အပိုင်း ၉၈
Viewers 26k

Part 98


ဝမ်ယွီ ထိတ်လန့်နေသေးသောလူတစ်အုပ်စုအား ထားကာထွက်လာခဲ့၏။ လူတိုင်းက တစ်ယောက်ကိုတစ်ယောက်ကြည့်နေပြီး သူတို့ဘာလုပ်ရမည်ဆိုတာမသိတော့ပေ။


သူတို့ပါတီပွဲတွေနဲ့ တွေ့ဆုံပွဲတွေ အများကြီးတက်ဖူးကြပေမယ့် ဝမ်ယွီကို တစ်ခါမှမ‌တွေ့ခဲ့ဖူးပေ။


ဝမ်အိမ်မှပြုလုပ်သည့်ပွဲများ၌ပင် သူသည်အပြင်မှလာပြီးနောက် မည်သည့်အမူအယာမှမပြပဲ ဖြတ်သွားမည်သာဖြစ်သည်။ သူသည်သူတို့အား ဘယ်တုန်းကမှ အရေးတယူမှတ်ယူထားခဲ့ခြင်းမရှိခဲ့။


သူတို့ကသူ့အား အမြဲလှောင်ပြောင်ခဲ့ကြသည်။ သူ့နောက်ကွက်မှာပင် သူ့မကောင်းကြောင်းပြောခဲ့ကြပြီး သူ့အား ဝမ်သော့်ယွီဟုသည့် နာမည်ပြောင်ပင်ပေးထားကြသည်။


အခုအချိန်မှာ သူနှင့်ပထမဆုံးပါတီတစ်ခုထဲဆုံသည့်အချိန်ဖြစ်ပြီး အစပိုင်း ကျန်းယဲ့သူ့အားစောင့်နေခဲ့သည့်အချိန်တွင် သူ့တည်ရှိမှူကို အသိအမှတ်ပြုခဲ့ရုံမှလွဲ၍ နောက်ပိုင်း၌ သူ့အားအရင်လိုသာ မရှိသလို ဆက်ဆံခဲ့ကြသည်။


သို့သော် ရုတ်တရက်ဆိုသလို သူအရှေ့ကိုရောက်လာပြီး ဝမ်ရိရန်နှင့် အန်းချင်ယု၏မျက်နှာတို့အား မြေကြီးထိရောက်သည်အထိဖိနှိပ်ကာ သူတို့ပေါ်တက်နင်းခဲ့လေသည်။


ထိုအရာမှာ ဘေးထွက်ရပ်နေသည့်လူများအား နားမလည်နိုင်မှုဖြင့် ကျန်ရစ်ခဲ့စေသည်။


ထိုသို့တွေးခဲ့ကြပြီးနောက် လူအချို့ကဝမ်ရိရန်အား အကြံပေးကြသည် " အကိုရိရန် ဝမ်ယွီကထွက်သွားပြီးပြီ မသောက်နဲ့တော့ အဲ့ဒါက ပုလင်းနှစ်ဆယ်တောင်ကို "


" ဟုတ်တယ် အကိုအဲ့ဒါတွေအကုန်သာသောက်ရင် ဒီနေ့ညဆေးရုံရောက်သွားလိမ့်မယ် "


" ဘယ်လိုတောင် တိုက်ဆိုင်မှုလဲ အဲ့ဒါက Leopard ဘယ်လိုဖြစ်နိုင်မှာလဲ? အဲ့ဒါက တစ်တန်းထဲတန်းတာနဲ့ Leopard ၊ အကိုကျန်းယဲ့ ကဒ်တွေကို ဘယ်‌လိုတောင်ဝေတာလဲ... "


" ငါတို့ ဆက်ကစားကြမလား.. "


ကျန်းယဲ့လူအုပ်ဆီမှထွက်လာခဲ့ပြီး သူ့အပြုံးမှာမူအရင်အတိုင်းသာရှိနေသည် " ဒါကတိုက်ဆိုင်မှုတစ်ခုပဲ ရိရန်မသောက်နဲ့တော့ ဝမ်ယွီလဲဒီမှာမရှိတော့ဘူးပဲ သူအခုထွက်သွားတာက လွှတ်ပေးလိုက်တာလို့ဆိုလိုတာပဲလေ လာ လာပါ ဆက်ကစားရအောင် "


ဝမ်ရိရန်၏မျက်နှာမှာ တည်ငြိမ်နေပြီး ဘာစကားတခွန်းမှမဆိုပဲ ဆက်‌လက်သောက်နေသည်။


လွှတ်ပေးလိုက်တာ...


လာနောက်နေတာလား သူကဝမ်ယွီလွှတ်ပေးတာကိုလိုအပ်နေလို့လား...


ချီကျိုးချန်ထောင့်တွင်ရပ်နေခဲ့ပြီး ချီကျန်းကျန်းအား ဘာမှမပြောခဲ့ရပေ။ သို့သော် ထိုအချိန်၌ သူယုံကြည်မိသည်က


ဝမ်မိသားစုတော့ဒုက္ခရောက်တော့မယ်


အနည်းဆုံးဒီည‌တွင်တော့ အဲ့ဒါကကံကောင်းမှူ ဒါမှမဟုတ် တခြားဟာဆိုရင်တောင်မှ ဝမ်ယွီနိုင်ခဲ့လေသည်။ သူတက်နင်းချင်သည့်လူအားတက်နင်းခဲ့ပြီး နိုင်ခဲ့ခြင်းဖြစ်သည်။


ဒါကလှပတဲ့အနိုင်ရမှုပဲ။


ဝမ်ယွီ ချီကျန်းကျန်းအားသယ်ဆောင်ပြီး ကားပါကင်ရှိရာသို့ထွက်လာခဲ့သည်။


သူ‌ဒီညအရက်ဆိုလို့ တစ်စက်တောင်မှမသောက်ခဲ့ပေ၊ ထို့ကြောင့်သူချီကျန်းကျန်းအားကားမောင်းပို့နိုင်သည်။


သူချီကျန်းကျန်းအား ချကာ သူမအားလက်တစ်ဖက်ဖြင့်ကိုင်၍ တဖက်က ခရီးသည်တင်ခုံတံခါးကိုဖွင့်လိုက်ပြီး သူမကိုဂရုတစိုက်ထည့်လိုက်လေသည်။


ဘယ်လိုပဲလုပ်လုပ် ချီကျန်းကျန်းက သူ့အားသွားခွင့်မပေးချေ။


" ဟမ် နေလို့မကောင်းလို့လား "


" ဝမ်ယွီ..." ချီကျန်းကျန်း၏အသံမှာ အနည်းငယ်ရှတနေ၏။


" ကိုယ်ဒီမှာရှိတယ် "


သူမမျက်လုံး‌များကသိသိသာသာအုံ့မှိုင်းနေပြီးတော့ သူမပါးစပ်မှာလဲအဖြူရောင်ညီညာသောသွားလေးများအတန်းလိုက်မြင်ရလောက်အောင် ပွင့်ဟနေ၏။ သူမမျက်လုံးများမှာ လခြမ်းကွေးကဲ့သို့ ခပ်ကွေးကွေးရှိနေကော ဘာတစ်ခွန်းမျှထပ်မပြောပဲ ထပ်၍ရေရွတ်လိုက်သည် " ဝမ်ယွီ "


" ကိုယ်ဒီမှာရှိတယ် " ဝမ်ယွီသူ့လက်များအား ငြှင်သာစွာလွှတ်ချ‌နေပြီး သူ့အပြုအမူများကအလွန်နူးညံ့နေသည်။


" မလုပ်နဲ့ " ချီကျန်းကျန်းကသွားခွင့်မပေးချေ။ သူမ၏လက်နှစ်ဖက်လုံးက သူ့ရဲ့လည်ပင်းအားတွယ်ချိတ်ထားပြီး သူ၏မျက်နှာကိုတခစ်ခစ်ရယ်ရင်း ကြည့်နေခဲ့သည်။


ဝမ်ယွီသူမအမူးလွန်နေသည်အား ပထမဆုံးမြင်ခဲ့ရပြီးနောက် သူကူကယ်ရာမဲ့ခြင်းကော ရွှင်မြူးနေခြင်းပါ တပြိုင်ထဲခံစားနေရလေသည်။


သူမကရီနေဆဲပင် အရမ်းရီနေတဲ့ပုံစံ သူ့နှလုံးသားကို အရေပျော်စေပြီးတော့ ဖော်ပြမရနိုင်တဲ့ ခံစားချက်မျိုးက သူ့နှလုံးသားတွင် ပျံ့နှံ့နေလေသည်။


သူ သူမအားရိုးရှင်းစွာကောက်ချီလိုက်ပြီး မနီးမဝေးတွင်ရှိနေသောစားပွဲထိုးအားလှမ်းခေါ်ကာ ပြောလိုက်သည် " ကားမောင်းသမားခေါ်လိုက် "


" ဟုတ်ကဲ့ " ထိုလူက ချက်ချင်းပြန်ဖြေခဲ့သည်။


ငါးမိနစ်ခန့်ကြာပြီးနောက် အရင်ထဲကပြင်ဆင်ထားသည့် အစားထိုးယာဉ်မောင်းရောက်လာခဲ့သည်။


ဝမ်ယွီ ချီကျန်းကျန်းအားချီရင်း အနောက်ခုံပေါ်တင်လိုက်လေသည်။ သူမလက်တွေက သူ၏လည်ပင်းအားဖက်ထားရင်း ထွက်သွားခွင့်မပြုခဲ့ပေ။


တကယ်တော့ ဝမ်ယွီသာ အားအနည်းငယ်သုံးမည်ဆိုလျှင် ဆွဲထုတ်နိုင်သည်။ သူ သူမအား အလွယ်တကူဆွဲထုတ်နိုင်သည်။


သို့သော် နားမလည်နိုင်စွာဖြင့် သူဆန္ဒမရှိခဲ့ပေ။


သူ သူမကိုတင်းတင်းကြပ်ကြပ်ဖက်လိုက်ပြီး သူ့လည်ပင်းအားတွယ်ချိတ်ခွင့်ပြုလိုက်လေသည်။


" ဝမျယှီ "


" ကိုယ်ဒီမှာ "


" ဝမျယှီ..."


" ကိုယ်ဒီမှာရှိတယ် "


သူတို့နှစ်ယောက်လုံးမှာ တစ်ယောက်ကိုတစ်‌ယောက် မေးခွန်းတစ်ခုထဲကိုမေးရင်း တူညီသည့်အဖြေသာပေးနေကြသည်။


ချီကျန်းကျန်း သူမခေါင်း ကိုစောင်းလိုက်ပြီး သူ့ကိုကြည့်လိုက့သည်။ ဒီလူကတကယ်ကြည့်ကောင်းတာပဲ ကားထဲမှာ အလင်းရောင်သိပ်မရှိတာတောင်မှ သူကကြည့်ကောင်းနေ‌တုန်းပဲ


သူမခေါင်းကိုစောင်းလိုက်ပြီး ဖြည်းဖြည်းချင်းဆန့်လိုက်ကာ သူမလက်ချောင်းများက သူ၏နက်ရှိုင်းနေသောအစိတ်အပိုင်းများအား ငြှင်သာစွာထိတွေ့လိုက်သည်။ သူ၏မျက်ခုံးမှသည် နှုတ်ခမ်းများအထိ ၊ ထို့နောက်သူမမျက်လုံးများပို၍လင်းလက်လာလေသည်။


" အရမ်းချောတာပဲ " သူမပြောခဲ့တယ်။


ဝမ်ယွီသူမအားငုံကြည့်လာတော့သည်။


သူမပါးပြင်တွေက ပန်းရောင်သန်းနေပြီး မျက်လုံးများစိုစွတ်နေကာ ဆံပင်များမှာပြန့်ကြဲ‌နေပြီး မဖော်ပြနိုင်သော ရှူပ်ထွေးနေသည့်အလှလေးတစ်ပါးကဲ့သို့ဖြစ်နေ၏။


ဝမ်ယွီရပ်တန့်လိုက်ပြီး ငြှင်သာစွာဆိုလာခဲ့သည် " မင်းကြည့်ကောင်းတယ် "


" ကျွန်မကကြည့်ကောင်းတယ်? အိုး ကျွန်မလဲအဲ့လိုထင်ပါတယ် " ချီကျန်းကျန်းများအား မသဲမကွဲဖြစ်နေခဲ့သည်။


သူမ သူမ၏အလှကို မှတ်မိနေသေးပြီး သူမရဲ့ လှပတဲ့ ရုပ်ရည်ကို အရှက်မဲ့စွာ ထုတ်ဖော်ပြသနေခဲ့ပါတော့သည်။


ဝမ်ယွီကြားပြီးနောက် မပြုံးပဲမနေနိုင်ပေ။


" ဝမျယှီ"


" ကိုယ်ဒီမှာ "


" ဝမျယှီ "


" ကိုယ်ဒီမှာရှိတယ် "


စကားဝိုင်းမှာ ပြန်လည်စတင်လာလေပြီ။ သူမမူးနေရင်တောင်မှပဲ သူက သူမပြောခဲ့သမျှစကားတိုင်းအား လေးလေးနက်နက် နားထောင်ပေးခဲ့သည်။


ကားမှာဝမ်ကျန်းအိမ်ရာရှေ့သို့ရောက်လာခဲ့သည်။


အိမ်တံခါးရှေ့သို့ရောက်သည်နှင့်တပြိုင်နက် ဝမ်ယွီသူမအားချီကာ ကားပေါ်မှဆင်းလာခဲ့သည်။


အချိန်မှာ အနည်းငယ်နောက်ကျနေသောကြောင့် အဓိကအဆောက်အဦးထဲတွင် မည်သူမှမရှိတော့ချေ၊ ဝမ်ယွီလည်း မည်သူမှခေါ်မနေတော့​ေပ။


သူ သူမအား ဒုတိယထပ်ဆီဆို မြန်မြန်သယ်သွားလိုက်ပြီး တံခါးရှေ့တွင်ချလိုက်လေသည်။ သူမလက်များဟာ အခုထိ သူ့လည်ပင်းအားတွယ်ချိတ်နေသေးပြီး သူမခြေဖဝါးများက မြေပြင်အားမထိဆက်ပြီးခြေဖျားထောက်ထားခဲ့သည်။


အမူးသမားလေးက ခြေဖျားထောက်နေတယ် ဒါကဘယ်လောက်တောင်ပင်ပန်းလိုက်မလဲ


ထို့ကြောင့် သူမချက်ချင်းပြောလာခဲ့သည် " ရှင် ကုန်းချလိုက် "


ဝမ်ယွီမတတ်နိုင်ပဲ အောက်သို့အနည်းငယ်ကုန်းချလာရတော့သည်။


ထို့နောက် သူ သူမအားကြည့်လိုက်ပြီး နူးညံ့စွာပြောလာလေသည် " နာနာခံခံနဲ့ကိုယ့်ဘာသာအထဲဝင်တော့ ပြီးကျဆေးကြောပြီးအိပ်လိုက်ချည် ဟုတ်ပြီလား "


ချီကျန်းကျန်းသူ့အား ဝေဝါးနေသည့်မျက်လုံးဝိုင်းများဖြင့်ကြည့်နေသောကြောင့် ဝမ်ယွီသူ့လက်များအား အနည်းငယ်အားသုံးလိုက်ပြီး ဆွဲထုတ်ခဲ့ရသည်။ ထိုမှသာ သူမလက်များက သူ့လည်ပင်းအားလွှတ်ပေးလိုက်တော့သည်။


ထိုအခိုက်အတန့်တွင် ဝမ်ယွီလွတ်လပ်သွားသော်လည်း အနည်းငယ်ဗလာဖြစ်သွား‌သလိုခံစားလိုက်ရ၏။


သူမလက်များအားလွှတ်ချလိုက်ပြီးနောက် သူမကကြမ်းပြင်ပေါ်တွင်အိပ်ချတော့မည့်ပုံလုပ်လာလေသည်။


ဝမ်ယွီသူမအားအမြန်ပြန်ချီလိုက်ရပြီး ကူကယ်ရာမဲ့စွာနှင့် သူမအား တဝက်ချီကာ အခန်းထဲသို့ဝင်ခဲ့ရလေသည်။


ထိုအခန်းကို ချီကျန်းကျန်းထံပေးပြီးသည့်အချိန်ထဲက သူတစ်ခါမှမဝင်ခဲ့ဖူးပေ။ 


ဝမ်ယွီ၏အိမ်မှအခန်းတိုင်းက အလှဆင်ထားပြီးဖြစ်သည်။ သို့သော်လည်း လူနေထားသည့် အရိပ်အယောင်မရှိသလောက် ဖြစ်နေသောကြောင့် ပစ္စည်းအားလုံးသည် အသစ်စက်စက်ဖြစ်နေပြီး အရာတိုင်းမှာ သပ်ရပ်နေကာ ဟိုတယ်တစ်ခုနှင့်ပို၍တူနေသည်။


သို့သော်လည်း ထိုအခန်းမှာ အခုပြောင်းလဲသွားလေပြီ။ အပြင်အဆင်များက အတူတူသာဖြစ်ပြီး  တူညီသော ပရိဘောဂများဖြစ်နေသော်လည်း အလှပြင်ပစ္စည်းများကို မှန်တင်ခုံပေါ်တွင် ကြုံသလိုနေရာချထားသည်။  စာအုပ်များက ကုတင်ပေါ်တွင်ရှိနေပြီး အဝတ်အစားများကိုတော့ ထိုင်ခုံပေါ်၌တင်ထားလေသည်။


ကြည့်ရသည်မှာ ရေခဲကဲ့သို့အေးစက်နေသောနေရာက အရာအားလုံးကွာခြားသွားပြီး ပို၍နွေးထွေးလာသည့်ပုံပင်။


xxxxxx