အပိုင်း ၁၀၃
Viewers 26k

Part 103


" ငါလူတစ်ယောက်ကိုရှာပြီး ယွီတင်းနဲ့ ဝမ်ကျန်းအိမ်ရာအပြင်ဘက်ကို စောင့်ကြည့်ခိုင်းခဲ့တယ် ဒီလိုပုံတွေမရခင်ကို သူဆယ်ရက်လောက် သေချာစောင့်ကြည့်ခဲ့တာ။ ကျန်းယဲ့ကုမ္ပဏီကနေထွက်လာတုန်း ကားပြတင်းပေါက်ကိုဖွင့်ခဲ့လို့သာ ဒီလိုပုံမျိုးရိုက်လာနိုင်ခဲ့တာ "


ဤသို့ပြောပြီးနောက် ချီယန်၏အသံအနည်းငယ်တုန်ခါလာကာ " ယွီတင်းက လွန်ခဲ့တဲ့နှစ်နှစ်အတွင်းအလျင်အမြန်တိုးတက်လာခဲ့တာ ဒါပေမယ့် သူတို့သူဌေးက ဆက်သွယ်မှုတွေလုပ်ဖို့အတွက်ထွက်လာခဲတယ်။လူတွေအများကြီးက အလုပ်သမားတွေကို သူတို့ရဲ့သူဌေးအကြောင်းမေးမြန်းခဲ့ပေမယ့်လည်း သာမန်ဝန်ထမ်းတွေက သူဌေး‌ကိုမြင်တောင်မမြင်ဖူးခဲ့ကြဘူး ။ အကြီးတန်းဝန်ထမ်းတွေကြတော့လည်း သူတို့ပါးစပ်တွေဘာလို့မဖွာကြလဲဆိုတာ ဘယ်သူမှမသိခဲ့ကြဘူး "


ထိုအရာမှာ ယွီတင်း၏စီမံခန့်ခွဲမှုတင်းကြပ်သည်ဆိုသည်အား သိသိသာသာမြင်နေရခြင်းပင်။ သင် ယုတင်း၏လက်တံများအားမြင်ရပေမည်။


" သူတို့သူဌေးက အရမ်းသတိထားတယ် သူ့မှာ သီးသန့်ဓာတ်လှေကားရှိပြီးတော့ သီးသန့်မြေအောက်ကားလမ်းကြောင်းလဲရှိတယ် သူ့ကားကိုလဲအချိန်တိုင်းပြောင်းနေတာ အလွတ်စုံထောက်တွေက ဒီပုံကိုမရခင်အထိကို သူတို့မစုံစမ်းနိုင်ခဲ့ဘူး "


ချီယန်သက်ပြင်းချလိုက်ပြီး ချီကျိုးချန်အားကြည့်ကာ " ကျိုးချန် သားမှန်းတာမှန်တယ် ဝမ်ယွီကမရိုးရှင်းဘူး သူကယွီတင်းရဲ့အကြီးပိုင်းထဲကဆိုပြီး မင်းမှန်းခဲ့ပေမယ့် အဖေပြောပြရင် သူကသာ ယွီတင်းရဲ့သူဌေးဖြစ်ပြီး ကျန်းယဲ့ကသူ့ရဲ့လက်အောက်ကပဲ "


ချီကျိုးချန် သက်ပြင်းကြီးကြီးတစ်ချက်ချလိုက်ရတော့သည်။


သူအက်ရှသည့်အသံဖြင့် မပြောလာခင်အထိအချိန်အတော်ကြာယူခဲ့ရသည် " သူကအရမ်းငယ်လွန်းတယ် "


" ဟုတ်တယ် သူကအရမ်းငယ်သေးတာ ဒါကအတော်လေးကြောက်စရာကောင်းတယ် " ချီယန်၏အသံမှာ အနည်းငယ်တုန်ယင်နေလေသည်။


ချီကျိုးချန်တစ်ယောက်သာမယုံနိုင်ဖြစ်နေသည့်သူမဟုတ်ချေ။ တခါတရံ၌ သူဆင်ခြင်တုံတရားမရှိချင်ပါ။ သူရလဒ်အား မခန့်မှန်းချင်ခဲ့ပေ။ ထို့အပြင် သူ့ခန့်မှန်းချက်များများဖို့ရန်ပင် ဆုတောင်းခဲ့မိသည်။


" အ အဖေ ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ " ချီကျိုးချန်မတတ်နိုင်တော့ပဲ ဖွင့်လာမေးမြန်းလာခဲ့သည်။


ချီယန်ပြတင်းပေါက်၏အပြင်ဘက်အားကြည့်နေရင်းမှ ကမ္ဘာကြီးအဆုံးသတ်အားရောက်နေသကဲ့သို့ပြောလာလေသည်။


 " ဘာလုပ်ရမှာလဲ မင်းငါ့ကိုသွေးဆောင်ဖို့ကြိုးစားခဲ့တာလေ ငါတို့မှာ တခြားရွေးစရာရှိသေးလို့လား "


စုံစမ်းမှုအားရပ်လိုက်ကာ ပရောဂျက်၌ချီမိသားစုပါဝင်နေမှုအားဖြတ်တောက်လိုက်ပြီး ဒီအချိန်တွင် အရှုံးများအား ကာကွယ်ရပေမည်။ ဤတစ်ခုထဲသာရွေးချယ်ရန်ကျန်ခဲ့လေသည်။


ကျန်းယဲ့နိုင်ငံသို့ပြန်လာပြီးနောက် ဝမ်ယွီ ဝမ်မိသားစုဆီကထွက်လာခဲ့လေသည်။ ဝမ်ယွီမှာ ယွီတင်း၏ပိုင်ရှင်ဖြစ်ပြီး သူ‌သည် ဝမ်မိသားစုအားလက်တုံ့ပြန်ချင်နေခဲ့၏။ ဝမ်မိသားစု၏ပုံမှန်မကျသော အပြောင်းအလဲများ ထို‌ပရောဂျက်၏ချောမွေ့နေမှုနှင့် ကျယ်ပြန့်မှုများ စသည်ဖြင့်…


အစက်များအား ချိတ်ဆက်မိသွားပြီသည်နှင့် သေချာနေသည်မှာ - ဤပရောဂျက်ကသွားပြီဖြစ်သည်။


" အဲ့ဒါဆို ကျွန်တော်တို့ဘယ်လိုပြန်‌ဆုတ်မလဲ ကျွန်တော်တို့ဝမ်မိသားစုကိုလဲ သွားပြောပြလို့်မရဘူး အဲ့ဒါက ဝမ်ယွီကိုခြောက်မိသွားနိုင်ပြီး သူကျွန်‌တော် တို့ကိုအလွတ်ပေးတော့မှာမဟုတ်ဘူး " ချီကျိုးချန်ဖြည်းဖြည်းချင်းပြောနေပြီး သူ့အသံမှာရက်စက်မည့်ပုံပေါက်နေ၏။


ဝမ်မိသားစု၏ရင်းနှီးမြှုပ်နှံမှုသည် ချီမိသားစုထက်ပိုကြီးမားပြီး သူတို့ကူညီနိုင်သည်အား ကျော်လွန်နေ၏။ ချီမိသားစု၏ရင်းနှီးမြှုပ်နှံမှာအား ပြန်ထုတ်ချင်လျှင်ပင် သူတို့လုပ်၍မရနိုင်ပေ။ သူတို့ကိုယ်သူတို့ ဖြည့်ဖို့ပြင်ဆင်ရန်သာ တတ်နိုင်ပေမည်။


ထို့အပြင် သူတို့မှာ ဝမ်မိသားစုအား ထောက်ပံ့ရမည်လား။ ဝမ်မိသားစုမှာ သူတို့အား ဒီနေ့ရက်များတွင် မည်ကဲ့သို့ဆက်ဆံခဲ့သနည်း။ သူတို့မှာ မြင့်မားပြီး အားကြီးခဲ့သည်။ သူတို့သည် ချီမိသားစုအားအတည်ယူမည်မဟုတ်ချေ။ သူတို့ချီမိသားစု၏တံခါးရှေ့ထိတောင်လာပြီး သူတို့၏သမီးအားမသင်ပြခဲ့သည့်အတွက် ဆူပူခဲ့လေသည်။


သူတို့မှာချော‌ချောမွေ့မွေ့ရွက်လွှင့်နေပြီး ချီမိသားစုအား အနာဂတ်၌ကြောက်စရာမလိုဟုထင်နေကာ တက်နင်းခဲ့လေသည်။


" ဝမ်မိသားစုသံသယမဝင်နိုင်မဲ့ အကြောင်းပြချက်တစ်ခုခုရှာထားလိုက် " ချီယန့်အသံမှာအက်ရှနေပြီး ချီကျိုးချန်အားကြည့်မနေခဲ့ချေ။


" ကောင်းပါပြီ " ချီကျိုးချန် ငြင်ငြင်သာသာဖြေဆိုခဲ့သည်။


သူ ထိတ်လန့်ခြင်းရော ထိန်းချုပ်မရနိုင်ခြင်းကိုပါ တပြိုင်နက်ထဲခံစားနေရလေသည်။ ပရောဂျက်မှ နှုတ်ထွက်ရန်  သူ့အဖေသည် ဝမ်ယွီမှာ ယွီတင်း၏ သူဌေးဖြစ်‌နိုင်သောအချက်နှင့် ဤပရောဂျက်မှာအဆုံးသတ်တော့မည်ဟူသော  သတင်းများနှင့် ဖြစ်နိုင်ချေများမှ ဆုံးဖြတ်ခဲ့ရသည်ကို သူသိလေသည်။


ဝမ်ယွီမှာရိုးရှင်းသူမဟုတ်ဟု သူကြိုတွေးထားခဲ့သော်လည်း ဤသတင်းမှာ သူ့အတွက် အပြာရောင်မှ မြှားတစ်ချောင်းနှင့်တူနေသေးလေသည်။

( လုံးဝမမျှော်လင့်ထားသည့် ရုတ်တရက်အဖြစ်အပျက် )


" ဒီနည်းတစ်ခုပဲရှိတယ် ငါတို့ပြန်ရုတ်သိမ်းရလိမ့်မယ် ဝမ် ဝမ်ယွီက မင်းအစ်မအတွက်နဲ့ ငါတို့ကိုခွင့်လွှတ်မှာမဟုတ်ဘူး " ချီယန်ပြတင်းပေါက်အားကြည့်နေရင်း အက်ရှသည့်အသံဖြင့်ပြောလာခဲ့သည်။


သူ့သမီးမှာ ချီမိသားစုထဲတွင်အတုံးအဆုံးဟု သူထင်ခဲ့မိသည်။ သို့သော် အခုကြည့်ရလျှင် ချီကျန်းကျန်းမှလွဲ၍အကုန်လုံးမှာငတုံးများ‌ဖြစ်လေသည်။


သူတို့ယခုမှသာ ဝမ်ယွီမရိုးရှင်းမှန်းရှာတွေ့ခဲ့ကြသည်။


မည်သို့ပင်ဖြစ်စေ ဝမ်ယွီသည်ဝမ်အိမ်တော်၌နေခဲ့ဖူးလေသည် ။ ဝမ်မိသားစုပင်ဘာမှရှာ‌မတွေ့ခဲ့သည်မှာ ဘယ်‌လိုတောင်ကြောက်စရာကောင်းသည့်အရာပင်နည်း။


သူတကယ့်ကို နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားခဲ့သည်။


ထိုအရာမှာ အခြားအရာသာဆိုပါက ချီယန်လက်မလျော့ပဲ ခုခံမည်ဖြစ်သည်။ သို့သော်လည်း ထိုအရာမှာယွီတင်းဖြစ်နေခဲ့၏။


လျိုမိသားစုအားရင်ဆိုင်၍ ရက်အနည်းငယ်အတွင်း ပျောက်ကွယ်လုမတတ်လုပ်ခဲ့သူမှာ ယနေ့အထိပုန်းကွယ်နေသော ယွီတင်း၏သူဌေးသာဖြစ်သည်။


အတိတ်တွင် သူယွီတင်းသူဌေး၏အလုပ်များအား ချီကျိူးချန်အတွက်အများကြီးလေ့လာခဲ့ရပြီး သူအမြဲပင်အံ့ဩကာ မနာလိုခဲ့ရသည်။


သူသည်အလွန်ကြောက်မက်ဖွယ်ကောင်းလေသည်။


ချီကျိုးချန်သူ့အဖေအားကြည့်နေရင်း အတန်ငယ်ဆိတ်ဆိတ်နေမိလေသည်။


အဆုံးတွင် သူသည်ငယ်ရွယ်နေသေးပြီး သူ့အဖေ၏ကုမ္ပဏီသည် သူ့ထံအပြည့်အဝမလွှဲပြောင်းရသေးပေ။ သို့သော် ထိုကုမ္ပဏီအတွက်သူ့အဖေသည် သူ့ဘဝတစ်ခုလုံးလုပ်ခဲ့ရသည်။ ထို့ကြောင့် ရုတ်တရတ်ဤလောက်ဆိုးရွားသည့် ဆုတ်ယုတ်မှုမျိုး ကြုံလာရသည့်အခါတွင် သူ ဘယ်လိုလုပ်ပြီး ခံစားချက်ကောင်းနိုင်မည်နည်း။


ဤအချိန်၌သူ့အဖေသည် သူ့နှလုံးသားက ဖောက်ထွက်လုနီးပါး ဖြစ်သွားသကဲ့သို့ ထိုအရာအား တောင့်မခံနိုင်ဖြစ်နေလေသည်။


" အဖေ ဝမ်းမနည်းပါနဲ့ အစိမ်းရောင်တောင်ကုန်းတွေရှိနေသေးသ၍ ထင်းဆိုတာရှိပါသေးတယ် " ချီကျိုးချန်အသံမှာအက်ရှနေသော်လည်း နူးညံ့နေခဲ့သည်။

 (t/n: အဓိပ္ပါယ် - ဘဝရှိ​ေနေသ၍ မျှော်လင့်ချက်ရှိသေးသည်)


ချီမိသားစု၏ရင်းနှီးမြုပ်နှံမှုသည် အတော်အတန်များသွားခဲ့သည်။ သူတို့၏စီးပွားရေးစာချုပ်မှာ အချိန်အတော်ကြာထဲကချုပ်ဆိုခဲ့တာဖြစ်ပြီး၊ ယခုအချိန်မှ သူတို့စွန့်ခွာသွားမည်ဆိုလျှင် မည်သည့်အရာမှကျန်မည်မဟုတ်ပေ။ ချီမိသားစု၏ကျောရိုးမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရနေခဲ့သည်။ သူတို့နောင်တစ်ချိန်၌ မည့်ကဲ့သို့သောမုန်တိုင်းမျိူးအား ထပ်မံကြုံတွေ့ရမည်အား မသိနိုင်ပေ။ ဤသည်မှာအတော်လေးအန္တရာယ်များလေမည်။


သို့သော် ဘာမှမကျန်တော့သည်ထက်တော့ သာလွန်နေသေး၏။


ချီယန်စကားမပြောခဲ့ပဲ ချီကျိူးချန်အား စိုက်ကြည့်နေခဲ့ပြီးနောက် ခဏအကြာတွင်ပြောလာလေသည် " ကျိူးချန် အဖေကအိုလာပြီ အခုချိန်ကစပြီး ဒီကမ္ဘာကြီးက မင်းတို့လူငယ်တွေအတွက်ဖြစ်လာလိမ့်မယ် မင်းကိုယ်မင်း စောစောထူထောင်ရလိမ့်မယ် "


သူ၏အသံမှာ အသက်ဆယ်နှစ်ခန့်ပိုကြီးသွားသကဲ့သို့ တုန်ခါနေ၏။


ချီကျိုးချန် ပြန်မပြောခင် သူ့ပါးစပ်အား အတန်ကြာဟနေခဲ့မိသည် " ကောင်းပါပြီ "


ချီကျန်းကျန်း၏လိပ်ပြာတောင်ပံခတ်မှုကြောင့် ဤကမ္ဘာကြီးသည် အဆုံး၌ပြောင်းလဲသွားပေမည်။


မူလဇာတ်ကြောင်းတွင် ချီကျိုးချန်မှာအလွန်ရိုင်းစိုင်းခဲ့သည်။ သူသည်ဝမ်ရိရန်အား အမြဲတစေလေးစားနေခဲ့ပြီး ချီကျန်းကျန်းသာ မနိုးထလာခဲ့ဘူးဆိုလျှင် သူသည်လည်းရင့်ကျက်လာမည်မဟုတ်ပေ။


သူဝမ်ယွီမရိုးရှင်းသည်ကို ရှာတွေ့ခဲ့မည်မဟုတ်သလို စုံစမ်း‌စစ်ဆေးရန်ကြိုးပမ်းခဲ့မည်လဲ မဟုတ်ချေ။


သူအရွယ်ရောက်သူလဲမဖြစ်သေးခဲ့ပါ။ သူချီမိသားစု၏ကျဆုံးချိန်နှင့် ဝမ်ယွီ့လက်များအောက်မှ သွေးမုန်တိုင်းအားရင်ဆိုင်ခဲ့ရပြီး သူ့၏စိတ်နေစိတ်ထား ပြိုလဲသွားကာ နောက်ပိုင်းတွင်ဆေးစွဲသွားပြီး ချီမိသားစုဝင်များအား အရူးအမူးနှိပ်စက်ခဲ့လေသည်။


ဤကမ္ဘာတွင်တော့ ကွဲပြားလေသည်။ သူချီကျန်းကျန်းအတွက်နှင့် ဝမ်ရိရန်နှင့်အန်းချင်ယုနှစ်ယောက်လုံးအား ခပ်ခွာခွာနေခဲ့သည်။


ထို့အပြင် ချီကျန်းကျန်းအတွက်ကြောင့် ဝမ်ယွီအားသတိပြုမိခဲ့ပြီး ကြိုတင်သတိရှိခဲ့သည်။ သူပထမဆုံးသတိပြုခဲ့မိပြီး သူ့အားခြေရာခံခဲ့ကာ ချီယန်အားရပ်တန့်ရန်အကြံ‌ပြုနိုင်ခဲ့လေသည်။ သူ၏စိတ်မှာပြင်ဆင်ထားပြီးဖြစ်သောကြောင့် သူခံနိုင်ရည်ရှိနေမည်ဖြစ်သည်။။


ထို့အတူ ချီမိသားစုမှာမပြိုလဲသေးသဖြင့် သူတို့မရေတွက်နိုင်သော အကြွေးများအား ထမ်းပိုးရန်လဲ မလိုသေးပေ။


ယခုအချိန်တွင်မူ သူတို့ဝမ်မိသားစုယုံကြည်နိုင်မည့် ဖြစ်နိုင်ချေတစ်ခုအားဖန်တီးကာ ရင်းနှီးမြုပ်နှံမှုများအား ပြန်ထုတ်မည်ဖြစ်သည်။


အန်းချင်ယု၏ကိုယ်ဝန်ကဲ့သို့


သူတို့အ‌ခွင့်‌အရေးတစ်ခုလိုအပ်ခဲ့သည်။


.....


ထိုအချိန်တွင် ယွီတင်း၌


" အဲ့တော့ ငါတို့နောက်ကိုလိုက်နေတဲ့လူတွေကို ရှာတွေ့ပြီလား " ကျန်းယဲ့မျက်မှောက်ကြုတ်ကာမေးလာသည်။


ဝမ်ယွီပေါ့ပေါ့ပါးပါးပင်ဖြေလာကာ " ချီမိသားစုက "


" ဟမ် ထူးဆန်းစွာနဲ့ သူတို့လား " ကျန်းယဲ့မျက်မှောင်ကြုတ်ကာ ဝမ်ယွီအားထပ်မေးခဲ့သည် " အဲ့ဒါဆို ငါတို့သူတို့ကိုဘာလုပ်ရမလဲ သူတို့ကကိစ္စတွေကိုပျက်ဆီးနေ‌စေနိုင်လား "


xxxxxx