Part 90
ဝမ်ယွီက သူမကို အရည်ပျော်မတတ် စိုက်ကြည့်နေသည်။
အရင်က ချီကျန်းကျန်းကို ဘယ်သူမှ မတွေ့နိုင်တဲ့ နေရာမှာ ဖွက်ထားချင်ခဲ့ပေမယ့် ဒီနေ့တော့ ချီကျန်းကျန်းကို သေးသေးလေးဖြစ်စေချင်ပြီး သူ့အိတ်ကပ်ထဲမှာပဲ ထည့်ထားချင်ပါတော့သည်။ ဒါမှ သူသွားလေရာနေရာတိုင်း သူမကို ခေါ်သွားနိုင်ပြီး သူ့လက်ထဲတွင် အချိန်တိုင်း ကိုင်ထားနိုင်မည်ဖြစ်သည်။
သူမ၏စောစော ကာကွယ်လွန်းနေသော ပုံစံကို တွေးတောရင်း ဝမ်ယွီ၏ နှုတ်ခမ်းထောင့်များ မြင့်တက်လာသည်။
ချီကျန်းကျန်း : "…" သူမ ပြုံးနေသော သူ့ကို ကြည့်လိုက်သည်။
ပြီးပြီ၊ အကုန်ပြီးသွားပြီ။
သူမရဲ့ပုံရိပ်တွေ အကုန်ပျက်ဆီးသွားပြီ။
အခုတော့ ဝမ်ယွီက သူမကို ကြွက်စုတ်လို့ ထင်နေတော့မှာပဲ။ ဝူးဝူး၊ သူ သူမကို သေချာပေါက် မကြိုက်လောက်တော့ဘူး။
ချီကျန်းကျန်း ငိုတော့မည်၊ သူမ အလွန်ဝမ်းနည်းနေပြီ။
ဝမ်ယွီသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး သူမ၏ခေါင်းနောက်ဘက်ကိုလက်တစ်ဖက်ဖြင့် ကိုင်ကာ သူ့ရင်ခွင်ထဲသို့ထည့်လိုက်သည်။
"ယုံပါတယ်၊ မင်းက အရမ်းနူးညံ့တာကို" ဟုဆိုသည်။
ဟမ်?
ချီကျန်းကျန်းထိတ်လန့်သွားပြီးနောက် ဝမ်ယွီ၏ပွေ့ဖက်မှုရဲ့ နွေးထွေးမှုကို ခံစားလိုက်ရကာ သူမတိုးတိုးလေး "တကယ်လား?"
သူမ... ဘာသာပင် မယုံပုံပင်။
ဝမ်ယွီ သူမ၏လေသံမှ မသေချာမရေရာမှုကိုကြားသောအခါ မနေနိုင်ဘဲ ရယ်မောလိုက်သည်။ သူတို့ နှစ်ယောက်သားသည် ပွေ့ဖက်ထားတာကြောင့် သူရယ်လိုက်သောအခါတွင် သိသိသာသာ တုန်ခါသွားလေသည်။
ချီကျန်းကျန်း: "…" ကြည့်ပါ့လား၊ တကယ်လည်းမယုံဘဲနဲ့။
သူမမျက်လုံးကို လှိမ့်လိုက်ပြီး စိတ်ပျက်အားငယ်သွားသည်။
ဝမ်ယွီ သူမ၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ကာ အပြုံးတစ်ခုဖြင့် ရယ်သံစွက်လျက် "ချီကျန်းကျန်းက ဘယ်လောက်တောင်စိတ်ထားကောင်းလိုက်သလဲ။"
ဒီမှာ အဓိပ္ပါယ်နှစ်ခွရှိတယ်။
သူမသည် သူ့ကိုအမြဲနွေးထွေးမှုများပေးပြီး ပျော်ရျွင်စေသည်၊ ဝမ်မိသားစုရှိနေတဲ့အချိန်မှာတောင် သူမကြောင့် ဘာမှမခံစားခဲ့ရပေ။ ထိုအချိန်တုန်းက သူ့မျက်လုံးထဲတွင် သူမတစ်ယောက်တည်းသာ ရှိခဲ့သည်။
ချီကျန်းကျန်း ခဏတာ ရပ်တန့်သွားသည်။
ဝမ်ကျင်စန်း၊ ရှုဝေနှင့် ဝမ်ရိရန်တို့ သူ့ကို တိုက်ခိုက်ပြောဆိုနေကြတဲ့အချိန် သူ့ဘက်ကနေ သူမ ကာပြောပေးခဲ့လို့ သူမစိတ်ထားကောင်းတယ်လို့ထင်သွားတာလား။
သူမ၏ နှလုံးသားသည် တခဏတာ တုန်လှုပ်သွားသည်။
သူတို့သည် သွေးသားတော်စပ်ကြသော်လည်း လွန်ခဲ့သော အနှစ်နှစ်ဆယ်လုံး သူ့ကို ကြမ်းတမ်းသောစကားများဖြင့် တိုက်ခိုက်ပြောဆိုခဲ့ကြပြီး သူ့ကို ပြင်းထန်သောစိတ်ဒဏ်ရာများပေးခဲ့ကြသည်။
သူတို့ သုံးယောက်ကမိသားစုတွေဖြစ်ပြီး သူကတော့ အပိုလူဟု ပြောလေ့ရှိသည်။
ဝမ်ယွီက အလွန်အရည်အချင်းရှိပြီး ဆင်ခြင်တုံတရားရှိသောကြောင့် ပြန်မငြင်းခုံခဲ့ပေ။
သူ့ကို ကြမ်းတမ်းသောစကားများပြောသည့်အခါတိုင်း အေးစက်သောမျက်နှာဖြင့် ဥပေက္ခာပြုကာသာ ကြည့်နေခဲ့သည်။
ခဏအကြာတွင် သူမလက်ကို ဖြည်းညှင်းစွာ မြှောက်ကာ သူ့ညင်သာစွာ ပြန်ပွေ့ဖက်လိုက်ပြီး "အခုချိန်ကစပြီး နင်သူတို့နဲ့ ဘာမှမဆိုင်တော့ဘူး။ နင်က ဝမ်ယွီ၊ စည်းစိမ်ဥစ္စာတွေ ပေါများတဲ့ယွီ၊ အရည်အချင်းရှိတယ်ဆိုတဲ့ ယွီ၊ ကျန်တဲ့ဘဝတစ်လျှောက်လုံး အဆင်ပြေချောမွေ့နေလိမ့်မယ်ဆိုတဲ့ ယွီပဲ။"
မလိုအပ်ဘူးဆိုတဲ့ ယွီမဟုတ်တော့ဘူး။
ဝမ်ယွီက ဘာမှပြန်မပြောဘဲ ချီကျန်းကျန်းရဲ့လက်ကိုသာ တင်းတင်းဆုပ်ကိုင်ထားပြီး သူ၏ အနည်းငယ်စိုစွတ်လာတဲ့မျက်လုံးများကို မမြင်စေရန် သူမကို မော့ကြည့်ခွင့်မပေးခဲ့ပေ။
ချီကျန်းကျန်းက သူ့လက်မောင်များကြားတွင် ချုပ်နှောင်ခံထားရပြီး သူမ၏မျက်နှာသည် သူ၏ရင်ဘတ်နှင့်ဖိခံထားရသည်။ သူမသည် အံကြိတ်ပြီး "သူတို့နောက်တစ်ခေါက်ယလာရင် လျိုကျု့ကို သေအောင် ကိုက်ခိုင်းလိုက်မယ်။"
မြေပြင်ပေါ်တွင် လှည့်ပတ်ပြေးနေသော လျိုကျု့သည် အမြီးကိုယမ်းပြီး ခေါင်းကို မော့ကာ "ဝုတ် ဝုတ်"
ဝမ်ကျင်စန်း ဝမ်ကျင်းအိမ်ရာမှ ထွက်လာသောအခါ လူတစ်ကိုယ်လုံး မူးလဲလုမတတ် ဒေါသထွက်နေသည်။
ရှုဝေသည်လည်း အလွန်ဒေါသထွက်နေပြီး သူမ၏ အသံမှာ အနည်းငယ် စူးရှနေသည် "အရမ်းလွန်တယ်၊ လွန်လွန်းတယ်၊ ဒါကဒီတိုင်း... ဒီတိုင်း လေးစားမှုမရှိကြဘူးပဲ။ တန်ဖိုးမရှိတဲ့...."
သူမ ဝမ်ကျင်စန်းကိုကြည့်ကာ သူ့ကိုကူတွဲပေးလိုက်ပြီး "ကျင်စန်း.၊ ဒီတစ်ခေါက် ဝမ်ယွီနဲ့ ချီကျန်းကျန်းတို့ အရမ်းလွန်သွားပြီ၊ ရှင်သူတို့ကို သင်ခန်းစာတစ်ခုလောက် တစ်ခုလောက် ပေးမှရတော့မယ်။"
ဝမ်ကျင်စန်းက အံကြိတ်ထားတာကြောင့် သူ၏နဖူးပေါ်က သွေးပြန်ကြောများသည် ထောင်နေကာ တဆတ်ဆတ်တုန်ယင်နေပြီး နောက်ဆုံးတွင် သူ့ပါးစပ်ထဲက စကားတစ်ခွန်း ထွက်လာခဲ့တယ် "ကောင်းတယ်၊ အရမ်းကောင်းတယ်။
ရှုဝေ : "ချီကျန်းကျန်းက အိမ်ကနေ ထွက်လာပြီး ခုထိမပြန်ချင်သေးဘူး၊ ဝမ်ယွီမှာ ဘာမှမရှိဘူး၊ သူနောက်ကျ နောင်တရလိမ့်မယ်။ ဝမ်ယွီက ဝမ်မိသားစုကနေ ထွက်သွားတာနဲ့ ဘာမှမဟုတ်တော့ဘူး။ တခြားသူရဲ့အိမ်မှာတောင်နေ,နေ..."
သူမ စကားကိုဖြတ်လိုက်သော်လည်း မီးထဲသို့ လောင်စာထည့်လိုက်သဖြင့် ဝမ်ကျင်စန်းကို ဒေါသထွက်သွားစေသည်။
ဝမ်ရိရန်က စကားမပြောဘဲ သူထွက်လာသည့် လမ်းကြောင်းကို ပြန်လှည့်ကြည့်ကာ သူ့အမူအရာက... အနည်းငယ် အားကျနေသယောင်။
သူ့နှလုံးသားထဲမှာ လောလောဆယ် ခံစားနေရတာတွေကို မဖော်ပြနိုင်ပေ။ ချီကျန်းကျန်းက ဝမ်ယွီကို ကြိုက်တယ်လို့ ပြောတုန်းက သူမဟာ သူသဝန်တိုအောင်လုပ်နေခဲ့တာလို့ တွေးခဲ့တယ်။ အရင်တုန်းက သူ့နောက်တကောက်ကောက်လိုက်ပြီး ဘယ်လောက်တောင် နှောင့်ယှက်ခဲ့သလဲဆိုတာ လူတိုင်းသိကြသည်။
သို့သော် ယနေ့၊ ဝမ်ရိရန်သည် ချီကျန်းကျန်း သူ့အပေါ် တကယ်ခံစားချက်မရှိတော့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းသိလိုက်ရပါသည်။
အခု သူမ ကြိုက်နေတဲ့လူက ဝမ်ယွီပင်။
ဝမ်ယွီကို တိုက်ခိုက်ပြောဆိုနေခဲ့ချိန်က သူမသည် ကလေးကိုကာကွယ်ပေးသည့် မိခင်ကြက်မကြီးကဲ့သို့ ဝမ်ယွီရှေ့တွင် ရပ်ကာ ဒေါသတကြီးဖြင့် ကာကွယ်ပြောပေးခဲ့သည်။
သူမက ဝမ်ယွီကို နာကျင်အောင် လုပ်ခွင့်မပေးေပ။ ဝမ်ယွီကိုပြောဆိုနေကြတာက သူမကိုပြောနေသကဲ့သို့ ဒေါသတကြီး ပြန်တိုက်ခိုက်ခဲ့တာဖြစ်သည်။
သူမ၏ ပုံရိပ်တွေ၊ အပြုအမူများကိုပင် ဂရုမစိုက်ဘဲ ပြောဆိုခဲ့ပြီး သူတို့ကို မောင်းထုတ်ဖို့ တံမြက်စည်းကိုတောင် သုံးခဲ့သည်...
ဒါဟာ အစစ်မှန်ဆုံး တုံ့ပြန်မှုဖြစ်ပြီး သူမ ဝမ်ယွီကို ချစ်မိသွားပြီဆိုသည်မှာ သိသာလှသည်။
ဝမ်ယွီက ချီကျန်းကျန်းကဲ့သို့ အမျိုးသမီးတစ်ဦးကိုပိုင်ဆိုင်ရလောက်အောင် အလွန်ကံကောင်းေနသည်။
ဒါပေမယ့် သေချာပေါက်... သူ့အပိုင် ဖြစ်ခဲ့တာလေ။
သူမရဲ့ချစ်ခင်တွယ်တာမှုတွေက ဘာကိုမှဂရုမစိုက်တော့လောက်အောင်ကို အမြဲတမ်း ပြင်းထန်ခဲ့တယ်။
ထိုအချိန်တုန်းက၊ ချီကျန်းကျန်းက သူ့နောက်ကလိုက်ပြီး နှောင့်ယှက်ခဲ့ချိန်က သူက ဒေါသထွက်ခြင်း၊ အရှက်ရဖြင်း ရွံရှာခြင်းများကိုခံစားခဲ့ရပြီး သူမကို ရှောင်ခဲ့သော်လည်း အခု သူမ၏မျက်လုံးများ သူ့ဆီတွင်မရှိတော့သည့်အခါ သူ အလွန်စိတ်မချမ်းသာတော့ပေ။
သူဘယ်အချိန်ကစတယ်ဆိုတာ မသိပေမဲ့ အံ့သြစရာကောင်းအောင် သူ့မျက်လုံးတွေကို သူမဆီက ဖယ်ခွာရန်ခဲယဉ်းနေသည်။
ဝမ်ရိရန်၏ နှုတ်ခမ်းများ တွန့်သွားကာ သူ့မျက်လုံးများသည် ဗလာကျင်းနေပြီး အတွေးထဲနစ်ဝင်နေခဲ့သည်။
....
ချီကျန်းကျန်းက လျိုကျိုးနှင့်ကစားနေပြီး၊ ဝမ်ယွီက သုတို့ကို ထိုင်ကြည့်နေသည်။
"ဒီဘက်မှာ။ လျိူကျိုး ဖမ်းလိုက်။"
"မိုက်တယ်။ လျိုကျိုး မင်း ပိုပိုပြီး အားကစားလုပ်လာတာပဲ။"
"ဝါး။ လျိုကျိုး၊ အံ့သြစရာကောင်းလိုက်တာ။"
…
လျိုကျိုးက ချီကျန်းကျန်း၏ ချီးကျူးစကားများကို နားလည်နိုင်သလား မသေချာသော်လည်း သူ့အမြီးသည် ကောင်းကင်သို့ ပျံတက်သွားတော့မည့်အတိုင်း ထောင်တက်နေသည်။
ဝမ်ယွီ သူတို့ကို ကြည့်ရင်း သူ့နှုတ်ခမ်းထောင့်များ ဖြည်းညှင်းစွာ ကော့တက်သွားပြီး အပြုံးတစ်ခုဖြစ်တည်လာသည်။
xxxxxx