးရင် ဆူမှာမဟုတ်ဘူး။ အစီရင်ခံစာတွေရှိရင် အမြန် ပို့ခိုင်းလိုက်။ အခုချက်ချင်း တင်ရင် အကောင်းဆုံးပဲ။"
"!!!"
မန်နေဂျာလီ ထွက်သွားပြီး မကြာခင်မှာပဲ ယွီတင်းရဲ့ မန်နေဂျာများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။
- သူတို့ ရာစုနှစ်တစ်ခုမှ တစ်ကြိမ်သာရှိနိုင်တဲ့ အခွင့်အရေးကို အသုံးချနိုင်ရမယ်။
အတွင်းရေးမှူးနင်းက လိုက်မသွားဘဲ အတွင်းရေးမှူးရှု ထံ လျှောက်သွားသည်။
အတွင်းရေးမှုးချုပ်ဖြစ်သောသူသည် သူဋ္ဌေးနှင့်ပတ်သက်သည့်အရာအားလုံးကို ခြုံငုံသုံးသပ်ပေးရမည်ဖြစ်ပြီး ထူးချွန်သော အတွင်းရေးမှုးတစ်ယောက်အနေဖြင့် သူဌေးကို နားမလည်လို့မဖြစ်ပေ။
အတွင်းရေးမှူးနင်း သူ့အသံကို တတ်နိုင်သလောက် နူးညံ့အောင်ပြုလုပ်လိုက်ပြီး အပြုံးလေးတစ်ခုဖြင့် "ဟိုဟာ… အတွင်းရေးမှူးရှု။ ဘော့စ့် ဘာဖြစ်နေတာလဲ၊ သိလား"
"သိပါတယ်။"
"ဘာဖြစ်နေတာလဲ။" အတွင်းရေးမှူးနင်းက လေးနက်သော မျက်နှာဖြင့် အလျင်အမြန် မေးလိုက်သည်။
အတွင်းရေးမှူးရှုက သူ့ကိုကြည့်ရင်း ဆံပင်တိုတိုနဲ့ သပ်လိုက်ပြီး "ဘော့စ်... ရည်းစားထားနေတာလေ။"
"ဟင်..." အတွင်းရေးမှူးနင်းက ရှုပ်ထွေးနေပြီး "ဘော့စ်နဲ့ စေ့စပ်ထားတဲ့ မစ္စချီနဲ့လား။"
"ဟုတ်တာပေါ့။"
"!!!" သူသည် စိတ်ရှုပ်ထွေးပြီး အံ့သြသွားကာ "မစ္စချီ ဘော့စ်နဲ့ စေ့စပ်ပြီးပြီ မဟုတ်ဘူးလား။ ဘာလို့တွဲနေသေးတာလား။ ဒါပေမယ့်...ကျွန်တော်တို့ရဲ့ နေ့ရက်တွေက လွယ်ကူလာလောက်တော့မယ်ထင်တယ်။"
"အတွေးလွန်နေပြီး။" အတွင်းရေးမှူးရှုက လက်ညှိုးတစ်ချောင်းထောင်ပြီး ခေါင်းယမ်းလိုက်သဘ်။
"ဟမ်..." အတွင်းရေးမှူးနင်း စိတ်ရှုပ်သွားသည်။
အတွင်းရေးမှူးရှုက "ရည်းစားထားတယ်ဆိုတာ တစ်ခါတစ်လေ ရာသီဥတုက သာယာပေမဲ့ တစ်ခါတစ်လေမှာတော့…"
ရုံခန်းရှိ ဝမ်ယွီက မက်ဆေ့တစ်စောင် ရရှိခဲ့သည်။
[အာ၊ ငါနေ့လည်ကျ ပြန်မလာတော့ဘူး။ စမ်စီစီနဲ့ အတူစားမလို့။ (*▽*)]
"… 0.2% ကျဆင်းသွားတယ်။"
"ဘန်း" ဝမ်ယွီ၏ မျက်နှာသည် မည်းမှောင်သွားပြီး အစီရင်ခံစာကို စားပွဲပေါ်ပစ်လိုက်တာကြောင့် အလုပ်အကြောင်း အစီရင်ခံနေသော ဒါရိုက်တာသည် ကြောက်လန့်သွားသည်။
"0.2% ကျဆင်းသွားတယ်။ မင်း အရင်က ဘာပြောခဲ့လဲ။ ဒီတစ်ခေါက်ကျ သေချာပေါက် တက်လာမှာပါလို့ ပြောခဲ့တယ်မဟုတ်ဘူးလား။ ဒါက ဘယ်လိုဖြစ်တာလဲ။" သူသည် စူးရှသော မျက်လုံးတစ်စုံဖြင့် ဒါရိုက်တာကို ပေါက်ထွက်မတတ် စိုက်ကြည့်နေသည်။
ဒါရိုက်တာ- "…" သူ့ခြေထောက်တွေ တုန်နေပြီ။
အခုချိန် ဘော့စ်နဲ့စကားပြောရတာ အဆင်ပြေတယ်ဆို။
တစ်ထပ်တည်းတွင်၊ အတွင်းရေးမှူးရုံးထဲမှတောင် ထိုလှုပ်ရှားမှုကို ကြားနိုင်လေသည်။
အတွင်းရေးမှူးရှုက ဆက်ပြီး "… တစ်ခါတလေမှာတော့ တိမ်တွေ ဖုံးလွှမ်းနိုင်တယ်။"
အထူးသဖြင့် ပထမဆုံးအကြိမ် ရည်းစားထားရင်ပေါ့။
အာ၊ အချစ်ဦးပါလား ကျစ်၊ ကျစ်။
အတွင်းရေးမှုးနင်း: "…"
သူသည် အကြာကြီး တိတ်ဆိတ်နေပြီးမှ ဖြည်းညှင်းစွာပြောလာသည်။
"အတွင်းရေးမှူးရှု၊ ကျေးဇူးပြုပြီး ကျွန်တော့်ကိုလည်း အချစ်အကြောင်း သင်ပေးလို့ရမလား။"
အတွင်းရေးမှူးချုပ်အနေနဲ့ ဘော့စ်ကို သေချာပေါက် နားလည်နေရမယ်။
ဘယ်လိုပဲဘော့စ်က အရင်ကဘော့စ်ပဲဖြစ်ပါစေ၊ အခုချိန်မှာ ဘော့စ်က အချစ်နဲ့တွေ့သွားတော့ စာအုပ်လှန်တာထက်တောင် သူ့မျက်နှာကို မြန်မြန် ပြောင်းလဲနိုင်နေတယ်။
အတွင်းရေးမှူရှုက အတွင်းရေးမှူးနင်းကို အချစ်အကြောင်းကို ရှင်းရှင်းလင်းလင်း မသင်ပေးနိုင်သော်လည်း အတွင်းရေးမှူးနင်းသည် သူမ၏အထက်လူကြီးဖြစ်သောကြောင့် သူမကို လိုက်နှောင့်ယှက်နေခဲ့သည်။
ထို့ကြောင့် သူမသည် "အချစ်ကြောင့် စိတ်အခြေအနေပြောင်းလဲခြင်း" "အချစ် ဆက်လက် ကြည်နူးနေစေရန် ဂရုစိုက်ရမည့် နည်းလမ်းပေါင်းတစ်ရာ" "ဘယ်လိုကောင်းကောင်းချိန်းတွေ့ရမလဲ" အစရှိတဲ့ စာအုပ်အချို့ကို အွန်လိုင်းပေါ်မှ မှာယူပေးလိုက်သည်။
အတွင်းရေးမှုးနင်းက အလုပ်များလွန်းသော်လည်း အချိန်ရှာကာ ဒီစာအုပ်များကို ခိုးဖတ်ဖို့ကြိုးစားလိုက်သည်။
သို့သော် စာအုပ်အစကိုသာ ဖတ်ရသေးချိန် ဖြတ်သွားသော ဝမ်ယွီ မြင်ကာ သိမ်းသွားလေသည်။
ရက်အနည်းငယ်အကြာတွင် အတွင်းရေးမှူးနင်း တစ်စုံတစ်ရာကို တွေ့ရှိခဲ့သည်
သူ့ရဲ့ဘော့စ်က သူ့အားလပ်နေချိန်တွေမှာ ဒီစာအုပ်တွေကို အလေးအနက်ထားပြီး ဖတ်နေတာပဲ...
.....
ချီကျန်းကျန်းက ဝမ်ယွီကို မက်ဆေ့ချ်ပြန်ပို့ပြီးနောက် ခေါင်းကို လှည့်ကာ ဝမ်စီစီကို ကြည့်လိုက်သည်။
သူမဘေးမှ ဝမ်စီစီက "ငါ့မွေးနေ့ကို ပြန်အစားပေးမယ်ဆို ဘာလို့အိမ်ပြန်ပြီး နေ့လည်စာသွားစားမှာလဲ၊ မပြန်နဲ့။"
ချီကျန်းကျန်းက သက်ပြင်းရှည်ချလိုက်သည်၊ သူဘာလို့ ဝမ်စီစီရဲ့ မွေးနေ့ပွဲကို ဖျက်ဆီးခဲ့မိတာပါလိမ့်။
အား၊ နေ့လည်ကျ ဝမ်ယွီနဲ့ အတူမစားရတော့ဘူး။
သူမမျက်နှာမှာ Maskတစ်ခုရှိနေပြီး ဝန်ထမ်းတစ်ယောက်က နှိပ်ပေးနေသေးတာကြောင့် သူမ မလှုပ်ဝံ့ပေ။ ထို့ကြောင့် သူမက "ငါနင့်မွေးနေ့ကို ပြန်အစားပေးဖို့ ပိုက်ဆံတွေအများကြီး မရှိဘူး။ ငါတို့ အပြင်သွားတိုင်း နင်ပဲပေးရတယ်လေ။"
ဝမ်စီစီက သူမကို တစ်ချက်ကြည့်ပြီးနောက် မျက်လုံးများကို မှိတ်လိုက်သည်။ "ချီကျန်းကျန်း၊ ငါနင့်ကို တကယ်လေးစားတယ်။ သန်း၂၃၀ရှိတဲ့ လည်ဆွဲတောင်ဝတ်နိုင်တာကို အလှပြင်ဆိုင်ထဲဝင်ဖို့ကျ ပိုက်ဆံမရှိဘူးပေါ့…"
"အဲဒါ ငါ့ဥစ္စာမဟုတ်ဘူး။" ချီကျန်းကျန်းက ရေရွတ်လိုက်တယ်။
"တော်တော့၊ ဟိုအက်ဆီးဒင့်ကြောင့် နင့်ဦးနှောက်ကိုထိသွားတာလား ဒါမှမဟုတ် ဆိုင်းဘုတ်ကို မကြည့်ဘဲ ဝင်လာတာလား။ ဒီအလှပြင်ဆိုင်က ကျန်းယွမ်ဝေရဲ့ဆိုင်လေ။ သူအလှပြင်ဆိုင်ဖွင့်ချင်တယ်လို့ပြောတုန်းက နင် တစ်သက်တာကတ်ရဖို့ ပိုက်ဆံတွေအများကြီးပေးခဲ့တယ်မဟုတ်ဘူးလား..."
ထိုအချိန်ကို ပြန်တွေးကြည့်ရင် ချီကျန်းကျန်းသည် အရမ်းကိုချမ်းသာခဲ့သည်။
အဲဒီတုန်းက ဝမ်စီစီမှာ ပိုက်ဆံအများကြီး မရှိခဲ့ပေ။ ကျန်းယွမ်ဝေပြောတာကို သူမကြားတော့ ချီကျန်းကျန်းရဲ့ တုံးအမှုကို သဘောမကျပေမယ့် မုန့်ဖိုးတွေ အများကြီးရတဲ့အတွက် မနာလိုဖြစ်ခဲ့ရသည်။
ချီကျန်းကျန်း: "...."
သူမသည် ရုတ်ခြည်း ထထိုင်လိုက်တာကြောင့် ဝန်ထမ်းက ချက်ချင်း နောက်ပြန်ဆုတ်သွားတယ်။
ချီကျန်းကျန်း သူမ၏ မျက်နှာပေါ်ရှိ အစိုဓာတ်ထိန်းmaskကို ဖြုတ်လိုက်ပြီး မျက်လုံးများ ပြူးကျယ်နေသည်။
သူမ မှတ်မိသော်လည်း မူလခန္ဓာကိုယ်၏ မှဏ်ညဏ်အားလုံးကို မရခဲ့ပေ။ ဝမ်စီစီကပြောမှသာ သူမ သတိရလာသည်။
ကျန်းယွမ်ဝေက အလှပြင်ဆိုင်ဖွင့်ချင်တာကြောင့် မူလခန္ဓာကိုယ်က ပိုက်ဆံအများကြီး ထုတ်ပေးခဲ့တာဖြစ်သည်။
ထိုအချိန်တွင် သူမသည် ကျန်းယွမ်ဝေကို သူငယ်ချင်းအဖြစ် မှတ်ယူခဲ့သော်လည်း ကျန်းယွမ်ဝေသည် သူမအား သူငယ်ချင်းအဖြစ် မယူဆခဲ့တာကို နောက်ပိုင်းသိလာတာကြောင့် ကွဲသွားကာ ဒီအလှပြင်ဆိုင်သို့ ဘယ်တော့မှ ပြန်မလာခဲ့တော့ပေ။
ပိုက်ဆံ ရှုံးသွားတာပဲ။
အလှပြင်ဆိုင်သည် သူမ၏အသားအရေကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပြီး နှိပ်နယ်သာ ပေးနိုင်သည်။ တစ်သက်လုံးဆိုရင်တော့ ဒီလောက် အများကြီး ရင်းနှီးခဲ့တာကို တွေးမိရင် သေချာပေါက် ရှုံးတာပဲ။
မူလခန္ဓာကိုယ်က မုန့်ဖိုးလေးတစ်ပြားတောင် မကျန်အောင် သုံးနိုင်လွန်းတာ မဆန်းပါဘူး။
ချီကျန်းကျန်းက အသက်ပြင်းပြင်းရှူပြီး ဝမ်စီစီကိုကြည့်ကာ ..." စဉ်းစားပေးပါဦး။ ငါ့မှာဒီနေရာကလို တစ်သက်တာကတ်ရှိတဲ့ အခြားဆိုင်ရှိသေးလား။ ငါပိုက်ဆံတွေအများကြီးပေးထားရတာ၊ သွားသင့်တာပေါ့။"
ဝမ်စီစီ : "... ငါမသိဘူး၊ ငါတို့ အရင်က ရင်းမှမရင်းနှီးကြတာကို။ ကိုယ့်ဘာသာ စဉ်းစား။ နင်တကယ်မေ့သွားတာလား။"
ချီကျန်းကျန်းက သက်ပြင်းချပြီး ပြန်လှဲလိုက်ကာ ဝန်ထမ်းကို ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။ တစ်ဖက်လူက ခဏလောက် အံ့သြသွားသော်လည်း ချက်ချင်းပဲ အပြုံးနဲ့ ရှေ့ကို လှမ်းလာပြီး သူမကို ဆက်နှိပ်ပေးတယ်။
"ဒီလို ရှုံးတာ…" သူမ စိတ်ထဲတွင် အော်ငိုနေဆဲ။
ဝမ်စီစီက မျက်လုံးလှိမ့်ပြီး တခြားအကြောင်းအရာတွေကို ဆက်ပြောလေသည်။
"ငါမနေ့က အစ်ကိုရိရန်တို့အိမ်ကို သွားခဲ့တုန်းက အကြီးဆုံးဦးလေးတို့ ဝမ်ယွီကို ပြောဆိုနေကြတာ ကြားခဲ့တယ်။ ဝမ်ယွီက အကြီးဆုံးဦးလေးတို့ကို ရန်ထပ်စခဲ့လား။ ဝမ်ယွီကို သင်ခန်းစာကောင်းကောင်းပေးရမယ်လို့တောင် ပြောနေကြသေး..."
xxxxxx