Part 91
"Buzz-" သူ့ဖုန်း တုန်ခါသွားသည်။
ဝမ်ယွီက မကြည့်ဘဲ ဖုန်းဖြေလိုက်၏ "အင်း"
သူ၏အသံမှာ တည်ငြိမ်ပြီး ရယ်သံအနည်းငယ်စွက်နေသည်။
ဖုန်း၏အခြားတစ်ဖက်ရှိ ကျန်းယွဲ့ ခဏတာရပ်တန့်သွားပြီးနောက် ချက်ချင်းပင် ချဲ့ကားကာ "F*ck! အားယွီ ပြုံးနေတာလား။ ငါ့နားက တစ်ခုခုမှားနေတာလား၊ ဒါမှမဟုတ် ငါ့ဖုန်းကများ တစ်ခုခုဖြစ်နေတာလား။"
"မဟုတ်တာတွေရပ်လိုက်တော့ လိုရင်းကိုပြော" ဝမ်ယွီက ချီကျန်းကျန်းနှင့် လျိုကျိုးကို နှောင့်ယှက်မိသွားမည်ကို စိုးရိမ်သဖြင့် သူ့အသံက အတော်လေး နူးညံ့နေသည်။
"ဟားဟားဟား၊ ဒါဆိုအလုပ်အကြောင်းပြောကြတာပေါ့" ကျန်းယွဲ့ အနည်းငယ် ထိန်းချုပ်လိုက်သည်။ ဝမ်ယွီသည် သူ့သူငယ်ချင်းဆိုသော်လည်း ယခုအချိန်တွင် သူ၏သူဌေးလည်းဖြစ်သည်။
"ဒီလိုကွာ၊ မင်းအဖေက ငါ့မိသားစုကို ဖုန်းဆက်တယ်။ မင်းကအသိစိတ်မရှိဘဲ ငါ့အိမ်ကို အပိုင်လိုချင်နေတယ်တဲ့..."
ဝမ်ယွီက ဘာမှပြန်မပြောဘဲ နှာခေါင်းရှုံ့လိုက်သည်။
အခြားတစ်ဖက်မှ ကျန်းယွဲ့က ဆက်ပြီး "ဘိုးဘေးလေးရေ၊ ငါ ဝမ်ကျင်းအိမ်ရာမှာ ဘယ်လိုလုပ် အိမ်တစ်လုံး ဝယ်နိုင်ပါ့မလဲ။ ငါ့အနာဂတ်ကျ ဖွံ့ဖြိုးတိုးတက်ဖို ပိုက်ဆံစုရဦးမယ်လေ။ မင်းတို့မိသားစုက ငါ့ကို အရှက်ခွဲချင်နေကြတာ အသိသာကြီး။ သူတို့က မင်းကို အရှက်ခွဲလို့မရလို့ ငါ့ဆီလှည့်လာကြတာ။"
တစ်ခုခုကို တွေးမိသွားသလိုမျိုး ဝမ်ယွီ၏ မျက်ခုံးများသည် ပြေလျော့သွားသည်။
"ငါဝမ်မိသားစုနဲ့ ဆက်ဆံရေးကိုဖြတ်လိုက်ပြီ။"
"ဟင်" ကျန်းယဲ့ အံ့အားသင့်သွားသည်။
ဝမ်ယွီ: "ဝမ်ကျင်စန်း ကိုယ်တိုင်ပြောတာ။"
ထို့အပြင် ဒီနေ့ ချီကျန်းကျန်းနှင့် အန်တီဝမ်က သူတို့ကို ရန်စခဲ့သေးသည်။ သူတို့ သားအဖ ဆက်ဆံရေးဖြတ်တောက်လိုက်ပြီဟု ဆိုသော သတင်းကို သူတို့သေချာပေါက် ကြေညာလိမ့်မည်။
"F*ck! ဒီနေ့ သူငါတို့မိသားစုကိုဖုန်းဆက်တုန်းက မင်းအိမ်မပြန်လို့ ချီမိသားစုကမိန်းကလေးကလည်း အိမ်မပြန်ဘူးဆိုတဲ့အကြောင်း ပြောခဲ့သေးတယ်။ မင်းကိုအိမ်ပြန်ခေါ်သွားပြီး ဆက်ဆံရေးကို ဖြတ်တောက်..."
ကျန်းယွဲ့က... "သူတို့က မင်းကို လမ်းပေါ်ရောက်စေချင်နေတာပဲ။ သူတို့က အသေမိုက်မဲကြတာပဲ။ အားယွီ၊ စိတ်ထဲထားမနေနဲ့၊ သူနောက်ကျ နောင်တရလိမ့်မယ်။ အချိန်တန်ရင် သူတို့ ဒူးထောက်ပြီး တောင်းပန်ရမှာ၊ သူတို့ကို ဂရုစိုက်မနေနဲ့။"
သူတို့က အမှန်တကယ်ပင် ရက်စက်သည်။ ဝမ်ယွီတွင် သူငယ်ချင်းများစွာမရှိသည့်အတွက် သူတို့သည် ကျန်းယွဲ့က သူ့ကို ကူညီနေခြင်းဖြစ်သည်ဟုသာ ထင်နေသည်။
ထို့ကြောင့် သူသည် ကျန်းမိသားစုထံသို့ သွားပြီး ဝမ်ယွီကိုအိမ်ပြန်ခေါ်သွားပြီး သားအဖဆက်ဆံရေးဖြတ်တောက်ချင်လို့ဆိုပြီး ကျန်းယွဲ့ကို အိမ်ပြန်သိမ်းခိုင်းနေတာဖြစ်သည်။
ဝမ်ကျင်းအိမ်ရာမှ ထွက်သွားသည်နှင့် တပြိုင်နက် ဝမ်ကျင်စန်းသည် ဝမ်ယွီနဲ့ သူ၏ သားအဖ ဆက်ဆံရေးကို လုံးဝဖြတ်တောက်လိုက်ကြောင်း သတင်းကို ချက်ချင်း ထုတ်ပြန်ပြီး ဝမ်ယွီ၏လမ်းကို ပိတ်ပစ်ခဲ့သည်။
ဒါက ဖခင်အရင်းတစ်ယောက် လုပ်နိုင်တဲ့အရာလား။
လူသားချင်းစာနာစိတ်နည်းနည်းရှိတဲ့လူဆိုရင် တစ်ယောက်နဲ့တစ်ယောက်မတည့်ရင်တောင် သူ့သားအရင်းကို နေစရာနေရာမရှိအောင် လုပ်နိုင်ပါ့မလား။
ဒါ အရမ်းရက်စက်လွန်းတယ်။
ဝမ်ယွီသည် ဒေါသမထွက်ပေ။ ထိုအရာများကို သူတွေးလိုက်ပြီးနောက် ဒီနေ့ သူ့ကို ကာကွယ်ပေးနေခဲ့သော ချီကျန်းကျန်းကို တွေးရင်း သူ့နှုတ်ခမ်းထောင့်များက ကြွတက်လာပြီး "ငါဒေါသမထွက်ပါဘူး။"
- ဆန့်ကျင်ဘက်အနေနဲ့ သူတော်တော်ပျော်နေတာဖြစ်သည်။
ကျန်းယွဲ့ : "..." ?? ဘာတွေဖြစ်နေတာလဲ။
ထိုအချိန်တွင် ဝမ်ယွီက ပို၍လေးနက်လာကာ သူ့အသံမှာထက်မြက်သွားသည် "ကျန်းယွဲ့ အိမ်ပြန်ဖို့ အထုပ်တွေထုပ်လိုက်။"
"ဟမ်... မင်းငါ့ကိုဘာလုပ်စေချင်တာလဲ။" ကျန်းယွဲ့က မေးသည်။
ဝမ်ယွီ၏ မျက်လုံးများက အနည်းငယ် အေးစက်နေပြီး သူ့အသံက တည်ငြိမ်နေသည် "ဝမ်မိသားစုကို ငါဆက်မရှိစေချင်တော့ဘူး။"
"ကောင်းပြီ။"
- ကျန်းယွဲ့ တရုတ်ပြည်သို့ပြန်လာမှုသည် ဝမ်မိသားစု ဝမ်ယွီ၏လက်စားချေမှုကို အပြည့်အဝခံစားရတော့မည့်အချိန်ဖြစ်သည်။
ဝမ်ကျင်စန်းက ချီယန်ကိုလည်း သွားရှာခဲ့သည်။
သူတို့မိသားစုနှစ်ခုသည် သိပ်မဝေးသောကြောင့် သူ ချီယန်ဆီသို့ ကိုယ်တိုင်ရောက်လာပြီး အေးစက်သောမျက်နှာဖြင့် စကားများကိုပြောပြီးနောက် ပြန်ထွက်သွားခဲ့သည်။
ချီယန်၊ တင်းယိကျွင်းနှင့် ချီကျိုးချန်တို့ကို သူ့ကိုလိုက်ပို့ပြီး ပြန်လာသည်နှင့်တပြိုင်နက် သူတို့၏ မျက်နှာများသည် ကြည့်မကောင်း လောက်အောင်ကို မည်းမှောင်သွားတော့သည်။
- ဝမ်ကျင်စန်းရဲ့ သူတို့အပေါ် သဘောထားက ဂရုမစိုက်တဲ့ပုံပေါက်သည်။
"ကျန်းကျန်း ဘာတွေလုပ်နေတာလဲ။ လူကြီးတွေကို ပြန်တောင်ပြောနေပြီ။" တင်းယိကျွင်းသည် မျက်မှောင်ကြုတ်ကာ သက်ပြင်းချပြီးပြောလိုက်သည်။
ချီယန်က မှုန်ကုပ်ကုပ်မျက်နှာထားနှင့် ဘာမှပြန်မပြောပေ။
"မဟုတ်ဘူး၊ ကျွန်မ ကျန်းကျန်းကို အိမ်ပြန်ခေါ်ရမယ်၊ သူပြန်မလာတောင် ကျွန်မကိုယ်တိုင်သွားရှာမယ်။" တင်းယိကျွင်း မတ်တပ်ရပ်လိုက်သည်။
"အဖေနဲ့အမေ မသွားနဲ့၊ သူပြန်လာမှာ မဟုတ်ဘူး" ချီကျိုးချန်က အေးဆေးတည်ငြိမ်စွာပြောလိုက်သည် "ကျွန်တော်သူမကို ထပ်သွားရှာခဲ့သေးတယ်၊ သူကျွန်တော့်ကိုထွက်မတွေ့ဘူး။"
တင်းယိကျွင်းက သက်ပြင်းရှည်ကြီးချလိုက်ပြီး ညည်းတွားကာ ထိုင်လိုက်သည်။
"အခုချိန်မှာ ဝမ်မိသားစုနဲ့ သားအဖဆက်ဆံရေးကို ဖြတ်တောက်ချင်နေပြီ၊ သူတို့က ဝမ်ယွီအတွက် ဘာမှထားခဲ့မှာမဟုတ်တော့ဘူး။ ကျန်းကျန်း ဘယ်လိုလုပ်မလဲ။ သူက ဝမ်ယွီနဲ့ အရမ်းကို အတူရှိချင်နေတာ၊ အမေတို့ပေးတဲ့မုန့်ဖိုးတောင် ထုတ်မသုံးဘူး။"
ချီကျိုးချန် မျက်လွှာကို အနည်းငယ်ချလိုက်ပြီ တည်ငြိမ်စွာပြောသည် "ဝမ်မိသားစုက ဝမ်ယွီကို အစကတည်းက ဘာမှပေးဖို့လုပ်မထားပါဘူး။ သားအဖဆက်ဆံရေးကို ဖြတ်တယ်ဆိုတာကို အကြောင်းပြလိုက်တာ။ ဝမ်ယွီ... သူက မရိုးရှင်းလောက်ဘူး၊ သူ့ကဒီကိစ္စကို လုံးဝ ဂရုစိုက်တဲ့ပုံမရဘူး၊ သူ့အတွက်တောင်ပိုကောင်းနေသလိုလို။"
တင်းယိကျွင်း အံ့အားသင့်သွားပြီး သူမရင်ဘတ်ကို ဖိလိုက်သည် "ကျန်းကျန်းက ရက်စက်လိုက်တာ၊ လုံးဝပြန်မလာတော့ဘူးတဲ့။ တကယ်လို့ ဝမ်ယွီသာ အောက်ခြေကျသွားရင်း သူတို့နှစ်ယောက်လုံး နောက်ကျဒုက္ခရောက်ကြမှာမဟုတ်ဘူးလား။"
"စိတ်တိုစရာပဲ၊ လုံးဝကို ဒေါသထွက်စရာကောင်းတယ်။" ချီယန်က ဒီစကားကိုသာ ပြောထွက်နိုင်ခဲ့သည်။
ဝမ်မိသားစုသည် ယနေ့တွင် တိုင်တန်းရန်ရောက်လာခဲ့ပြီး ချီကျန်းကျန်းအား အိမ်ပြန်ခေါ်ပြီး သူမကိုကောင်းကောင်းထိန်းရန်ပြောခဲ့သည်။ သူတို့၏စကားများက ချီမိသားစုကို အရှက်ရစေခဲ့သည်။
ချီကျိုးချန်က ချီယန်ကိုကြည့်ပြီး "အဖေ၊ ဝမ်ကျင်စန်းက သူနဲ့ဆက်ဆံရေးကို သေချာပေါက်ဖြတ်တောက်ပစ်မှာလို့ ပြောခဲ့တယ်ဆိုတော့ သူတို့ ဒီစေ့စပ်ပွဲကို အလေးအနက်မထားဘူးဆိုတာ အရှင်းကြပဲ။ ထပ်ပြောရရင် သူတို့က ချီမိသားစုနဲ့ မဟာမိတ်ဖွဲ့တာကို လုံးဝ ဂရုမစိုက်ဘူး။"
ဝမ်ယွီနှင့် ဆက်ဆံရေးကို ဖြတ်တောက်လိုက်ရင် ဝမ်ယွီဟာ ဝမ်မိသားစုရဲ့ သခင်ငယ်လေး မဟုတ်တော့တာကြောင့် ချီကျန်းကျန်းနဲ့ ဝမ်ယွီတို့ အတူဆက်ရှိနေမယ်ဆိုရင်တောင် ချီမိသားစုနဲ့ ဝမ်မိသားစုတို့ကြားက အိမ်ထောင်ရေးဖြစ်လာမှာမဟုတ်ပါဘူး။
ချီယန်သည် အနည်းငယ် ထေ့ငေါ့ကာ "ဝမ်မိသားစုသည် အခုတကယ်ကို အဆင်ပြေနေတာပဲ။ ဘာပြဿနာမှကိုမတွေ့နေဘူး။ အရင်တုန်းကတော့ သူတို့က ငါ့ကိုနည်းနည်းလောက် လေးလေးစားစားဆက်ဆံခဲ့သေးတာကို အခုကျ သူတို့က လုံးဝကို ဂရုမစိုက်တော့ဘူး။ လက်ထပ်ထပ်၊ မထပ်ထပ်ကို ဂရုမစိုက်ကြတော့ဘူး။ အရင်က ငါ့ကိုအစ်ကိုချီလို့ခေါ်ခဲ့ပြီးတော့ အခုကျ ငါ့အိမ်ကိုရောက်လာပြီး ငါ့သမီးကို သေချာ မသင်ပေးနိုင်ဘူးလို့ ပြောနေပြီ။"
သူ ချီကျန်းကျန်းကို ဒေါသထွက်သလို ဝမ်ကျင်စန်းတို့ ဝမ်မိသားတစ်စုလုံးကိုလည်း အလွန်ဒေါသထွက်နေခဲ့သည်။
"သူတို့က အရမ်းကိုချောမွေ့နေကြတာ။ ဒီတလော ယွီတင်းက သူတို့ကို အရင်စပြီး ပူးပေါင်းဆောင်ရွက်ဖို့ ပြောခဲ့ပြီးတော့ နောက်တစ်ဆင့်တက်ဖို့ ကူညီပေးနေတယ်။"
ချီကျိုးချန်၏ မျက်လုံးတွင် အလင်းတစ်ဖြတ်တောက်ပသွားပြီး "အဖေ၊ ကျွန်တော်တို့ ဝမ်ယွီနဲ့ ယွီတင်းတို့သည် ဆက်စပ်နေတယ်လို့ ထင်ခဲ့ကြတယ်လေ။ ကျွန်တော်တို့ အရင်က ဝမ်မိသားစုပြိုလဲဖို့နဲ့ပတ်သက်ပြီး သံသယအမှတ်ကတစ်ခုပဲဆိုပေမဲ့ အခု သုံးမှတ်အထိတိုးလာပြီ။ အဖေ၊ မူမမှန်ဘူးဆိုကတည်းက မကောင်းတာဖြစ်လာတော့မှာ။ ဝမ်မိသားစုက အရမ်းဝမ်းသာနေလို့ မမြင်တာဆိုပေမဲ့ အဖေကရော မမြင်နိုင်ဘူးလား"
ချီယန်၏ အနည်းငယ် မျက်မှောင်ကြုတ်သွားကာ သူ့ကို ပြန်ကြည့်ပြီး "ကျိုးချန်၊ ဒါက သံသယတစ်ခုတင်ပဲ။ ဝမ်ယွီနဲ့ ယွီတင်းက ဆက်နွယ်နေတယ်ဆိုတဲ့ သက်သေမျိုး မရှိဘူး။ ငါတို့ ရင်းနှီးမြှုပ်နှံမှုထဲ ပါ၀င်ပြီးသွားပြီဆိုတော့ အခုချိန် ပြန်ရုပ်သိမ်းလိုက်မယ်ဆိုရင် ငါတို့ ဂုဏ်သိက္ခာကို ထိခိုက်သွားမှာပဲ။"
"အဖေ၊ အသက်ရှင်နေရင် မျှော်လင့်ချက်ရှိသေးတယ်။" ချီကျိုးချန်၏ မျက်လုံးများသည် လေးနက်နေခဲ့သည်။
လူငယ်များသည် အမြဲမကြောက်ရွံတတ်ဘူးဆိုပေမဲ့ ချီမိသားစုရှိ အရာအားလုံးသည် ချီယန်၏ ကြိုးစားအားထုတ်မှုများဖြစ်သည်။ သူ၏ကြိုးစားအားထုတ်မှုများကို ဘယ်လိုလုပ် သူ့လက်ဖြင့် ဖျက်ဆီးချင်ပါ့မလဲ။
"ထပ်ပြောပြန်ပြီ။ ဝမ်ယွီက ယွီတင်းနဲ့ တကယ် ပတ်သက်နေလားဆိုတာကို ဘယ်သူမှ မသေချာသလို ဝမ်မိသားစုကလည်း မကြာခင် ပြိုလဲမယ်ဆိုတာ မသေချာဘူး။"
ချီကျိုးချန်၏ မျက်လုံးတွေသည် အတန်ငယ်တောက်ပနေရင်း သူ့ကိူကြည့်နေသည် "မဟုတ်ဘူး၊ လူတစ်ယောက်သိတယ်၊ ချီကျန်းကျန်းသိတယ်"
ချီယန် အံ့သြသွားသည်။
ခဏအကြာတွင် သူသည် "မင်းအစ်မနဲ့တွေ့လို့ရှိရင် ဝမ်ယွီအကြောင်း သေချာမေးခဲ့။"
"ဟုတ်ကဲ့။"
သူတို့ အခွင့်အလမ်းတစ်ခုကို ရှာနေခဲ့ကြသည်။ အခုချိန်မှာ ဇွန်လအစပဲရှိသေးတာကြောင့် ရာသီဥတုက လုံးဝပူမလာသေးသော်လည်း အခွင့်အလမ်းကတော့ ရောက်လာလေပြီ...
ကျန်းယွဲ့ ပြန်ရောက်လာပြီ....
xxxxxx