Part 92
ချီကျန်းကျန်း စာအုပ်တစ်အုပ်ကို ဖတ်နေခဲ့သည်။
သူမက ဆိုဖာပေါ်၌ လဲလျောင်းနေပြီး သူမ၏ရှေ့တွင် ဝမ်ယွီကလည်း သူ၏ကွန်ပြူတာအတူ ရှိနေလေသည်။
လျို့ကျိုး အစတွင်တော့ အလယ်တွင်ရှိနေသော်လည်း ဝမ်ယွီမှာ သူ့ကိုမျက်စိနောက်စရာဟုခံစားမိသဖြင့် ကြမ်းပြင်ပေါ်သို့ကန်ချလိုက်သည်။
"ဝုဖ်" လျို့ကျိုး မပျော်ရွင်တော့သဖြင့် ဝမ်ယွီကိုဟောင်လိုက်ပြီး သူ့အပေါ်ထပ်မံခုန်ကျော်လိုက်သည်။ ဒီတခါမှာတော့ သူကချီကျန်းကျန်းရဲ့ပုခုံးပေါ်တွင်မှီလိုက်ပြီး ဝမ်ယွီအားကန်ခွင့်မပေးတော့ချေ။
" တော်လောက်ပြီ " ဝမ်ယွီသည် သူ့အားအေးစက်စက်ကြည့်လိုက်ပြီး ဆက်လက်အဖက်မလုပ်တော့ပေ။
လျို့ကျိုးက သူ၏အမြီးကို ဂုဏ်ယူစွာဖြင့်ဝှေ့ယမ်းလိုက်ပြီး ချီကျန်းကျန်း၏ဘေးတွေလှဲချလိုက်တော့သည်။
ခဏအကြာတွင် ဝမ်ယွီက " ကျန်းယဲ့ မနက်ဖြန်ပြန်လာလိမ့်မယ် ကိုယ်တို့သူ့အတွက်မနက်ဖြန်ကျ ပြန်လည်ကြိုဆိုပွဲလုပ်ပေးမလို့ "
(ရှေ့ပိုင်းမှာ ကျန်းယွဲ့လို့ရေးထားမိပါတယ်)
သူခဏနားလိုက်ပြီး " မင်းလဲလာခဲ့လေ "
" အမ် " ချီကျန်းကျန်းလဲ ရုတ်တရက်ကြောင်အသွားလေသည်။
သူမက အဲ့ဒီကိုဘာလို့သွားသင့်လဲဆိုသည်ကို ရှုပ်ထွေးနေချိန် ဝမ်ယွီကတော့ သူမက ကျန်းယဲ့ဘယ်သူမှန်းမသိသည့်အတွက် ရှူပ်ထွေးနေသည်ဟု တွေးမိသွားလေသည်။
ထို့ကြောင့် ဝမ်ယွီက " ကျန်းယဲ့က ကိုယ့်အရင်ကအတန်းဖော်ပဲ သူကကိုယ်နိုင်ငံခြားမှာကျောင်းတက်ခဲ့တဲ့နှစ်တစ်ချို့မှာ ကူညီပေးခဲဖူးတယ် အတွင်းရေးမှုးနင်နဲ့ လက်ထောက်ဂေါင်းတို့ကလွဲရင် သူကလဲအစွမ်းဆောင်နိုင်ဆုံးလက်ထောက်ပဲ " ဟူ၍ရှင်းပြလာလေသည်။
" အိုး " ချီကျန်းကျန်း မျက်တောင်ခတ်လိုက်လေသည်။
" ကျန်းယဲ့က ကျန်းမိသားစုရဲ့ အနာဂတ်အမွေဆက်ခံသူပဲ သူကရည်မှန်းချက်ကြီးပြီး ဒီနေရာမှာတင်ရပ်သွားမှာလဲမဟုတ်ဘူး သူပြောတာတော့ သူကယွီတင်းအပေါ်မှာအတော်လေး အကောင်းမြင်တယ် ကျန်းမိသားစုကလည်းလှူပ်ရှားနေပေမဲ့ စီးပွားရေးတည်ဆောက်ပုံက ကြီးလွန်းတယ် ကျန်းမိသားစုခေါင်းဆောင်က ကျန်းယဲ့ရဲ့အဖေဖြစ်ပြီးတော့ သူကဆက်လက်ဦးဆောင်နေတုန်းပဲ အဲ့ဒါကြောင့်ပဲ သူယွီတင်းမှာရှိနေတာက ယွီတင်းရဲ့အနာဂတ်ကိုမြင့်တင်ပေးလိမ့်မယ် " ဝမ်ယွီကပြောလေသည်။
သေချာပေါက်ကို ဝမ်ယွီ၏ရွေးချယ်မှုက အမြဲထက်မြက်နေသည်။
သူသေချာပေါက်ကို ကျန်းယဲ့၏စီးပွားရေးလုပ်သည့်အရည်အချင်းကိုမြင်ခဲ့သည်။ ယွီတင်း၏အနာဂတ်သည် ကျန်းမိသားစုနှင့်ယှဉ်လျှင် သေချာပေါက်ကိုပိုပြီး ကွာဝေးလေသည်။ ကျန်းမိသားစုအားစောင့်ရှောက်သည်နှင့်ယှဉ်လျှင် ကျန်းယဲ့ကသေချာပေါက်ကို ဝမ်ယွီ၏စီးပွားရေးအင်ပါယာအားပိုပြီးစောင့်ကြည့်ချင်နေသည်။ အဲ့ဒါကြောင့်ပဲ သူကအုတ်ခဲနဲ့ကြွေပြားတွေထည့်ရင်း ကူညီနေတာဖြစ်သည်။ (အားစိုက်ထုတ်)
စီးပွားရေးအားအာရုံစိုက်နေခြင်းသည် ငယ်ရွယ်တဲ့ယောင်္ကျားလေးတွေအတွက် ဆွဲဆောင်မှူရှိသောအရာပင်ဖြစ်သည်။
ထို့အပြင် သူသည်ဝမ်ယွီအားကူညီခြင်းမှလဲ အကျိူးရနိုင်ပြီး အနည်းဆုံးတော့ ယွီတင်းမှ ကျန်းမိသားစုအားခက်ခဲအောင် မလုပ်တော့ပေ။ အနာဂတ်စီးပွားရေးလောကထဲတွင် သူတို့ပြန်ဆုံတွေ့သည့်အခါ ကျန်းမိသားစုသည်ယွီတင်း၏အစောင့်အရှောက်ကို ရနိုင်ပေသည်။
ကျန်းယဲ့၏အံ့ဩဖွယ်ရာအရည်အချင်းကြောင့် မဟုတ်ခဲ့လျှင် ဝမ်ယွီသည်လည်း သူအားအသုံးပြုရန်ခက်ခဲပေမည်။
ချီကျန်းကန်းကရုတ်တရုတ်သဘောပေါက်သွားပြီး
" အိုး"
သူမအတော်လေးသဘောပေါက်သွားခဲ့သည်။ ဘယ်လိုတောင်မှ အနည်းငယ်ပဲအားပိုနည်းတဲ့ ညီငယ်လေးတွေက အဓိကဇာတ်လိုက်ရဲ့နားမှာ စုပြုံနေတာလဲ...
အဲ့လိုသာမဟုတ်ဘူးဆိုရင် ဒါကြီးကသိပ္ပံနည်းမကျဘူး။
အကယ်၍ ဒီအရာသာ Cp free (တွဲဘက်မဲ့)ဝတ္ထုမဟုတ်ခဲ့ဘူးဆိုလျှင် အဓိကဇာတ်လိုက်ဟာ ဇာတ်လိုက်မင်းသားရဲ့နည်းစဉ်ဖြစ်သည့် အမျိုးသမီးလူယုံများပြည့်နေမည်ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဝမ်ယွီသည် ကျန်းယဲ့အပေါ်မှာတော့ အတော်လေးကောင်းမည့်ပုံပင်။ သူကလူတွေနှင့်ဆက်ဆံရသည်ကို မကြိုက်သည့်လူဖြစ်ပေမဲ့ ကျန်းယဲ့အတွက်နှင့်ကြိုဆိုပွဲလုပ်ပေးပြီး သူ့ကိုယ်သူ လူအများကြီးနှင့်အခမ်းအနားထဲသို့ ဆွဲထည့်ခဲ့လေသည်။
ကျစ် ကျစ်
" ကောင်းပြီ ဒါဆိုလဲသွားတာပေါ့ " ချီကျန်းကျန်းသည် ခေါင်းငြိမ့်လိုက်ပြီး နောက်သို့လှဲချကာ စာအုပ်အားဆက်လှန်လိုက်သည်။
ဝမ်ယွီရဲ့နှုတ်ခမ်းထောင့်လေး မသိမသာမြင့်တက်သွားခဲ့သည်။
ကျန်းယဲ့အတွက်ကြိုဆိုပွဲ...
ဟမ့် သူကအဲ့လို စိတ်ကိုဖြေလျော့တတ်တဲ့လူလား...
ကျန်းယဲ့မှ ကြိုဆိုပွဲအကြောင်းပြောခဲ့သည့်အချိန်တွင် ဝမ်ယွီကအတော်လေးငြင်းပယ်ခဲ့ပေမဲ့ ကျန်းယဲ့ကပြောလာလေသည် " အကို မရီးကိုကျွန်တော်တို့မြင်ရအောင် တကယ်ကြီးမခေါ်ပြတော့ဘူးလား "
သူကဝမ်ယွီ့ထက်အသက်ကြီးသော်ငြား သူ့အားလေးစားသမှူဖြင့် အကို ဟုခေါ်ခဲ့လေသည်
မရီး...
ဝမ်ယွီဒီစကားလုံးအားကြားလိုက်သည့်အခိုက်တွင် သူ့နှလုံးသားဟာ နားမလည်နိုင်လောက်အောင်ယားယံလာခဲ့သည်။
ထိုအခါ သူက " အချိန်နဲ့နေရာ "
သူ့ရဲ့ခေါင်းထဲမှာတွေးနေရင်နှင့် ဝမ်ယွီသည် ဘေးဘက်မှာရှိသည့် အပေါ်ထပ်အားကောက်ယူရန်အတွက် သူ့လက်အားဆန့်ခဲ့ပြီး ချီကျန်းကျန်း၏ပုခုံးပေါ်တွင် တင်ပေးခဲ့၏။ သူက " အအေးမမိစေနဲ့ "
ချီကျန်းကျန်းသည် မသိစိတ်ကြောင့်အနည်းငယ်တုန်လှုပ်သွားပြီး ခါထုတ်လိုက်ကာ " ကျွန်မပူတယ် အခုက ဇွန်လဖြစ်နေပြီ အပေါ်ထပ်ဝတ်ဖို့်မလိုတော့ဘူး "
ပြောပြီးသည့်အချိန်တွင် အဲ့ဒါဟာ ဝမ်ယွီသူ့ကိုယ်သူဝတ်ဖို့အတွက် ယူလိုက်မှန်းသိလိုက်ရသည်။
ဒါ…
သူမကဝမ်ယွီအားကြည့်ရန် ခေါင်းကိုလှည့်လိုက်သော်လည်း တစ်ဖက်လူမှာမည့်သည်အပြုအမူမှပေါ်မလာခဲ့ပေ။ သူက သူ့ရဲ့ခေါင်းကိုနှိမ့်၍ အပေါ်ဝတ်ကိုကောက်ယူလိုက်ပြီး သူမ၏ဘေးတွင်ချထားကာ တိုက်တွန်းလိုက်သည်
" တကယ်လို့အေးလာခဲ့ရင် ဝတ်ဖို့သတိရပါ ရာသီဥတုကအဲ့လောက်ကြီးမနွေးသေးဘူး "
သူက တကယ့်အဖေအတိုင်းပင် စိတ်ပူလို့မဆုံးပါ
" ကောင်းပါပြီ " ချီကျန်းကျန်းကဖြေလိုက်သည်။
သူမကဆက်၍မထိုင်နိုင်တော့ပဲ အချိန်ကိုကြည့်ကာ ထရပ်လိုက်သည် " ကျွန်မအန်တီဝမ်နဲ့ ကွတ်ကီးတွေလုပ်ဖို့ချိန်းထားတာရှိတယ် ကျွန်မမီးဖိုချောင်ကိုအရင်ပြင်ဆင်လိုက်ဦးမယ် "
ပြောပြီးသည့်နောက်တွင် သူမ၏ ခြေဖဝါး၌ဆီအချို့ပေသွားခဲ့ပြီး ခြေချော်သွားတော့သည်။
ဝမ်ယွီသည် သူမရဲ့နောက်ကျောကိုကြည့်လိုက်ပြီး မပြုံးပဲမနေတော့ပဲ သူ့ရဲ့ခေါင်းကိုခါလိုက်လေသည်။
သူမက ကွတ်ကီးသေးသေးများ အများအပြားလုပ်ခဲ့လေသည် ။ အကုန်လုံးက တကိုက်စာအရွယ်ဖြစ်ပြီး အသီးအရသာ နို့အရသာ ဒိန်ချဉ်အရသာနှင့် အရသာစုံလှ၏။ ချီကျန်းကျန်းမှာ အလွန်ကျေနပ်သွားလေသည်။
" ဝမ်ယွီ ဒါမြည်းကြည့် " သူမက အချို့ကို သေတ္တာထဲထုတ်ပိုးထားခဲ့သည်။
သူမကိုယ်တိုင်အားလုံးလုပ်ခဲ့တာပဲ
ဝမ်ယွီငုံကြည့်လိုက်ပြီး သူတို့ကအလွန်သေးငယ်ပြီး ပုံစံမျိူးစုံရှိသည်ကို မြင်လိုက်ရသည်။ သူတို့က အတော်လေးတော့ ချစ်ဖို့ကောင်းလေသည်။
ချီကျန်းကျန်းက ကွတ်ကီးတွေကို သူ့အတွက် ကော်ဖီစားပွဲပေါ်မှာ တင်ပေးလိုက်ပြီး စားဖိုမှူးချက်ပြုတ်သည်ကိုကြည့်ရန် မီးဖိုချောင်ထဲသို့ ပျော်ရွှင်စွာပြန်သွားခဲ့သည်။
ကျွမ်းကျင်စားဖိုမှုးကအိမ်မှာချက်နေတာကိုကြည့်ရတာ ဘယ်လိုနေသလဲ..
ချီကျန်းကျန်း : ပျော်တယ်
ဝမ်ယွီကလက်ကို့ဆန့်ပြီး ကွတ်ကီးသေးသေးလေးတစ်ခုကိုယူလိုက်သည်။ သူကဒီအရာတွေကို ချိုလွန်းသည်ဟုခံစားရသောကြောင့် ဘယ်တုန်းကမှ မနှစ်သက်ခဲ့ပါ။ သို့သော်လည်း ချီကျန်းကျန်းလုပ်သည့်ကွတ်ကီးများက ချိူသည်ဟုမခံစားရ။ သူတို့ကို သူမကိုယ်တိုင်ပြုလုပ်ထားတာပဲ။
ငါးပုံစံကွတ်ကီးအတော်များများဟာ အထဲတွင်ရှိနေပြီး ဝမ်ယွီကအဲ့ပုံစံကို အရင်စားခဲ့လေသည်။
(t/n : 鱼 yú , ဝမ်ယွီ၏ ယွီနှင့်အသံတူ)
အဲ့ဒီအထဲမှာ အခြားပုံစံများလည်း ပါပေမဲ့ ငါးပုံစံကတော့အများဆုံးဖြစ်သည်။
သူက တစ်ခုကိုစားလိုက်ပြီး နောက်တခုထပ်ယူခဲ့သည်။ ပြီးသည့်အခါ နောက်တစ်ခုထပ်ယူလေသည်။
နေ့လည်စာစားသည့်အချိန်ရောက်သည့်အခါ
သေတ္တာတစ်ခုလုံးမှာကုန်သွားတော့သည်။
xxxxxx