အပိုင်း ၉၉
Viewers 26k

Part 99


ဝမ်ယွီတစ်ချက်ကြည့်လိုက်ပြီးနောက် သူ့အတွေးများကိုပြန်လည်ရုတ်သိမ်းခဲ့သည်။ ထို့နောက် ချီကျန်းကျန်းအား အိပ်ရာပေါ်၌တင်ထားလိုက်ပြီး နူးနူးညံ့ညံ့ပြောလိုက်လေသည်။


 " မင်းအရက်စော်နံနေပြီ သွားပြီးသန့်ရှင်းလိုက်ချည် "


အဲ့ကောင်မလေးက သန့်ရှင်းမှူကိုတအားကြိုက်တယ်ဆိုတာ သူသိတယ်လေ


" အရက်နံ့တွေ.. " ချီကျန်းကျန်းတုံ့ပြန်ရန် အချိန်အနည်းငယ်ယူခဲ့ပြီးနောက် တီးတိုးပြောလာခဲ့သည် " ကျွန်မအနံ့ကောင်းပါတယ် မနံပါဘူး "


ဝမ်ယွီမတတ်နိုင်တော့ပဲ ရီချလိုက်ကာ " ကောင်းပြီ ကောင်းပြီ မင်းအနံ့ကကောင်းတယ် နံမနေဘူး "


တဖက်ကနေတဖက်ကိုလှိမ့်နေသော သူမအား သူကာကွယ်ပေးလိုက်ပြီး ခေါင်းအုံးပေါ်သို့မှီချစေခဲ့သည်။ ထို့နောက် သူမရှေ့တွင်ဒူးထောက်ချကာ သူမဖိနပ်များချွတ်ပေးခဲ့လေသည်။


သူလည်းပဲ ရေတစ်ဇလုံလောက်ယူဖို့အတွက် ရေချိုးခန်းအတွင်းသို့ဝင်ခဲ့သည်။


သူပြန်ထွက်လာသောအချိန်တွင် ချီကျန်းကျန်း၏မျက်လုံးများမှာ ပိတ်နေခဲ့ပြီဖြစ်သည်။


ဝမ်ယွီသည် ရွေးချယ်စရာမရှိတော့သဖြင့် ဖြည်းဖြည်းလျောက်လာကာ သူမမျက်နှာကို မျက်နှာသုတ်ပဝါဖြင့် သုတ်လိုက်လေသည်။ထို့နောက် သူရေဇလုံနှင့် မျက်နှာသုတ်ပုဝါကို ပြောင်းကာ သူမခြေထောက်ကို သုတ်ပေးခဲ့သည်။


သူမမျက်နှာကို သုတ်နေသည်အား စိတ်မရှည်နိုင်စွာ မျက်မှောင်ကြုတ်လိုက်ပြီး နှုတ်ခမ်းစူ​ေနသည်။


ဝမ်ယွီသူမအားကြည့်ရင်း သူ၏အပြုအမူများ နူးညံ့လာတော့သည်။


သူမခြေဖဝါးကို သုတ်ပေးသည့်အချိန်၌ သူမခြေဖဝါးများအားပြန်ပြန်ရုတ်နေသည့်အတွက် သူမခြေဖဝါးများကို ပြန်မဆုတ်အောင် လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားခဲ့ရသည်။


အလုပ်ပြီးစီးသွားပြီးနောက် ဝမ်ယွီသူမအား လှဲချစေခဲ့ပြီး သူမအားစောင်နှင့်ဖုံးအုပ်ပေးလိုက်တော့သည်။


သူမ၏မျက်နှာမှာ အနည်းငယ်နီမြန်းနေပြီး သူမ၏မျက်နှာပေါ်ရှိ ပန်းရောင်သန်း‌နေသော သောအသားအ‌ရေမှာ အထူးဆွဲဆောင်မှုရှိပုံပေါ်နေသည်။  သူမ စိတ်မရှည်စွာ ရေရွတ်နေသောကြောင့် သူမ၏နှုတ်ခမ်းနီနီရဲရဲလေးမှာ အနည်းငယ် လှုပ်ရှားသွားခဲ့၏။


ဝမ်ယွီ အသက်ပြင်းပြင်းရှူလိုက်ပြီး သူတကယ်ပင် မတတ်နိုင်တော့ဘဲ ခေါင်းငုံ့ကာ သူမနှုတ်ခမ်းပေါ်သို့ ငြှင်သာသောအနမ်းတစ်ပွင့်ပေးလိုက်‌မိတော့သည်။


ထိုအနမ်းက သူမအားထိတ်လန့်သွားစေသောကြောင့် ချီကျန်းကျန်း သူမ၏မျက်လုံးများအား ဖွင့်ကြည့်လာလေသည်။


ဝမ်ယွီအနည်းငယ်အပြစ်ရှိနေသောစိတ်ဖြစ်သွားကာ မသိစိတ်ကြောင့် မတ်မတ်ထထိုင်မိတော့သည်။


‌ချီကျန်းကျန်း၏ခေါင်းမှာစောင်းနေခဲ့သော်လည်း သူ့အားမြင်ပုံမပေါ်ချေ။


သူမနှာခေါင်းရှုံ့လိုက်ပြီး ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ သူမ၏အဝတ်အစားများကို စတင်ဆွဲချွတ်တော့သည်။ သူမ၏အသက်ရှူသံအောက်တွင် ရေရွတ်သံများလည်း တဖြည်းဖြည်းကျယ်လောင်လာသည်။


" အဲ့ဒါကနံတယ် ဝူးး အဲ့ဒါနံတယ် "


လာစမ်းပါ သူမကိုယ်သူမအနံ့ကောင်းတယ်ဆိုပြီး အခုလေးတင်ပြောခဲ့ပေမဲ့ အခုတော့ သူမကိုယ်သူမ မကြိုက်တော့ပြန်ဘူး။


" ရပ်တော့ " ဝမ်ယွီ့အသံမှာ ကြမ်းရှနေပြီး သူ့လက်ကိုဆန့်ကာ စောင်ကိုဖိချလိုက်ချတော့သည်။


ချီကျန်းကျန်းစောင်ကို ကန်ထုတ်လိုက်ပြီး သူမ၏အဝတ်အစားများအား အလွန်စိတ်မချမ်းသာသောပုံဖြင့် ဆွဲချွတ်လာလေသည်။


သို့သော်လည်း ယနေ့တွင်သူမက ဆွဲချွတ်မှရမည့် အင်္ကျီတစ်ထည်အားဝတ်ထားပြီး ထိုအမျိုးအစားမှသူဘေးမှဖြဲပစ်၍မရနိုင်ပေ။


ချီကျန်းကျန်းသေချာပေါက်မသိသလို သူမ သတိလည်းရှိမနေချေ။


သူမစိတ်မရှည်စွာ အဝတ်များကို ဆွဲချွတ်ရန် ကြိုးစားခဲ့သော်လည်း အဝတ်များအား သူမမဆွဲနိုင်ဖြစ်နေသောကြောင့် သူမရန်လိုလာခဲ့လေသည်။


 " ဝူး ဝူး ဝူး ငါ့ကိုအနိုင်ကျင့်နေတာ ဒါကနံတယ် "


ဝမျယှီ" ….. "


သူသက်ပြင်းချလိုက်ပြီး သူ၏အသက်ရှူသံမှာ အနည်းငယ် မြန်လာခဲ့သည်။


ချီကျန်းကျန်းစိတ်ဆိုးလေလေ သူမအဝတ်အစားများအား  ပိုပြီးဆွဲချွတ်လေလေဖြစ်ပြီး သူမပိုဆွဲလေလေ ဒေါသထွက်လာလေလေဖြစ်နေတော့သည်။ ထို့ကြောင့် သူမကုတင်အားလက်နဲ့ရိုက်ကာ သူမမျက်နှာတစ်ခုလုံးတွင် ဒေါသများဖြင့်ပြည့်နှက်နေပြီ " နေလို့မကောင်းဘူး "


ဒါကဘယ်လိုလုပ်ပြီး သက်တောင့်သက်သာဖြစ်မှာလဲ  သူမ၏လက်များက သူမအဝတ်များကို ဆွဲကိုင်ထားပြီး ကော်လာမှာမူ သူမလည်ပင်း၌တွဲလောင်းကျနေတော့သည်။


ဝမ်ယွီသူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏အဝတ်အစားများအား ငြင်သာစွာဖြင့် သပ်သပ်ရပ်ရပ်ဖြစ်စေရန်လုပ်ပေးလိုက်သည်။ သူ့နှုတ်ခမ်းတွေအား ဖိကိုက်ထားရကာ မျက်လုံးများမှာ စူးရှနေပြီး ချီကျန်းကျန်းအား ပြင်းပြင်းထန်ထန် စိုက်ကြည့်နေလေသည်။


 " ချီကျန်းကျန်း မင်းကိုယ်ဘယ်သူလဲသိလား.. "


သူသူမလက်များကို ဆုပ်ကိုင်လိုက်ပြီး သူ့ခန္ဓာကိုယ်ဖြင့် သူမအားဖိထားလိုက်သည်။


ချီကျန်းကျန်း၏‌ဝေဝါးနေသောမျက်လုံးများမှာ သူ့အားမှတ်မိရန် ကြိုးပမ်းနေသကဲ့သို့ ကြည့်လိုက်ပြီး ခဏအကြာတွင်သူမ ရေရွတ်လာခဲ့သည်။

 " ဝမျယှီ "


" အဲ့ဒါဆို မင်းဘာလုပ်နေလဲဆိုတာကောသိလား " သူမေးလိုက်ပြီး သူမအားနီးကပ်စွာကြည့်နေခဲ့၏။


ချီကျန်းကျန်းရဲ့လက်များမှာ သူ၏တင်းတင်းဆုပ်ကိုင်ထားမှုကြောင့် သူမအနည်းငယ်မသက်မသာဖြစ်လာကာ စတင်ရုန်းကန်တော့သည်။


 " အို့ နေလို့မကောင်းဘူး "


သူမအသံမှာ ကြောင်‌ပေါက်လေးတစ်ကောင်ကဲ့သို့ဖြစ်‌နေပြီး ဝမ်ယွီ၏နှလုံးသားအား ကုတ်ခြစ်နေတော့သည်။


သူခေါင်းငုံ့လိုက်ပြီး သူ့နှုတ်ခမ်းများကို သူမ၏နှုတ်ခမ်းနှင့်ထိကပ်စေလိုက်တော့သည်။


ဒီတစ်ခါမှာတော့ အရင်အခါတုန်းကလို မဟုတ်တော့ပဲ သူမ၏ပုလဲဖြူရောင်သွားများအား ဖွင့်စေပြီး တစ်လက်မပြီးတစ်လက်မစုပ်ယူခဲ့သည်။  သူမရုန်းကန်နေသောကြောင့် သူသူမ၏‌ပုန်းရှောင်နေသောလျှာအား ရစ်ပတ်လိုက်ပြီး ထို့နောက် အခန်းထဲ၌တစုံတရာမသဲကွဲ‌သောအသံများ ထွက်ပေါ်လာတော့သည်။


" အမ်းးးး " ချီကျန်းကျန်းဖိချခံထားရသောကြောင့် အသက်ရှူမဝဖြစ်နေ၏။ ဤသည်မှာသက်တောင့်သက်သာမဖြစ်နေသောကြောင့် သူမအပြင်းအထရုန်းကန်လာလေသည်။


သို့သော်လည်း ဝမ်ယွီမှာလွှတ်မပေးပဲ ရူးနေသကဲ့သို့ တစ်ယောက်နဲ့တစ်ယောက်သေသည်အထိ ရောယှက်နေသလိုပြုမူနေခဲ့သည်။


ချီကျန်းကျန်းသူမ၏အားအကုန်သုံး၍‌ရှောင်တိမ်းလိုက်သောအချိန်မှသာ ဝမ်ယွီနောက်ဆုံးလွှတ်ပေးလိုက်ပြီး သူမအားနောက်ကျောပေးကာဆတ်ခနဲထိုင်ချလိုက်လေသည်။


ခဏကြာပြီးနောက်သူအသက်ပြင်းပြင်းရှူပြီး အချိန်အတော်ကြာအောင် ရှုထုတ်လိုက်တော့သည်။


သူ သူ၏စိတ်တွင်း၌ပုန်းအောင်းနေသော ချီကျန်းကျန်းအားအစိမ်းလိုက်ဝါးစားချင်နေသည့်သားရဲကောင်ကြီးအား မဖိထားနိုင်သကဲ့သို့ ဖြစ်သွားခဲ့ရသည်။ 


" ချီကျန်းကျန်း ကိုယ်သတိမရှိတဲ့အခြေအနေရောက်နေတဲ့လူတွေကို အခွင့်အရေးမယူသင့်ဘူး " ဝမ်ယွီပြောလိုက်လေသည်။


ဤသည်မှာ ချီကျန်းကျန်းအားပြောလိုက်သည်ဆိုသော်လည်း သူ့ကိုယ်သူအတွက်ပါပြောလိုက်ခြင်းဖြစ်ပေသည်။


သူ့နောက်တွင်တော့ မည့်သည့်အသံမှထွက်ပေါ်မလာခဲ့ပေ။ ဝမ်ယွီခဏတာမျှ ငြိမ်သက်နေပြီးနောက် ထပ်ပြောလာခဲ့သည် " မင်းနိုးလာတဲ့အခါကျရင် နှစ်ယောက်အိပ်ခန်းကိုပြောင်းလာဖို့အတွက် မင်းသေချာစဉ်းစားပေးနိုင်မလား "


သူ၏နောက်မှာတော့ မည်သည့်အသံမှထွက်ပေါ်မလာသေးပဲ တိတ်ဆိတ်နေဆဲပင်ဖြစ်၏။


ဝမ်ယွီအနောက်သို့ကြည့်လိုက်လေသည်။


ချီကျန်းကျန်းကတော့ သူမမျက်လုံးများအားပိတ်ကာ အိမ်မက်ကမ္ဘာသို့ရောက်နေပြီဖြစ်သည်။


" ဟူး ဟူး ဟူး " သူမအသက်ရှူနေသည်မှာ ချောမွေ့နေပြီး ပါးပြင်မှာအနည်းငယ်နီမြန်းနေလေသည်။


ဝမျယှီ " …. "


သူကူကယ်ရာမဲ့စွာ ဖြည်းဖြည်းချင်းထရပ်လိုက်ပြီး သူမအားစောင်ခြုံပေးလိုက်လေသည်။ထို့နောက် သူ့ခေါင်းကိုငုံ့ပြီး သူမ၏မျက်ခုံးမွှေးကြားနေရာလေးအား အသာအယာအနမ်းပေးခဲ့သည်။


" ကောင်းသောညပါ ကလေးလေး "


....


ဝမ်ရိရန်မှာတော့ ပုလင်းနှစ်ဆယ်လုံးကိုမသောက်နိုင်ခဲ့ပဲ ဆေးရုံသို့သာပို့ဆောင်ခဲ့ရတော့သည်။


အန်းချင်ယုသည်လည်း သူနှင့်အတူ လိုက်သွားခဲ့သည်။ သူမလည်း အနည်းငယ်မူးဝေနေကာ အလျင်အမြန်အော့အန်ပြီးနောက် ဆေးသောက်လိုက်ရသည်။  နောက်ဆုံး၌ သူမအနည်းငယ်သက်သာသွားပြီး အရေးပေါ်ခန်းမှထွက်လာသည့် ဝမ်ရိရန်အားပြုစုခဲ့ရတော့သည်။


" ဒေါက်တာ သူဘယ်လိုနေသေးလဲ " သူမစိုးရိမ်တကြီးမေးခဲ့လေသည်။


တကယ်တော့ အန်းချင်ယုသည်ယခုအချိန်တွင် အလွန်မသက်မသာဖြစ်နေသော်လည်း သူမဝမ်ရိရန်ကိုသာပို၍ စိတ်ပူ‌နေခဲ့သည်။


" အခုတော့ အဆင်ပြေသွားပါပြီ သူနိုးလာတဲ့အထိစောင့်ပြီးတော့ သူ့ကိုအရည်ပဲတိုက်ပေးပါ မင်းလဲအနာဂတ်မှာအဲ့လောက်မသောက်သင့်ဘူး လူငယ်တွေကလုပ်သင့်တာ…. " ယနေ့ည၏တာဝန်ကျဆရာဝန်မှာ ငယ်ရွယ်သူမဟုတ်သောကြောင့် သူမအားဆက်လက်ဆူပူနေတော့သည်။


အန်းချင်ယုအာရုံစိုက်စွာနားထောင်နေသော်လည်း သူမအကြည့်များမှာတော့ ဝမ်ရိရန်ဆီမှမလွှဲနိုင်ခဲ့ပေ။


သူမအဆောင်ထဲဝင်လိုက်ပြီး ဝမ်ရိရန်အားစောင့်ကြည့်နေလိုက်တော့သည်


သူမဆေးရုံရဲ့အိပ်ရာဘေးတွင်ထိုင်နေပြီး ဝမ်ရိရန်အား အချိန်တိုင်းမျက်ချေမပြတ်ကြည့်ရှုနေတော့သည်။ သူမမည်မျှပင်မအီမသာခံစားနေရပါစေ ဝမ်ရိရန်အေးအေးချမ်းချမ်းအိပ်နိုင်ရန်အတွက် သူမအဆောင်ထဲမှ မီးများအားမှိတ်လိုက်ကာ လှည့်ပတ်သွားလာရန်အတွက် လျှောက်လမ်းမှမီးများကိုသာအသုံးပြုခဲ့သည်။


ညလယ်တွင်တော့ ဝမ်ရိရန်နိုးလာခဲ့လေသည်။


" ရိရန် ရှင်နိုးပြီလား ကျွန်မဆရာဝန်သွားခေါ်လိုက်ဦးမယ် " 


အန်းချင်ယု၏အသံမှာ ပျော်ရွှင်မှုများဖြင့်ပြည့်နေခဲ့သည်။


သို့သော်ထင်ထင်ရှားရှားပင် သူအပြည့်အဝသက်သာသည့်ပုံမပေါ်နေသေး။


ဝမ်ရိရန်သူ့လက်များအား ဆန့်လိုက်ပြီး အန်းချင်ယုအား ကုတင်ရှေ့သို့ဆွဲခေါ်လိုက်ကာ သူ့အသံမှာ အနည်းငယ်ဩရှနေခဲ့ပြီး " ချီကျန်းကျန်း... "


အန်းချင်ယုနေရာမှာတင် တောင့်ခဲ့သွားခဲ့သည်။


သို့သော် ဝမ်ရိရန်မှာပြုံးလာခဲ့ပြီး သူ့လက်ကို မြှောက်ကာ သူမမျက်နှာအား ထိကိုင်လိုက်သည်။ ထို့နောက် သူ့ခေါင်းကိုငုံ့ကာ သူမလည်ပင်းနားသို့ နမ်းခဲ့လေသည်။


" မင်းတကယ်ကိုယ့်‌ဆီကိုပြန်လာတာပဲ " သူတီးတိုးပြောခဲ့သည်။


အန်းချင်ယုသည် သူ့အားမယုံကြည်နိုင်စွာ ကြည့်လာခဲ့ပြီး သူမ၏မျက်လုံးများထဲတွင် အမုန်းတရားများ‌ဖြင့် တောက်ပလာခဲ့သည်။


ဝမ်ရိရန်က ချီကျန်းကျန်းကို တကယ်ကြီးအဲ့လောက်တောင်ကြိုက်ခဲ့တာလား


သူကြိုက်ခဲ့တာ သူမမဟုတ်ခဲ့ဘူးပေါ့...ဘာလို့လဲ?


ဝမ်ရိရန်မှာ သူမ၏အဝတ်များအား စတင်ဖယ်ရှားလာခဲ့သည်။


အန်းချင်ယုက သူ့အားရပ်ဖို့အတွက်တွန်းရန် လက်လှမ်းလိုက်ပေမယ့် သူမ သူ့ကို ထိလိုက်သည့်အချိန်တွင် ရပ်တန့်ခဲ့လေသည်။


ချီကျန်းကျန်း၏ကားမတော်တဆမှုထဲက ဝမ်ရိရန်၏မျက်လုံးများသည် သူမရဲ့ခန္ဓာကိုယ်ပေါ်တွင် တဖြည်းဖြည်းရှိလာပြီး ယခုအချိန်တွင်‌တော့ ပို၍ရှိနေပြီဖြစ်သည် သူချီကျန်းကျန်းအားချစ်မိသွား‌ခဲ့လေပြီ။


သူတို့ထိုအရာအား "မတတ်နိုင်ခဲ့သောကြောင့် " ဆေးရုံဆောင်ထဲ၌မလုပ်ကြခင်  သူမတမင်တကာလုပ်ဆောင်ခဲ့သည့်အရာသည့်အတွက် သူမဂုဏ်ယူမိခဲ့သည်။


သို့သော် တချိန်ထဲမှာလည်း သူမ၏နှလုံးသားထဲတွင် ဓားတစ်ချောင်းထိုးစိုက်ထားသကဲ့သို့ နာကျင်မှုအားခံစားနေရလေသည်။


ကားမတော်တဆမှုပြီးကတည်းက ဝမ်ရိရန်သည် သူမနှင့် နောက်တစ်ကြိမ်နှီး‌နှောမှုမရှိသလောက်ရှားပါးခဲ့ပြီး သူကကွန်ဒုံးအား အကြိမ်တိုင်း၀တ်ဆင်ခဲ့သည်။


သူက ချီကျန်းကျန်းအား အမှန်တကယ်ပင်ချစ်မိသွားခဲ့ရာ သူ့ကိုယ်သူနားလည်သွားသည့်အချိန်ထိ သူမစောင့်ခဲ့မည်ဆိုလျှင် သူမဝမ်မိသားစုထဲကို လက်ထပ်ပြီးဝင်နိုင်ပါတော့မလား


ယနေ့ညဟာ အခွင့်အရေးပင်ဖြစ်သည်


အန်းချင်ယုမျက်လုံးများအားပိတ်ချလိုက်ပြီး သူမလက်တွေကို သူ့ကိုယ်ပေါ်သို့တင်ထားလိုက်သည်။


ဝမ်ရိရန်မှာ ပျော်ရွှင်မှုကြောင့် မြူးကြွနေခဲ့ပြီး သူ့အသံမှာ ရီဝေဝေနှင့် ဩရှနေကာ:  " ကျန်းကျန်း…. "


xxxxxx