Part 97
ဂိမ်းမှာ စတင်လာခဲ့ပြီ
ကျန်းယဲ့က ဖဲချပ်များကိုဝေလိုက်သည်။
ဝမ်ယွီက သူ့ကဒ်များကိုရပြီးသည့်အချိန်ထဲက သူ့၏လောင်းကြေးများကို ဆက်တိုက်မြှင့်နေလေသည်။ ဝမ်ရိရန်ကအတူလိုက်လာပြီး အန်းချင်ယုမှာလည်း သူမအံသွားများကိုဖိကြိတ်လိုက်ကာ လိုက်ခဲ့လေသည်။
ချစ်ပ်ပြားအနည်းငယ်သာကျန်ပြီးနောက် လူအချို့ကလည်း သူတို့ကဒ်တွေကိုကြည့်လိုက်ကာ တစ်ယောက်ပြီးတစ်ယောက်ဂိမ်းအားစွန့်ခွာသွားတော့သည်။
ဝိုင်ခွက်များအား အသေးဖြင့်ပြောင်းထားသော်လည်းပဲ ဝိုင်ဆယ်ခွက်က တစ်ပုလင်းနှင့်တူညီနေဆဲပင်ဖြစ်၏၊ ကဒ်များက အတော်လေးဆိုးနေပြီး နောက်ထပ် နှစ်ဝိုင်းစာမျှ ထပ်သွားရန်ကျန်သေးသောအခါ လူအများကသူတို့မတတ်နိုင်တော့မည်အား ကြောက်လန့်လာကြသည် ထို့ကြောင့်သူတို့အရမ်းနောက်မကျခင်ထွက်လာခဲ့ကြတော့သည်။
" မြှင့် " ဝမ်ယွီမှာ လောင်းကြေးကိုဆက်မြှင့်လိုက်ပြီး သူက ဝမ်ရိရန်နှင့် အန်းချင်ယုထံ အကြည့်စူးစူးတစ်ချက်ပေးလိုက်လေသည်။
အန်းချင်ယုမှာလည်းသွားများကိုကြိတ်လိုက်ပြီး " ခေါ် "
(t/n: ပြိုင်ဖက်၏လောင်းကြေးနှင့်အတူလိုက်မြှင့်ခြင်း)
မကြာမီပင် သူတို့သုံးယောက်သာ စားပွဲ၌ကျန်ရစ်ခဲ့လေ၏၊ ရှုကျားဟုန်သည်ပင် နှစ်ပုလင်းစာအမှတ်ဖြင့် နှုတ်ထွက်ခဲ့လေသည်။ ဝိုင်နှစ်ပုလင်းအား အများရှေ့တွင်ဖြည့်လိုက်ပြီးနောက် သူတို့ဘေးမှာငြိမ်ငြိမ်ရပ်နေပြီး လောင်းကြေးအားဆက်လက်ကြည့်ရှူနေကြသည်။
လူတိုင်းအတူစုပြီး သူတို့အားကြည့်နေသော်လည်း
သူတို့တစ်ယောက်ချင်းစီ၏မျက်နှာပေါ်တွင်တော့ စိတ်မသက်သာရာရမှုအား အသီးသီးပေါ်လွင်နေတော့သည်။
ချစ်ပ်ပြားများမှာ ခြောက်ဆယ်( ခြောက်ပုလင်းစာ )အထိမြင့်သွားပြီးနောက်တွင် တစ်ပုလင်းစာအရင်သောက်ခဲ့မိပြီးသော အန်းချင်ယုမှာ မျက်နှာဖြူဖျော့လာလေသည်။
သူမကကဒ်များအားကြည့်လိုက်သည်။
" အိုက်ယား အရမ်းများတဲ့အထိမဆော့နဲ့တော့ မြန်မြန်ထွက်လိုက် မင်းအဲ့လိုလက်တွေနဲ့ဆက်မဆော့သင့်တော့ဘူး " တစုံတယောက်မှပြောလာလေသည်။
အဲ့ဒီလက်တွေ အဆုံးသတ်သွားပြီး သူတို့တစုံတခုဖြစ်လာမည်အားကြောက်လန့်နေကြ၏။
ထိုစကားကို အန်းချင်ယုကြားပြီးနောက်တွင် သူမတခြားတစ်ဖက်တွင်ရှိနေသော ဝမ်ယွီအား ကြည့်လိုက်မိသည်၊ သူကလည်း သူမကိုကြည့်နေပြီး သူ၏မျက်လုံးများဟာ ချီကျန်းကျန်းအားကြည့်သည့်အချိန်တွင်ပါဝင်နေသော နူးညံ့မှုများနှင့်အတော်လေးကွာခြားနေသည်။ ထိုအခိုက်အတန့်တွင် သူသည်သူမအား ပျက်ရယ်ပြုခြင်းနှင့် လျစ်လျှူရှုခြင်းများပါဝင်နေသော အကြည့်အားပေးလာလေသည်။
သူမတစ်ကိုယ်လုံးတုန်လှုပ်သွားပြီး ကျားတစ်ကောင်ဖြင့်အကြည့်ခြင်းဆုံလိုက်ရသကဲ့သို့ သူမဆံပင်များထောင်ထသွားလေသည်။
" ခေါ် " သူမအံကြိတ်လိုက်ပြန်သည်။
ဝမ်ယွီလည်း သူ့ရဲ့ကဒ်များကို ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်များ အနည်းငယ်မြင့်တက်သွားလေသည်။ ထို့နောက် သူ၏လောင်းကြေးအား ခုနစ်ဆယ်အထိမြှင့်လိုက်လေသည်။
ဝိုင်ခုနစ်ပုလင်း!!!!
အန်းချင်ယု၏မျက်နှာတစ်ခုလုံးဖြူဖွေးသွားတော့သည်၊ မည်သူမျှ စကားတခွန်းမဟနိုင်ပဲ သူမစကားပြောလာသည်ပဲ စောင့်ကြည့်နေကြတော့သည်။
သူမခဏတာမျှတိတ်ဆိတ်နေပြီးနောက် သက်ပြင်းတစ်ချက်ရှူမထုတ်လိုက်ခင် အနည်းငယ်ရှတနေသောအသံဖြင့်ပြောလာလေသည် " ထပ်မခေါ်တော့ဘူး "
သူမဘေးတွင်ရှိနေသော ဝမ်စီစီက ဝိုင်၆ပုလင်းအားဖွင့်လိုက်ပြီး အပြင်းတစ်ခုအားရွေးကာ အန်းချင်ယုရှေ့သို့ချပေးလိုက်လေသည်။ သူမရဲ့နှုတ်ခမ်းထောင့်တွင်အပြုံးတစ်ပွင့်ဖြစ်ပေါ်လာပြီး " သောက်လိုက် "
သူမက အခုပဲချီကျန်းကျန်းကို မူးအောင်လုပ်ထားတာ
သူမသေတဲ့အထိသောက်သင့်တယ်
အန်းချင်ယု သူမသွားကိုကြိတ်လိုက်ပြီး ဝိုင်ကိုယူကာ တစ်ပုလင်းပြီး တစ်ပုလင်းသောက်ချတော့သည်။
ဝမ်ရိရန်လည်း သူ့ကဒ်များကိုကြည့်လိုက်ပြီး သူ့မျက်လုံးမှမြင့်တက်သွားကာ တုံ့ဆိုင်းခြင်းမရှိပဲပြောလာသည် " မြှင့် "
" ခေါ် " ဝမ်ယွီမှာလည် တုံ့ဆိုင်းမနေ
ထို့ကြောင့် ဝိုင်ကိုးပုလင်းစာအထိဖြစ်လာတော့သည်။
" ဝမ်ယွီ မင်းကဒ်တွေက ငါ့ထက်မကြီးနိုင်ဘူးနော် ငါမင်းကို အရမ်းနောက်မကျခင်အရှူံးပေးလိုက်ဖို့ အကြံပေးချင်တယ် ကိုယ့်ကိုကိုယ်နောက်ကျရင် သေတဲ့အထိသောက်အောင်မလုပ်မိစေနဲ့ "
ဝမ်ရိရန်၏အသံမှာလှောင်ပြောင်နေပုံရပြီး သူ့မျက်လုံးများက ဝမ်ယွီအားစူးစမ်းနေသည့်အကြည့်တစ်ချက်ပေးလာခဲ့သည်။
ဝမ်ယွီက အမူအယာကင်းမဲ့နေဆဲဖြစ်ပြီး သူကတည်တည်ငြိမ်ငြိမ်နှင့် ဆိုလာသည် " ဘယ်သူသိမလဲ "
" မြှင့် " ဝမ်ရိရန်အံကြိတ်လိုက်ပြီး " သေမှာမကြောက်မှာတော့ ငါ့ကိုအပြစ်မတင်ပါနဲ့ "
ဝမ်ယွီက တည်ငြိမ်နေဆဲပင်၊ ခြိမ်းခြောက်နေသည်အား သူ့စိတ်ထဲတွင် အနည်းငယ်မျှတောင် မထည့်ထား ၊ သူ့အသံမှာတည်ငြိမ်နေပြီး " ဒီအခြေအနေမှာ ဖြည်းဖြည်းချင်းမြှင့်မနေနဲ့ အကုန်ထုတ်လိုက်တော့ "
လူတွေသေသည့်အထိသောက်ရမည်ဆိုးသောကြောင့် ဂိမ်းမစခင်တွင် ကျန်းယဲ့က လောင်းကြေးအား ချစ်ပ်နှစ်ရာမျှသာ ဂိတ်ဆုံးသတ်မှတ်ထားခဲ့သည်။ ၎င်းမှာ ဝိုင်ပုလင်းနှစ်ဆယ်စာပင်ဖြစ်သည်။
လေထုက ငြိမ်သက်သွားပြီး ဝမ်စီစီမျက်တောင်တဖျတ်ဖျတ်ခတ်လိုက်မိသည်။
ချီကျန်းကျန်း၏သတို့သားလောင်း သူမရဲ့ဝမ်းကွဲ ဝမ်ယွီက တကယ်တော့ အတော်လေးမိုက်တာပဲ သူ့ရုပ်ရည်တင်မကဘူး သူ့အော်ရာကပါခန့်လွန်းတယ်...
သူမဘာလို့အရင်တုန်းက သတိမပြုမိပါလိမ့်...
" ကောင်းပြီ အဲ့ဒါဆိုလဲထုတ်တာပေါ့ " ဝမ်ရိရန်က ဝမ်ယွီအားသေစေနိုင်လောက်သည့်အကြည့်ဖြင့်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်များက လှောင်ပြောင်မှုဖြင့်ပြည့်နေလေသည်။
ချီကျိုးချန်မှာ ဝမ်ရိရန်၏နောက်တွင် ရပ်နေလေသည်။
သူကဝမ်ရိရန်၏ကဒ်များအားမြင်လိုက်ရပြီး သူ့စိတ်ထဲတွင် ဝမ်ယွီ၏အပြုအမူများမှာအတော်လေးကောင်းကြောင်းတွေးမိသွားလေသည်။ သို့သော်လည်း ကစားပွဲတွင်တော့ နောက်ဆုတ်ရန်မဖြစ်နိုင်တော့ပေ။
သူတို့ထဲက မည်သူမျှ ဝမ်ယွီအရက်သောက်သည်အား မမြင်ဖူးခဲ့ကြပေ၊ ထို့ကြောင့် သူတို့ သူတကယ် ပုလင်းနှစ်ဆယ်လုံးသောက်နိုင်မည်လားကိုမသိကြ၊ ထို့ကြောင့် ကျန်းယဲ့ဒီမှာရှိနေ၍တော်သေးသည် သူက သူ့ကိုအဲ့လောက်သောက်ခိုင်းမှာမဟုတ်ဘူး။
" ဝမ်ယွီ သေချာကြည့် " ဝမ်ရိရန်နှုတ်ခမ်းထောင့်များ မြင့်တက်သွားပြီး သူ့ရဲ့ကဒ်တွေကိုပြလိုက်တော့သည်။
KQJ တစ်ဖြောင့်တည်း!
" သောက်ကျိုးနည်း သောက်ကျိုးနည်း သောက်ကျိူးနည်း ဒါကြီးက တစ်ဖြောင့်တည်း KQJဆို မယုံနိုင်ဘူး အကိုရိရန်ကအရမ်းတည်ငြိမ်နေတာ အံ့ဩစရာမဟုတ်တော့ဘူး "
" ဟဟ ဒါက တစ်ခါထဲနိုင်နေပြီမဟုတ်ဘူးလား "
" ငါပြောပါတယ် အကိုကြီးရိရန်က စိတ်လွတ်သွားမဲ့သူမဟုတ်ပါဘူးလို့ ကဒ်တွေကမကောင်းနေရင် သူအကုန်လောင်းရဲမလား "
" ဟားဟားဟား ဝမ်ယွီဆီမှာ AKQ တစ်တန်းထဲ ဒါမှမဟုတ် အကိုရိရန်ထက်ကြီးတဲ့Leopardရှိနေမှပဲရမယ် ဒါကြီးက မဖြစ်နိုင်တာပဲ "
(t/n: leopard ဆိုသည်မှာ ရွှေပန်းပွင့်ဂိမ်းတွင်ရနိုင်သော အကြီးဆုံးအတွဲဖြစ်သည်)
" ဝမ်ယွီက ပုလင်းနှစ်ဆယ်လုံးသောက်နိုင်ပါ့မလား သူကအခုချိန်ထိအကြောက်အလန့်ကင်းနေတုန်းပဲ တကယ်ကိုမထင်ထားတာပဲ ကျွတ် ကျွတ် "
အန်းချင်ယုမှာသောက်လို့ပြီးသွားလေပြီ သို့သော်လည်း ဝိုင်ခုနစ်ပုလင်းမှာ သူမအား အတော်လေးကို သက်တောင့်သက်သာမရှိအောင်လုပ်နေလေသည်။
သူမဦးနှောက်မှာတော့ အခုချိန်ထိအသိစိတ်ရှိနေသေးပြီး သူမသွားများကို ကြိတ်ကာရပ်နေလေသည်၊ ထိုအရာအားမြင်ပြီးနောက် သူမပါးစပ်မှာ သဘောကျစွာဖြင့် မြင့်တက်လာတော့သည်။
ဝမ်ယွီ နင့်ကိုယ်နင်မာန်တက်ထားတာကို ကြည့်ပါဦး
လူတိုင်းမှ ပွဲကြီးပွဲကောင်းအနေဖြင့် စောင့်ကြည့်ခံနေရသော ဝမ်ယွီမှာမူ တစ်တန်းဖြစ်နေသည်အား ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်များတွန့်တက်လာကာ " ဟမ့် "
လူတိုင်းထိတ်လန့်သွားပြီး ဝမ်ရိရန်သည်လည်းအတူတူပင်ဖြစ်သည်။
လူတိုင်းရှော့ရနေချိန်တွင် ဝမ်ယွီကသူ့ကဒ်များအားချပြလိုက်လေသည်
Leopard.
" ဒါဘယ်လိုဖြစ်နိုင်မှာလဲ " သူကအဲ့လောက်တောင်ကံကောင်းတာလား?
ဝမ်ရိရန်မယုံကြည်နိုင်မှုကြောင့် ဖြတ်ခနဲထရပ်မိလေသည်။
အန်းချင်ယု၏မျက်နှာမှာလဲ ဖြူဖွေးနေပြီး သူမတစ်ကိုယ်လုံးနေလို့မကောင်းချေ။
Leopard ထက်ကြီးသော တစ်ခုထဲသော ကဒ်မှာ မတူညီသည့်အရောင်များပါသည့် 235 ကဒ်ဖြစ်ပြီး သူမလက်ထဲတွင်ရှိနေသည့်အရာဖြစ်သည်။
(t/n: leopard ပေါ်လာသည့်အခါတွင် အရောင်မတူသည့်235ကဒ်မှ အနိုင်ယူနိုင်သည် )
သူမက မကောင်းသည့်ကဒ်သုံးခုဟုထင်မိခဲ့ပြီး သူတို့အားဖွင့်မပြခဲ့ပဲ အရှုံးပေးခဲ့ခြင်းဖြစ်သည်။ သူမမထင်မိခဲ့ဘူး
" ဆက်လုပ် " ဝမ်ယွီသူ့လက်များအားအချက်ပြရန်ဆန့်ထုတ်လိုက်ပြီး ခဏရပ်လိုက်ကာ ပြောလာသည် " ဒါမှမဟုတ် အရှုံးကိုဝန်ခံ "
ရှုံးတာကို ဝန်ခံ…
ဝမ်ရိရန်မျက်နှာတစ်ခုလုံးမဲမှောင်သွားပြီး သွားများကြိတ်လိုက်ကာ " ဝိုင်တွေကိုဖောက်လိုက် ငါပေးမယ်ဆိုတာလောင်းထားပြီးသားပဲ "
လူတွေအားလုံးကြောင်အနေတုန်းမှာ တစုံတယောက်က ဝမ်ယွီဖောက်ထားတဲ့ဝိုင်တွေကိုသယ်လာပြီးတော့ ဝမ်ရိရန်ရှေ့တွင်ချပေးလိုက်လေသည်။ သူဝမ်ယွီအား ဒေါသတွေအပြည့်နှင့်ကြည့်လိုက်ပြီး သူ့လက်များက ဝိုင်တွေကိုယူလိုက်ကာ ပါးစပ်ထဲသို့ပုလင်းလိုက်လောင်းချနေတော့သည်။
ဝမ်ရိရန်ဝိုင်ပုလင်းအားမော့ချနေသည်အားတစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်ယွီထပ်မကြည့်တော့ချေ။ သူချီကျန်းကျန်းရှိရာသို့သာ ထွက်လာခဲ့တော့သည်။
လူများ၏အကြည့်အောက်တွင်ပဲ သူချီကျန်းကျန်း၏အိတ်ကိုယူလိုက်ပြီး သူမကိုခေါ်ကာ အပြင်သို့ထွက်သွားခဲ့လေသည်။ သူဝမ်ရိရန်သောက်သည်မသောက်သည် ကို ဆက်လက်ဂရုမစိုက်တော့ပေ။
ကစားပွဲတစ်ပွဲနှင့်ပင် သူဝမ်ရိရန်နှင့် အန်းချင်ယုအား အချက်ပေါင်းများစွာ ပါးရိုက်နိုင်ခဲ့လေသည်။
သူ့တည့်တည့်ထွက်သွားသည့် အခိုက်အတန့်ကလဲ ဝမ်ရိရန်မျက်နှာအား ပါးပြင်းပြင်းတစ်ချက်ထပ်ရိုက်လိုက်သည်နှင့်ပင်တူနေ၏၊ ဝိုင်ပုလင်းအားကိုင်ထားသည့် ဝမ်ရိရန်လက်များဖြူဖျော့လာပြီး သူ့နဖူးပြင်ရှိသွေးကြောများထောင်ထလာတော့သည်။
သူ ချီကျန်းကျန်းအားတည်တည်ငြိမ်ငြိမ်ဖြင့် တံခါးရှိရာသို့ခေါ်လာခဲ့တော့သည်။
သူထွက်လာသည့်အချိန်၌ လေအေးတစ်ချက်တိုက်ခိုက်လာသဖြင့် ချီကျန်းကျန်းခဏတာခေါင်း ကြည်လာသလိုဖြစ်သောကြောင့် သူမဩရှရှအသံဖြင့်မေးလာလေသည် " ရှင်နိုင်ခဲ့လား "
" အမ်းး ကိုယ်နိုင်ခဲ့တယ် "
ဝမ်ယွီ၏အသံက ရယ်ချင်စိတ်ဖြင့် စူးရှနေပြီး " ကိုယ်မင်းအပေါ်အခွင့်အရေးယူချင်တဲ့ လူတွေရဲ့စိတ်ကို ဒဏ်ရာရစေခဲ့တယ် ကျန်တာတွေကိုလဲ အနာဂတ်မှာထည့်တွက်သွားမှာ "
ဒါကသေတဲ့အထိ အသည်းခွဲနေတာ မဟုတ်ဘူးလား...
သူကဝမ်ရိရန်ကိုချက်ချင်းချမပြပဲ အဆုံးထိသတိထားပြီး ဘယ်လိုဆော့ခဲ့တာလဲ... ဝိုင်ပုလင်းနှစ်ဆယ်ဆိုတာ ဝမ်ရိရန်ခံနိုင်တဲ့ ဂိတ်ဆုံးပမာဏပဲ၊ အဆုံးမှာ ဒီနေ့ပုလင်းတွေက ဝိုင်ဖြစ်ပြီး ဘီယာလို အရက်ပမာဏမနည်းနိုင်ဘူးလေ။
သူ့ကိုပျိုးထောင်ဖို့ဆိုရင် သူ့မာန်တက်တာကိုပထမဆုံးခွင့်ပြုနိုင်မှရမဲ့ပုံပင်။
အဲ့မှာ အန်းချင်ယုလည်းရှိနေသည်။ သူမကအဆိုးဆုံးကဒ်တွေရခဲ့ပေမယ့် တစ်ချိန်ထဲမှာပဲ အဲ့ကဒ်တွေက Leopard ကိုအနိုင်ယူနိုင်ခဲ့သည့်တစ်ခုထဲသော ကဒ်များဖြစ်သည်။ သို့သော်လည်း သူမကအရင်အရှုံးပေးသွားခဲ့သည်။ ရလဒ်များဟာ အသည်းယားစရာပင်။ သူက သူမကိုထိလာသဖြင့် ဝမ်ရိရန်နှင့် အန်းချင်ယုအားတက်နင်းခဲ့လေသည်။
ချီကျန်းကျန်းကို. ဆုပ်ကိုင်ထားသည့် ဝမ်ယွီ့လက်တွေပိုတင်းကြပ်လာပြီး သူ့မျက်လုံးထဲမှ အပြုံးများက ပိုမိုလင်းလက်လာခဲ့သည်။
သူမှလွဲ၍ မည်သူကမျှ ကျန်းယဲ့သည် လက်တစ်ဖက်အား အစွမ်းကုန်ဆော့ကစားပြီး လှည့်စားနိုင်သည်ကို မသိကြပေ။
နှစ်ပေါင်းများစွာ တိတ်တဆိတ်နားလည်ခဲ့ပြီးနောက် ကျန်းယဲ့သည် သူ့မျက်လုံးများ၏ အကြည့်ကို ကောင်းစွာနားလည်နေလေပြီ
xxxxxx