အပိုင်း ၉၄
Viewers 26k

Part 94


ချီကျန်းကျန်းနှင့်အခြားသူများက အ‌နောက်ကိုလှည့်ပြီးကြည့်လိုက်လေသည်။ 


လူတစ်အုပ်စုလျှောက်လာသည်ကို သေချာမြင်လိုက်ရပြီး သူမမျက်လုံးတွေကအံ့ဩမှူနှင့်ပြည့်သွားသည်။


အဲ့ဒါက ဝမ်ရိရန်နဲ့ သူ့အဖွဲ့ပဲ


ဝမ်ရိရန်တင်သာမက ဝမ်စီစီ အန်းချင်ယု ချီကျိုးချန်နဲ့ အခြားသူများလည်းပါလေသည်။


ချီကျန်းကျန်းနှင့်ဝမ်ယွီနားတွင် ရပ်နေသော ကျန်းယဲ့ကတီးတိုးပြောလာသည် " ငါ့ကိုယုံ ငါသူတို့ကိုမဖိတ်ထားဘူး "


ဝမ်ယွီ၏မျက်လုံးများမှာ တချက်မဲမှောင်သွားပြီး သူဘာမှမပြောခဲ့သော်လည်း ဧည့်သည့်များကို ရေးတေးတေးအကြည့်တချက်ပေးလိုက်သည်။


ဝမ်ရိရန်မှာလည်း သူတို့အားမြင်လေသည်။ ဝမ်ယွီနှင့်ချီကျန်းကျန်းအား ဘေးချင်းကပ်ရက် နေရာတစ်ခုထဲတွင် မယုံနိုင်လောက်အောင်လိုက်ဖက်ညီစွာရပ်နေသည်ကို မြင်ရသည့်အခါတွင် မသိလိုက်မိပဲ သူ့နှုတ်ခမ်းကို ကိုက်မိသွားတော့သည်။


" အကိုကျန်းယဲ့ ကျွန်တော်အခုပဲ ရိရန်နဲ့တခြားသူတွေနဲ့ဆုံခဲ့တာ သူတို့ကမင်းပြန်လာတာကိုကြားပြီး အကို့ကိုလာတွေ့ချင်တယ်ဆိုလို့ ကျွန်တော်ခေါ်ခဲ့လိုက်တာ " သူတို့ထဲမှ ယောင်္ကျားတစ်ယောက်ထွက်လာပြီး အနည်းငယ်ရှက်နေသောအသံဖြင့်ပြောလိုက်သည်။


ဒါကြီးက သေချာပေါက်ကိုအကြောင်းပြချက်ပေးတာပဲ


ဒီလူတွေက ကြိုဆိုပွဲကို အကုန်စုပြီးလာခဲ့တာပဲဖြစ်ရမယ်


ကျန်းယဲ့ရပ်လိုက်ပြီး မပြုံးပြခင်စကားပြောလိုက်သည် " ရပါတယ် အတူတူပျော်ကြတာပေါ့ ကျွန်တော့ကိုလာကြိုဆိုပေးတဲ့အတွက်လဲ ကျေးဇူးပါ "


သူအဲ့ဒီအခိုက်အတန့်တွင် တကယ်ပဲ ဝမ်ရိရန်အားလျစ်လျူမရှုနိုင်ခဲ့ပေ ဒီတကြိမ်တွင်တော့ သူသည် သူတို့ကိုရှင်းရန် ဝမ်ယွီအားလာကူခဲ့ခြင်းဖြစ်သည်။ သူရောက်ရောက်ခြင်းမှာ သဘာဝကျစွာနဲ့ပဲ မြွေအားခြောက်ရန်မဖြစ်နိုင်။


အဲ့လူတွေအကုန်လုံးက ဒီကိုရောက်နေပြီး ဝမ်ရိရန်တင်မကပဲ အခြားအဖွဲ့ကလူများလည်း ရှိနေလေသည် သူတို့အားလုံးကိုနှင်ထုတ်ရန်ဆိုသည်မှာ ဖြစ်နိုင်သည့်အရာမဟုတ်ပေ။


" ချီကျန်းကျန်း " ဝမ်စီစီက ချီကျန်းကျန်းအားမြင်သည့်အခါ သူမမျက်လုံးများပြူးကျယ်လာခဲ့သည်။


သူမကအမြန်လျှောက်လာပြီး ချီကျန်းကျန်းဘေးတွင်ရပ်ကာ မေးလိုက်သည် " နင်လဲဒီကိုရောက်နေတာလား ဘယ်လိုတောင်အံ့ဩစရာလဲ "


လမ်းတဝက်တွင် သူမက ဝမ်ယွီအားမြင်သွားခဲ့ပြီး ချက်ချင်းရပ်လိုက်ကာ စက္ကန့်အနည်းငယ်အကြာတွင်ပြောလိုက်လေသည် " အိုကေ ငါနားလည်ပြီ "


ဝမ်ယွီရောက်နေမှတော့ အဲ့ကောင်မလေးလဲလာတယ်ဆိုတာ ပုံမှန်ပါပဲလေ


ကျန်းယဲ့က လူတစ်အုပ်စုလုံးအားနှုတ်ဆက်ပြီးနောက် အထဲသို့ဝင်သွားလေသည် ထို့နောက်ချီကျန်းကျန်းတို့လဲ သူတို့နောက်မှလိုက်သွားလိုက်သည်။


" နင်ဘာလို့သူတို့နဲ့အတူဖြစ်နေတာလဲ " သူမကအသံကိုနှိမ့်ပြီးမေးလိုက်သည်။


ဝမ်စီစီက " ငါကပျင်းနေတာ နောက်ကျ အကိုရိရန်က ကျန်းယဲ့ပြန်ရောက်နေတာကို လာတွေ့ချင်တယ်ဆိုလို့ တချက်လာကြည့်လိုက်တာ ငါတကယ့်ကိုပျင်းနေတာရယ် အဲ့ဒါကြောင့်ငါလိုက်လာလိုက်တာ "


" အိုး " ဝမ်ရိရန် သူတို့ကဘာဖြစ်ချင်တာလဲ၊ သူတို့က ကျန်းယဲ့နဲ့သူငယ်ချင်းလုပ်ချင်တာလား


ချီကျန်းကျန်းခဏတာတွေးတောလိုက်ပေမဲ့ သူမတကယ့်ကို ဝမ်ရိရန်ဘာလုပ်ချင်နေသည်အား နားမလည်ခဲ့ပေ။ အဲ့ဒါကြောင့် သူ့ဦးနှောက်အားကို မဖြုန်းတီးရန် စဉ်းစားနေသည် အားရပ်လိုက်တော့သည်။ သဘာဝကျကျပဲ ဝမ်ယွီနဲ့ ကျန်းယဲ့ပဲ အဲ့မေးခွန်းအတွက်စဉ်းစားပေလိမ့်မည်။


" ချီကျန်းကျန်း နောက်ကျရင် ငါနဲ့ ဝိုင်နည်းနည်းလောက်အတူသောက်ပေးပါဦး ငါမသောက်ရတာအတော်ကြာပြီ " ဝမ်စီစီကထပ်ပြောလိုက်သည်။


" ကောင်းပြီလေ "


သူတို့‌စကားပြောနေတုန်းမှာပဲ လူတစ်အုပ်စုဝင်လာလေသည်။


တီးဝိုင်းမှ သီချင်းတီးခတ်နေမှုအား ရပ်လိုက်ပြီး ကျန်းယဲ့ကစင်ပေါ်သို့တက်ကာ အပြုံးတစ်ပွင့်နှင့်ပြောလိုက်လေသည် 


" လာရောက်ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ် "


သူစင်ပေါ်တွင် စကားပြောနေသည့်အချိန်တွင် အချိူ့လူတွေက သေချာနားထောင်နေကြပြီး အချို့ကတော့ တီးတိုးပြောနေကြသည်။


" အဲ့ဒါဆို အကြာကြီးစောင့်နေခဲ့ရတဲ့လူက ဝမ်ယွီပေါ့ "


" ဝမ်ယွီနဲ့ငါက တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးကြဘူး ၊ ငါတစ်ခုကြားမိတာက သူနဲ့သူအဖေက အဖေနဲ့သားဆက်ဆံရေးကိုဖြတ်ထားကြတယ်ဆို "


" ကျွတ် ကျွတ် ငါကြားတာက အဲ့အဖေနဲ့သားက အရင်ထဲကလဲ ဆက်ဆံရေးမကောင်းဘူးတဲ့ နောက်ဆုံး သူတို့က ဆက်ဆံရေးဖြတ်တဲ့အခြေအနေရောက်သွားတာပဲ "


" ဝမ်ရိရန်ကလဲ ဒီကိုရောက်နေတာ ၊ သူနဲ့ကျန်းယဲ့က အရည်အချင်းရှိတဲ့လူ၂ယောက်ပဲ ဘယ်လိုဖြစ်ပြီး ကျန်းယဲ့က ဝမ်ရိရန်နဲ့မရင်းနှီးပဲ ဝမ်ယွီနဲ့ကျ အရမ်းဆက်ဆံရေးကောင်းနေရတာလဲ "


" မကြာသေးခင်က ဝမ်မိသားစုရဲ့ မဒမ်နဲ့ငါ့အမေတို့ ဝမ်ယွီအကြောင်းပြောခဲ့ကြသေးတယ် ကျန်းယဲ့ကသူ့ကိုအရင်ထဲက ကောင်းကောင်းဆက်ဆံတာတဲ့ "


" ပြီးတော့ ကျန်းယဲ့ကသူ့ကိုအကိုလို့ခေါ်သေးတယ် "


" ငါတို့ဝမ်ရိရန်နဲ့သူငယ်ချင်းလုပ်တာကပိုကောင်းလိမ့်မယ်၊ ဝမ်ယွီကအရင်ထဲကငါတို့နဲ့ဘာဆက်ဆံရေးမှမရှိဘူး အခုသူကဝမ်မိသားစုကနေနှင်ထုတ်ခံလိုက်ရပြီးပြီ သူ့ဇနီးလောင်း ချီကျန်းကျန်းတောင်မှ အိမ်ကထွက်လာရတဲ့အခြေအနေရောက်နေတာ "


" မေ့လိုက်တော့ ၊ သူကကျန်းယဲ့ရဲ့သူငယ်ချင်းပဲ။ သူ့ကို အတူတူပဲဆက်ဆံတာပေါ့ ဒီနေ့က ကျန်းယဲ့ကိုကြိုဆိုတဲ့ဧည့်ခံပွဲပဲလေ "


အန်းချင်ယုကသူမရဲ့အသံကို ဝမ်ရိရန်၏နားဘက်သို့ နှိမ့်လိုက်ပြီး ပြောလိုက်သည် " ဝမ်ယွီနဲ့ကျန်းယဲ့က အတော်ရင်းနှီးတာပဲ "


သူမက မလှမ်းမကမ်းတွင်ရှိနေသည့် ချီကျန်းကျန်းအား လှမ်းကြည့်လိုက်သည်။ အဲ့အချိန်မှာ တစ်ဖက်လူက စင်ဘက်ကိုကြည့်နေပြီး သူမက ပေါ့ပေါ့ပါးပါးနှင့် ယုံကြည်မှုအပြည့်ရှိတဲ့ ကိုယ်ဟန်အနေအထားရှိပြီး အသားအရေလည်းအတော်ကောင်းလေသည်။ သိသိသာသာကို သူမက ဒီရက်ပိုင်းကောင်းကောင်းနေနေရသည့်ပုံပင်။


အန်းချင်ယု သူမ၏နှုတ်ခမ်းတွေကိုကိုက်လိုက်ပြီး


သူမက ဒီလိုဘဝကောင်းကောင်းမှာ ဘာလို့နေနေရတာလဲ?


သူမကအိမ်ကထွက်လာခဲ့ပြီး သူမရဲ့သတို့သားလောင်းကလဲ ဝမ်မိသားစုဆီက အဆက်အသွယ်ဖြတ်ခံရတာကို သူမက ဘာအတွက်ကြောင့် ပျော်ရွှင်နေရတာလဲ


အန်းချင်ယုမှာ ချီကျန်းကျန်းလူရယ်စရာဖြစ်သွားတာကို တကယ်ကိုမြင်ချင်မိသည်။  သို့သော်လည်း သူမရဲ့တောက်ပနေတဲ့ပုံစံအားမြင်လိုက်ရသည့်အချိန်တိုင်းတွင် သူမအသက်မရှူနိုင်တော့ပဲ သက်တောင့်သက်သာမဖြစ်သည်ကို ခံစားရ၏။


နောက်ဆုံးတစ်ခေါက် ဝမ်စီစီရဲ့မွေးနေ့တုန်းက သူမရဲ့အသွင်အပြင်က တောက်ပနေပြီး လည်ဆွဲကောင်းမှုကြောင့် သူမကို အသိုင်းအဝိုင်းထဲမှ အမျိုးသမီးများက အကြာကြီးပြောနေခဲ့ကြကာ လူတိုင်းက သူမအားမနာလိုဖြစ်ခဲ့ကြရသည်။


အရာအားလုံး‌က လူ‌တွေမနာလိုရလောက်အောင် ချောချောမွေ့မွေ့ဖြစ်နေတာပဲ


ဝမ်ရိရန်က ဘာစကားတခွန်းမှမပြောခဲ့ပဲ သူ့မျက်လုံးများက ဝမ်ယွီဦးတည်နေသည့်နေရာအား ကြည့်နေလေသည်။ အချိန်ကိုက်ကိုပဲ ဝမ်ယွီမှ သူ့ခေါင်းကိုနှိမ့်ပြီး ချီကျန်းကျန်း၏နားထဲသို့ တခုခုပြောလိုက်လေသည် ။ ချက်ချင်းကိုပင် သူ့မျက်လုံးတွေနက်မှောင်သွားပြီး မျက်ခုံးတွေကတွန့်ချိုးလာသည်။


တခြားဘက်တွင်တော့ ချီကျန်းကျန်းမှာ ကျန်းယဲ့၏မိန့်ခွန်းအား နားထောင်နေစဉ် ဝမ်ယွီကအသံကိုနှိမ့်ပြီး သူမ၏နားနားကပ်ကာပြောလာသည် " စောစောပြန်ရအောင် "


သူ၏အသံမှာ နိမ့်ပြီးတိုးသည် ထို့နောက်သူ့၏အသက်ရှူသံက သူမရဲ့နားရွက်များအားထိမိသွားလေရာ သူမနားရွက်များက တွန့်ခနဲဖြစ်သွားပြီး ချက်ချင်းကို အနီရောင်ပြောင်းသွားတော့သည်။ 


ဖာ့ခ် ဒါကြီးက ဂန္တဝင်... နားတွေတောင် ကိုယ်ဝန်ရနိုင်တယ်ဆိုတဲ့ဟာလား


ထိုအမူအရာအား ဝမ်ယွီမြင်သည့်အခါတွင် သူ့ပါးစပ်နှုတ်ခမ်းထောင့်လေးအနည်းငယ်မြင့်တက်သွားလေသည်။


လူအများကြီးကြောင့်ဖြစ်ပေါ်နေတဲ့ မသက်မသာဖြစ်မှုတောင် ချက်ချင်းသက်သာသွားသလိုပင်။


xxxxxxx