Part 102
ကြိုဆိုပွဲပြီးနောက် နှစ်ပတ်မှာ အလွန်အေးချမ်းနေ၏။ ချီကျန်းကျန်းသည် အလုပ်လုပ်ခြင်း စာအုပ်ဖတ်ခြင်းနှင့် စာလေ့လာခြင်းတို့ပြုလုပ်ခဲ့သည်။
ဝမ်ယွီနှင့်ကျန်းယဲ့တို့မှာ ဝမ်မိသားစုအတွက်သူတို့ချထားသည့် ပိုက်ကွန်အား ပြန်သိမ်းနေကြပြီး ချီယန်နှင့် ချီကျိူးချန်တို့ဘက်တွင်လည်း မည့်သည့်အရာမှဖြစ်မလာပဲ ပုံမှန်မကျစွာတိတ်ဆိတ်နေလေသည်။
ဝမ်မိသားစုမှာမူ အောင်မြင်မှုများဖြင့် တောက်ပနေခဲ့သည်။
ထိုအချိန်၌ အန်းချင်ယုသည် ဝမ်ရိရန်ကုမ္ပဏီမှထွက်လာသည်အား တွေ့ခဲ့လေသည်။
အန်းချင်ယုအားမြင်သည်နှင့် ဝမ်ရိရန်မျက်မှောင်ကြုတ်လိုက်မိသည်။ သူမသည် အရင်က သူအမြဲမြင်ချင်ခဲ့သောသူဖြစ်ခဲ့သော်လည်း မည်သည့်အချိန်မှစမှန်းမသိ သူ သူမအား အရမ်းတွေ့ချင်စိတ်ဖြစ်မလာတော့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမက အနည်းငယ်ပြသနာရှာတတ်သူဟုခံစားမိလာရသည်။
အထူးသဖြင့် သူဆေးရုံမှာနိုးထလာသည့်နေ့၌ အန်းချင်ယုသူ၏ဘေးမှာ အိပ်နေသည်အားမြင်ရသောအချိန်တွင် ဝမ်ရိရန်၏မျက်ခုံးများမှာ ခြင်ဖမ်း၍ရနိုင်လောက်အောင် တွန့်ချိုးလာခဲ့သည်။
အဆုံးမှာတော့ သူမဟာ သူအမြဲနှစ်သက်ခဲ့ပြီး စကားချိုချိုပြောခဲ့သောသူသာဖြစ်လေသည်။ သူမ သူ့အားဂရုစိုက်ခဲ့ပြီး သူ့အတွက်ပြင်းပြင်းထန်ထန်အလုပ်ရှုပ်နေသည်ကိုမြင်ရသောအခါ သူအရမ်းခံစားသွားခဲ့ရသည်။
လာမည့်နှစ်ပတ်တာလုံးတွင် ဝမ်ကျင်စန်းနှင့်အတူ သူကုမ္ပဏီ၏ကိစ္စများအား ကိုင်တွယ်နေခဲ့ရသည်။ ဝမ်မိသားစုမှာလောလောလတ်လတ်အောင်မြင်မှုများ ရရှိထားခဲ့ခြင်းကြောင့် သဘာဝကျစွာနှင့် အလုပ်များနေပြီး လူအများနှင့်ပေါင်းသင်းဆက်ဆံရန်လိုအပ်နေခဲ့သည်။
ထပ်ပေါင်းရမည်ဆိုလျှင် သူရည်ရွယ်ချက်ရှိရှိနှင့် အန်းချင်ယုအားသွားမတွေ့ခဲ့ပေ။
သူမသိခဲ့သည်မှာ သူ သူမအားရှောင်လေလေ သူမသွားများကြိတ်ကာစောင့်နေလေလေဖြစ်သည်။
သူမ သူ့အားကုမ္ပဏီတွင်လာရှာရသည်မှာ ရှားပါးလေသည်။ သူကသာ သူမအားသွားတွေ့ခဲ့ခြင်းဖြစ်၏။ ယနေ့သူမအားတွေ့လိုက်ရချိန်တွင် မသိစိတ်ကြောင့် သူ့မျက်ခုံးများ တင်းကြပ်လာခဲ့သည်။
သို့သော် သူ သူ့အပြုံးအားဆက်လက်ဖော်ပြပြီး နူးနူးညံ့ညံ့မေးလာခဲ့သည် " ချင်ယု မင်းဘယ်ဖြစ်ပြီးဒီကိုရောက်နေတာလဲ "
အန်းချင်ယုသူ့အားမြင်သည့်အချိန်၌ သူမမျက်လုံးများနီမြန်းသွားလေသည်။
ဝမ်ရိရန် သူ့ခေါင်းထဲမှအတွေးများအားဘေးသို့ပို့လိုက်ကာ အလျင်အမြန်အရှေ့တိုး၍ စိုးရိမ်တကြီးမေးလာခဲ့သည် " ချင်ယု ဘာဖြစ်တာလဲ တစ်ယောက်ယောက်မင်းကိုအနိုင်ကျင့်ခဲ့လို့လား ဖြေပါဦး "
အန်းချင်ယု၏မျက်လုံးများပိုမိုနီမြန်းလာကာ ရှေ့သိုးတိုး၍သူ့အားဖက်လာခဲ့သည်။
ဝမ်ရိရန်အနည်းငယ်တင်းကြပ်သွားသော်လည်း ခဏအကြာတွင် ဖြေလျော့လိုက်ကာ သူ့လက်ကိုမြောက်၍သူမ၏ကျောအားပုတ်ပေးခဲ့လေသည် " ချင်ယု ဘာမှားနေလို့လဲ ပြောပါဦး "
ရုတ်တရက်အန်းချင်ယုမျက်ရည်များကျလာခဲ့ပြီး သူ့အားကြည့်ရန် သူမ၏ခေါင်းမြင့်လိုက်ကာ " အကိုရိရန် ကျွန်မ ကျွန်မ "
" ဘာဖြစ်တာလဲ " ဝမ်ရိရန်သူမမျက်ရည်များအားသုတ်ပေးနေခဲ့သည်။
အန်းချင်ယုသူမနှုတ်ခမ်းကိုကိုက်လိုက်ပြီး တီးတိုးပြောလာခဲ့သည် " ကျွန်မကိုယ်ဝန်ရှိနေပြီ "
ဝမ်ရိရန်ရုတ်တရတ် အေးခဲသွားပြီးနောက် သူမအား ထိတ်လန့်စွာကြည့်လာကာ သူမမျက်နှာပေါ် ရှိ သူ့လက်များက တင်းကြပ်သွားသည်။
အန်းချင်ယုသူ့လက်မောင်းများကြားမှီချလိုက်ပြီး သူမမျက်လုံးသာလှန်ခဲ့မိတော့သည်။
ဝမ်ရိရန်တကယ့်ကို ပြောင်းလဲသွားခဲ့သည်။ အကယ်၍ သူ ချီကျန်းကျန်း၏သတို့သားလောင်း ဖြစ်နေတုန်းကသာ ဒီလိုသတင်းကို ကြားခဲ့ရင် သူကျိန်းသေပေါက်ကို အခုလို တုံ့ပြန်မှာ မဟုတ်ဘူး။
ထိုအချိန်၌ သူမထုတ်ဖော်ရန်စီစဉ်နေခဲ့သည်။ သူမဝမ်မိသားစု၏ကြိုဆိုမှုဖြင့်သာလက်ထပ်ချင်ခဲ့သည်။ သူမ ဝမ်ရိရန်အား ချီကျန်းကျန်း၏သတို့သားလောင်းဟူသောအမည်အားမသယ်ဆောင်ပဲ ဝမ်မိသားစုထဲသို့ အဆင့်အတန်းမြင့်မြင့်နှင့် လက်ထပ်ချင်သည်။
ထို့ကြောင့် သူမကိုယ်ဝန်သာမရဘူးဆိုလျှင် လက်ထပ်ရန်အတွက်အသုံးချနိုင်မည်မဟုတ်ပေ။
သူမသာ ဝမ်ရိရန်သူမအပေါ်ခံစားချက်များကျန်ရှိနေသည့်အချိန်၌ ဝမ်မိသားစုထဲလက်ထပ်မဝင်ခဲ့ဘူးလျှင် သူမတစ်သက်တာလုံးဘယ်သောအခါမျှဝင်နိုင်တော့မည်မဟုတ်ချေ။
ဝမ်မိသားစုမှာ ချမ်းသာပြီး ဝမ်ရိရန်ကလဲ ကောင်းသည်။ ထို့အတူ သူမသည်လည်း သူအားသဘောကျ၏။ ထိုအခြေအနေများကြောင့် ဒီယောင်္ကျားသည်သာ တစ်ကမ္ဘာလုံးတွင် သူမအတွက်အသင့်တော်ဆုံးလူဖြစ်လေသည်။
သူမမည်သို့အလွတ်ခံနိုင်မည်နည်း
ဝမ်ရိရန်၏နှလုံးသားထဲတွင် ချီကျန်းကျန်းရှိနေသည်အား သူမထပ်၍အရေးမစိုက်တော့ချေ။ ယခုအချိန်တွင် အရေးအကြီးဆုံးမှာ သူမ၏နေရာသာဖြစ်လေသည်။
သူမဝမ်မိသားစုထဲသို့လက်ထပ်ဝင်နိုင်သည့်အချိန်တွင် ချီကျန်းကျန်းသည် ဝမ်မိသားစုမှကန်ထုတ်ခံရမည့် အပိုသတို့သမီးလောင်းသာဖြစ်သွားပေမည်။ ထိုအချိန်၌ သူမ ချီကျန်းကျန်းအားကြိုက်သလိုကိုင်တွယ်နိုင်ပေမည်။
ဝမ်ရိရန်အချိန်တော်အကြာမှသာ အသိစိတ်ဝင်လာခဲ့ပြီး သူမပုခုံးပေါ်လက်တင်ကာ ဆွဲခေါ်လာခဲ့သည်။ သူ့အသံမှာအနည်းငယ်တုန်နေပြီး သူမမျက်လုံးအားကြည့်ကာ " အဲ့ဒါ အဲ့ညကလား "
အန်းချင်ယုမျက်လုံးများနီလာပြီး ခေါင်းငြိမ့်ပြလိုက်သည်။
ဝမ်ရိရန်အသံမှာကြမ်းရှနေပြီး " အဲ့ဒါက နှစ်ပတ်ပဲရှိသေးတာ မင်းကိုယ်ဝန်ရှိနေတာကို ပြောနိုင်မှာမဟုတ်သေးဘူး "
" အဲ့ဒါကနှစ်ပတ်အတွင်းမှာလဲ စစ်လို့ရတယ် ကျွန်မအတည်ပြုပြီးပြီ " အန်းချင်ယုမျက်တောင်ခတ်လိုက်ပြီး မျက်ရည်များကျလာခဲ့သည်။
ဝမ်ရိရန် သူ့ပါးစပ်အားဖွင့်ကာ ပြောလိုက်ချင်မိသည် သူဒီကလေးကိုမလိုချင်ဘူး သူအဆင်သင့်မဖြစ်သေးဘူး ဟူ၍။
အန်းချင်ယုအသံမှာလဲ ကြမ်းရှနေကာ " အကိုရိရန် ကျွန်မကိုယ်ဝန်ဆောင်ဖို့အသင့်မဖြစ်သေးဘူး ကျွန်မကြောက်တယ် ဒါပေမယ့် ဒီကလေးက ကျွန်မတို့ရဲ့သွေးဖြစ်တာကြောင့် ကျွန်မပျော်မိပြန်တယ် "
သူမဉာဏ်ရည်များပျောက်ဆုံးသွားသကဲ့သို့ တချိန်ထဲ၌ ငိုကြွေးပြီးရီမောနေတော့သည်။ သူသာသူမအားလက်လျော့လိုက်လျှင် ဘာလုပ်ရတော့မည်အား မသိတော့သလို သူမလက်များက သူ့အကျီလက်အားဆုပ်ကိုင်ထားခဲ့သည်။
ချင်ယုသည် နုနယ်သည့်အမျိုးသမီးလေးဖြစ်သည်။
ရလဒ်အနေနှင့် ဝမ်ရိရန်သူပြောချင်သည့်အရာမပြောနိုင်တော့ပေ။ သူနေရာမှာတွင်တောင့်ခဲနေကာ မျက်လုံးများကအမူအရာမဲ့လျက် အာရုံမစိုက်နိုင်ဖြစ်နေလေသည်။
သူထိုအချိန်၌မည်ကဲ့သို့ခံစားရသည်ကိုပင် မသိခဲ့ပေ။ ထိုအရာမှာ ပျော်ရွှင်မှုတော့ မဖြစ်နိုင်ချေ။
......
ချီယန် ချီကျိုးချန်အား ကုမ္ပဏီသို့ခေါ်လိုက်သည်။
" အဖေဘာဖြစ်လို့လဲ " သူတံခါးအားတွန်းပြီးဝင်လာလေသည်။
ရုံးခန်းထဲသို့ ဝင်လိုက်သည်နှင့် အထဲတွင် အသက်ရှူကြပ်စေနိုင်သော စူးရှသည့်မီးခိုးနံ့ပြင်းပြင်းကို ရှူရှိုက်မိတော့သည်။
ချီကျိုးချန်ချက်ချင်းမျက်မှောင်ကြုတ်မိသွားပြီး တစ်ချက်ကြည့်လိုက်သောအခါ ချီယန်မှာ စီးကရက်အားမီးညှိရင်း ဖြည်းဖြည်းချင်းသောက်ကာ ထိုင်နေသည်ကိုတွေ့ရလေသည်။
သူသည်ရုံး၌ဆေးလိပ်သောက်လေ့မရှိပါ။ ထို့အပြင် လူမှုရေးကိစ္စများမှလွဲ၍ သူသည်ဆေးလိပ်သောက်ခဲသူဖြစ်၏။
ဒါပေမယ့်ယနေ့မှာတော့ သူရုံးခန်းထဲ၌ထိုင်ပြီး ပြတင်းပေါက်ကနေ ကြည့်ကား ဆေးလိပ်သောက်နေခဲ့သည်။ အနံ့ကိုသိရုံနှင့်ပင် ဆေးလိပ်အတော်သောက်ထားခဲ့ပြီဖြစ်ကြောင်း သိသာထင်ရှားလေသည်။
" အဖေ ဘာလို့ဆေးလိပ်သောက်နေတာလဲ " ချီကျိုးချန်အမြန်သွားကာ သူ့အဖေထံမှဆေးလိပ်အားယူရန်ကြိုးစားခဲ့သည်။
ချီယန်သူ့အားကြည့်လာပြီး ဩရှနေသောအသံဖြင့် " ကျိုးချန် ရောက်လာပြီလား ဒါကိုကြည့်ပါဦး "
သူစကားပြောပြီးနောက် လက်ကိုဆန့်ကာ စားပွဲပေါ်ရှိဓာတ်ပုံနှစ်ပုံအား ဆန့်ကျင်ဘက်သို့တွန်းထုတ်ခဲ့လေသည်။
ချီကျိုးချန်ကြည့်လိုက်ချိန်တွင် ပုံများမှာ သိသာစွာကြည်လင်ပြတ်သားနေခြင်းမရှိချေ။ တစ်ပုံမှာ ယွီတင်း၏ဘေးတံခါးအပြင်ဘက်၌ဖြစ်ပြီး တစ်ပုံမှာ ဝမ်ကျန်းအိမ်ရာ၏အပြင်ဘက်တွင်ဖြစ်သည်။
အဲ့ဒါက တူညီသည့်ကားပင်ဖြစ်သည်။
ပထမပုံအတွင်း၌ ကားပြတင်းပေါက်မှာပွင့်နေသောကြောင့် သေချာကြည့်လိုက်ရာ ခရီးသည်တင်ခုံဘက်၌ - ကျန်းယဲ့?
ချီကျိုးချန်မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။
ချီယန်ပြောလာခဲ့သည် " အဲ့နေ့မင်းပြန်လာတုန်းက ဝမ်ယွီကသေချာပေါက်မရိုးရှင်းဘူးဆိုတာ မင်းယုံတယ်လို့ပြောခဲ့တယ် သူကသေချာပေါက်ကိုဝမ်မိသားစုကိုသိမ်းယူမှာဖြစ်ပြီး ဝမ်မိသားစုကလဲ ဒီရက်ပိုင်းမှာ အတော်လေးကို မူမမှန်နေဘူး "
သူမယုံဘူးဟုမပြောခဲ့သော်လည်း သူ့နှလုံးသားမှာမွန်းကြပ်နေလေ၏။
" ငါအလွတ်စုံထောက်အချို့ရှာပြီးတော့ ဝမ်ယွီကိုစောင့်ကြည့်ခိုင်းခဲ့တယ် ဒါပေမယ့် အတော်လေးသတိကြီးပြီး ဘာမှခြေရာခံလို့မရခဲ့ဘူး လူတစ်ချို့ကိုပဲရှာတွေ့လာခဲ့ရတယ် " ချီယန် သက်ပြင်းရှည်တစ်ချက်ချလိုက်မိသည်။
သူ၏နှလုံးသားမှာ မလွယ်ကူဘူးဟုခံစားနေရလေ သူဝမ်ယွီမှာမရိုးရှင်းသူဟုပို၍ယုံကြည်လာလေဖြစ်သည်။
xxxxxx