အပိုင်း ၉၆
Viewers 26k

Part 96


လူတိုင်း တန့်ခနဲဖြစ်သွားပြီးနောက် ရယ်လိုက်ကြသည်


ချီကျန်းကျန်း ပုလင်းဆီသို့လက်ရောက်သွားပြီး သူမရဲ့မျက်လုံးများက အာရုံစိုက်ရန်အချိန်ကြာကြာ ယူလိုက်ရသည်၊ သူမ၏အသံမှာကြမ်းရှနေပြီး ပလုံးပထွေးပြောသည်။


 " ငါနောက်ထပ် ထပ်မသောက်တော့ဘူး တစ်ပုလင်းပဲ "


၎င်းမှာခက်လှ၏ သူမမူးနေသော်ငြား သူမဝမ်ယွီအား တစ်ပုလင်းပဲသောက်မည်ဟုကတိပေးခဲ့သည်ကို မှတ်မိနေသေးသည်။ 


အန်းချင်ယုက ရီမောပြီး ပြောလာခဲ့သည် " အမကျန်းကျန်းက ဂိမ်းမှာတော်တာပဲလေ နင်မရှုံးရင် နင်ထပ်သောက်ဖို့မလိုဘူးပဲဟာ "


" ဟုတ်တယ် လာပါ ဂိမ်းအသစ်စရအောင် " လူတချို့ကလဲ အံ့စာတုံးများကိုခေါက်လာကြလေသည်။


ချီကျန်းကျန်းက မလှုပ်ပဲ ဆိုဖာကိုမှီနေကာ သူမပါးများကပန်းရောင်သန်းနေသည်။ သူမမျက်လုံးများဝါးနေပြီး အာရုံစိုက်ကြည့်ရန်ခက်ခဲလှ၏။ သူမလက်တဖက်မှ ပုလင်းအလွတ်ကို ကိုင်ထားပြီး သူမနှုတ်ခမ်းများဟာ ရီမောနေသောကြောင့် အတော်လေးမြင့်တက်နေသည်။


သူမတကယ်မူးနေတာလား


အန်းချင်ယုမှာ ကြောင်အသွားလေသည် ချီကျန်းကျန်းက အရင်တုန်းကသောက်တဲ့နေရာမှာတော်တယ်မဟုတ်ဘူးလား...


သူမမသောက်တာကြာလို့များ သူမကတစ်ပုလင်းသောက်ပြီး မူးသွားရတဲ့အထိ အရှိန်ကျသွားတာများလား...


သူမမျက်လုံးများအရောင်လက်သွားပြီး သူမလက်တွေဆန့်ထုတ်ကာ ချီကျန်းကျန်းအားတိုက်တွန်းလာသည် " အမကျန်းကျန်း လာပါ စရအောင် အမြန်အံစာတုံးကိုလှည့်လိုက် "


ချီကျန်းကျန်းကြားသည့်အချိန်တွင် သူမလက်တွေဆန့်လာပြီး အံစာခွက်အား အမူအရာကင်းမဲ့သည့်ပုံဖြင့် ကိုင်လာခဲ့သည်။


ထိုအချိန်တွင် ဝမ်ရိရန်က ရုတ်တရက်ပြောလာခဲ့သည် " သူမမူးနေပြီ သူမရှုံးတဲ့အခါကျ ငါသောက်ပေးမယ် "


လူတိုင်းဟာထိတ်လန့်သွားပြီး မသိစိတ်ကြောင့် ဝမ်ရိရန်အားကြည့်လာခဲ့သည်။။


သူက နေရာမှ မရှောင်ဖယ်ပဲ မျက်လုံးများကိုနှိမ့်လိုက်ပြီး သူ့လက်များက အံစာခွက်အား ကိုင်လာခဲ့သည်။


သူ၏ဘေးတွင်တော့ လူအချို့က စောင့်ကြည့်နေပြီး ဟက်ခနဲအသံပြုလာကြသည်။


" ဟဟဟ ဝမ်ရိရန်က မိန်းကလေးတွေအပေါ် နှလုံးသားနူးညံ့တာပဲလား... "


" အဆုံးမှာတော့ အဲ့ဒါက သူခံစားချက်တွေရှိနေတဲ့ သူ့ရဲ့အရင်ဇနီးလောင်းပါပဲလေ "


" ဟား ဟား အကိုရိရန် ခင်ဗျားဘာမှားနေတာလဲ "


လူအုပ်စုမှာ များသောအားဖြင့် ငယ်ရွယ်သူများဖြစ်ကြသည် အထူးသဖြင့် သူတို့မှာ ယခုမှအရွယ်ရောက်လာကြသူများဖြစ်သည်။ ထိုအခြေအနေကိုမြင်ပြီးနောက်တွင် သူတို့ကချက်ချင်းကိုလှောင်ပြောင်လာကြသည်။


အန်းချင်ယု၏မျက်နှာမှာ ခဏအတွင်းကို မဲမှောင်သွားတော့သည်။


အရင်တစ်ခေါက် ဝမ်စီစီရဲ့မွေးနေ့မှာရခဲ့တဲ့ အရှက်ရမှုကြောင့် အတော်လေးတိတ်ဆိတ်နေခဲ့သော ရှူကျားဟုန်မှာ မတတ်နိုင်ပဲပြောလာတော့သည် " အကိုရိရန် ချင်ယုလည်းဒီမှာရှိနေတာပဲ ဘာလို့ ချင်ယုအစား ချီကျန်းကျန်းကိုကူညီရတာလဲ "


ထို့နောက် အန်းချင်ယုအားဖော်ပြလာခဲ့သည်၊  သူတို့တွေသည် ဒီအတိုင်းစေ့စပ်ထားသည့်သူများမဟုတ်ပဲ တရားဝင်တွဲနေသူများပင်ဖြစ်သည်။


မည်သူကမျှ ဝမ်ယွီအားဖော်ပြခြင်းမရှိခဲ့၊ သူတို့တွေက သူ့ကိုစိတ်ထဲမထည့်ခဲ့ပဲ သူမရှိနေသလိုပြုမူကြတော့သည်။


သို့သော်လည်း ကျန်းယဲ့မှာတော့ သူ့နဖူးမှချွေးအေးများကို သုတ်လိုက်ပြီးတွေး​နေမိသည်။


 ဘုရားသခင် ဒီလူတွေက ဘယ်လိုတောင်သောက်တလွဲလုပ်နေတာလား...


သူ့ပါးစပ်ကိုဖွင့်ဖို့ပြင်လိုက်ပေမယ့် ဝမ်ယွီအားတချက်ကြည့်လိုက်ကာ သူရပ်လိုက်လေသည်။


ဝမ်ယွီက သူ့အပေါ်ထပ်နှင့် ချီကျန်းကျန်း၏အိတ်ကိုယူကာ ကားသော့ကိုထုတ်နေပြီဖြစ်သည်။


သူက စကားအများကြီးပြောတတ်သူမဟုတ်သော်လည်း ချီကျန်းကျန်းမှမဆော့ချင်တော့ကြောင်း ပြောသည့်အခါတွင် သူကပစ္စည်းများကိုထုတ်ပိုးပြီး သူမကိုပြန်ခေါ်သွားရန်အသင့်ဖြစ်နေပြီဖြစ်၏။


ဂိမ်းနဲ့ တခြားလူတွေလား...


ဟမ့် သူတို့အကုန်လုံးက သူ့စိတ်ထဲရှိမနေဘူး


သို့သော် ထိုအချိန်၌ အသံများကြားလိုက်ရသောအခါ သူ့မျက်နှာတည်တံ့သွားပြီး သူ့မျက်လုံးများက ရေခဲကဲ့သို့အေးစက်လာသည်၊ သူအင်္ကျီနှင့် အိတ်ကို ချပြီး ချီကျန်းကျန်းရှိရာသို့လျောက်လာခဲ့သည်။


ချီကျန်းကျန်းရဲ့ခေါင်းက ချာချာ လည်​ေနပြီး အခုအချိန်၌ပိုပြီးလည်လာခဲ့သည်။


ဒါက အရက်ရှိန်အပြည့်တက်လာတာပဲ


သူမက ခဏအတွင်းမတုန့်ပြန်နိုင်ခဲ့ပဲ အန်းချင်ယုမှ အံစာများကိုခေါက်ဖို့ပြောသည့်အခါ သူမ၏ခေါင်းမရှင်းလင်းခင် သူမလက်များက ခွက်အားကိုင်ခဲ့မိလေသည်။


သူမက ဒီတိုင်းမျက်နှာသေနဲ့ထိခဲ့ပြီး မလှည့်ခဲ့ပဲ အမူအရာကင်းမဲ့စွာနဲ့ရပ်နေခဲ့သည်။


ထိုအချိန်တွင် နွေးထွေးပြီး ရင်းနှီးနေသော လက်တစ်စုံက သူမလက်အပေါ်အုပ်မိုးလာပြီး သူမလက်များကို ငြင်သာစွာဖယ်ထုတ်လိုက်လေသည် 


ချီကျန်းကျန်းအရှုံးပေးလိုက်ပြီး ကြည့်လာခဲ့သည်။


ဒါကဝမျယှီပဲ...


သူမအတော်လေးမူးနေပေမယ့် သူမနှုတ်ခမ်းများကတော့ တွန့်ကွေးသွားခဲ့သည်။


" ငါသူမအစားဆော့ပေးမယ် "


ဝမ်ယွီ၏မျက်နှာမှာ အမူအယာကင်းမဲ့နေဆဲပင် သူက ချီကျန်းကျန်းအား ဆိုဖာပေါ်တွင်မှီနိုင်အောင် နူးနူးညံ့ညံ့ကူပေးခဲ့ပြီး သူ့အပေါ်ထပ်ကိုယူကာ သူမအားခြုံပေးခဲ့သည်။ အခုကဂျွန်လပဲရှိနေသေးပေမယ့် နိုက်ကလပ်ရဲ့ လေအေးပေးစက်က အတော်လေးအေးနေဆဲပင်ဖြစ်သည်။


လူတိုင်းက ထိတ်လန့်သွားပြီး ဝမ်ယွီအား မျက်နှာသေဖြင့်ကြည့်လာကြတော့သည် ။ သူတို့ရုတ်တရက်သတိရသွားကာ " ဒါကမှ ချီကျန်းကျန်းရဲ့တကယ့်သတို့သားလောင်းပဲ "


ဝမ်ရိရန် သူ့နှုတ်ခမ်းတွေကို ဖိကိုက်လိုက်မိ၏။


ယနေ့ဝမ်ယွီမှာ သာမာန်ထသွားထလာအဝတ်အစားများကိုသာ ဝတ်ဆင်ထားပြီး အရင်အချိန်ထက်စာလျှင် စူးရှနေမှုများလျော့နည်းနေခဲ့သည်။ သူ့ပုံစံမှာငြိမ်သက်နေပုံပေါ်နေသော်လည်း လူတစ်ကိုယ်လုံးမှာ သဘာဝမကျစွာ ချွန်ထက်နေသော ဖွင့်ထားသည့်ဓားတစ်ချောင်းနှင့်တူနေလေသည်။


သူက ခုံတစ်လုံးဆွဲကာ ထိုင်ချလိုက်သည်၊ သူ့မျက်လုံးများက ဝမ်ရိရန် အန်းချင်ယုနှင့်အခြးလူများအား ခြုံကြည့်လိုက်ပြီး အေးစက်နေသောအသံဖြင့် " အံစာတုံးတွေလိမ့်တာကပျင်းဖို့ကောင်းတာပေါ့ ရွေပန်းပွင့်ဂိမ်းဆော့မယ် ချစ်ပ်တစ်ပြားကို ဝိုင်တစ်ခွက် "


စကားလုံးများပျောက်ဆုံးသွားလေသည်။ စင်ပေါ်မှသီချင်းကလွဲ၍ တညလုံး မည်သည့်အသံမှမကြားရတော့ချေ။


လူတိုင်းမှာ ရှော့ရသွားပြီး ကျန်းယဲ့ကတံတွေးမြိုချလိုက်သည်။ သူက ခွက်ကိုကြည့်ပြီး တွေးမိလာသည်။


သူက ဒီ‌လူတွေကို သေသည်အထိသောက်စေချင်နေတာလား?


အဲ့ဂိမ်းမှာ ဆော့နေကြအရာမျိုးမဟုတ်ပေ၊ ချစ်ပ်ပြားမှာ ကျလာသည်နှင့် ခွက်ရေဘယ်လောက်သောက်ရမည်ကို သူမသိနိုင်ပါ အကယ်၍သာ မင်းတစ်ခါထဲနဲ့ ရာဂဏန်း သို့မဟုတ် ထောင်ချီကျလာလျှင် ပွဲပြီးပြီဖြစ်သည်။ အဲ့ဒီလောက်ဝိုင်တွေကိုသောက်ဖို့အတွက် ဒီလူတွေအဆင်ပြေပါ့မလား?


ဝမ်ယွီ၏မျက်လုံးများက ဝမ်ရိရန်အားကြည့်လိုက်ပြီး နောက်ဆုံး အန်းချင်ယုပေါ်တွင်ရပ်တန့်သွားလေသည် ။ သူမချီကျန်းကျန်းအား ပြောထားသကဲ့သို့ ပြန်ပြောလိုက်ကာ " မင်းက ငါနဲ့မဆော့ချင်တာလား... "


သူဘယ်သောအခါမှ မိန်းမတွေကို တိုက်ခိုက်တဲ့အကျင့်မရှိခဲ့ပေမယ့် ဒီမိန်းမကတော့ ချီကျန်းကျန်းအား ထပ်ခါ ထပ်ခါတိုက်ခိုက်ခဲ့သူဖြစ်လေသည်။


အန်းချင်ယု၏မျက်နှာမှာ ဖြူ‌ဖျော့သွားပြီး သူမရဲ့ဒူးပေါ်မှ လက်များက အဝတ်အားဆုပ်ကိုင်မိသွားလေသည်၊ သူမနဖူးမှ ချွေးများပင် စီးကျလာလေသည်။


ဝမ်ယွီ၏အကြည့်အားဆုံတွေ့လိုက်ရသောအခိုက်အတန့်တွင် သူမသေမင်းရဲ့တွင်းနက်ကြီးထဲသို့ လမ်းလျောက်သွားမိပြီဟုခံစားလိုက်ရ၏။


" ဆော့တာပေါ့ ဘာကြောက်စရာရှိလို့လဲ " ဝမ်ရိရန် သူ၏သွားများအားကြိတ်ကာပြောလိုက်လေသည်။


ထိုအခါ စားပွဲထိုးက ဖဲချပ်နှင့် ချစ်ပ်ပြားများအား အမြန်ယူဆောင်လာလေသည်၊ ချစ်ပ်တပြားစီက ဝိုင်တစ်ခွက်အားကိုယ်စားပြုနေသည်။


" သွား ခွက်အသေးနဲ့လဲလိုက် " ကျန်းယဲ့က မန်နေဂျာအားဆွဲခေါ်လိုက်ပြီး တီးတိုးပြောခဲ့သည်။


မန်နေဂျာမှာ အမြန်ခေါင်းငြိမ့်လိုက်ပြီး " ကောင်းပါပြီ "


သူသည်လည်း ဒီနေရာမှာတစ်ခုခုဖြစ်သွားမည်အား ထိတ်လန့်နေလေသည်၊ ထို့ကြောင့် သူချက်ချင်းခွက်များအား အသေးဖြင့်လဲလှယ်လိုက်လေသည်။ 


" ကျန်းယဲ့ မင်းကဒ်တွေပေးလိုက် " ဝမ်ယွီက ထပ်ပြီးပြောလာခဲ့သည်။


ဝမ်ရိရန်မှာတော့ ဘာတစ်ခွန်းမှဝင်မပြောခဲ့ပေ ‌သိသိသာသာနဲ့ပဲ သူ့မှာရွေးချယ်နိုင်စွမ်းမရှိပါ။


ထို့ကြောင့် ကျန်းယဲ့က ဖဲချပ်တစ်ထုပ်အားယူလိုက်ပြီး ဆော့ချင်သည်လူများမှာ ချစ်ပ်ပြားတစ်ပုံစီနှင့်အတူထိုင်ချလိုက်သည်။


ထိုအခြေအနေမှာ အနည်းငယ်ကြောက်စရာကောင်းနေလေသည်၊ လူအတော်များများကတော့ ရှောင်ထွက်သွားပြီး ဘေးမှာသာရပ်၍ကြည့်နေလေ၏၊ သေချာပေါက်ကို သူတို့ဝင်မပါချင်ပေ၊ သို့သော်လည်း အပျော်ကြိုက်သူအချို့ကတော့ အပြုံးတစ်ခုနှင့်ထိုင်နေတာ ပွဲကြီးကြီးအားစောင့်နေကြသည်။


အန်းချင်ယုမှာ အနည်းငယ်တုန်လှုပ်သွားခဲ့သည်။ သို့သော် သူမ၏နာမည်အားကြားပြီးသည့်နောက်တွင် သူမဝင်မပါရဲပဲ ထွက်သွားမည်ဆိုလျှင် အဲ့ဒါက အတော်လေးရှက်စရာကောင်းပေမည်။


သူမဆက်ထိုင်နေပြီး သူမရဲ့နှုတ်ခမ်းကိုဖိကိုက်ထားမိသည်။ ထိုအခိုက်အတန့်တွင် သူမဝမ်ယွီအားဖော်မပြနိုင်လောက်အောင် ကြောက်လန့်နေမိသည်။


ဘာလို့ဒီလူက အရမ်းကြောက်ဖို့ကောင်းနေတာလဲ....


xxxxxxx