အပိုင်း ၁၀၄
Viewers 26k

Part 104


" အဲ့ဒါက ဆိုးတဲ့အရာမဖြစ်လာနိုင်ဘူး " ဝမ်ယွီမှာတည်တည်ငြိမ်ငြိမ်သာရှိနေသေးသည်။ သူသည် ထိုင်ခုံပေါ်၌ထိုင်နေပြီး သူ့လက်ကဖောင်တိန်အားလှည့်ရင်း " သူတို့ဉာဏ်ကောင်းမယ်ဆိုရင် သူတို့သဘာဝကျကျနဲ့ အဲ့ပရောဂျက်ဆီက ထွက်လာလိမ့်မယ် သူတို့ဆုံးရှူံးမှုတွေကို အချိန်မှီတားလိမ့်မယ် ပြီးတော့ ဝမ်မိသားစုကိုလဲ အသိပေးမှာမဟုတ်ဘူး " 


ဝမ်ယွီ သူတို့ထိုရွေးချယ်မှုမှလွဲပြီး အခြားတစ်ခုအားလုပ်နိုင်မည်လို့ မတွေးခဲ့ဘူး


ချီယန်အတွက်အရေးကြီးဆုံးအရာမှာ အမြတ်အစွန်းသာဖြစ်သည်။ ထို့အတူ သူဘာကိုရွေးချယ်သင့်သည်ဆိုတာကိုလဲ သိလေသည်။


" တကယ်လို့ သူတို့ဝမ်မိသားစုကိုအသိပေးလိုက်ရင်ဘယ်လိုလုပ်မလဲ " ကျန်းယဲ့ရုတ်တရက်မေးလာခဲ့သည်။


ဝမ်ယွီမှာ တည်ငြိမ်နေဆဲဖြစ်ပြီး " သူတို့ဝမ်မိသားစုကို အသိပေး မပေးဆိုတာ အရေးပါလို့လား "


ကျန်းယဲ့ ထိတ်လန့်သွားပြီးနောက် ရယ်ချလိုက်သည်။


ထိုအရာမှာ အရေးမပါတော့ချေ။ လက်ရှိတွင် ဝမ်မိသားစု၏ကျဆုံးခန်းမှာ မလွှဲသာမရှောင်သာဖြစ်နေလေသည်။ အကယ်၍ ချီမိသားစုမှာ ဝမ်မိသားစုနှင့် အတူယှဉ်တွဲနေချင်ပြီး သူတို့အား အသိပေးခဲ့လျှင်ပင် ဝမ်မိသားစုအားကယ်တင်ရန်မှာ မဖြစ်နိုင်ချေ။


" ကျွတ် ကျွတ် သူတို့ ဝမ်မိသားစုကို အသိမပေးဘူးလို့ မျှော်လင့်နေပါသေးတယ် ငါကသူတို့နဲ့တွေ့ရင် ပိုပျော်ချင်သေးတာ။ တကယ်ကို ပျော်စရာကောင်းပြီး ဂုဏ်ယူဖို့ကောင်းတဲ့အမှတ်တရတခုပြီးရင် ဘာမှကျန်တော့မှာမဟုတ်ဘူး ကြည့်ရတာ သူတို့ပြန်လာနိုင်ဖို့ကတော့မဖြစ်နိုင်တော့ဘူး " ကျန်းယဲ့၏မျက်နှာပေါ်၌ အဓိပ္ပါယ်ပါသော အပြုံးတစ်ပွင့်ဖြစ်ပေါ်နေလေသည်။


ဝမ်ယွီစကားပြန်မပြောခဲ့ပဲ စာရွက်စာတမ်းကိုသာကြည့်နေလေသည်။


ခဏကြာစဉ်းစားပြီးနောက် ကျန်းယဲ့သူ့အနားကပ်ကာ အသံနိမ့်နိမ့်ဖြင့်ပြောလာခဲ့သည် " ဟေး ဘော့စ် ချီမိသားစုပေါ်ကို လက်မတင်ဘူးဆိုတာ မရီးကြောင့်လား " 


ဝမ်ယွီလက်မှာရပ်တန့်သွားပြီး ကျန်းယဲ့အားကြည့်လာလေသည်။


ကျန်းယဲ့မှာ အတင်းအဖျင်းပြောနေသည့်ပုံပေါက်နေ၏။


ဝမ်ယွီ၏မျက်နှာမှာ အမူအယာကင်းမဲ့နေပြီး " ငါ ငါ့လက်တွေကို ချီမိသားစုအပေါ်မတင်ခဲ့ဘူး။ သူတို့က နိုးနိုးကြားကြားနဲ့ ကြိုတင်ဆုတ်ခွာသွားခဲ့တာ "


ထို့နောက် သူမည်သည့်အရာကိုမျှမကြည့်တော့ပေ။ သူတမင်တကာပင် သူ့နောက်လိုက်ခွင့်ပြုခဲ့ပြီး သူသည်ယုတင်း၏သူဌေးဖြစ်ကြောင်း ချီယန်အား သတင်းပေါက်ကြားစေခဲ့သည်။


အဆုံးမှာတော့ သူနှင့် ချီမိသားစုသည်ရန်ငြိုးဖွဲ့ခြင်းမရှိနေပေ။ သူနှင့်ချီမိသားစုကြားရှိ တစ်ခုတည်းသော ဆုံမှတ်မှာ ချီကျန်းကျန်းအား ဝမ်ရိရန်၏သတို့သမီးလောင်းအဖြစ်မှ သူ၏သတို့သမီးလောင်းအဖြစ်သို့ပြောင်းရန်သာဖြစ်သည်။


ထိုအရာမှာ အာဃာတဖြစ်မည်လား


ဤသည်မှာသေချာပေါက်ကို ဘက်လိုက်နေခြင်းပင်ဖြစ်သည်။


သို့သော် ချီမိသားစုသည် ချီကျန်းကျန်းအား မပျော်ရွှင်အောင်လုပ်ခဲ့သည့်အတွက် သူသည်သူတို့အား သတိပေးရန်အစပျိုးခြင်း သို့မဟုတ် ကူညီခြင်းများပြုလုပ်မည်မဟုတ်ပေ။


သူသိခဲ့မည်ဆိုလျှင် သူထိုအရာအားလိုက်မည်မဟုတ်ချေ။ အကယ်၍ သူမသိခဲ့ဘူးဆိုပါ သေချာပေါက် သနားညှာတာမှုပြမည်မဟုတ်ပေ။


ချီကျန်းကျန်းသာတောင်းဆိုလာမည်ဆိုလျှင်တော့ ထိုအရာမှာ ဖြစ်နိုင်သေးသည်။


မည်သို့ပင်ဖြစ်စေကာမူ သူကျန်းယဲ့အားထိုစကားများ ပြောပြမည်မဟုတ်ချေ ။ ထိုအရာသည် သူနှင့် ချီကျန်းကျန်း၏ကိစ္စသာဖြစ်သည်။ အပြင်လူများနှင့် သက်ဆိုင်နေသည့်အရာမဟုတ်ပါ။


" အိုကေ အိုကေ အိုကေ မင်းမှန်ပါတယ် " ကျန်းယဲ့ပုခုံးတွန့်လိုက်သည်။


တစ်ခုခုအားတွေးနေရင်းမှ သူမျက်တောင်ထပ်ခတ်လိုက်ကာ မျက်မှောင်ကြုတ်လိုက်သည် " ကျွန်တော်ကြားမိတာက မရီးရဲ့ကွတ်ကီးတွေကအတော်အရသာရှိတယ်တဲ့ ဝမ်ကျန်းအိမ်ရာကိုလိုက်ပြီး အဲ့ဒါတွေမြည်းကြည့်လို့ရလား " 


သူဒီတိုင်း သံမဏိသစ်ပင်ကဲ့သို့ ဝမ်ယွီလိုလူအား ထိန်းသိမ်းနိုင်စွမ်းရှိသူကို သိချင်နေခြင်းပင်။


ထိုအရာမှာ သူဌေး၏ကိုယ်ပိုင်ဘဝအကြောင်းကို ပြောဆိုဆွေးနွေးနိုင်မည့် အကောင်းဆုံးအရာပင်ဖြစ်သည်။


" မဖြစ်နိုင်ဘူး " ဝမ်ယွီမျက်မှောင်ကြုတ်သွားသည်။


" ဟေး ဘော့စ် ဒီလိုတော့လုပ်လို့မရဘူး ။ အဆုံးမှာတော့ အပြင်လူတွေရဲ့မျက်လုံးထဲမှာ ဝမ်ကျန်းအိမ်ရာကမင်းအိမ်က ကျွန်တော့အပိုင်လေ ဟား ဟားဟား " 


ကျန်းယဲ့သည်အရှုံးမပေးပဲ ဆက်လက်တောင်းဆိုနေခဲ့သည်။


ဝမ်ယွီခဏတာတိတ်ဆိတ်နေပြီး အံဆွဲထဲမှဘူးတစ်ဘူးအားထုတ်ယူလာခဲ့သည်။


ဘူးအားမြင်လိုက်သည်နှင့်ကျန်းယဲ့မျက်လုံးများပြူးကျယ်သွားဝော့ာသည်


ထိုအရာမှာ ပက်ပါဝက်ပုံရိုက်နှိပ်ထားသော ပန်းရောင်သံဘူးအသေးလေးဖြစ်သည်။


သူဘူးအားကြည့်လိုက်ပြီးနောက် ဝမ်ယွီအားပြန်ကြည့်လိုက်တော့သည်။ အကြိမ်မည်မျှပင် မြင်တွေ့နေရပါစေ ထိုအရာမှာ ကိုက်ညီသည့်ပုံပေါ်မနေ။ 


သူဌေးမှာ အဲ့လိုဝါသနာမျိုးရှိတာလား


ဝမ်ယွီဘူးအားဖွင့်လိုက်ပြီးနောက် အထဲ၌ရှိနေ‌သည်မှာ သေးငယ်သည့်ကွတ်ကီးလေးများဖြစ်သည်။ ထို့နောက် သူပြောလာခဲ့သည် " စား " စားပြီး ဝမ်ကျန်းအိမ်ရာကိုသွားဖို့ တကျီကျီတကြာကြာ လုပ်နေတာရပ်လိုက်တော့။


ကျန်းယဲ့က မိန်းကလေးများနှင့်စကားပြောဆိုနိုင်ပြီး အလွန်ကောင်းမွန်သည့်ဆက်ဆံရေးရှိသော်လည်း သူ့တွင် ပျက်ချော်ချော်နိုင်သော ပါးစပ်ရှိလေသည်။ သူသည် နေ့တိုင်း ကျန်းယဲ့ ချီကျန်းကျန်းရှေ့တွင် ကြိုးဆွဲချမိသည်အား မလိုခဲ့ပါ။


ကျန်းယဲ့ကြက်သေသေသွားပြီး ကွက်ကီးတစ်ခုယူခဲ့လေသည်။ ထို့နောက် ဝမ်ယွီချက်ချင်းဘူးအားပိတ်ခဲ့လေသည်။


ကျန်းယဲ့ : "...." သူ ဝမ်ယွီ၏ထိုကဲ့သို့ပုံစံအားမြင်ရမည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။


သူ့ပါးစပ်ထဲသို့ကွတ်ကီးလေးအားပစ်ချလိုက်သောအခါ အရသာမှာ ဆီမများနေသလို အချိုလဲ မများပဲ အဆင်ပြေနေခဲ့သည်။


သို့သော် ကျွမ်းကျင်သူများလုပ်သည့်နှင့်ယှဉ်လျှင်တော့ ထိုအရာမှာ ကွာခြားနေသေးသည်။


အရသာသည် အဆင်ပြေနေသော်လည်း တခြားသူများကကောင်းကင်သို့ရောက်သည်အထိ ချီးမွန်းရလောက်မည့်အရသာမဟုတ်ကြောင်းကို ကျန်းယဲ့ သူ၏လျှာမှတစ်ဆင့်ပြောနိုင်လေသည်။


သေသေချာချာစဉ်းစားကြည့်မည်ဆိုလျှင်တော့ ကြည့်ရသည်မှ သူကိုယ်တိုင်မှလွဲ၍ လက်ထောက်ကောင်းသည် ချီကျန်းကျန်း၏ကွတ်ကီးများအထူးအရသာရှိသည်ဟုပြောပြခဲ့သည်။ အကြောင်းအရင်းမှာတော့ အစားရွေးသူဖြစ်သည့် ဝမ်ယွီက အများကြီးစားခြင်းကြောင့်သာဖြစ်ပေမည်။


ထို့အတူ သူတို့ထဲမှ မည်သူကမျှ မမြည်းစမ်းခဲ့ဖူးပေ။


ဒါက..


သူနားလည်လာပုံတော့ရသည်။


ကျန်းယဲ့ ဝမ်ယွီအား ထူးဆန်းသည့်အကြည့်ဖြင့် နောက်တစ်ကြိမ်ထပ်ကြည့်လာခဲ့ပြီး သူ၏ပုံစံမှာ အပြည့်အဝကို ဖော်ပြနေခဲ့သည် ဒီကွတ်ကီးများမှာ အရသာရှိသည်ဟု မထင်ခဲ့မိဘူးဟူ၍။


ဝမ်ယွီ အေးစက်စက်နှင့်ပြောလာခဲ့သည် " မင်းအားနေတာလား "


ကျန်းယဲ့ ချက်ချင်းထခုန်လိုက်ပြီး စကားပြောဖြင့် ထွက်သွားခဲ့သည် " ကျွန်တော် ချီမိသားစုရဲ့ တုံ့ပြန်ပုံကိုသွားကြည့်လိုက်ဦးမယ် "


ဝမ်ယွီအေးစက်စွာ နှာခေါင်းကိုရှူံ့လိုက်ပြီး ကွတ်ကီးဘူးအားထပ်မံဖွင့်ကာ မုန့်တစ်ခုယူ၍ ပါးစပ်ထဲသို့ထည့်လိုက်လေသည်။။


အင်းး ဤသည်မှာအထူးအစားအစာဖြစ်သည်။


ထိုအရာမှာ အရသာရှိသည်။


ကျန်းယဲ့၏အရသာအာရုံများပျောက်ဆုံးနေခြင်းသာဖြစ်ရမည်။


.....


ဝမ်စီစီသည် ချီကျန်းကျန်းအား သတင်းသစ်တစ်ခုပေးလာခဲ့သည်။


" သတင်းကြီးပဲ အန်းချင်ယုက ကိုယ်ဝန်ရှိနေပြီး အကိုရိရန်ကလဲ သူမကိုလက်ထပ်ချင်နေတယ် ငါ့ဦးလေး ငါ့အန်တီ အကိုရိရန်နဲ့ အန်းချင်ယုတို့က အိမ်မှာ  ဆွေးနွေးနေကြတယ် " ဝမ်စီစီ၏အသံမှာ အံ့ဩမှူကြောင့်စူးရှနေလေသည်။


ချီကျန်းကျန်းသည်လည်း အံ့ဩသွားခဲ့သည်။


" သေလိုက်ပါတော့ အန်းချင်ယုက တကယ်ကြီးကို သောက်ကျိုးနည်းကြံစည်ခဲ့တာပဲ၊ အကြီးဆုံးဦးလေးနဲ့အဒေါ်တို့သာ သဘောတူခဲ့ရင် သူတို့အမြန်ဆုံးလက်ထပ်ရလိမ့်မယ်။ သူတို့နောက်ကျ ကလေးရှိလာတဲ့အခါကျရင် အချိန်ကိုက်ဖြစ်တော့မှာမဟုတ်ဘူး။ ဝမ်မိသားစုက သူတို့မျက်နှာတွေကို ကယ်ချင်နေတာ "ဝမ်စီစီ၏အသံမှာ သိသိသာသာပင်မပျော်ရွှင်နေချေ။


" နင် စိတ်မကောင်းဖြစ်နေလား " ချီကျန်းကျန်းအနည်းငယ်‌အံ့အားသင့်သွားခဲ့သည်။


ဝမ်စီစီထရပ်မလိုဖြစ်သွားပြီး သူမ၏အသံအား ရုတ်တရက်မြှင့်လိုက်လေသည် " ငါဘယ်လိုပျော်နိုင်မှာလဲ အန်းချင်ယုက အကြံအစည်ကြီးတဲ့ခွေးမပဲ ငါနင့်ကိုပြောပြမယ် တကယ့်လိုသာ အန်းချင်ယုဝမ်မိသားစုထဲကို လက်ထပ်ဝင်ခဲ့မယ်ဆိုရင် သူမနောက်ကျရင် ဂုဏ်ယူနိုင်တော့မှာမဟုတ်ဘူး "


သူမဝန်မခံချင်သော်လည်း အနာဂတ်တွင် သူမအန်းချင်ယုအား တိုက်ခိုက်နိုင်မည်မဟုတ်ဟု သံသယရှိနေခဲ့သည်။


ချီကျန်းကျန်း၏အသံမှာ ရီသံများဖြင့် ပြည့်နေကာ " ပွင့်ပွင်းလင်းလင်းရှိစမ်းပါ နင့်အဒေါ်ကသဘောတူခဲ့ရင်တောင် သူမအန်းချင်ယုကိုကောင်းကောင်းဆက်ဆံမှာမဟုတ်ဘူးလေ သူမအနာဂတ်မှာ အချိန်ကောင်းရှိမှာမဟုတ်ဘူး "


ရှူဝေသည် သူမ၏ကလေးအားအသုံးပြုကာ အထက်သို့တက်သည့်သူမျိုးဖြစ်၏။ သူမ၏သားအား ထိုကဲ့သို့ဆက်ဆံသည့်သူမျိုးကို သူမမည်သိုသဘောကျနိုင်မည်နည်း။


xxxxxx