Part 95
ချီကျိုးချန်က ထောင့်တွင်ထိုင်နေခဲ့သည်။ သူက ယနေ့ချီကျန်းကျန်းနှင့်စကားပြောရန်လာခဲ့ခြင်းပင်ဖြစ်သည်။ သို့သော်လည်း ဝမ်ယွီက ချီကျန်းကျန်းနားတွင်အမြဲရှိနေသည့်အတွက် သူမတစ်ယောက်ထဲနှင့် စကားအနည်းငယ်ပြောရန်အခွင့်အရေးမရဖြစ်နေလေသည်။
" ဒီနေ့ ကျွန်တော် ကျန်းယဲ့ ပြန်ရောက်လာပါပြီ " စင်ပေါ်၌ ကျန်းယဲ့ဝိုင်ပုလင်းကိုဖွင့်လိုက်သည်နှင့်တပြိုင်နက် အလင်းရောင်များ အသံများနှင့် တီးဝိုင်းအဖွဲ့ကစတင်လိုက်သဖြင့် လေထုမှာ ရုတ်တရက် သက်ဝင်လှုပ်ရှားလာတော့သည်။
ကျန်းယဲ့စင်ပေါ်မှ ဆင်းလာချိန်၌ တစုံတယောက်က ကျယ်လောင်စွာ မေးလိုက်လေသည် " ကျန်းယဲ့ ဒီတခါပြန်လာတာ ကျန်းမိသားစုရဲ့ ကုမ္ပဏီကိုဝင်ဖို့အတွက်လား "
" ဟားဟား ဟုတ်တယ် ကျွန်တော်ကုမ္ပဏီကိုဝင်မှာပါ " ကျန်းယဲ့က အပြုံးလေးနဲ့ဖြေလိုက်ပြီး ဝမ်ယွီအားအဓိပ္ပါယ်ပါသောအကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။
လက်ရှိတွင် လူအများကြီးရှိနေပြီး ဝမ်ရိရန်တို့အကုန်လုံးလဲ ရောက်နေလေသည်။ ထို့ကြောင့် သူ့အတွက် ဝမ်ယွီနှင့်အတူရှိနေရန်ခက်ခဲလှ၏။ နောက်ဆုံးတော့ ဝမ်မိသားစုမှာ မလဲကျသေးပေ။ သေချာပေါက် ဝမ်ယွီက ဒီလိုထုတ်ဖော်ခံရတာမျိုးကို မလိုချင်ပါ။
သူဘယ်ကုမ္ပဏီကိုဝင်မယ်ဆိုတာ တိတိကျကျမပြောခဲ့သော်လည်း အခြားသူများကတော့ ကျန်းမိသားစုဆီဝင်မည်ဟုသာ မှတ်ယူနေကြတော့သည်။
ထိုလူက ထပ်ပြောလိုက်သည် " ဒါဆို ခင်ဗျား ရိရန်နဲ့ ကောင်းကောင်းပြောသင့်တယ် ခင်ဗျားကရိရန်ထက် အသက်နည်းနည်းကြီးပေမဲ့ သူတို့ကုမ္ပဏီက မင်းထက်အကျိုးအမြတ်များတယ်လေ ကျွန်တော့အဖေက ရိရန်ကိုသူကအရမ်းတော်တယ်ဆိုပြီး အမြဲချီးမွန်းနေတာ "
ဝမ်ရိရန်က နူးနူးညံ့ညံ့ပြုံးလိုက်ပြီး သူ့ခွက်ကို ကျန်းယဲ့ရှေ့သို့မြင့်တင်လိုက်လေသည်။
ကျန်းယဲ့မှာလည်း သူ့ခွက်ကို မြင့်တင်လိုက်ပြီး ခွက်နှစ်ခုထိစေလိုက်သည်။ သူက အပြုံးကြီးကြီးတစ်ခုဖြင့် ပြောလာခဲ့သည်။
" ကောင်းပါပြီ ဝမ်ဒုတိယသခင်ငယ်ကို အကြီးပိုင်းတွေချီးမွန်းကြတာ အများကြီးကြားခဲ့ရတယ် ဒီတစ်ကြိမ် ကျွန်တော်ပြန်လာတုန်း သူ့ဆီကနေ သေချာသင်ယူရတာပေါ့ "
ထို့သို့ပြောပြီးနောက်တွင် သူက ဝိုင်ခွက်ကို ပြတ်ပြတ်သားသားလောင်းချလိုက်သည်။
ဝမ်ရိရန်မှာ ခေတ္တရပ်တန့်သွားပြီး " သင်ယူတာ "
ဘာလို့မှန်းမသိ ထိုစကားလုံးနှစ်လုံးကြားသည့် အခိုက်တွင် သူ့နှလုံးသားက ရုတ်တရက်တင်းကြပ်လာလေသည်။
ကျန်းယဲ့က စကားလုံးအမှားသုံးခဲ့တာလား...
ဒါမှမဟုတ် သူကဒီတိုင်းပဲ အနာဂတ်မှာ သူ့ရဲ့စွမ်းဆောင်ရည်တွေကိုမြင်ချင်တယ်ဆိုပြီးပဲပြောချင်တာလား တခြားဘာအဓိပ္ပါယ်မှမရှိတာလား...
ဒါပေမယ့် အဲ့စကားလုံးနှစ်လုံး " သင်ယူ " ဆိုတာကြီးက စိတ်တိုနေသလိုပဲ၊ ပုံစံကြည့်ရတာ အနာဂတ်မှာတော့ သူတို့တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်တွေ့ရမယ်ထင်တယ်
(t/n: 领教 lǐngjiào ဆိုသည်မှာ တစုံတခုအတွက်အကြံဉာဏ်တောင်းဆိုသည့်အခါ သို့မဟုတ် အတွေ့အကြုံများမှသင်ယူချင်သည့်အခါမျိုးတွင် ဟာသနှော၍ပြောရသောစကားလုံးဖြစ်သည်)
ဝမ်ရိရန်ခေါင်းထဲတွင် အတွေ့များပတ်ချာလည်သွားပြီး သူဝိုင်အား တငုံထဲနှင့် အပြီးသပ်လိုက်သည်။ သူကပြုံးလိုက်ပြီး အခြားသူများနှင့်စကားပြောနေကာ သူအတွေးများကို ဘေးဖယ်ထားလိုက်တော့သည်။
ကျန်းယဲ့မှာတော့ လူတိုင်းကအရက်သောက်ဖို့ပြောနေသဖြင့် အတော်လေးအနှောင့်အယှက်ဖြစ်နေပြီး ဘယ်ကနေညာအထိ လူတိုင်းအားကျေနပ်အောင် ပြုလုပ်နေရလေသည်။
တခြားဘက်တွင်...
ဝမ်စီစီက ချီကျန်းကျန်းအားဆွဲခေါ်လိုက်ပြီး " လာ ဂိမ်းတစ်ခုလောက်ဆော့ရအောင် အရင်တခါ ငါနဲ့အတူသောက်ဖို့ပြောခဲ့တုန်းက နင်ကဖျော်ရည်သောက်ပြီးပဲ အဆုံးသတ်သွားတာ ၊ ဒီတခါတော့ နင်ပြေးလို့မလွတ်ဘူးနော် နင်အရင်ကလဲသောက်ဖူးတာပဲ ငါနင်နဲ့ဘယ်သူပိုသောက်နိုင်လဲဆိုတာ ပြိုင်ချင်တာ "
ပြောပြီးနောက်တွင် သူမက ဝိုင်ပုလင်းအားကျွမ်းကျင်စွာဖွင့်လိုက်လေသည်။
သူမပုလင်းကိုဖွင့်နေတာကို မြင်ပြီးသည့်နောက် ချီကျန်းကျန်းမှာ ဝေခွဲမရပုံဖြင့် တံတွေးမြိုချမိတော့သည်။
သူမက အများကြီးသောက်နိုင်သည့်သူမဟုတ်ပေ ထို့အပြင် သူမက သောက်ရတာကိုလည်း မကြိုက်ပါ။ သို့သော်လည်း မူလပိုင်ရှင်ကတော့ သောက်ရတာကိုသဘောကျပြီးအတော်လေးလဲ သောက်ခဲ့ပုံပင်၊ အခုတော့ သူမရုတ်တရက်ဝိုင်သောက်ချင်စိတ်ပေါ်လာတော့တယ်။
ဝမ်ယွီ: " မသောက်နဲ့ အရက်သောက်တာက ကိစ္စတွေကို နှောင့်နှေးစေလိမ့်မယ် " ဝမ်စီစီပုလင်းကိုယူလာတာ မြင်မြင်ချင်းပဲ သူ့မျက်ခုံးတွေကြုတ်သွားလေသည်။
ချီကျန်းကျန်းက ဝိုင်ကိုယူလိုက်ပြီး သူ့ကိုလှည့်ကြည့်လိုက်သည်။ သူမရဲ့မျက်လုံးများက အလင်းရောက်အောက်မှာ အတော်လေးတောက်ပနေပြီး " ကျွန်မဒီနေ့သောက်ချင်တယ် ရှင်လဲဒီမှာရှိနေတာပဲဟာ "
နိုက်ကလပ်တွေမှာ အရက်သောက်တာက ကျိန်းသေပေါက်ကို ပြသနာတွေဖြစ်စေနိုင်သည်။ ထို့ကြောင့် သူမလာတဲ့အချိန်ကျရင် ဖျော်ရည်ကိုသာယူခဲ့ပြီး အရက်ခွက်ကို ထိတောင်မထိရဲခဲ့ပါ။
ဒါပေမယ့် ဒီနေ့မှာတော့ ဝမ်ယွီလဲအတူရှိနေသောကြောင့် သူမစိတ်ထဲတွင်လုံခြုံမှုကိုခံရပြီး သူမသောက်ချင်လာတော့တယ်။။
ဝမ်ယွီဒီမှာရှိနေသရွေ့
ဝမ်ယွီမှာအချိန်ခဏခန့်ရပ်သွားပြီး သူ့ပါးစပ်ထောင့်မှကွေးတက်သွားတာ တိုးတိုးပြောလာလေသည် " တစ်ပုလင်းအများဆုံးပဲ "
သူအမြဲ သူမကိုသဘောကျသည်အား ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
သူလဲဒီမှာရှိနေမှာတော့ သူမကိုသူ့ရှေ့မှာ ဘယ်သူကအနိုင်ကျင့်ရဲမှာတဲ့လဲ
သူမကခေါင်းကိုပြန်လှည့်လိုက်ပြီး ဝမ်စီစီနှင့်အတူ အသောက်ပြိုင်ပွဲကျင်းပတော့သည်။
အခြားသူများဟာ ဝမ်ယွီနှင့်စကားမပြောချင်ခဲ့ကြပေ ထို့အတူဝမ်ယွီမှာလဲ သူတို့အားလျစ်လျူရှူထားလေသည်။ သူက ဘေးနားမှာထိုင်နေပြီး ချီကျန်းကျန်းပျော်နေတာကိုပဲ ကြည့်နေလိုက်တော့သည်။
" ဟဟဟ ဝမ်စီစီ နင်သောက် "
" ချီကျန်းကျန်း နင်ညစ်နေတာမလား နင်ဘယ်လောက်တောင်အင်အားကြီးနိုင်ရတာလဲ... "
" ဟေး ဟေး ဟေး အပိုတွေပြောမနေနဲ့ သောက်ချည် "
သူ့ဘေးမှချီကျန်းကျန်းရဲ့ရယ်သံကိုကြားရသည့်အခါ သူ့ပါးစပ်ထောင့်လေးမှာတွန့်ကွေးသွားတော့သည်။
ခဏအကြာတွင် အန်းချင်ယုကသူတို့ကို သတိထားမိသွားပြီး ထအော်လာတော့တယ် " ဘာလို့နင်တို့နှစ်ယောက်ပုန်းပြီးတော့ အချင်းချင်းပဲဆော့နေတာလဲ? အတူတူလုပ်ရအောင် ပိုပျော်ဖို့ကောင်းတာပေါ့ "
သူမက နူးနူးညံ့ညံ့ပြုံးပြလာပြီးနောက် လေထုအားပိုမိုအသက်ဝင်စေနိုင်မဲ့ ရာထူးကိုယူလိုက်တော့တယ်
အမှန်တကယ်ကို လူအတော်တော်များများက ရုတ်တရက်ပြောလာတော့သည်
" ရေးး အတူပျော်ရအောင် "
" ကျန်းကျန်းနဲ့စီစီ မင်းတို့အလှလေးနှစ်ယောက်က ငါတို့ကိုပစ်ပြီး အချင်းချင်းပဲမပျော်နဲ့လေ "
" ရှင်တို့ဘာဆော့ချင်လဲ "
" အံစာပစ်မယ် အဲ့ဒါကလွယ်တယ် "
သူတို့ပြောပြီးနောက်တွင် စားပွဲထိုးက ချက်ချင်း အံစာတုံးနှင့်ခွက်များကို သယ်ဆောင်လာတော့သည်။
ကျန်းယဲ့တောင်မှ သူတို့ဆီရောက်လာခဲ့ပြီး " မရီး... မစ်ချီ အတူတူဆော့ရအောင် "
ခွက်များအား စားပွဲပေါ်တွင် ချက်ချင်း နေရာချလိုက်လေသည်။
ဝမ်စီစီက ခွက်နှစ်ခွက်ကိုယူလိုက်ပြီး ချီကျန်းကျန်းအား တခွက်ပေးလာကာ " လာလာ အတူတူဆော့ကြမယ် နင်နဲ့ထပ်ပြီးအရက်သောက်ပြိုင်ရင် ငါတကယ်မူးသွားတော့မှာ ငါနင့်ကိုအံ့စာပစ်တာမှ မနိုင်နိုင်ဘူးဆိုတာတော့မယုံဘူး "
" အကိုအားယွီကော လာမလား " ကျန်းယဲ့သည် အနည်းငယ်စိတ်လှုပ်ရှားစွာဖြင့် ဝမ်ယွီအားကြည့်လာတော့သည်။
ဝမ်ယွီ : " မင်းတို့ပဲဆော့ကြ "
သူက ထွက်သွားဖို့ပြောတာ ဒါမှမဟုတ် စိတ်တိုလာမျိုးမဖြစ်ခဲ့ပေမယ့် ပါဝင်လာခြင်းတော့မရှိပေ။
ကျန်းယဲ့ ယခုမှသာ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်နိုင်တော့သည်။
လူတချို့မှာ ဂိမ်းတွေဆော့နေကြသည်။ တချို့ကတော့ ရပ်ကြည့်နေပြီး တချို့ကတော့ အရက်သောက်ကာ ကခုန်နေကြလေသည်။
ချီကျန်းကျန်းဟာ ဒီဂိမ်းကိုဆော့တတ်ပေမယ့် လူအများကြီးနှင့် အတူမဆော့တာတော့ အတော်ကြာနေပြီဖြစ်သည်။ သူမမုန်းတဲ့နှစ်ယောက် ဝမ်ရိရန်နှင့် အန်းချင်ယုတို့ရှိနေသော်လည်း ခြုံကြည့်ရလျင်တော့ လေထုကအတော်အသင့် အဆင်ပြေနေပါသေးတယ်
ဝမ်ယွီသူမရဲ့ဘေးမှာ ရှိနေမှုအားစိတ်ချထားပြီးနောက် သူမပြုံးလိုက်ကာ ဝင်ဆော့တော့သည်။
သို့သော် ခဏအကြာမှာတော့ သူမမရယ်နိုင်တော့ပေ။
ဘာကြောင့်လဲဆိုတော့ သူမကိုယ်သူမ ပစ်မှတ်ထားခံနေသည်ကို သူမရှာတွေ့သွားလို့ပင်။
ပြီးတော့ နောက်ထပ်တစ်ယောက်ကလဲ သူမကိုပစ်မှတ်ထားလာခဲ့လေသည်၊ အန်းချင်ယုနှင့်အတူ သူမရဲ့ဆက်ဆံရေးကောင်းတဲ့ လူနှစ်ယောက်ပါဝင်လာပြီး အင်အားဖြည့်တော့သည်။
ဂိမ်းမှာအတော်လေးရိုးရှင်းသည်။ အဲ့ဒါက ကံကောင်းမှုနဲ့ပဲသက်ဆိုင်သော်လည်း ထိုင်ခုံနေရာကြောင့် သူမထိပ်မှကစားသမားနှစ်ယောက်က သူမအား အတော်လေး အန္တရာယ်များသည့်နံပါတ်များကိုပေးလာလေသည် ။ သူမအောက်က အန်းချင်ယုကတော့ သူမကိုအချိန်တိုင်းလှည့်စားခဲ့၏။
ဒါက ရိုးရိုးလေးပါ
ဒါကရိုးရှင်းပြီး သူမကိုဆန့်ကျင်ဖို့ သူတို့ကိုယ်သူတို့ပြင်ဆင်ထားကြတာပဲ
ဂိမ်းက ကံကောင်းမှုကိုစမ်းသပ်သည့်အရာမျိုးဖြစ်သော်ငြား တခြားဘက်ကတော့ သူခိုးလိုလုပ်နေလေသည်။ ချီကျန်းကျန်းကိုယ်တိုင်တောင်မှ လေးခွက်တခါထဲသောက်လိုက်ရပြီးသည့်နောက်မှသာ ရှာတွေ့သွားခြင်းဖြစ်သည်။
ဒီတစ်ကြိမ်မှာတော့ သူမပုလင်းတခုလုံးကိုသောက်လိုက်ရပြီး အတော်လေးမူးနေပြီဖြစ်၏။
မူလပိုင်ရှင်၏ အရက်အပေါ်ခံနိုင်အားကြောင့်သာ မဟုတ်ခဲ့လျှင် သူမထောင်နှင့်ချီအောင်သောက်သော်ငြား မူးမည်မဟုတ်ပေ။ သူမရဲ့အရက်ခံနိုင်စွမ်းမှာ အရင်ဘဝကအတိုင်းမြင့်နေဆဲပဲဖြစ်သည်။
သူမမျက်လုံးများဝါးလာပြီး သူမမျက်နှာမှာ အနည်းငယ်ပန်းရောင်သန်းလာခဲ့သည်၊ သူမခေါင်းကိုခါလိုက်ကာ ပြောလာခဲ့သည် " ငါထပ်မဆော့နိုင်တော့ဘူး ခေါင်းမူးနေပြီး နင်တို့ကငါ့ကိုပစ်မှတ်ထားနေကြတာပဲ "
သူမထိုစကားများအားပြောလိုက်ချိန်မှာတော့ အားအနည်းငယ်သာကျန်ပါတော့တယ် ထို့ကြောင့် သူမအနားမှာထိုင်နေသည့်သူများသာကြားနိုင်လေသည်။
အန်းချင်ယုက အတော်လေးတော့သောက်နိုင်တယ် ချီကျန်းကျန်းလေးခွက်သောက်ပြီးနောက် သူမကလည်းပဲ သုံးခွက်သောက်ခဲ့သည်။
အခုချိန်မှာ သူမကအတော်အတန်သတိရှိနေသေးပြီး သူမအသံစူးစူးဖြင့် ရီမောလာသည် " အမကျန်းကျန်းက အတော်သောက်နိုင်တာပဲ ဒီလောက်ဝိုင်လေးနဲ့ ဘယ်လိုလုပ်ပြီးမူးမှာလဲ နင်ငါတို့နဲ့မဆော့ချင်တာလား "
" ဟုတ်တယ် မစ်ချီ ကျွန်တော်တို့အကုန်ခင်ဗျားသောက်နိုင်တာ သိထားတာပဲကို အဲ့လောက်အစောကြီး အရှူံးမပေးနဲ့လေ "
" လာ လာ "
" ဟဟ ဒီတခါတော့မရဘူး ငါတခြားတယောက်ကိုသွားရှာတော့မယ် "
xxxxxxx