Part 100
ချီကျန်းကျန်းနိုးလာသည့်အချိန်၌ သူမအနည်းငယ်အဆင်မပြေဖြစ်နေသေးသည်။ သူမ၏ခေါင်းမှာပေါက်ကွဲထွက်တော့မလိုဖြစ်နေပြီး ဤသည်မှာ အတော်လေးသက်တောင့်သက်သာမဖြစ်နေပေ။
ဒါကအရက်နာကျတာ၏ ဘေးထွက်ဆိုးကျိုးတွေများလား
ပုံစံကြည့်ရတာ ဒီကိုယ်ထဲသို့ ကူးပြောင်းလာမှုကလည်း သူမအားပိုတော်သည့်အရက်သမားဖြစ်အောင် လုပ်ပေးနိုင်ပုံမရချေ။ ချီကျန်းကျန်းသက်ပြင်းတစ်ချက်မှုတ်ထုတ်ခဲ့တော့သည်။
သူမအိပ်ရာပေါ်တွင်အပြားလိုက်လှဲချနေပြီး သူမမျက်လုံးများအားဖွင့်ကာ အပြည့်အဝအနားယူနေတော့သည်။
ခဏကြာပြီးနောက် သူမလက်အားထုတ်ကာ မျက်လုံးများကိုပွတ်လိုက်လေသည်။ ထို့နောက်တွင်မှ သူမယမန်နေ့ညကဝတ်ဆင်ထားသောအင်္ကျီအား တူညီစွာဝတ်ဆင်ထားနေဆဲဖြစ်ကြောင်း သတိပြုမိတော့သည်။
" ဝှစ် " သူမရုတ်တရက်ထထိုင်လိုက်သည်။
ချီကျန်းကျန်း၏မျက်လုံးများပြူးကျယ်လာပြီး သူမမျက်နှာမှာရှော့ရနေဆဲဖြစ်နေခဲ့သည်။
သူမ မနေ့ညကအမူးလွန်နေတာ ဒီကိုဘယ်လိုပြန်ရောက်လာခဲ့လဲ
သူမစိတ်ထဲတွင် ဝမ်ယွီသူမအားသယ်ပိုး၍ နိုက်ကလပ်မှထွက်လာသည်ကိုသာ ယောင်ဝါးဝါးမှတ်မိခဲ့လေသည်။ အဲ့ဒီနောက်တွင် သူမလက်တွေက သူ့လည်ပင်းအားတချိန်လုံးတွယ်ချိတ်ထားပြီး ထွက်သွားခွင့်မပေးခဲ့ပေ။
အဲ့နောက်မှာ ဘာတွေဆက်ဖြစ်သွားတာလဲ
ချီကျန်းကျန်း မည်သည့်အရာကိုမျှမမှတ်မိခဲ့ပေ။ နောက်ပိုင်းတွင် မည်သည်တို့ဆက်ဖြစ်ခဲ့သည်ကို အနည်းငယ်မျှသာမှတ်မိခဲ့ပြီး ထိုအရာများက သူမစိတ်ထဲတွင်ယောင်ဝါးဝါးသာပေါ်လာခဲ့လေသည်။
တခြားအရာများကိုတော့ သူမပြန်ခေါ်၍မရနိုင်ချေ။
ပြီးသွားပြီ။ သူမမနေ့ညက တစ်ခုခုဆိုးတာများလုပ်ခဲ့တာလား။ သူမဝမ်ယွီကိုဘာတွေပြောခဲ့သေးလဲ။
ချီကျန်းကျန်းသူမလက်ကိုမြှောက်ကာ ခေါင်းကိုရိုက်ချလိုက်တော့သည်။ သူမမျက်နှာပေါ်တွင်တော့ နောင်တရခြင်းများပြည့်နှက်နေလေ၏။
သူမခေါင်းအားနှိမ့်ပြီး နမ်းရှုံ့ကြည့်လိုက်ရာ အရက်နံ့များမွန်ထူနေတော့သည်။ သူမထလိုက်ပြီး ရေချိုးခန်းသို့ပြေးကာ ထိုနံ့စော်နေသောအဝတ်များအား ချွတ်ပစ်လိုက်ပြီး ရေမိုးချိုး ခေါင်းလျှော်ခဲ့ရတော့သည်။
သူမထွက်လာပြီးနောက် ရေချိုးခန်းအား မစွန့်ခွာနိုင်ပဲ သူမအမူအယာမှာ အတော်လေးဖရိုဖရဲဖြစ်နေခဲ့သည်။
" ကျန်းကျန်း နိုးလာပြီလား အောက်ကိုဆင်းပြီး တစ်ခုခုလာစားချည် " တံခါးရှေ့တွင်တော့ အန်တီဝမ်၏အသံထွက်လာလေသည်။
ချီကျန်းကျန်း အချိန်ကိုကြည့်လိုက်ရာ နေ့လည်စာစားချိန်ရောက်နေသည်ကို မြင်လိုက်ရသည်။
"ကောင်းပါပြီ " သူမဖြေခဲ့၏။
သူမအခန်းပြင်ဘက်အား အချိန်ဆွဲပြီး သတိတကြီးနှင့်ခြေဖျားထောက်ကာ ဖြည်းဖြည်းချင်းထွက်လာခဲ့သည်။
သူမစာကြည့်ခန်းဘက်အားတစ်ချက်လေ့လာလိုက်သောအခါ မည်သူမှရှိမနေပေ။
ထို့နောက် သူမမျက်လုံးကို လှေကားအောက်သို့ ဝေ့ဝဲလိုက် သော်လည်း မည်မျှမှရှာမတွေ့ခဲ့။
ဝမ်ယွီအလုပ်သွားနေတာလား
ချီကျန်းကျန်းသက်ပြင်းတချက်ချလိုက်ပြီး ခါးကိုမတ်ကာ အောက်ထပ်သို့ဆင်းလာခဲ့တော့သည်။ သူမမနက်စာမစားခဲ့ရသဖြင့် အတော်လေးဆာလောင်နေပြီဖြစ်သည်။
" တာ့ တ့ာ တာ့ " သူမအိမ်တွင်းဖိနပ်ပါးအား ရှပ်တိုက်၍ ထမင်းစားခန်းဆီသို့ အမြန်လျောက်လာခဲ့လေသည်။
ထို့နောက် သူမရပ်တန့်သွားပြီး မျက်နှာပေါ်ရှိအမူအယာမှတောင့်ခဲသွားတော့သည်။
စားပွဲပေါ်မှာထိုင်နေတဲ့လူက သေချာပေါက်ဝမ်ယွီပဲ
သူအခုထိအလုပ်မသွားရသေးဘူး
" နိုးပြီလား " ဝမ်ယွီငြင်ငြင်သာသာပြောလိုက်သည်။ သူ့ လက်ထဲ၌ကိုင်ထားခဲ့သော စီးပွားရေးသတင်းစာအား ဖြည်းဖြည်းချလိုက်လေသည်။
ချီကျန်းကျန်း: " အာ ကျွန်မနိုးပါပြီ "
" အဲ့ဒါဆိုစားကြတာပေါ့ ပြုတ်ထားတဲ့ဆေးရည်ကိုအရင်သောက်လိုက် အဲ့ဒါကအရက်နာကျတာအတွက်ကောင်းတယ် မင်းခေါင်းရောကိုက်နေလား " ဝမ်ယွီပြောလိုက်ပြီး တချိန်ထဲမှာပင် အန်တီဝမ်ဆီမှ တရုတ်ဆေးခွက်အား လှမ်းယူခဲ့သည်။
" ဟမ် " ချီကျန်းကျန်း ခဏမျှကြောင်အသွားပြီးခေါင်းငြိမ့်မိသွားသည်။ ထို့နောက်မှ သူမခေါင်းအား ရုတ်တရက်ခါရမ်းလိုက်တော့သည်။
အစပိုင်းမှာတော့ သူမခေါင်းကိုက်နေခဲ့၏။ သို့သော် ဝမ်ယွီအားမြင်လိုက်ပြီးနောက် သူမအရမ်းရှက်နေပြီး ခေါင်းတစ်ခုလုံးထုံသွားသောကြောင့် ခေါင်းကိုက်နေသည်အားမခံစားနိုင်တော့ပေ။
" ကောင်းပြီ ကျန်းကျန်း အမြန်ထိုင်ချပြီးသောက်လိုက် မင်းနောက်ကျရင် အဲ့လောက်မသောက်သင့်တော့ဘူး မင်းမနက်စာတောင်မစားနိုင်တာတွေ့ပြီမလား အဲ့ဒါက မင်းရဲ့ခန္ဓာကိုယ်အတွက် အရမ်းကိုဘေးဖြစ်စေလိမ့်မယ် " အန်တီဝမ်သူမလက်များကိုသုတ်နေရင်းနှင့် ပြောလိုက်သည် " ကျွန်မအရင်ပြန်နှင့်မယ် သခင်လေးဝမ် ကျန်းကျန်း မင်းတို့မြန်မြန်စားလိုက်ကြနော် "
" အင်း " ဝမ်ယွီခေါင်းငြိမ့်ခဲ့၏။ ထို့နောက်အန်တီဝမ်အလျင်အမြန်ထွက်ခွာသွားလေသည်။
စားဖိုမှုးလဲထွက်သွားပြီးသည့်နောက် အခန်းထဲ၌ ချီကျန်းကျန်းနှင့်ဝမ်ယွီသာကျန်ခဲ့လေသည်။
သူမအရှေ့ကိုတိုးပြီး ဝမ်ယွီ့လက်မှတရုတ်ဆေးအား ဂရုစိုက်ယူကာ အနံ့ခံကြည့်ပြီးနောက် သူမမျက်ခုံးများချက်ချင်းဆိုသလိုတွန့်ချိုးသွားတော့သည်။
" ဆေးကောင်းတွေကခါးတယ် မင်းနောက်ကျဆေးမသောက်ချင်ရင် အရက်လဲမသောက်နဲ့ " ဝမ်ယွီနူးနူးညံ့ညံ့ပြောလာလေသည်။
မနေ့ညကသူမမူးနေသည့်အခြေအနေအား ပြန်တွေးကြည့်သည့်အခါ ဝမ်ယွီမှာတွန့်ဆုတ်နေပဲပင်ဖြစ်သည်။ သူမ၏ကျန်းမာရေးနှင့်နှိုင်းယှဉ်ကာ သူအနာဂတ်တွင် ထိုကဲ့သို့သူမ၏အမူးလွန်နေသောအခြေအနေအား မမြင်တွေ့လိုချေ။
" အိုး " ချီကျန်းကျန်းပြန်ဖြေလိုက်ပြီး သူမမျက်လုံးမှိတ်ကာ နှာခေါင်းပိတ်ပြီး တကျိုက်ထဲမော့ချလိုက်တော့သည်။
" ဟမ့် " ဆေးသောက်ပြီးသည့်နောက်တွင် သူမမျက်နှာတစ်ခုလုံးအရေးအကြောင်းများပေါ်လာသည်မှာ ပေါင်းထားသည့်ဘန်းမုန့်နှင့်ပင်တူနေတော့သည်။
ဝမ်ယွီသူမအားရေတစ်ခွက်လှမ်းပေးလာသဖြင့် အမြန်ယူလိုက်ကာ ဆေးအရသာကြီးအားရေအနည်းငယ်သောက်ပြီး ဆေးချခဲ့ရသည်။
" ဟူးးးး " ချီကျန်းကျန်းသက်ပြင်းရှည်တစ်ချက်ချပြီးနောက် ထိုင်လိုက်ကာ သူတို့နှစ်ယောက်စတင်စားလိုက်တော့သည်။
ထမင်းစားစားပွဲတွင်တော့ အတော်လေးတိတ်ဆိတ်နေပြီး သူမလည်းခေါင်းကိုငုံကာသာစားနေလေ၏။
ခဏကြာပြီးနောက် ချီကျန်းကျန်းမထိန်းနိုင်တော့ပဲမေးလိုက်လေသည်
" ကျ ကျွန်မ မနေ့ညတုန်းက တခုခုဆိုးတာပြောခဲ့သေးလား ကျွန်မသတိလစ်သွားပြီး ဘာဖြစ်လဲဆိုတာ ဘာမှမမှတ်မိတော့ဘူး "
ထိုစကားကြားပြီးနောက် ဝမ်ယွီသူမအားကြည့်လာခဲ့သည်။ သူ့မျက်နှာမှာတည်ငြိမ်နေဆဲဖြစ်သော်လည်း စိတ်ထဲတွင်တော့ အတော်လေးစိတ်သက်သာရာရသွားခဲ့သည်။
သူသည်လည်း ကိုယ့်ကိုကိုယ်ထိန်းသိမ်းနိုင်စွမ်းပျောက်ဆုံးသွားပြီး မနေ့ညကသူအတော်ရိုင်းစိုင်းမိခဲ့လေသည်။ ကံကောင်းစွာနှင့် သူမ မမှတ်မိခဲ့ပေ။
သို့သော် မသိစိတ်တွင်တော့ သူအနည်းငယ်စိတ်ပျက်မိသွားသည်။
" မင်းဘာမှမပြောခဲ့ပါဘူး " ဝမ်ယွီကပြောခဲ့သည်။
ချီကျန်းကျန်းသက်ပြင်းချလိုက်မိသော်လည်း လမ်းတဝက်တွင် ဝမ်ယွီကထပ်ပြောလာခဲ့သည်
" မင်းကိုယ့်လည်ပင်းကိုဖက်ထားပြီးတော့ သွားခွင့်မပေးခဲ့ဘူးလေ မင်းကိုအိပ်ရာပေါ်တင်ပေးတုန်းက ပြသနာအတော်ရှာခဲ့တယ် "
သူ သူမအားအတည်ပေါက်ဖြင့်ကြည့်လာပြီး သူ့မျက်လုံးများမှာရယ်ချင်စိတ်ဖြင့်ပြည့်နေလေသည်။
ချီကျန်းကျန်း: " ? " သောက်ချီးပဲ
သက်ပြင်းချနေသည်မှာ ရပ်တန့်သွားပြီး သူမမျက်နှာနီမြန်းလာတော့သည်။
သူမအလျင်အမြန် သူမ၏ခေါင်းအား ပန်းကန်လုံးထဲသို့ဝင်ခါနီးအထိကပ်အောင်နှိမ့်ချလိုက်ပြီး စကားလုံးများထစ်လုမတတ်ပြောလာခဲ့သည် " အဲ့ အဲ့ဒါက ကျ ကျွန်မ "
သူမ၏နားရွက်ထောင့်လေးများမှာနီမြန်းနေပြီး ဝမ်ယွီအား သူမ၏နဖူးနှင့်နားရွက်နီနီလေးများကိုသာပြသထားခဲ့သည်။ သူမမျက်နှာတစ်ခုလုံးအလွန်နီမြန်းနေသည်အားသိရန် ကြည့်ဖို့ပင်မလိုအပ်တော့ပေ။ ထိုအခိုက်အတန့်တွင် သူမဘာမှမပြောနိုင်တော့ပဲ ထစ်ငေါ့နေတော့သည်။
ဝမ်ယွီ၏မျက်လုံးများတွင်ရယ်ချင်စိတ်များပြည့်နှက်နေပြီး သူ့အသံမှာရယ်သံပေါက်နေတော့သည်။ သူမတတ်နိုင်ပဲ သူမအားထပ်စလိုက်ကာ
" မင်း ကိုယ့်လွတ်လပ်ခွင့်တွေကိုယူသွားတာပဲ ချီကျန်းကျန်း မင်းကိုယ့်ကိုတာဝန်ယူမှာလား "
" ဖူးးး အဟွတ် အဟွတ် " ချီကျန်းကျန်း ထမင်းနင်သွားတော့သည်။
သူမချောင်းဆိုးနေသည်မှာ အလွန်ပြင်းထန်သွားပြီး ထမင်းနှစ်စေ့ခန့်လွင့်ထွက်လာခဲ့သည်။
xxxxxx