Part 101
ဝမ်ယွီသူမအနားသို့အလျှင်အမြန်ပြေးသွားလိုက်ပြီး လက်ကိုဆန့်ကာ သူမကျောကုန်းအားအသာလေးပုတ်ပေးလိုက်တော့သည်။ သူမကိုရေတစ်ခွက်ကမ်းပေးလိုက်ပြီး စိုးရိမ်နေသောအသံဖြင့် " မြန်မြန်ရေသောက်လိုက် မင်းဘာလို့သီးသွားတာလဲ ဂရုစိုက်မှပေါ့ "
ချီကျန်းကျန်း ပါးစပ်အပြည့်ရေနှစ်ငုံခန့်သောက်လိုက်လေသည်။
သူမမျက်နှာနီနေပြီး ဦးနှောက်ထဲတွင်ဗလာဖြစ်နေလေ၏။ သူမဝမ်ယွီ၏စကားကြောင့်ကော သူမယခုပြုမူလိုက်မိသောအပြုအမူကြောင့်ပါ အလွန်ရှက်နေမိတော့သည်။
အားးးး
သူမဘယ်လိုတောင် ထမင်းတွေထွေးထုတ်မိသွားတာလား ဒါကြီးကရှက်ဖို့ကောင်းလွန်းတယ်
ပြီးတော့ သူမမနေ့ညကလဲ အဲ့လိုမျိုးတွေလုပ်ခဲ့တာလား
သောက်ကျိုးနည်းးး သူမတော့သွားပြီ
ချီကျန်းကျန်းရှက်ကိုးရှက်ကန်းဖြင့် ဝမ်ယွီအားကြည့်ကာ အသံနိမ့်နိမ့်ဖြင့်ပြောလာလေသည် " ဒါ ဒါက ကျွန်မတောင်းပန်ပါတယ် အာ ကျ ကျွန်မမနေ့ညက အတော်လေးဗရုတ်သုတ်ခဖြစ်သွားတယ် "
တာဝန်ယူမှုနှင့်ပတ်သက်ပြီး
အာ သူမဘယ်လိုလုပ်တာဝန်ယူလို့ရမှာလဲ
သူမယုံသွားသည်ကိုကြည့်ပြီး ဝမ်ယွီနှုတ်ခမ်းများကွေးတက်သွားတာ သူ့ခံစားချက်များအလွန်ကောင်းနေတော့သည်။
သူ့လက်ကိုမြှောက်ကာ ချီကျန်းကျန်းမျက်နှာအားထိလိုက်လေသည်။
ချီကျန်းကျန်း: "!!!!!!! " သူမနေရာမှာပင်တောင့်ခဲကာ အမူအရာကင်းမဲနေတော့သည်။
ဝမ်ယွီသူမမျက်နှာအားထိကာ သူ့လက်ချောင်းများဖြင့် ကပ်နေသည့်ထမင်းစေ့အားဖယ်ပေးလိုက်ပြီး သူ့၏မျက်လုံးများမှာ လေးလေးနက်နက်ပြုံးနေခဲ့သည်။
ချီကျန်းကျန်: ".... " သောက်ကျိုးနည်း သူမတော့ရှက်လို့သေမှာပဲ
သူမ၏မျက်နှာမှာ ဝက်အသည်းကဲ့သို့နီမြန်းလာသောကြောင့်
ဝမ်ယွီ အသံနိမ့်နိမ့်ဖြင့်ရီမောခဲ့လေတော့သည်။
နေ့လည်စာစားပြီးနောက်တွင် ဝမ်ယွီအလုပ်သို့သွားေလသည်။
ကျန်ရစ်ခဲ့သော အရှက်သည်းနေသည့်ချီကျန်းကျန်းမှာ အိမ်၌သာနေခဲ့လိုက်၏။ ဆေးတစ်ပန်းကန်မှာ အလုပ်ဖြစ်ခဲ့ပြီး အရက်နာကျမှုကြောင့် သူမ မသက်မသာဖြစ်နေသည်များ အလုံးစုံပျောက်ကွယ်သွားတော့သည်။ သို့သော်လည်း သူမ လျို့ကျူးအားဆက်လက်ဖက်ထားကာ ငိုကြွေးခဲ့လေသည်။
လျို့ကျူး၏ခေါင်းမှာ အတော်လေးကြီးလာခဲ့သော်လည်း သူမဖက်လို့ရသည်အထိတော့ကြီးထွားမလာခဲ့ပေ။
လျို့ကျူးအားဖက်ကာ သူမဆိုဖာပေါ်တွင်လှိမ့်နေခဲ့ပြီး သူမအသံမှာနာကြည်းနေသည့်ပုံပင်။
" အားးး လျို့ကျုးး ဒါကတကယ့်ကိုအရက်ကြောင့်ဖြစ်လာတဲ့သတ္တိပဲ မင်းရဲ့အမေမူးလာတဲ့အချိန်ဘယ်လိုတောင် ဒီလိုတွေလုပ်ခဲ့မိတာလဲ ဘယ်လိုတောင် မင်းအဖေကိုအခွင့်အရေးယူရဲခဲ့တာလဲ "
" ငါမင်းအဖေနဲ့ မနေ့ညကဘာတွေလုပ်ခဲ့မိတာလဲ "
လျို့ကျူးမှာ ဝေခွဲမရဖြစ်နေကာ ချီကျန်းကျန်းသူနှင့်အတူ ဆော့နေသည်ဟုထင်မိသောကြောင့် သူ၏အမြီးအားပျော်ရွှင်စွာဝှေ့ယမ်းလိုက်ပြီ " ဝုဖ် ဝုဖ် "
ထို့နောက် ချီကျန်းကျန်းဆက်ပြောလာသည်။
" သူပြောတာတော့ ငါသူ့ကိုအခွင့်အရေးအများကြီးယူခဲ့တယ်တဲ့ ဒါမဲ့ငါသောက်ကျိုးနည်းကိုမမှတ်မိဘူး "
အဲ့ဒါက အနမ်းတစ်ခုလား ဒါမှမဟုတ် သူတို့တစ်ယောက်နဲ့တစ်ယောက်ထိတွေ့ခဲ့တာများလား
ဒါကြီးက ဆုံးရှုံးမှုပဲ
အိုး ကောင်းပြီလေ သူမမူးနေတုန်း ဝမ်ယွီ့ကိုအခွင့်အရေးယူခဲ့မိတာ သူမရဲ့ပထမဆုံးအပြုအမူကရှက်သွားရမှာ ပြီးတော့ သူမဒုတိယပြုမူရမှာက သူမဘာလို့မမှတ်မိနိုင်ရတာလဲ
ဆုံးရှုံးတာပဲ တကယ်ဆုံးရှုံးတာ
သူမ မမျှော်လင့်ပဲ အခွင့်အရေးယူခဲ့ပြီး မေ့သွားခဲ့တာ
ဝူး ဝူး ဝူး
သူမပြန်စဉ်းစားဖို့ ကြိုးပမ်းခဲ့ပေမယ့် ဘာလို့ မမှတ်မိနိုင်ရတာလဲ အားးးးး
သူမလက်ထဲတွင် လျို့ကျုးအားပိုက်ထားပြီး ပတ်ပြေးနေခဲ့သည်။ သူခေါင်းအားဆိုဖာနှင့်တိုက်နေကာ သူမအလွန်စိတ်တိုနေခဲ့သည်။
ထိုအချိန်၌ ဖုန်းမြည်လာ၏။
ချီကျန်းကျန်းဖုန်းကိုင်လိုက်ပြီး သူမအသံမှာအားနည်းနေကာ " ဟေးး "
" ချီကျန်းကျန်း နင့်အသံကဘာလို့အဲ့လိုဖြစ်နေတာလဲ အရက်နာကျနေသေးတာလား " ဝမ်စီစီ၏အသံထွက်ပေါ်လာသည်။
" ငါမမူးတော့ပါဘူး " ချီကျန်းကျန်း နှာခေါင်းရှုံ့လိုက်သည်။
" အဲ့ဒါဆို နင်ဘာဖြစ်နေတာလဲ နင်ကသောက်နိုင်တယ်မဟုတ်ဘူးလား ဘယ်လိုဖြစ်ပြီး တစ်ပုလင်းထဲနဲ့မူးသွားတာလဲ အန်းချင်ယုလိုလူတောင် ခုနစ်ပုလင်းသောက်ပြီး ဆေးရုံသွားနိုင်ခဲ့သေးတာ မမူးတော့အောင် အန်ထုတ်ပစ်ပြီး အကိုရိရန်ကိုဂရုစိုက်ခဲ့သေးတယ် " ဝမ်စီစီ သူမလျာအားနှစ်ကြိမ်တိုင်တိုင်ကျစ်ခဲ့ပြီး သူမ၏အသံမှာ ရွံလျာမှုများဖြင့်ပြည့်နှက်နေခဲ့သည်။
" အိုး ဖြစ်နိုင်တာက ငါမသောက်တာကြာလို့ထင်တယ် " သူမပြောပြီးနောက် ရုတ်တရက်ထရပ်လိုက်တာ သူမအသံကိုမြှင့်လိုက်ပြီး " ဝမ်ရိရန်နဲ့အန်းချင်ယုကဆေးရုံသွားခဲ့ရတာလား "
" အာ ဟုတ်တယ် နင်ကဘာလို့ အကိုရိရန် ဒါမှမဟုတ် နင့်ဝမ်းကွဲကိုစိတ်ပူနေရတာလဲ " ဝမ်စီစီရှုပ်ထွေးသွားခဲ့သည်။
" ဟားဟားဟားဟား " သူမအကျယ်ကြီးထရီလိုက်ကာ ထိုစကားလုံးများဖြင့် နိဂုံးချုပ်လိုက်သည် " သူတို့နဲ့တန်တယ် "
ဝမ်စီစီ: " … " နင်ပျော်နေသရွေ့
သူမရပ်လိုက်ပြီး ထပ်ပြောခဲ့သည် " ညဘက်ဆေးရုံမှာ အကိုရိရန်ကိုစောင့်ပေးခဲ့ပြီး အန်းချင်ယုက ဒီတခါတော့ တကယ်အကျိုးအမြတ်ရသွားတာ၊ အန်ပြီးသွားတာတောင် အကိုရိရန်ကိုစောင့်ပေးခဲ့တော့ ငါ့ဦးလေးနဲ့အဒေါ်က သူ့အပေါ်အကောင်းမြင်သွားတယ်လေ "
ဝမ်ကျင်စန်းနှင့်ရှုဝေတို့က သူတို့သားလက်ထပ်မဲ့ချွေးမလောင်းကို သူတို့မိသားစုနဲ့ကိုက်ညီနိုင်ဖို့ အမြဲမျှော်လင့်ခဲ့တယ် ။ အန်းချင်ယုရဲ့မိသားစုကတောင် သူတို့မျက်လုံးထဲမှာ ဆိုးနေတုန်းပဲ။
ဒါတွေကြောင့်ပဲ သူတို့က ဝမ်ရိရန် အန်းချင်ယုကိုလက်ထပ်ချင်နေတာကိုဆန့်ကျင်နေခဲ့ကြတာ။
ဒါပေမယ့် ဒီတစ်ကြိမ်မှာ အန်းချင်ယုကဝမ်ရိရန်ကိုဂရုစိုက်ပေးခဲ့တော့ သူတို့နှစ်ယောက်လည်း အန်းချင်ယုအပေါ်ပိုကောင်းတဲ့သဘောထားရှိလာပုံပဲ။ သူတို့က သူမကိုဝမ်မိသားစုထဲကိုလက်ထပ်မလာစေချင်သေးပေမယ့် အရင်ထက်စာရင်တော့ ဒါကတိုးတက်မှုပဲလေ။
" အိုး " ချီကျန်းကျန်းပေါ့ပေါ့ပါးပါးသာ တုံ့ပြန်ခဲ့လေသည်။
" နင်ဘယ်လိုတောင်တည်ငြိမ်နေသေးတာလဲ နောက်ဆုံးတော့ အကိုရိရန်က နင့်အရင်သတို့သား လောင်းပဲလေ နင်အန်းချင်ယုကအကိုရိရန်နဲ့လက်ထပ်ပြီး နောက်ကျရင် နင့်ရှေ့မှာကြွားဝါပြနေမှာ မစိုးရိမ်ဘူးလား " ဝမ်စီစီ အနည်းငယ်အံ့အားသင့်နေခဲ့သည်။
ချီကျန်းကျန်းဂရုမစိုက်စွာနှင့် ပြန်ဖြေလိုက်သည် " စိုးရိမ်တာလား ငါတကယ်ကိုမစိုးရိမ်နေဘူး သူတို့သာလက်ထပ်သွားရင် ငါသူတို့ကိုပျော်ပျော်ကြီး လက်ဆောင်တွေပေးပြီး ဂုဏ်ပြုလိုက်ဦးမှာ "
သူတို့နှစ်ယောက်လို ရွံစရာကောင်းတဲ့ကောင် နဲ့ ခွေးမက သူတို့ဘဝဆုံးသည်အထိအတူတူရှိသွားရင်အကောင်းဆုံးပဲ။
ဝမ်စီစီအနည်းငယ်သီးသွားပြီး သူမပြောချင်ခဲ့တာက အန်းချင်ယုကလည်း နင့်အရင်ကလို ကောင်းတဲ့သူမဟုတ်ဘူးဆိုသည်ကိုပင်။ တကယ်လို့သာ သူမက ဝမ်ရိရန်အားလက်ထပ်ပြီး ချီကျန်းကျန်းကဝမ်မိသားစုနဲ့အဆက်အသွယ်ဖြတ်ထားသည့်ဝမ်ယွီနှင့်အတူဆိုလျှင် သူမက သူ့ခေါင်းပေါ်တက်နင်းနေတာမဟုတ်နေဘူးလား
ချီကျန်းကျန်းမှာ သူမရှေ့တွင် ဝမ်ယွီအားမကောင်းပြောသည်ကို မကြိုက်ကြောင်းတွေးမိပြီးနောက် သူမစကားများကို ပြန်မြိုချခဲ့ရတော့သည်။
ဝမ်ယွီနှင့် မနေ့ညအကြောင်းအား တွေးမိပြီးနောက် သူမ မတတ်နိုင်ပဲထုတ်ပြောလာခဲ့သည် " ပြောမှပဲ ဒါကပထမဆုံးအနေနဲ့ ဝမ်ယွီက အတော်လေးခန့်ညားတယ်လို့ ငါရှာတွေ့သွားတာပဲ သူတကယ်ကြီး ဝမ်ရိရန်မျက်နှာကိုဖြတ်ရိုက်ပြီး မြေကြီးထိရောက်အောင်တက်နင်းခဲ့တာ "
ထိုစကားများအားကြားလိုက်ရပြီး ချီကျန်းကျန်း ကြမ်းကြမ်းတမ်းတမ်းထရပ်လိုက်ပြီး ရုတ်တရက်တက်ကြွလာကာ သူမအသံမှာဂုဏ်နေလေသည် " ဟဟဟ သေချာတာပေါ့ ဝမ်ယွီကသေချာပေါက်ကို ဝမ်ရိရန်ထက်အများကြီးပိုကောင်းတယ် သူတို့ဂိမ်းရှုံးပြီးဆေးရုံရောက်သွားတာက တကယ်ကိုထိုက်တန်တာ "
ဝမ်စီစီ: "..."
ဖုန်းထဲမှမာန်တက်နေသည့်အသံအားကြားပြီးသည့်နောက်တွင် ဝမ်စီစီ သူမ၏သွားများနာလာသလိုခံစားလိုက်ရသည်။
" ကောင်းပြီ ကောင်းပြီ ငါနင့်နဲ့စကားပြောဖို့ကိုတအားပျင်းတယ် " ဝမ်စီစီဖုန်းခေါ်ရသည့်မူလအကြောင်းအရင်းမှာ အန်းချင်ယုမှာ ဝမ်ရိရန်နှင့်လက်ထပ်ပြီး မိသားစုထဲသို့ဝင်နိုင်ခြေရှိသည်အား သတိပေးရန်သာဖြစ်၏။
သို့သော် တစ်ဖက်သားက ဒါကို အလေးအနက်မထားတာကြောင့် သူမလည်း နောက်ထပ်အဓိပ္ပါယ်မရှိသည့်စကားများပြောဖို့ကို ပျင်းလာတော့သည်။
ဖုန်းချလိုက်ပြီးနောက် ချီကျန်းကျန်းသည် လျို့ကျုးနှင့်ဆက်လက်ဆော့ကစားနေခဲ့ပြီး ဝမ်ယွီပြောခဲ့သည့်စကားများအပေါ် ဆက်လက်အော်ဟစ်မြည်တမ်းနေခဲ့လေသည်။
သူမတကယ့်ကိုစိတ်ထဲမရှိခဲ့ပေ။ တကယ်တော့ သူမတကယ့်ကိုအန်းချင်ယုလက်ထပ်ပြီး ဝမ်မိသားစုထဲသို့ဝင်လာမည်အား မျှော်လင့်ခဲ့လေသည်။ မူရင်းဇာတ်ကြောင်းမှာတော့ အဆုံးသတ်မှာ သူမကသူတို့ရဲ့ရတနာများနှင့် ထွက်ပြေးသွားခဲ့သည်။
အဆုံးသတ်မှာ သူမအတွက်အတော်လေးဈေးပေါလွန်းလှ၏။
သို့သော်လည်း နည်းလမ်းမရှိပေ။ မူရင်းဇာတ်ကြောင်းမှာ အန်းချင်ယုက ဝမ်မိသားစုဒေဝါလီမခံသွားခင်အထိ လက်မထပ်နိုင်ခဲ့ချေ။
ဘယ်လိုပဲဖြစ်ဖြစ် သူမ၏လိပ်ပြာတောင်ပံခတ်မှုက အတော်လေးကောင်းနေတာဖြစ်နိုင်ပေမည်။ ဒီကမ္ဘာတွင်တော့ သွေဖီမှုအများကြီးနောက်တွင် နောက်ထပ်အကြီးမားဆုံး သွေဖီမှုကြီးပေါ်လာပေလိမ့်မည်။
အန်းချင်ယုက တကယ်ကြီးကို ဝမ်ရိရန်နှင့်လက်ထပ်တော့မည်ဖြစ်သည်။
xxxxxxxx