Part 105
အကယ်၍ အန်းချင်ယုသူမအလိုရှိသည်အား ရသွားသည်ဆိုလျှင်ပင် သူမအခြေအနေကောင်းရမည်တော့မဟုတ်ချေ။
သေချာတာပေါ့ အရေးအကြီးဆုံးအရာမှာ ဝမ်မိသားစုသည် မီးတွင်းတစ်တွင်းသာဖြစ်ပြီး အနာဂတ်တွင် သူတို့သည်ပို၍ကြီးမြတ်နိုင်မည် မဟုတ်တော့ပေ။
" ငါဒီတိုင်းသူမကိုမကြိုက်တာ၊ အရင်ကတော့ ငါမခံစားမိဘူး နောက်ပိုင်းကျ ငါသူမကိုကြည့်လေ မုန်းလာလေပဲ၊ ငါနှလုံးသားတစ်ခုလုံးနဲ့ကို သူမကိုမုန်းတာ "
ဝမ်စီစီ၏အသံမှာ တိုးနေခဲ့သည်။
ချီကျန်းကျန်း ခဏကြာစဉ်းစားပြီးနောက် ပြောလာခဲ့သည် " နင် ဝမ်ရိရန်ရဲ့မိသားစုအကြောင်းကို ဘယ်လိုသိတာလဲ နင်အခုသူတို့အိမ်မှာ ထပ်နေနေတာလား "
" ငါတစ်ခုခုလာယူဖို့ဖြစ်သွားခဲ့တာ ပြီးတော့ ဝမ်ရိရန်နဲ့အန်းချင်ယုက ဘာတွေဖြစ်ခဲ့လဲဆိုတာကို တစ်ခါပြောပြပြီး ဦးလေးက ငါ့ကိုလွှတ်ပေးလိုက်တာပဲ "
ပြောနေရင်းဖြင့် ဝမ်စီစီအသံမှာ ရုတ်တရက်နိမ့်လာခဲ့သည် " ချီကျန်းကျန်း ငါတစ်ခါတရံတော့ဝန်ခံရလိမ့်မယ် တကယ်တော့ င့ါဦးလေးနဲ့ သူ့မိသားစုက ငါ့အပေါ်အဲ့လောက်စိတ်ရင်းမှန်နဲ့ ဆက်ဆံတာမဟုတ်ဘူး "
" ဟမ် "
" ငါ့ဦးလေးက ငါ့ကိုသူ့သမီးအရင်းလိုချစ်ခဲ့တယ်လို့ ငါအမြဲထင်ခဲ့တာ ပြီးတော့ အကိုရိရန်ကလဲ ငါ့ကိုညီမအရင်းလိုဆက်ဆံခဲ့တယ်။ ဒါပေမယ့် အကြိမ်တော်တော်များများ အကိုရိရန်ကငါ့ကိုအဲ့လောက်ဂရုမစိုက်ဘူးဆိုတာ ရှာတွေ့ခဲ့တယ်။ ပြီးတော့ ဦးလေးငါ့ကိုချစ်တယ်ဆိုတာကလဲ ငါအနာဂတ်မှာလက်ထပ်ပြီး ဝမ်မိသားစုကနေရာကိုအစားထိုးတာလိုချင်လို့ပဲ "
အကယ်၍ သူမနှင့် လျိုယွီရှန်း အစပိုင်းတွင် အခန့်မသင့်မှုမရှိခဲ့ဘူးဆိုလျှင် သူမ မလိုလားခဲ့ရင်တောင် သူတို့စေ့စပ်ပြီးလောက်ပြီဖြစ်သည်။
လျိုယွီရှန်းသာ ချီကျန်းကျန်းအား လမ်းတဝက်၌ မချစ်မိသွားခဲ့ဘူးဆိုလျှင် လျိုမိသားစုမှာ တစ်စုံတစ်ခုဖြစ်ပေါ်ပြီး သူမသည်လည်း အခုချိန်၌ လျိူယွီရှန်းနှင့်အတူချည်ထားခံရမည်ဖြစ်သည်။
" ဒါပေမယ့် သူတို့က ငါ့အပေါ်တကယ်ကောင်း တယ် ငါအရမ်းဒုက္ခဖြစ်တာပဲ " ဝမ်စီစီ၏အသံမှာ ရုန်းကန်းနေရပုံပေါ်နေသည်။
ချီကျန်းကျန်း သူမနှုတ်ခမ်းအားကိုက်လိုက်ပြီး ပြောလာခဲ့သည် " စီစီ နင့်အပေါ်သူတို့ရဲ့အချစ်က အရမ်းများနေတာကို သတိပြုမိတယ်ဆိုရင် နင့်ကိုယ်နင် ဝမ်မိသားစုကနေ လွတ်မြောက်နိုင်ဖို့ကိုကြိုးစားကြည့်သင့်တယ် တကယ့်လို့ သူတို့သာနင့်ကိုကောင်းကောင်းဆက်ဆံတယ်ဆိုရင် နင်သူတို့ကိုပြန်ပေးဖို့ နင့်အနာဂတ်ကိုစတေးစရာမလိုတော့ဘူး "
ဝမ်စီစီမှာ မာနကြီးပြီး ပါးစပ်ကြမ်းသော်ငြား သူမ၏နှလုံးသားမှာမူ မဆိုးလှချေ။
သူမသည်လည် ဝမ်စီစီအား မူရင်းဇာတ်ကြောင်းမှာကဲ့သို့ တူညီသည့်အဆုံးသတ်မျိုး မဖြစ်စေချင်ပါ။ သူမဝမ်မိသားစု၏နေရာအားယူခဲ့ရပြီးတော့ သူမကိုပြင်းထန်စွာရိုက်နှက်တတ်သည့် လူအိုကြီးတစ်ယောက်နှင့်လက်ထပ်ခဲ့ရပြီး ထိုအရာက သူမအားသတ်သေသွားစေခဲ့သည်။
ဝမ်စီစီဘာမှမပြောပဲ တိတ်တဆိတ်သာနေခဲ့လေသည်။
သို့သော် ချီကျန်းကျန်း သူမတွေးနေသည်အား သိနေခဲ့ပြီးနောက် သူမဘာမှဘာထပ်မပြောတော့ချေ။
ဖုန်းချပြနောက် သူမအနည်းငယ် လွမ်းဆွေးနေသည်ဟု ခံစားမိခဲ့သည်။ သို့သော် သူမ အန်းချင်ယုသည် ဝမ်မိသားစုနှင့် လက်ထပ်ရတော့မည်အား တွေးမိသောအချိန်၌ မတတ်နိုင်ပဲ ပျော်ရွှင်လာခဲ့သည်။
သူမအရမ်းကိုပျော်နေမိသည်။
သူမ အန်းချင်ယုအား ပို၍အင်အားကြီးလာစေချင်ပြီး ပို၍မြန်မြန်ဆန်ဆန်ဖြင့် အောင်မြင်စေချင်ခဲ့သည်။
အန်းချင်ယုသည် တကယ့်ကိုအံ့ဩစရာပင်။ တစ်ပတ်ကြာပြီးနောက် ချီကျန်းကျန်းနှင့်ဝမ်ယွီတို့ ဝမ်မိသားစုမှဖိတ်စာအားရရှိခဲ့လေသည်။
ဘာလို့ သူမက သူတို့ကိုဖိတ်စာပေးတာလဲ
ထိုအရာမှာ ဆန်းကြယ်လှသည်။
မင်္ဂလာဆောင်ပွဲကို တစ်လကြာပြီးနောက်ကျင်းပရန် အစီအစဉ်ချထားခဲ့သည်။ အန်းချင်ယု၏ဝမ်းဗိုက် သိသိသာသာ မမြင်ရသည့် အချိန်သည် မင်္ဂလာပွဲအတွက် အချိန်အကိုက်ဆုံးဖြစ်သည်။
" သူတို့တကယ် မင်္ဂလာပွဲလုပ်မှာလား " ချီကျန်းကျန်း သူမခေါင်းကိုဆိုဖာအပြင်ဘက်သို့ထုတ်လိုက်ပြီး လက်များအားဆန့်ကာ " ဖိတ်စာကိုပြပါဦး "
ဝမ်ယွီမှာ ထိုအရာအာား လွှတ်ပစ်ခါနီးဖြစ်နေသည်။ သူမကြည့်ချင်သည်ကိုမြင်ပြီးနောက် သူအနည်းငယ်မျက်မှောက်ကြုတ်လိုက်ပြီး စကားနှစ်လုံးဖြင့် အဆုံးသတ်လိုက်သည် " ကံဆိုးတတ်တယ် "
" ဟေး အဲ့ဒါကကံဆိုးတာမဟုတ်ပါဘူး ကျွန်မတကယ်သူတို့ကို ကောင်းကောင်းဆုတောင်းပေးတာပါ အချိန်ရောက်လာရင် ကျွန်မသူတို့ကို ဆုမွန်ကောင်းတောင်းပေးဖို့သွားဦးမှာ " ချီကျန်းကျန်းအလွန်ပျော်နေသောကြောင့် သူမအကြည့်မှာ ဆွဲဆောင်မှုများပြည့်နေလေသည်။
ဝမ်ယွီ ဤသည်ကိုမြင်ပြီးနောက် သူ့ခေါင်းအားခါကာ ဖိတ်စာကို သူမထံလှမ်းပေးလိုက်တော့သည်။
ချီကျန်းကျန်းကြည့်လိုက်ပြီး ဖိတ်စာမှာ လှပစွာပြုလုပ်ထားကာ အပေါ်တွင် ဓာတ်ပုံပါသည်။ အန်းချင်ယုသည်အဖြူရောင်သတို့သမီးဝတ်စုံကို ဝတ်ဆင်ထားပြီး နူးညံ့စွာပြုံးနေခဲ့သည်။ ဝမ်ရိရန်မှာလည်း ပြုံးနေခဲ့ပြီး သူ့အပြုံးမှာမူ စစ်မှန်နေပုံမရချေ။
သို့သော်လည်း ထိုအရာမှာ အရေးကြီးသည်တော့မဟုတ်။ မည်သို့ပင်ဖြစ်စေ သူတို့လက်ထပ်တော့မည်သာဖြစ်သည်။
သတင်းကောင်းပဲ
" အဲ့ဒါက တစ်လပဲလိုတော့တာ ဝမ်မိသားစုက တော်တော်ဝတ်ကျေတန်းကျေလုပ်ထားတာပဲ သူတို့က စိတ်ရင်းမှန်ရှိပုံမရဘူး "
" အဲ့ဒါက မဆိုးပါဘူး တစ်လဆိုတာ လုံလောက်တဲ့အချိန်ပဲဟာ " ချီကျန်းကျန်းပြန်ဖြေလာခဲ့သည်။
ဝမ်ယွီမှာ အရေးကြီးသည့်ပုံစံဖြင့် ပြောလာခဲ့ပြီး " တကယ်လို့ မင်းတကယ်မျှော်လင့်နေတဲ့ မင်္ဂလာဆောင်ဖြစ်ခဲ့မယ်ဆိုရင် မင်းအချိန်အကြာကြီးထဲကစတင်ပြီး ကြိုပြင်ရလိမ့်မယ် ဝတ်စုံကနေ အခမ်းအနားအစီအစဉ်အထိ နောက်ပြီး ပွဲကျင်းပမဲ့နေရာ ဖိတ်ရမဲ့ဧည့်သည်တွေ အစသဖြင့်ပေါ့ တစ်ယောက်ချင်းစီကို ကြိုပြီးပြင်ဆင်ထားရမှာ "
အဆုံးမှာတော့ သူနိဂုံးချုပ်ခဲ့သည် " တစ်လက မလုံလောက်ဘူး "
ချီကျန်းကျန်း သူ့အား အံ့ဩမှုအပြည့်နှင့် ကြည့်လာခဲ့လေသည် " ရှင်က မင်္ဂလာဆောင်လုပ်ငန်းစဉ်တွေကို ဘယ်လိုတောင်အများကြီးသိနေရတာလဲ "
လက်ထပ်တယ်ဆိုတာက ဒီတိုင်း မင်္ဂလာဓာတ်ပုံရိုက် ပွဲနေရာကြိုတင်ယူ ပြီးတော့ ဖိတ်စာတွေပို့ရတာမဟုတ်ဘူးလား
ဝမ်ယွီခေါင်းငြိမ့်ကာ " အင်း ကိုယ်နည်းနည်းသိတယ် "
ဟန်းနီးမွန်းအကြောင်း။ သားဖွားရန်ဆေးရုံ စတာတွေကိုလည်း သူနည်းနည်းသိသေးသည်။
ခဏကြာမျှစဉ်းစားပြီးနောက် သူထပ်ပေါင်းထည့်ခဲ့သည် " ဒါက ကြီးကျယ်တဲ့အရာပဲ ကိုယ်တစ်ယောက်တည်း မဆုံးဖြတ်နိုင်ဘူး၊ နောက်မှ ကိုယ်တို့အတူတူ ဆွေးနွေးသင့်တယ် "
ချီကျန်းကျန် : "...."
သူမ မော့ကာ ဝမ်ယွီအား ကြည့်လိုက်သည်။ တစ်ဖက်လူမှာလည်း သူ့မကို လေးနက်သော အမူအရာဖြင့် ကြည့်နေခဲ့လေသည်။
သူမမျက်နှာ ဆွစ်ခနဲ နီမြန်းသွားခဲ့၏။
သူ သူမအား ဘာအတွက်ကြောင့် ကြည့်နေတာလဲ။ သူတို့က သူတို့ရဲ့အနာဂတ်လက်ထပ်ပွဲအတွက်ပြောနေမိတာလား
ဒါပေမယ့်သူတို့နှစ်ယောက်၏ ဆက်ဆံရေးကိုပင် အတည်မပြုသေးချေ။ သူတို့ မည်ကဲ့သို့ လက်ထပ်ကြမည်နည်း။
ချီကျန်းကျန်း ပေါက်ကွဲတော့မလိုဖြစ်သွားခဲ့သော်လည်း ခဏအကြာ၌ သက်ပြင်းတစ်ချက်ချကာ သူမခေါင်းအားမှုန်မှိုင်းစွာ ငုံ့ထားလိုက်တော့သည်။
ကောင်းပြီ၊ သူမသည်ဝမ်ယွီအားသဘောကျနေခဲ့မိပြီး သူမ၏ နှလုံးသားထဲတွင်လည်း သူလည်းပဲ သူမကို ချစ်နေစေချင်မိသည်။
သို့သော်လက်တွေ့မှာတော့ သူ့အတွက် သူမ၌ သတို့သမီးလောင်းဟူသော ရာထူးရှိနေပြီးဖြစ်၏။
အာ
သူမ၏ခေါင်းမှာ ပို၍ပင် နိမ့်သွားခဲ့လေသည်။
" ချီကျန်းကျန်း " ဝမ်ယွီ သူမ ခေါင်းငိုက်စိုက်ကျနေတာအား မြင်တွေ့လိုက်ရပြီး ဘာကြောင့်ရယ်မသိပဲ သူဗလာဖြစ်စွာ မေးလာခဲ့သည်။
ချီကျန်းကျန်းအကြောင်းအရာကိုပြောင်းလိုက်ပြီး သူမ၏အသံမှာ အားနည်းနေပုံပေါ်သည် " အဆင်ပြေပါတယ် ကျွန်မတို့ မင်္ဂလာပွဲကိုသွားကြတာပေါ့ အဲ့ဒါက ဂျုလိုင်လ၂၈ပဲ "
ဝမ်ယွီ၏မျက်ခုံးများ အတူတကွ တွန့်ချိုးလာခဲ့သည်။
သူမလိမ်နေတာ သူမကျိန်းသေပေါက် တစ်ခုခုကိုတွေးနေခဲ့တယ်
သူမမပျော်ဘူးလား
ခဏအကြာ၌ ဝမ်ယွီ ကျန်းယဲ့ထံ စာတစ်စောင်ပို့ခဲ့လေသည်
စီစဉ်ထားတဲ့ရက်ကို ခဏရွှေ့ဆိုင်းထားလိုက်။။
xxxxx