Part 93
ချီကျန်းကျန်းမှာ ကြောင်သွားပြီး " ရှင်အကုန်စားလိုက်တာလား... "
ဝမ်ယွီ အနေခက်စွာ ချောင်းဟမ့်လိုက်ပြီး
" အမ်းး ဒါတွေကအရသာရှိတယ် "
" ရှင်ကြိုက်ရင်လဲပြီးတာပါပဲ " သို့သော်လည်း သူမကသံသယဝင်စွာနှင့်တွေးလိုက်မိသည်။
သူဒီလောက်စားထားပြီးတော့ နေ့လည်စာဘယ်လောက်များထပ်စားဦးမလဲမသိ
" ထပ်ပြီးရှိသေးလား "
" အဲ့မှာ...ဒါပေမဲ့ အများကြီးစားတာ ရှင့်အတွက်မကောင်းဘူး "
" အဆင်ပြေပါတယ် ကိုယ်ဘူးတစ်ဘူးနဲ့ထုပ်သွားပြီးတော့ နေ့လည်ကျရင်စားဖို့ ကုမ္ပဏီကိုယူသွားမလို့ " ဝမ်ယွီက ပြောလိုက်သည်။
" ရှင် ဒီနေ့ခင်းကို ကုမ္ပဏီသွားမလို့လား " ချီကျန်းကျန်းမှာ အနည်းငယ်ကြောင်အသွားသည်။ သူမ ဝမ်ယွီ၏မနက်ကပုံစံကို မြင်ခဲ့ပြီးနောက် သူမထင်ထားတာက သူတစ်နေကုန်အိမ်မှာအလုပ်လုပ်နေလိမ့်မည်လို့ပင်။
ဝမ်ယွီသူ့လက်တွေနဲ့နှုတ်ခမ်းကို သပ်လိုက်ပြီး " အင်းး ကုမ္ပဏီကိုသွားမှာ အဲ့မှာစီးပွားရေးကိစ္စတချို့ကို သွားကြည့်ပေးရလိမ့်မယ် "
" အိုး ကောင်းပါပြီ " ချီကျန်းကျန်း ဘာမှထပ်မပြောတော့ပဲ မီးဖိုချောင်သို့အမြန်သွားကာ နောက်ထပ်ကွတ်ကီးတစ်ဘူး ဝမ်ယွီ့အတွက်ထုပ်ပေးနေလေသည်။
နေ့လည်စာစားချိန်တွင်တော့ ဝမ်ယွီအများကြီးမစားခဲ့ပေ၊ သူစားပြီးနောက် ကွတ်ကီးအနည်းငယ်သာကျန်ခဲ့သည်။
....
ယွီတင်း၌
" ဘောစ့် "
အတွင်းရေးမှုးနင် ထိတ်လန့်သွားလေသည်။ ကျိန်းသေပေါက်ကို ဝမ်ယွီကုမ္ပဏီလာမည်ဟု မထင်ထားခဲ့ပေ။
ဝမ်ယွီ : " အာ ငါတစ်ချက်လာကြည့်တာ "
သူပြောတဲ့နောက် လက်ထဲမှဘူးက အနည်းငယ်လှုပ်ခါသွားလေသည်။
အတွင်းရေးမှုးနင် တချက်ကြည့်လိုက်ပြီး " ဒါက "
ဝမ်ယွီ၏နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပေမဲ့ သူက တည်တည်ငြိမ်ငြိမ်ပဲ ဖြေလိုက်သည် " ကျန်းကျန်းက ကွတ်ကီးသေးသေးလေးတွေ လုပ်ခဲ့တယ် "
အတွင်းရေးမှုးနင် : ".....?"
ဝမ်ယွီစကားပြောပြီးသည့်နောက် သူကလက်ထောက်ရဲ့ ရုံးခန်းသို့ လျှောက်လာလေသည်။
လက်ထောက်ကောင်း : " ဒါက "
" ကျန်းကျန်းလုပ်ထားတဲ့ကွတ်ကီးလေးတွေ "
" …… "
ထို့နောက် သူက အတွင်းရေးမှူးရုံးခန်းဆီသို့ ဆက်လျှောက်သွားလေသည်။
" ကျန်းကျန်းလုပ်ထားတဲ့ကွတ်ကီးလေးတွေ "
" ……. "
ခဏအကြာတွင် မန်နေဂျာများ တစ်ယောက်ပြီး တစ်ယောက်ရောက်လာတော့သည် ။
" ဒါက? "
" ကျန်းကျန်းလုပ်ထားတဲ့ကွတ်ကီးလေးတွေ "
တစ်နာရီအတွင်းမှာ ဝမ်ယွီသည် သူတွေ့နိုင်တဲ့ အကြီးတန်းအမှူဆောင်မှန်သမျှကို တွေ့ဆုံခဲ့လေသည်။
ကုမ္ပဏီရဲ့အလုပ်များအား အမြန်လုပ်ကိုင်ပြီးနောက် သူတစ်ဝက်သာ စားရသေးသော ဘူးလေးကို ထုတ်စားလိုက်ပြီး ပြန်သိမ်းလိုက်သည်။
အစမှအဆုံးထိ ကုမ္ပဏီအတွင်း ခရီးစဉ်သည် ၂နာရီခန့်သာကြာခဲ့ပြီးနောက် ပြန်လာခဲ့သည် ။ အဲ့ဒါက အကျိုးမရှိသည့်ခရီးလို့ပင် ဆို၍ရ၏။
သို့သော်လည်း ကုမ္ပဏီမှ အကြီးပိုင်းဝန်ထမ်းအားလုံးနီးပါး သိသွားလေသည်။
" ဘော့စ်ရဲ့ဇနီးလောင်းက သူ့အတွက် ကွတ်ကီးဖုတ်ပေးခဲ့တယ် "
အတွေးရေးမှုးနင်က တစုံတခုအား နားမလည်သည့်ပုံဖြင့် မျက်တောင်ခတ်လိုက်ပြီး " ဒါဆို ဘော့စ်လာတာ ကြွားဖို့ပေါ့ "
အတွေးရေးမှူးရှုက သူဌေးဖြစ်သူအား တစ်ချက်ကြည့်လိုက်ပြီး သူမနှုတ်ခမ်းများ တွန့်ကွေးသွားကာ " တခါပြီး တခါကြွားသွားပြီး တစ်ခုလေးတောင် မပေးတာက တွန့်တိုလွန်းတယ် "
သူမလဲ သူဌေးရဲ့ဇနီးလောင်းလုပ်တဲ့ ကွတ်ကီးလေးတွေစားချင်ပါတယ်နော်။
သူမ သူဌေးက အဲ့လိုတွန့်တိုနေတဲ့ပုံစံကို တခါမှမမြင်ဖူးဘူး
သူက တခြားနေရာတွေမှာတော့ ရက်ရောခဲ့တယ် မဟုတ်ဘူးလား?
ချီကျန်းကျန်းမှာတော့ တစုံတယောက်က ကုမ္ပဏီမှာ ကြွားလုံးထုတ်နေသည်အား မသိပဲ နောက်တနေ့ရဲ့ နေ့လည်ခင်းအထိကို ဘာသာပြန်အလုပ်များဖြင့် ရှူပ်နေတော့သည်။
သူတို့က ကျန်းယဲ့ရဲ့ ကြိုဆိုပွဲကို သွားရမည်ဖြစ်သည်။
သူတို့ရွေးထားသည့်နေရာက အထက်တန်းကျကျကလပ်တစ်ခုဖြစ်၏ ။
ချီကျန်းကျန်းခဏတာမျှ စဉ်းစားလိုက်ပြီး မိန်းကလေးဝတ်ရှပ်အကျီတစ်ထည်နှင့် ဂျင်းဘောင်းဘီတစ်ထည်ကို အညိုရောင်လည်သာရှူးတစ်ရန်နှင့် တွဲဖက်ဝတ်ဆင်လိုက်လေသည် ။ အဲ့ဒါတွေက ပေါ့ပါးပြီး အလွယ်တကူလှူပ်ရှားနိုင်သည်။
" ဘယ်လိုနေလဲ... ကျွန်မအဲ့လိုဝတ်လိုကောရလား " သူမမျက်တောင်ခတ်လိုက်ပြီး ဝမ်ယွီအားမေးလိုက်လေသည်။
ထို့နောက် ဝမ်ယွီ၏ ဘယ်တော့မှ မပြောင်းလဲသော အမဲရောင်ဝတ်စုံအားကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာနှင့် ပြောလေသည်...
" ရှင်ဘာလို့သာမာန်အဝတ်အစားတွေမလဲတာလဲ? ကျွန်မတို့က သွားပျော်ကြမှာလေ "
သူမမျက်လုံးထဲတွင်တော့ သူ့ဘီရိုတစ်ခုလုံးဟာ တူညီတဲ့အမဲရောင်ဝတ်စုံများနှင့် ပြည့်နေသည်ဟု ယုံကြည်လေသည် ။
သိသိသာသာနဲ့ပဲ ဝမ်ယွီ့မျက်လုံးထဲမှာတော့ ဒါတွေက ကွာခြားနေဦးမှာပင်။
သူဘယ်လိုစရမလဲဆိုတာ မသိတဲ့အတွက် သူလဲစရာလိုလာသည့်အခါ သူမကို ဘယ်လိုနေလဲဟု တစ်ခါတရံမေးလာလေသည်။
ချီကျန်းကျန်း " …… " လေးစားမှူအပြည့်နဲ့ကို သူမဘာကွာခြားနေလဲဆိုတာ မပြောနိုင်ပေ။
ဒါပေမယ့် ချောတဲ့သူကတော့ ချောတာပါပဲ။ သူ့ခန္ဓာကိုယ်အချိုးအစားက ကြည့်ကောင်းပြီးတော့ အတော်ကြိုးစားအားထုတ်ပုံပင်။ သူ့မှာ ပြည့်စုံတဲ့ပုံစံရှိပြီး ဝတ်စုံပြည့်ဝတ်ထားသည့်အခါတွင် သူဟာကန်းလောက်အောင်ကို ကြည့်ကောင်းသည်။
ဝတ်စုံက ကောင်းသည်ဖြစ်စေ သူကကြည့်ကောင်းသည်ဖြစ်စေ ဒါကြီးကနည်းနည်းတော့လွန်လွန်းသည်။
ချီကျန်းကျန်းမှ အကြံပြုလည့်အခါ ဝမ်ယွီမှာ မဆိုင်းမတွခေါင်းငြိမ့်လာတော့သည် " ကောင်းပြီ "
ထို့နောက် သူကအခန်းကိုပြန်ပြီး သာမန်အပြင်ဝတ် တစ်စုံဖြစ်လဲလာခဲ့သည်။
သူပြန်ထွက်လာသည့်အချိန်တွင် ချီကျန်းကျန်းမျက်လုံးများလင်းလက်လာပြီး မထိန်းနိုင်ပဲ သူ့အားစိုက်ကြည့်နေခဲ့သည်။
တော်လောက်ပြီ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကတော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပါပဲလေ သူကဘာဝတ်ထားထား မျက်စိကန်းလောက်အောင်ကို ကြည့်ကောင်းနေတာ
သူမရဲ့အကြည့်တွေက ပြင်းထန်လာသည့်အခါ ဝမ်ယွီ နေရခက်စွာနှင့် ချောင်းအနည်းငယ်ဟမ့်လိုက်ပြီး " သွားရအောင် "
ထို့နောက် နှစ်ယောက်သား နေရာဆီသို့ဦးတည်လိုက်လေသည်။
နိုက်ကလပ်မှာ တစ်ညလုံးစာယူထားသဖြင့် ချီကျန်းကျန်းတို့ရောက်သည့်အချိန်တွင် လူများများရှိမနေပဲ အပြင်ဘက်တွေသာ ကားအနည်းငယ်ရှိနေလေသည်။
တံခါးရှေ့မှာရှိနေသော မန်နေဂျာအပြင် ထိုနေရာတွင် အသက်သုံးဆယ်အောက်ငယ်သည်ဟုထင်ရသော လူအချို့ရှိနေသည်။
ချီကျန်းကျန်းနှင့်ဝမ်ယွီက ဘေးချင်းကပ် လျှောက်လာနေတာကို မြင်လိုက်ရသည့်အခါ လူတွေကြားထဲမှ တယောက်က မြန်မြန်လျှောက်လာပြီး တောက်ပစွာ ပြုံးပြလိုက်သည် "
" အကိုယှီ "
သူ့ရုပ်ရည်မှာ ဝမ်ယွီ့ထက်အနည်းငယ်သာလျော့သောကြောင့် သူ့ကိုကြည့်ကောင်းသည်ဟုဆိုနိုင်ပေသည်။ သူကမျက်မှန်တပ်ထားပြီး မွန်ရည်တဲ့အပြုအမူနှင့် စကားကိုငြှင်ငြှင်သာသာပြောတတ်ပုံပင် ၊ သူ့မျက်နှာပေါ်တွင်အပြုံးတစ်ပွင့်ရှိနေပြီး အေးအေးလူလူနေတတ်သည့်ပုံပေါက်သည်။ သူကသိသိသာသာကို အဆင်ပြေသောသူပင်။
" ဒါကမရီးလား " သူ့က ချီကျန်းကျန်းကိုကြည့်လိုက်ပြီး သူ့လက်ကိုထုတ်ပေးလာကာ မျက်လုံးမှာအံ့ဩမှူများနှင့်ပြည့်နေတော့သည်။ " မရီးက အရမ်းလှတာပဲ "
သူ့မျက်လုံးထဲတွင် လူအများအားသက်တောင့်သက်သာမဖြစ်စေနိုင်သော မသင့်တော်သည့်အကြည့်မျိုးမရှိပဲ ကြည်လင်နေလေသည်။
နာမည်ကိုကြားလိုက်ပြီးနောက် ချီကျန်းကျန်းမှာ ရုတ်တရက်ကြောင်အသွားတော့သည်။
ဝမ်ယွီက " သူ့ကိုလျစ်လျူရှူထားလိုက် သူက ကျန်းယဲ့လေ "
သူက သူမနားကပ်ပြီး " လျစ်လျူလိုက်လို့ " ပြောနေသော်ငြားလည်း သူရဲ့နှုတ်ခမ်းထောင့်လေးမှာတော့ အနည်းငယ်တွန့်ကွေးနေ၏။
" ဟယ်လို ကျွန်မက ချီကျန်းကျန်းပါ " သူမက သူမလက်ကိုယဉ်ယဉ်ကျေးကျေးဆန့်၍ နှုတ်ဆက်လိုက်သည်။
ဝမ်ယွီ၏မျက်နှာမဲမှောင်သွားပြီး " ရှေ့ကသွားပါ " သူကျန်းယဲ့၏လက်ကို အန္တရာယ်ရှိသည့်အကြည့်ဖြင့် ကြည့်လိုက်တော့သည်။
ကျန်းယဲ့မှာ သူ့မျက်လုံးများအား သတိပြုမိသွားပြီး သူ့လက်တွေကို ချက်ချင်းပြန်ရုတ်လိုက်ရတော့သည်။
ချီကျန်းကျန်း "....." သူမလဲ သူမလက်တွေတိတ်တိတ်ပြန်သိမ်းလိုက်လေသည်။
" သွား သွား သွား သွားကြစို့ " ကျန်းယဲ့က သူတို့အားချက်ချင်းဆိုသလိုအပြုံးတစ်ပွင့်ဖြင့်နှုတ်ဆက်လိုက်သည်။
ကျန်းယဲ့နှင့်အတူရပ်နေသောသူများလည်းလိုက်သွားကြသည်။ သူတို့က ဒီအသိုင်းအဝိုင်းမှသူငယ်ချင်းများဖြစ်လိမ့်မည်။
သူတို့ ကြိုဆိုပွဲကိုရောက်သည့်အချိန်တွင် ကျန်းယဲ့မှာ တချိန်လုံးအပြင်ဘက်တွင်ရပ်နေခဲ့သည်။ သူတို့တွေ ကျန်းယဲ့မည်သူအားစောင့်နေသည်ကိုမသိကြသောကြောင့် သူတို့လဲ အတူတူစောင့်ပေးခဲ့ကြသည် သို့သော် ကျန်းယဲ့စောင့်နေသည့်သူမှာ ဝမ်ယွီဖြစ်နေမည်ဟု မထင်ထားခဲ့ကြပေ။
လူအများကရှူပ်ထွေးသွားခဲ့ပေမဲ့ ထုတ်တော့မမေးခဲ့ကြ။
သူတို့အတော်များများက ဝမ်ယွီနှင့်ချီကျန်းကျန်းအား သိကြသော်လည်း သူတို့က ကျန်းယဲ့စောင့်နေသူဖြစ်မည်ဟုထင်မထားမိခဲ့ပါ။
လူတစ်အုပ်စုက နိုက်ကလပ်ရဲ့တံခါးရှေ့ရောက်လာသည့်အချိန် အသံတခုထွက်ပေါ်လာသည်။
" ခဏ "
xxxxxxx