Chapter 192
Viewers 49k

💘Chapter 192 

ငါးခေါင်းဟင်း




ဝေ့ချန်က ချန်လီအကြောင်း တွေးရင်းတွေးရင်း သူ့အတွက် စိတ်မကောင်းဖြစ်မိသည်။ တစ်ချိန်တည်းမှာပင် ဂုဏ်ယူသည့်ခံစားချက်က သူ့ကိုယ်ထဲမှ ထိုးထွက်လာ၏။


သူ၏လီလီက ပို၍အထင်ကြီးစရာကောင်းလာကာ ကောင်းသထက်ကောင်းလာနေသည်။ 


ဝေ့ချန်က ချန်လီအား ပွေ့ဖက်ချင်နေသည့်စိတ်များကို ဖိနှိပ်၍ ရေခဲသေတ္တာဆီသို့ သွားကာ ပါဝင်ပစ္စည်းများကို ရှာလိုက်သည်။ ချန်လီက ငါးခေါင်းဟင်းစပ်စပ်‌လေးစားချင်နေသောကြောင့် သူ သေချာပေါက် ချန်လီအတွက် ချက်ပေးရမည်။ 


သို့သော်လည်း ရေခဲသေတ္တာထဲတွင် ပါဝင်ပစ္စည်းများအားလုံးကို ရှာဖွေပြီးနောက် ဝေ့ချန် ငါးခေါင်းကိုရှာမတွေ့ချေ။ ထိုအစားနုတ်နုတ်စဥ်းထားသည့် ငရုတ်သီးနှစ်ဗူးကိုတွေ့လိုက်ရ၏။


“လီလီ...ငါးခေါင်းဝယ်ခဲ့လား” ဝေ့ချန်က ဧည့်ခန်းထဲမှ ချန်လီကို လှမ်းမေးလိုက်၏။


“ငါးခေါင်း?” ချန်လီက ခဏလောက်အတွေးများသွားပြီးနောက် ခေါင်းခါလာသည်။


 “ကျွန်တော် မဝယ်ခဲ့ဘူးထင်တယ်” သူ ငါးခေါင်းဝယ်နေချိန်တွင် တစ်ယောက်ယောက်က သူ့ကိုဝင်တိုက်သွားခဲ့သည်။ ငါးခေါင်းက ပြုတ်ကျသွားပြီး သူ၏စိတ်အခြေအနေကြောင့် ကောက်ယူရန် မေ့ခဲ့လေသည်။ 


“အားချန်...ငါးခေါင်းမရှိရင် မစားတော့ဘူး”


 ချန်လီ ထိုသို့ပြောလိုက်သော်လည်း မျက်နှာတွင် စိတ်ပျက်မှုများစွာ ရှိနေသည်။ ဒီနေ့ သူ စူပါမားကတ်သို့ တစ်ယောက်တည်းသွား၍ သူ့ကိုယ်သူ စိန်ခေါ်ချင်‌ခြင်းက ကိစ္စတစ်ခုဖြစ်ပြီး တကယ်တမ်းတွင် ငါးခေါင်းဟင်းစားချင်ခြင်းက နောက်ထပ်အကြောင်းအရင်းတစ်ခုဖြစ်သည်။ သို့သော် ငါးခေါင်းမပါဘဲ အဆုံးသတ်ခဲ့၏။


ဝေ့ချန်က အေပရွန်ကိုချွန်၍ မီးဖိုခန်းမှ ထွက်လာလိုက်သည်။ “လီလီ...ငါးခေါင်းသွားဝယ်ရအောင်” 


“ကောင်းပြီ” ချန်လီက လျင်မြန်စွာဖြင့် ဆိုဖာပေါ်မှထလိုက်ပြီး မျက်လုံးများတေက်ပနေရင်း ဝေ့ချန်ကို လက်ကမ်းပေးလိုက်သည်။ 


သူတို့အိမ်နှင့် အနီးဆုံးစူပါမားကတ်က ဆယ်မိနစ်လမ်းလျှောက်သွားရသောကြောင့် ဝေ့ချန် ကားမထုတ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအစား သူက ချန်လီ၏ လက်ကိုကိုင်၍ စူပါမားကတ်သို့ သွားလိုက်သည်။  


ဤအချိန်က ညစာစားချိန်ဖြစ်သောကြောင့် စူပါမားကတ်ထဲတွင် လူအများကြီးရှိမနေချေ။ ဝေ့ချန်က ချန်လီ ဗိုက်ဆာနေမည်ကိုစိုးသောကြောင့် လတ်ဆတ်သည့်အသားတန်းသို့ တန်းသွားလိုက်ကာ လိုအပ်သည့် ငါးခေါင်းကို ဝယ်လိုက်သည်။ 


ငါးခေါင်းကို ဝယ်ပြီးနောက် သူတို့နှစ်ယောက်က ငွေရှင်း၍ အိမ်သို့ တန်းပြန်လာလိုက်ကြသည်။ 


ချန်လီက ဗိုက်အရမ်းမဆာသေးသောကြောင့် ဝေ့ချန်အနောက်သို့ လိုက်၍ မီးဖိုခန်းထဲသို့ ဝင်ပြီး ငရုတ်သီးနုတ်နုတ်စဥ်းနှင့်အတူ အခြားပါဝင်ပစ္စည်းများဖြင့် ငါးခေါင်းဟင်း ချက်ပြုတ်နေသည်ကို ကြည့်နေလိုက်သည်။ 


ငါးခေါင်းကို ပေါင်းပြီးနောက် ဝေ့ချန်က အခြားပါဝင်ပစ္စည်းများကို စတင်ပြင်ဆင်လိုက်သည်။ 


သူက နံရိုးများကို ရေဆေး၍ ရေနွေးဖြောကာ မသန့်စင်သည့်အပိုင်းများကို သန့်စင်လိုက်သည်။ ထို့နောက် ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်နှင့် ချင်းတို့ကို ဒယ်အိုးထဲတွင် ဆီသတ်ကာ နံရိုးများကိုထည့်၍ ကြော်လိုက်သည်။ အနံ့အရသာများ နံရိုးထဲသို့ တဖြေးဖြေးစိမ့်ဝင်သွားပြီးနောက်တွင် ကိုလာအချို့နှင့် စမုန်မျိုးငါးပါးကိုလည်း ထည့်လိုက်ကာ အနှစ်လျှော့ရန်အပူကို အနေတော်ထားလိုက်သည်။ ခဏကြာပြီးနောက် အသားနှင့် စမုန်မျိုးငါးပါးရောထားသည့် အနံ့က မီးဖိုခန်းထဲတွင် ပျံ့နှံ့လာတော့သည်။ 


ချန်လီက အနံ့ခံလိုက်ရာ ဟင်းနံ့က သူ့နှာခေါင်းထဲသို့ ချက်ချင်း ဝင်ရောက်လာလေသည်။ ယခင်က သိပ်မဆာသေးသည့် သူ၏အစာအိမ်က ချက်ချင်းအသံမြည်လာခဲ့၏။


“အားချန်...ကျွန်တော်ဗိုက်ဆာတယ်” သူက ဝေ့ချန်အနောက်သို့ သနားစဖွယ်ပုံလေးဖြင့် လိုက်နေသော်လည်း အကြည့်များက အဖြူရောင်အငွေ့များဖြင့် ဆူဝေနေသည့် အိုးအပေါ်တွင်သာ ရှိနေသည်။ 


ခဏကြာပြီးနောက် ရနံ့များက ပေါင်းအိုးမှ ထွက်လာလေသည်။ နုတ်နုတ်စဥ်းထားသည့် ငရုတ်သီးနှင့် ငါးခေါင်း၏ရနံ့များက သေချာပေါင်းစပ်သွား၏။ သူ၏အရသာခံအဖုများက နှိုးဆွခံလိုက်ရကာ စားချင်စိတ်များ ပို၍ကြီးထွားလာတော့သည်။ 


ဝေ့ချန်က ပေါင်းအိုးအဖုံးကိုဖွင့်၍ တူဖြင့် ငါးခေါင်းများကို ထိုးကြည့်လိုက်သည်။ ငါးအသားများက လွယ်လွယ်ကူကူ ကွာကျသွားသည်ကိုကြည့်ရင်း ကျက်မှန်းသိလိုက်သည်။ သူက အပူခံလက်အိတ်များကို သုံး၍ ငါးပေါင်းကိုထုတ်၍ စားပွဲပေါ်တွင် တင်လိုက်သည်။ ထို့နောက် ဒယ်အိုးကိုအပူပေး၍ ငါးခေါင်းအပေါ်မှ ဆီပူများကိုလောင်းချလိုက်၏။ ဆီပူထဲတွင် ဆီသတ်ထားသည့် ငရုတ်သီးနုတ်နုတ်စဥ်းများက ချက်ချင်း တကြွပ်ကြွပ်မြည်ကာ သူ၏အနံ့အရသာကိုထုတ်လွှင့်လာပြီး ငါးခေါင်းထဲသို့ ဝင်ရောက်သွားလေသည်။ 


ဤသို့ဖြင့် ငါးခေါင်းဟင်းစပ်စပ်လေးက ပြီးမြောက်သွားခဲ့သည်။ 


ချန်လီ၏အကြည့်များက ငါးခေါင်းအပေါ်တွင်သာရှိနေပြီး ဝေ့ချန်ကိုပြောလိုက်သည်။ 


“ယူသွားလို့ရပြီလား”


“သတိထားဦး...ပူနေတယ်” ဝေ့ချန်၏အတွေးများကို သိနေသည့်အလား ဝေ့ချန်က ပြောလိုက်၍ အပူခံလက်အိတ်များဝတ်ပေးပြီး တူပါပေးလိုက်သည်။ 


ချန်လီက ငါးခေါင်းဟင်းကို သယ်လာပြီး စားပွဲပေါ်တွင် တင်လိုက်သည်။ ထို့နောက် မနေနိုင်ဘဲ ငရုတ်သီးဖတ်လေးများကို ဖယ်၍ ငါးခေါင်းမှ အသားစလေးများကို တူဖြင့် ထိုးကာ အပူလျော့အောင် အနည်းငယ် မှုတ်လိုက်ပြီးမှ ပါးစပ်ထဲသို့ ထည့်လိုက်သည်။


ငါးအသား၏ အ‌ရေခွံက နူးညံ့ကာ အသားက ပါးစပ်ထဲသို့ ပျော်ဝင်သွား၏။ သူ့ပါးစပ်ထဲသို့ ဝင်သွားသည်နှင့် ချိုမြိန်လက်ဆတ်သည့်ငါးအရသာက စပ်ပြီးအနည်းငယ်ငန်သည့် ငရုတ်သီးနုတ်နုတ်စဥ်းအရသာနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်နေသည်ကို ခံစားလိုက်ရသည်။ ၎င်းက ချန်လီ၏ အာရုံခံအဖုများကို ဆွဲဆောင်လိုက်သည်။ ပူနေသေးသော်လည်း သူက ပါးစပ်အပြည့်အလုတ်အနည်းငယ် ထပ်စားလိုက်ကာ ထိုအရသာအား ပါးစပ်ထဲတွင် စွဲနေစေလိုက်သည်။ 


ဤအချိန်တိုလေးအတွင်းမှာပင် ဒယ်အိုးထဲမှ နံရိုးများကလည်းကျက်တော့မည်ဖြစ်သည်။ ကိုလာမှ အရည်များ ငွေ့ရည်ဖွဲ့သွားပြီးနောက် အပူအနေ‌တော်တွင် ဆူပွက်နေသည့် အနှစ်ဖြင့် နံရိုးများကို အုပ်လိုက်ကာ တောက်ပစေလိုက်၏။


ဝေ့ချန်က နံရိုးကိုပြင်လိုက်ပြီး အပေါ်မှ ကြက်သွန်မြိတ်အစိမ်းများဖြူးလိုက်သည်။ ဤသို့ဖြင့် ဟင်းလျာတစ်ခွက်လုံး၏ အသွင်အပြင်က ချက်ချင်းထိုးတက်သွားတော့သည်။ 


စမုန်မျိုးငါးပါးမှ အနံ့အရသာများက ထွက်လာပြီး ကိုလာမှ အချိုဓာတ်နှင့် ပေါင်းစည်းသွားကာ အရသာခံအဖုများကို ပို၍လှုံ့ဆော်နေလေသည်။ 


ဝေ့ချန်က မီးဖိုခန်းထဲမှ ကိုလာနံရိုးချက်အား ယူလာချိန်တွင် ချန်လီ၏အကြည့်များက ငါးခေါင်းဟင်းဆီမှ နံရိုးဆီသို့ ရွှေ့သွားတော့သည်။ သူက လက်ထဲတွင် တူများကိုကိုင်ရင်း အရသာခံရန် စိတ်အားထက်သန်နေ၏။ 


ဝေ့ချန် ချန်လီကို မတားလိုက်ချေ။ ကိုလာနံရိုးချက်အား နေရာချလိုက်ပြီးနောက် မီးဖိုခန်းထဲသို့ ပြန်ဝင်သွားပြန်သည်။ ချန်လီက ဝေ့ချန်မီးဖိုခန်းထဲသို့ ပြန်ဝင်သွားသည်ကိုကြည့်ရင်း နံရိုးအစလေးအား တူဖြင့် ညှပ်၍ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ 


ထို့နောက်တွင် ချန်လီက ဟင်းရွက်ကြော်ပန်းကန်နှင့်အတူ စွပ်ပြုတ်ပန်းကန်ကိုပါ ယူလာ၏။


ဤသို့ဖြင့် ညစာအဆင်သင့်ဖြစ်သွားလေသည်။ 


မနက်က အလုပ်မသွားခင် ဆန်ကိုရေစိမ်၍ ပလတ်စတစ်ဖြင့် ဖုံးကာ ထမင်းပေါင်းအိုးထဲတွင် ထားခဲ့သည်။ ထို့ကြောင့် ထမင်းက ဖြူဖွေးနေကာ တစ်ချက်ကြည့်ရုံနှင့်တင် စားချင်စိတ်များကို ဖြစ်ပေါ်လာစေသည်။ 


ချန်လီနှင့် ဝေ့ချန်တို့က ထမင်းပေါင်းအိုးနှင့်အတူ ဟင်းလျာများကို စားပွဲပေါ်တွင် နေရာချလိုက်ကြ၏။ နှစ်ယောက်သားစားလိုက်ကြသည်မှာ စားပွဲပေါ်တွင် နူးအောင်ပေါင်းထားသည့် ငါးရိုးပင် မကျန်ခဲ့ချေ။ 


ထို့နောက် ဝေ့ချန်က ပန်းကန်ဆေးရန် ထလိုက်သည်။ ချန်လီကတော့ ခုံပေါ်တွင် ထိုင်နေပြီး လုံးဝမလှုပ်ချင်ဖြစ်နေသည်။ 


ဝေ့ချန်ကခေါင်းခါ၍ တီဗီတင်ခုံသို့သွားလိုက်ကာ ဆေးသေတ္တာလေးကိုထုတ်၍ အစာကြေဆေးများကိုရှာလိုက်ကာ တြိဂံပုံဆေး‌လေးခုထုတ်လိုက်၏။ ထို့နောက် သူ ချန်လီဆီသို့ လျှောက်သွားလိုက်သည်။ 


“လာ...ဒါစားလိုက်” ဝေ့ချန်က ချန်လီအား ဆေးများကိုပေး၍ နူးညံ့စွာပြောလိုက်သည်။ 


ချန်လီက နာနာခံခံနှင့် ချက်ချင်း ဆေးများကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ဆေးများက ခါးသော်လည်း ချိုသည့်အရသာလည်းပါသည်။ သိပ်တော့ အရသာမရှိချေ။ ချန်လီက မျက်မှောင်ကြုတ်လိုက်သော်လည်း ဆက်ဝါးကာ မျိုချလိုက်သည်။ 


ဆေးများကို မျိုချလိုက်ပြီးနောက် သူက ကလေးတစ်ယောက်ကဲ့သို့ ပါးစပ်ဖွင့်၍ ဆေးများအားလုံး မျိုချပြီးကြောင်း‌ ဝေ့ချန်ကို ပြလိုက်သည်။ 


ဝေ့ချန်က လျှောက်သွား၍ ချန်လီ၏ခေါင်းကိုပွတ်လိုက်ကာ ခေါင်းငုံ့၍ ချန်လီ၏ နှုတ်ခမ်းများကို နမ်းလိုက်သည်။ သူ့လျှာက ချန်လီ၏ ပါးစပ်တစ်လျှောက် လျှောက်သွားနေကာ ဆေး၏ ချိုခါးခါးအရသာလေးကို အရသာခံလိုက်သည်။ ဆေးများကို ရှာမတွေ့တော့မှ ချန်လီကို လွှတ်ပေးလိုက်သည်။ 


“လီလီက တကယ်ကို လိမ္မာတာပဲ” ဝေ့ချန်က ချန်လီ၏ခေါင်းကို ထပ်၍ ပွတ်သပ်လိုက်ကာ မျက်လုံးများကတော့ အလွန်အမင်းညင်သာနေသည်။ 


ချန်လီက အစာကြေ‌ဆေးများ သောက်ထားသော်လည်း အစာကြေခြင်းကို အထောက်အကူပြုရန် ဝေ့ချန်က သူ့ကို လမ်းလျှောက်ခေါ်သွားလေသည်။ 


ညကအေးကာ သူတို့နှစ်ယောက်၏ လက်တွဲလျှောက်နေသည့်ပုံရိပ်က လရောင်အောက်တွင် ထင်ဟပ်နေလေသည်။ အေးစိမ့်နေသည့် လေထုက လရောင်နှင့်အတူ ရောယှက်နေ၏။


...


တစ်ညတည်းမှာပင် ထိုနေရာတွင် နွေးထွေးပြီးချိုမြိန်နေသော်လည်း မြို့တော်ရှိ ဘားတစ်ခုတွင်တော့ အရောင်အသွေးစုံစွာဖြင့် သီချင်းများ၊ အကအခုန်များဖြင့် တက်ကြွနေ၏။


ဒီညတွင် ဘား၌ လီနာက ရှားပါးသည့် အလှလေးတစ်ယောက်ဖြစ်လေသည်။ သူတို့က စကားဖြင့် မဆက်သွယ်နိုင်သော်လည်း သူမ၏ နတ်သမီးဆန်သည့် မျက်နှာနှင့် နတ်ဆိုးဆန်သည့် ခန္ဓာကိုယ်က ထိုဘားတွင် သူမအား အံဝင်ခွင်ကျရှိနေစေသည်။ 


သို့သော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်တွင် သင့်တော်သည့် သားကောင်ကို ရှာမတွေ့သေးသောကြောင့် သူမ မပျော်မရွှင်ဖြစ်နေသည်။ 


သို့သော် ဒီညတွင်တော့ လီနာ Bloody Mary တစ်ခွက်သောက်ပြီးနောက် သူမ၏အကြည့်များက အရပ်ရှည်ရှည်နှင့် လူတစ်ယောက်အပေါ်သို့ ကျရောက်သွားသည်။ သူ၏ မျက်နှာနှင့် ခန္ဓာကိုယ်က သူမအကြိုက်ဖြစ်၏။


လွန်ခဲ့သည့်ရက်အနည်းငယ်တွင် ပင်ပန်းနေခဲ့သည့် ခန္ဓာကိုယ်အား ဒီညတွင် ဖြေလျှော့နိုင်လိမ့်မည်မှန်း လီနာသိနေခဲ့သည်။ 


ထိုလူကလည်း လီနာကို သတိထားမိကာ လေချွန်၍ သူမဆီသို့ လျှောက်လာလေသည်။ လီနာကို ပျော်ရွှင်သွားစေသည့်အချက်က ထိုလူမှာ အင်္ဂလိပ်စကားပြောတတ်နေခြင်းပင်။ 


“ဟိုင်း” လီနာက ထိုလူကို ဆွဲဆောင်မှုရှိရှိနှုတ်ဆက်လိုက်ပြီး သူ့အတွက် တစ်ခွက်မှာပေးလိုက်သည်။


ထိုလူက လီနာအား အပေါ်အောက်ကြည့်ပြီးနောက် လီနာကို ပြန်ပြုံးပြလိုက်၏။


လီနာက ထိုအပြုံး၏ ဆွဲဆောင်ခြင်းခံလိုက်ရပြီး စကားလုံးအနည်းငယ် ပြောလိုက်သည်။ သူမ၏လက်များက ချက်ချင်း ထိုလူ၏ လက်ထဲသို့ ရောက်သွားကာ ပါးစပ်အပြည့်ဝိုင်များကို ထိုလူအားတိုက်ရန်ပြင်လိုက်၏။


ထိုလူက လီနာကို တိမ်းရှောင်လိုက်ကာ အနားသို့တိုး၍ နားထဲသို့ တီးတိုးပြောလိုက်သည်။ သို့သော် သေချာကြည့်မည်ဆိုပါက ထိုလူက လီနာအား အကွာအဝေးတစ်ခုထားထားကာ သူမချဥ်းကပ်လာလျှင်တောင်မှ သူက ရှောင်တိမ်းတတ်သည်။ 


လီနာ၏ ထိုလူ၏ ရှောင်တိမ်းမှုများကို သတိမထားမိချေ။ ထိုလူ တီတိုးပြောလိုက်သည်ကို ကြားပြီးနောက် သူမ ချက်ချင်း ခေါင်းညိတ်လိုက်သည်။ 


ယခုတွင် သူမဆာလောင်နေပြီး ဤလူက သူမ၏အကြိုင်နှင့် ကိုက်ညီနေသည်။ ထို့အပြင် ထိုလူဘက်မှ အရင်စလာခဲ့သောကြောင့် သူမက သဘာဝကျစွာဖြင့် လက်ခံလိုက်လေသည်။ 


လီနာက အရက်ခံနိုင်ရည်အားမြင့်သောကြောင့် ထိုအချိန်တွင် မူးမနေပေ။ သို့သော်လည်း သူမက အရိုးမရှိသည့်ပုံစံပြုမူကာ ထိုလူအပေါ်ကိုသာ မှီနေလိုက်သည်။ ထိုလူကလည်း ကျွမ်းကျင်စွာဖြင့် သူမကို ရှောင်တိမ်းနေကာ လီနာကိုတော့ သတိမထားမိစေချေ။ 


ထိုလူ၏ ကားက အပေါက်ဝတွင် ရပ်ထား၏။ သူက ကားတံခါးကို လီနာအတွက် ဖွင့်ပေးလိုက်ကာ သူမဝင်သွားသည်နှင့် တံခါးကိုလော့ချ၍ ဖုန်းခေါ်လိုက်သည်။ 


“လူရပြီ...ပုံမှန်နေရာမှာပဲ ချထားခဲ့မယ်...မင်းလူတွေကို လာခေါ်ခိုင်းလိုက်”


ဖုန်းတစ်ဖက်မှာထွက်လာသည့်အသံကလည်း ရှင်းလင်းပြတ်သားနေ၏။


လီနာက စိတ်မရှည်ဖြစ်လာကာ ကားပြတင်းမှန်ကိုခေါက်၍ အလျင်လိုနေကြောင်း ပြလိုက်သည်။ 


ထိုလူက လီနာကိုကြည့်လာသည်။ မျက်လုံးများတွင်တော့ ရွံရှာမှုများဖြင့် ပြည့်နေသည်။ သို့သော်လည်း ကားထဲတွင် ထိုင်၍ လီနာကိုကြည့်လိုက်ချိန်တွင်တော့ အကန့်အသတ်မဲ့သည့် အချစ်စိတ်များဖြင့် ပြည့်နေသည်။


လီနာက လုံးဝ ဆွဲဆောင်ခံလိုက်ရကာ အရှေ့သို့တိုး၍ ထိုလူ၏ လည်ပင်းကိုကိုင်ကာ အနမ်းချင်းဖလှယ်ရန် ပြင်လိုက်သည်။ ရုတ်တရက် သူမမျက်စိရှေ့မှ အရာအားလုံး မည်းမှောင်သွားကာ နောက်တစ်စက္ကန့်တွင် သူမ သတိမေ့သွားတော့သည်။ 


ထိုအခါမှသာ ထိုလူက မျက်နှာပေါ်တွင် ရွံရှာမှုများကို ထုတ်ပြလာကာ ကားစက်နှိုး၍ မြို့စွန်ရှိ စက်ရုံတစ်ခုဆီဿို့ မောင်းလိုက်သည်။ 


လီနာနိုးလာသည့်အခါ နောက်တစ်နေ့သို့ ရောက်နေပြီဖြစ်သည်။ 


သူမက ပတ်ဝန်းကျင်ကိုကြည့်နေရင်း ပြီးခဲ့သည့်ညမှ မှတ်ဉာဏ်များက သူမခေါင်းထဲတွင် ရှိမနေချေ။ ဘာဖြစ်နေလဲ မသိသေးခင်မှာပင် တ့ခါးမှ အပြင်ဘက်မှ တွန်းဖွင့်ခံလိုက်ရကာ အနက်ရောင်အင်္ကျီ ဝတ်ထားကာ မျက်မှန်များ တပ်ထားသည့် လူများဝင်လာသည်ကို တွေ့လိုက်ရသည်။ 


ထိုလူများက သူ့အဖေ၏ ဘော်ဒီဂတ်များဖြစ်ကြောင်း လီနာ မှတ်မိလိုက်သည်။ ကြည့်ရသည်မှာ သူမအနောက်သို့ လိုက်လာခဲ့ကြပုံပင်။ 


“မမလေးလီနာ...ဘော့စ်က ကျွန်တော်တို့နဲ့အတူ ပြန်လိုက်ခဲ့ဖို့ မှာလိုက်ပါတယ်” ဘော်ဒီဂတ် ခေါင်းဆောင် ပြောလိုက်သည်။ 


“ငါ ပြန်မသွားဘူး” လီနာက ခေါင်းခါ၍ ပြောလိုက်သည်။ သူမက သူတို့ သူမကို အတင်းအကြပ်မပြုမူရဲဟု ထင်နေ၏။


“အဲ့ဒါက မမလေးလီနာ ဆုံးဖြတ်လို့မရပါဘူး” ဘော်ဒီဂတ်ကပြောလိုက်ကာ လက်ထဲရှိ စိတ်ငြိမ်ဆေးအား လီနာ၏ လည်ပင်းဆီသို့ ထိုးချလိုက်တော့သည်။ 


“အတင့်ရဲလိုက်တာ” လီနာက အံကြိတ်လိုက်သော်လည်း ခဏလောက် ယိမ်းယိုင်သွားပြီးနောက် မြေကြီးပေါ်သို့ လဲကျသွားတော့သည်။




💘