Chapter 2- နေအိမ်
လျှိုဖုန်းကျန်းသည် ယခုမှစ၍ ဝမ်ရှီ၏ မိခင်ဟု ဆိုနိုင်ပေသည်။
လျှိုဖုန်းကျန်းက သူ့ကို ရေချိုးခိုင်းကာ မီးဖိုချောင်သို့သွား၍ ရေချိုးရန် ရေနွေးလောင်းထည့်ပေးသည်။ ရေချိုးခန်းထောင့်တွင် နီညိုရောင် ရေအင်တုံကြီးတစ်ခုသာ ရှိသည်။ယင်းမှာ ဤအင်တုံအမျိုးအစားကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။သူမက ရေနွေးကို ဇလုံကြီးထဲသို့ လောင်းထည့်လိုက်၏။
"အဝတ်အစားတွေ အမေ့ကိုပေး၊ ရေအေးကို မင်းကိုယ်တိုင်ထည့်လိုက်"
သူတော့ သွားပြီ။ဤပတ်ဝန်းကျင်သည် သာမန်မဟုတ်ပေ။ ကံကောင်းထောက်မစွာ ယခု ဆောင်းတွင်းမဟုတ်၍ မအေးသေး။ဤဟင်းလင်းပြင်ရေချိုးခန်းထဲမှာ ဆောင်းရာသီဆို သူ ဘယ်လိုရေချိုးရမလဲ။
ရေချိုးခန်းထဲမှာ ရေချိုးဆပ်ပြာမရှိ၊ ဆပ်ပြာတစ်တုံးသာ ရှိပြီး၊ ခေါင်းလျှော်ရည်တောင် မရှိပေ။ အုတ်နံရံမှာ ချိတ်ဆွဲထားသည့် မျက်နှာသုတ်ပုဝါ နှစ်ထည်ရှိပြီး ဝမ်လီချမ်က ဘယ်ဟာကို ပိုင်ဆိုင်မှန်း မသိပေ။ကြမ်းပြင်က မည်းနေတာကြောင့် ဘိလပ်မြေအုတ်ခင်းဖြစ်နိုင်သည်။ စိုစွတ်မှုကြောင့် နံရံထောင့်တွင် အစိမ်းရောင်ရေညှိများနှင့် အဖြူရောင်ဆားအချို့ ပေါက်လျက်ရှိ၏။ သူ့အမေက အဝတ်အစားများကို ယူလာပြီး ခုံတစ်ခုံ အထဲသို့ထည့်ပေးကာ တံခါးပိတ်ပေးပြီး အပြင်ထွက်သွားသည်။သူသည် သော့ကိုခတ်ကာ ညစ်ပတ်သောအဝတ်အစားများကို ထောင့်စွန်းမှ ဝါးခြင်းတောင်းထဲသို့ ပစ်ထည့်လိုက်သည်။ထိုဝါးခြင်းတောင်းက အဝတ်အညစ်များ ထည့်သောတောင်းဟု သူ ထင်မိ၏။
ထို့နောက် ရေချိုးရန် အနက်ရောင် မျက်နှာသုတ်ပုဝါကို ယူလိုက်သည်။သူ၏ အမြင်တွင် အမျိုးသားများသည် ပိုညစ်ပတ်သော မျက်နှာသုတ်ပုဝါများကို အမြဲသုံးသည်ဟုထင်မိသည်။ ဆံပင်ကိုလည်း ဆပ်ပြာနှင့် လျှော်ကြသည်။အရင်က သူကြည့်ဖူးသည့် နိုင်ငံကျော် တီဗီစီးရီးမှာ တစ်ယောက်ယောက်ကဆံပင်ကို ဆပ်ပြာနှင့်လျှော်ခဲ့ခြင်းဖြစ်၏။ဘာပဲဖြစ်ဖြစ် သူက အခု ယောက်ျားဖြစ်ပြီး ဆံပင်ကလည်း တိုနေတာကြောင့် သူ့ဆံပင်ပျက်စီးမှာကို မကြောက်မိပေ။ခန္ဓာကိုယ်ကိုလည်း ဆပ်ပြာနှင့် ပွတ်တိုက်သန့်စင်သည်။ ဆေးရုံတွင် ဗိုင်းရပ်စ်ပိုးများ အများအပြားရှိပြီး ဤခေတ်တွင် မကြာခဏ ပိုးသတ်ခြင်း မပြုနိုင်ဟု ခန့်မှန်းရသဖြင့် သူ့ခန္ဓာကိုယ်ကို သေချာပွတ်တိုက်သန့်စင်သင့်သည်။ တစ်ကိုယ်လုံးကိုလည်း သေချာ သန့်စင်ရသည်။
အဲဒီအပိုင်းကလွဲရင်ပေါ့...
ခန္ဓာကိုယ်ကို ပွတ်တိုက်သည့်အခါ ထိုအပိုင်းကိုတော့ လျှက်တပြက် ဖြတ်ကနဲသာ ပွတ်တိုက်၏။ဤအရာကို သူ တက္ကသိုလ်တက်တုန်းက ရုပ်ရှင်ထဲမှာ မြင်ဖူးသည်။ထိုအချိန်က သူသည် ရုပ်ရှင်ထဲမှ အမျိုးသား၊ အမျိုးသမီးများ၏ ဆက်ဆံသော ကိုယ်ဟန်အနေအထားကိုလည်း ရင်းနှီးခဲ့၏။ ထိုစဉ်က ကျောင်းအတွက် အချက်အလက်များကို အင်တာနက်မှာ ကြည့်နေစဉ် ထိုကဲ့သို့ ဗီဒီယိုများကို မတော်တဆ ကြည့်မိခဲ့သည်။တစ်ကြိမ်ကြည့်ပြီးနောက် ထိန်းမနိုင်သိမ်းမရဖြစ်ကာ ဆက်ရှာဖွေရင်း ရုပ်ရှင်အချို့ကိုလည်း တွေ့ရှိခဲ့သည်။သို့နှင့် သူမ တစ်ပတ်လောက် အဓိပ္ပါယ်မဲ့နေခဲ့သည်။ရုပ်ရှင်ကို ကြည့်လိုက်တိုင်း သူမ စိတ်ပူသွားမိသည်။ သူမ၏ အခန်းဖော်က ရုတ်တရက် ပြန်ရှာတွေ့မှာကို ကြောက်မိသည်။
သူ ရေချိုးခန်းထဲက ထွက်လာပြီး တီဗီကြည့်ဖို့ ဧည့်ခန်းထဲမှာ ထိုင်လိုက်သည်။ တီဗီသည် 19 လက်မ ရောင်စုံတီဗီတစ်ခု ဖြစ်ပြီး အစင်းရာတို့လည်း ရှိနေ၏။ ချန်နယ်တစ်လိုင်းတည်းသာရပြီး ရီမုဒ်ပင် မရှိပေ။ LCD ဖန်သားပြင်ကို ကြည့်လေ့ရှိသူများသည် ဤတီဗီအမျိုးအစားက သူတို့မျက်စိအား ထိခိုက်စေသည်။
ဝမ်လီချမ်သည် အခန်းထဲကို ကြည့်ချင်စိတ်ဖြစ်လာ၏။သူတို့အိမ်က သေးငယ်သော်လည်း အထပ်နှစ်ထပ်ပါရှိသည်။ အောက်ထပ်တွင် ဧည့်ခန်း၊ အခန်းတစ်ခန်း၊ မီးဖိုချောင်နှင့် ရေချိုးခန်းတို့ရှိသည်။
သူ့ကို အံ့အားသင့်ဆုံးအရာမှာ ဒုတိယထပ်ကိုတက်သည့် လှေကားက အပြင်မှာရှိနေတာပင်။ ဧည့်ခန်းနှင့် အောက်ထပ်အခန်းကိုလည်း မီးဖိုချောင်နှင့် ရေချိုးခန်းက ခွဲခြားထားသည်။
ယခုမှ သူသတိရသွားသည်၊ အိမ်သာက မြောင်းသေးသေးလေးပဲ ရှိတာပင်။ဘိုထိုင်အိမ်သာက ဘယ်မှာနေမှန်းမသိပေ။အပေါ်ထပ်မှာ အိမ်သာဆောက်မည်ဟုတော့ သူ မမျှော်လင့်တော့ပေ။
လျှိုဖုန်းကျန်းသည် အောက်ထပ်အခန်းထဲကို အကြိမ်ပေါင်းများစွာ ဝင်ထွက်သွားတာကြောင့် အောက်ထပ်အခန်းက သူမ၏ အခန်းဖြစ်နိုင်သည်။
"ကျွန်တော် အပေါ်ထပ်တက်လိုက်ဦးမယ်"
တီဗီပိတ်ပြီး အခန်းရှာဖို့ အပေါ်ထပ်ကို တက်သွားသည်။ တကယ်တော့ ထိုသို့မပြောခင် “အမေ” ဆိုသည့် စကားလုံးကို ထည့်ပြောသင့်သည်။ ရင်းနှီးဖို့ အချိန်အနည်းငယ်ယူရမည်ထင်၏။
အပေါ်ထပ်ရှိ မီးဖိုချောင်နှင့် ရေချိုးခန်းအထက် လသာဆောင်တွင် အဝတ်ချိတ်ရန် နေရာများဖြစ်သည်။ တစ်ဖက်တွင် အခန်းနှစ်ခန်းရှိသည်။လှေကားနားက အခန်းမှာ ကုတင်မရှိ၊ ကုတင်ဘောင်တစ်ခုသာရှိသည်။
သူ မှန်းဆစရာမလိုပေ၊ အတွင်းခန်းက ဝမ်လီချမ် ပိုင်မှန်းသိသာသည်။ သူ့အခန်းက ပိုကျယ်ပြီး လသာဆောင်သေးသေးလေးရှိ၏။
အနာဂတ်တွင် သူနေထိုင်မည့်အခန်းကို ဂရုတစိုက်ကြည့်ရှုရန် အချိန်မရှိဘဲ ဒိုင်ယာရီနှင့် ဆင်တူသည့် တစ်စုံတစ်ရာရှိမရှိကို သိရှိရန် အံဆွဲများကို လှန်လှောကြည့်လိုက်သည်။ဝမ်ရှီသည် ဝမ်လီချမ် ၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရုံသာဖြစ်၍ ဘာမှတ်ဉာဏ်မှရှိမနေပေ။
အိပ်မက်ထဲက ဝမ်လီချမ်သည် အသက် 20 ဝန်းကျင်ဖြစ်နိုင်ပြီး လူကြီးဖြစ်နေပြီ။ ဝမ်လီချမ်မှာ အလုပ်ရှိမရှိ ၊ သူ့အလုပ်က ဘာမှန်းဆိုသည်ကို သိဖို့ အရေးတကြီး လိုအပ်နေသည်။ အိမ်မှာလည်း သူသိထားရမည့် အခြေအနေများရှိ၏။
အခန်းထဲမှာ ဒိုင်ယာရီမရှိသော်လည်း ကံကောင်းထောက်မစွာ ထိုအရာက ဘာမှ မဟုတ်ပေ။အံဆွဲထဲတွင် စက်ပြင်စာအုပ်အများအပြားရှိပြီး စက်ပြင်အတတ်ပညာကို မှတ်တမ်းတင်ထားသည့် မှတ်စုစာအုပ်အများအပြားလည်းရှိ၏။
သူ သေချင်စော်ပင်နံသွားရသည်။
သူသည် အရင်ဘဝက မိန်းကလေးတစ်ဦးဖြစ်၍ မည်သည့် စက်ပြင်အတတ်ကိုမှ မတတ်ထားပေ။ ဝမ်လီချမ်သည် ကျွမ်းကျင်လုပ်သားတစ်ဦးဖြစ်နိုင်သည်ဟု ခန့်မှန်းမိတာကြောင့် သူ့ကို ယခုကတည်းက စိတ်ပျက်အားလျော့စေသည်။
လွန်ခဲ့သည့်တစ်နာရီက သူသည် ဝမ်လီချမ်၏ ခန္ဓာကိုယ်မှာ ကောင်းမွန်စွာနေထိုင်ရန်နှင့် သူ့မိခင်အား စတင်ရင်းနှီးမှုရယူဖို့အတွက် စဉ်းစားနေခဲ့သည်။ နောက်တစ်နာရီကြာသွားချိန်မှာ၊ ဝမ်လီချမ်၏ စားဝတ်နေရေးအလုပ်ကိုပင် ဘာမှမသိမှန်းတွေ့လိုက်ရသည်။ သူ ဘယ်လိုလုပ် အေးအေးဆေးဆေး နေထိုင်စားသောက်နိုင်မလဲ။
အိပ်ယာပေါ်မှာ လှဲလျောင်းရင်း စဉ်းစားရင်း အိပ်ပျော်သွားသည်။ သို့ဖြင့် အိမ်မက်က ဝမ်လီချမ် အထက်တန်းကျောင်းပြီးချိန်မှာပဲ တဖန်စတင်ခဲ့သည်။
ဘေးနားမှ သူသည် ဝမ်လီချမ် ဘွဲ့ရပြီးနောက်တွင် ကြုံတွေ့ရသောအဖြစ်အပျက်များကို ကြည့်ရှုခွင့်ရသည်။သူ၏ တတိယမြောက်အစ်မ၏ အိမ်ထောင်ရေးနှင့် ဖခင်ဖြစ်သူ၏ မမျှော်လင့်ထားသော သေဆုံးမှုအပါအဝင် နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေး အလုပ်သင်အဖြစ် မြို့တွင်းရှိ ချည်ထိုးစက်ရုံသို့ ဝင်ရောက်ခဲ့သည်အထိပင်။ယနေ့မနက်က ကလေးနှစ်ယောက်ကို ကယ်တင်ပြီးနောက် အိမ်မက်လည်း ရုတ်ခြည်းအဆုံးသတ်သွားသည်။
သူနိုးလာပြီး အိပ်မက်ထဲက အကြောင်းအရာများကို အကြိမ်ပေါင်းများစွာ ပြန်ခေါ်ကြည့်ရာ၊ကံကောင်းထောက်မစွာပင် သူအားလုံးကို မှတ်မိနေသည်။
ယခုနှစ်သည် စနေနေ့၊ မေလ 12 ရက်၊ 1990 ခုနှစ်ဖြစ်သည်။ နှစ်ထပ်ပါ သီးသန့်နေအိမ်တွင် ဝမ်လီချမ် နှင့် သူ၏မိခင် လျှိုဖုန်းကျန်း သာ နေထိုင်ခဲ့သည်။ သူ့အထက် ညီအစ်မ သုံးယောက်စလုံး အိမ်ထောင်သည်များပင်။ မိသားစုတွင် အသက် ၆၆ နှစ်နှင့် ၂၄ နှစ်အရွယ် သူတို့သားအမိနှစ်ဦးသာ နေထိုင်သည်။
"လီချမ် ထမင်းစားဖို့ ဆင်းလာခဲ့"
ဝမ်လီချမ် အပြင်ဘက် လသာဆောင်အောက်မှ ထွက်လာသော အသံကို ကြားလိုက်ရသည်။ လသာဆောင်ဘက်သို့ လျှောက်သွားရာ အိမ်အပြင်ဘက်တွင် ရပ်နေသော သူ့အမေကို တွေ့လိုက်ရသည်။
"နားလည်ပါပြီ၊ ချက်ချင်းဆင်းလာပါပြီ"
ဝမ်လီချမ်သည် သားဖြစ်သူ လသာဆောင်မှ ထွက်လာပြီးနောက်၊ သူပြန်ပြောသည်ကို လျစ်လျူရှုကာ အိမ်ထဲသို့ပြန်လာပြီး ဧည့်ခန်းသို့ ဟင်းပွဲများ ယူဆောင်လာခဲ့သည်။
ခရမ်းသီးကြော်တစ်ပန်းကန်; ဆောင်းဖရဲသီးကြော်တစ်ပန်းကန်;ကြက်ဥစတူး ပန်းကန်သေးသေးတစ်လုံး...
ခရမ်းသီးကြော်မှာ ဆီအများကြီးဘဲ သူ့အကြိုက်နှင့် ပိုလိုက်လျောညီထွေဖြစ်အောင် ချက်ထားပုံရသည်။ သူ စားဖူးသည့် ခရမ်းသီးများ အားလုံးကို ဆီထဲမှာသာ နစ်နေအောင်ကြော်ကြပြီး ဟင်းအမယ် အများစုကလည်း ဆီများအစ်နေအောင် ကြော်ကြသည်။ဝမ်ရှီသည် ထိုဆီပျံဟင်းလျာများကို ငြီးငွေ့နေပြီဖြစ်သည်။
ဆောင်းဖရဲသီးကြော်က သူ ပထမဆုံးစားဖူးခြင်းဖြစ်သည်။ အသီးလေးများကို သုံးလေးစင်တီမီတာခန့် အတုံးများဖြစ်အောင် လှီးဖြတ်ပြီး မျက်နှာပြင်ထက်တွင် ဒေါင်လိုက်အကြောင်းလေးများ သုံးလေးကြောင်းခြစ်ထား၏။ ကြည့်ရတာ စားချင်စရာဖြစ်သလို၊ အရသာကောင်းပြီး ဆီလည်းလုံးဝမရှိပေ။
ကြက်ဥစတူးကို သူမ ငယ်ငယ်က စားဖူးသည်။ထိုစဥ်က သူမ၏ အဖွားက ထမင်းစားတိုင်း ကြက်ဥ စတူးလုပ်ပေးတတ်သည်။ချက်ရတာ အလွန်မြန်ပြီး အရသာလည်းရှိ၏။
ညစာစားပြီးသောအခါ ဝမ်လီချမ် အခန်းသို့ ပြန်သွားပြီး မူလပိုင်ရှင်၏မှတ်စုနှင့် စက်ပြင်စာအုပ်ကိုကြည့်သည်။မနက်ဖြန်ဆိုလျှင် သူ အလုပ်သွားရဦးမည်။
အိပ်မက်ထဲမှာ ဝမ်လီချမ်၏ အလုပ်က အတော်လေး လွယ်သည်။စက်ကိရိယာ ချို့ယွင်းနေသည့်အခါ ပြုပြင်ဖို့ သွားကြည့်ရသည်။များသောအားဖြင့် ဘာမှလုပ်စရာမရှိသည့်အခါ စက်ပြင်သူအနည်းငယ်နှင့် အလုပ်အကြောင်း၊စက်အကြောင်း စကားပြောဖြစ်သည်။ တစ်ခါတရံ စက်ပြင်ဆရာကြီးများကလည်း သူတို့ဆီက သင်ခန်းစာယူကြ၏။
သူက အလုပ်သင်မဟုတ်တော့။1985 ခုနှစ်တွင် စက်ရုံသို့ ဝင်ရောက်ခဲ့ပြီး အလုပ်သင်အဖြစ် ၃ နှစ်ကြာ လုပ်ကိုင်ခဲ့သည်။ 1988 ခုနှစ်တွင် အချိန်ပြည့် အလုပ်သမားအဖြစ် ရာထူးတိုးခဲ့သည်။ ယခု သူသည် စက်ပြင်ဆရာ ဖြစ်၏။
ဝမ်လီချမ်သည် သူ၏ အတွေးအခေါ်များက နိမ့်ကျမည်ကို ကြောက်မိသည်။စက်ကိရိယာချို့ယွင်းမှု ကြုံတွေ့ပါက မူလပိုင်ရှင်မဟုတ်သဖြင့် မပြင်တတ်မှာကြောက်သည်။ နှစ်ရက်အတွင်း ဘယ်လောက်သင်ယူနိုင်မလဲ။
နောက်နေ့မနက် ရှစ်နာရီမထိုးသေးချိန်၌ ဝမ်လီချမ်သည် အောက်ထပ်မှ သူ့အမေ၏ အော်ဟစ်သံကို ကြားလိုက်ရသည်။
"လီချမ် ထတော့၊ အမေ ခေါက်ဆွဲပြုတ်တော့မယ်"
ဝမ်လီချမ်သည် မနေ့ညက စာအုပ်ဖတ်နေ၍ နောက်ကျမှ အိပ်ပျော်ခဲ့သည်။ငြီးငွေ့စရာကောင်းသည့် ဗဟုသုတများကို သူဖတ်နိုင်မှာမဟုတ်ဘူးဟု ထင်သော်လည်း မယုံနိုင်စရာကောင်းအောင်စွဲလန်းသွားခဲ့၏။ မျက်လုံး မမှိတ်နိုင်တော့သည်အထိပင်။
၎င်းသည် မူလပိုင်ရှင်၏ သြဇာလွှမ်းမိုးမှု ဖြစ်နိုင်သည်ဟု သူခံစားမိသည်၊ထိုလူက အလုပ်ကို အတော်လေး နှစ်သက်သူဖြစ်နိုင်သည်။သူတောင်မှ မှတ်စု သုံးခုကို ရေးထားခဲ့သည်။
မနေ့ညက အိပ်မက်တစ်ခု မက်ခဲ့၏။တစ်ခုက wet dream ဖြစ်ပြီး သုတ်ပါလွှတ်မိခဲ့၏။
သူ့အမေက နှိုးပြီးနောက်မှာ သူ့အိမ်မက်ကို ပြန်တွေးမိပြီး ရှက်သွေးများပင်ဖြာသွားရလေ၏။
ရှက်စရာကောင်းလိုက်တာ။သူ့မျက်နှာကလည်း နီရဲနေသည်။
သူ့ကို ယောက်ျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ အမြန်ဆုံး လိုက်လျောညီထွေဖြစ်အောင် လုပ်ခိုင်းနေတာလား။
အိမ်သာထဲက မြောင်းသေးသေးလေးသို့ သွားကာ ရေနည်းနည်းဖြင့် ထိုအရာကို ဆေးကြောသန့်စင်ရသည်။ရေက မနေ့ညကလိုမဟုတ်ဘဲ နည်းနည်းပူနွေးနေ၏။
ဤခေတ်မှာ မိသားစုအခြေအနေ ပိုကောင်းသူများကသာ အိမ်သာလုပ်နိုင်ပြီး သာမန်လူများကတော့ အညစ်အကြေးပြဿနာကို ဖြေရှင်းဖို့ အများသုံးအိမ်သာကို သွားကြ၏။
သွားတိုက်ဆေးသည် အလူမီနီယမ်ပြွန်တစ်ခုထဲတွင် ရှိပြီး သွားတိုက်တံက အလွန်ပင်ကြမ်းတမ်း၍ သွားတိုက်သည့်အခါ သွားဖုံးများကို နာကျင်စေသည်။ ရေဆေးကန်ကို မနေ့က ဆေးရုံက ရေခွက်လို ကြွေထည်ပစ္စည်းနှင့် လုပ်ထားသည်။ သံစင်ပေါ်တွင် ရှိပြီး မျက်နှာသုတ်ပုဝါကိုလည်း စင်ပေါ်တွင် ချိတ်ဆွဲထားသည်။
မျက်နှာသုတ်ပဝါကို မသုံးဘဲ ရေပိုက်ခေါင်းကိုဖွင့်ကာ ရေအေးဖြင့် ဆေးကြောသည်။ မျက်နှာသုတ်ရာတွင် အသုံးပြုသည့် မျက်နှာသုတ်ပဝါသည် အလွန်သန့်ရှင်းပုံ မပေါ်၍ မသုတ်တော့ဘဲထားလိုက်၏။တက္ကသိုလ်တွင်လည်း သူမ မျက်နှာသစ်တိုင်း မျက်နှာသုတ်ပဝါ မသုံးခဲ့ပေ။
ထွက်လာပြီးနောက် မီးဖိုချောင်သို့သွားကာ ပန်းကန်လုံးထဲသို့ ခေါက်ဆွဲများ ထည့်နေသည့် လျှိုဖုန်းကျန်းကို တွေ့လိုက်ရသည်။သူမသည် ပန်းကန်လုံးထဲသို့ တူများထည့်ကာ ပန်းကန်လုံးအား သူ့ကို ပေးလိုက်သည်။
"သား အရင်စားပါ"
ဝမ်လီချမ်သည် အိုးထဲတွင် ခေါက်ဆွဲများရှိနေသေးသည်ကို တွေ့လိုက်သည်၊ ခေါက်ဆွဲပန်းကန်ကို ယူပြီး စားရန် လှေကားထစ်ပေါ်တွင် ထိုင်ချလိုက်သည်။အိပ်မက်ထဲတွင် ဝမ်လီချမ်သည် ဤကဲ့သို့သော ခေါက်ဆွဲကို စားလေ့ရှိမှန်း သူတွေ့ခဲ့သည်။ဝိဉာဉ်ချင်း လွဲနေမှန်းသိမှာစိုး၍ သူလည်း ခေါက်ဆွဲကို ပုံမှန်အတိုင်းပင် စားလေသည်။
ခေါက်ဆွဲထည့်ထားသည့် ပန်းကန်က မနေ့က ဟင်းသီး ဟင်းရွက်ထည့်တဲ့ ပန်းကန်ပင်။အောက်ခြေတွင် ပိုထူပြီး နှုတ်ခမ်းထူသည့် အကြမ်းထည်ကြွေပန်းကန်လုံးကြီးဖြစ်သောကြောင့် စားနေချိန်တွင်လည်း အလွန်မပူပေ။အစိမ်းရောင် ဂေါ်ဖီရွက် အနည်းငယ်ပါသော အရည်ကျဲခေါက်ဆွဲများဖြစ်သည်။
လျှိုဖုန်းကျန်းသည် ခေါက်ဆွဲများကို အကုန်လှယ်ပြီးနောက် အိုးကို ရေဆေးကာ မနေ့ညက ကျန်ခဲ့သော ခရမ်းသီးကြော် အနည်းငယ်ကို အပူပေးလိုက်သည်။ ထို့နောက် ခရမ်းသီးကြော်ပူပူလေးကို သားဖြစ်သူ၏ ခေါက်ဆွဲပန်းကန်ထဲသို့ ထည့်လိုက်၏။
ဝမ်လီချမ် သူ့ပန်းကန်ထဲက ခရမ်းသီးများကိုကြည့်ကာ ဘာမှပြန်မပြောပေ။လျှိုဖုန်းကျန်းက ခရမ်းသီးမကြိုက်မှန်း မနေ့ နေ့လည်က အိပ်မက်ထဲမှာ သိလိုက်ရ၏။သူမက မကြိုက်သော်လည်း သားဖြစ်သူကတော့ ကြိုက်သည်။ထို့ကြောင့် လျှိုဖုန်းကျန်းသည် သူ့သားအတွက် တစ်ပတ်လျှင် နှစ်ကြိမ် ခရမ်းသီးဝယ်ရသည်။
သူ့အမေက သူ့ကို အတော်နားလည်ပေးသည်။သူ့အပေါ်ကြင်နာပြီး အရိပ်တကြည့်ကြည့် ရှိရှာ၏။ဤသည်ကိုကြည့်၍ ဝမ်လီချမ်တို့မိသားစုသည် ပဋိပက္ခနည်းသော မိသားစုဖြစ်မည်။
သူတို့၏မိခင် လျှိုဖုန်းကျန်း သည် မွေးချင်းလေးယောက်ကို မွေးဖွားခဲ့သည်။ မူလက ငါးယောက်ရှိပြီး ဒုတိယအစ်မ၏ အောက်မှာ တတိယအစ်ကိုရှိသည်။ တတိယအစ်ကိုသည် မွေးကတည်းက အားနည်းပြီး ခဏခဏ နေမကောင်းဖြစ်တတ်သည်။နောက်ပိုင်းတွင် ဖျားနာ၍ အစာမစားနိုင်ဘဲ သေသွားခဲ့သည်။
ဤအဖြစ်အပျက်ကို လွန်ခဲ့သည့် နှစ်နှစ်လောက်က အစ်မအကြီးဆုံးက သူ့ကို ပြောပြခဲ့ခြင်းဖြစ်ပြီး ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။
ထိုစဉ်က သူမသည် အသက်ခြောက်နှစ်သာ ရှိသေးသည်ဟု ပြောသည်။ထိုအချိန်တွင်၊ အစိုးရအဖွဲ့အစည်းက ကုန်ထုတ်လုပ်မှုများကို ပြန်လည်စတင်ပြီးသည်မှာ နှစ်အနည်းငယ်မျှသာ ရှိသေးသည်။ ခက်ခဲသော ကာလဖြစ်၍ အိမ်ထောင်စုတိုင်း ဆန်ကြမ်းစားကြရသည်။ အသက်တစ်နှစ်ကျော် ကလေးများသည် အစေ့အဆန်အကြမ်းများကို အဓိကစားကြသည်။ အစေ့အဆန်ကြမ်းများနှင့် ဆန်မှုန့်အနည်းငယ်ကို ရောစပ်ပြီး ပွက်ပွက်ဆူအောင် သမအောင် ပြုတ်ရသည်။အဖေဖြစ်သူက စီးပွားရှာနိုင်သော်လည်း ဖွပ်ထားသောဆန်လချာနှင့် ခေါက်ဆွဲများကို အစားအသောက်တံဆိပ်ခေါင်းမရှိဘဲ ဝယ်၍မရပေ။
သူသည် ထိုနှစ်တွင် မွေးဖွားခဲ့ပြီး မိသားစုမှာ ခက်ခဲနေသဖြင့် သူ့မိခင်၏ နို့ချိုကိုသာ အာဟာရအဖြစ် ဦးစွာ အားကိုးခဲ့ရသည်။ ငယ်ငယ်တုန်းက နို့ကောင်းကောင်းမတိုက်လျှင် ခန္ဓာကိုယ်က အားနည်းတတ်သည်၊တတိယအစ်ကို၏ ဥပမာပဲဟု အဖွားဖြစ်သူကတော့ ပြောတတ်သည်။
တစ်ခါက တတိယအစ်ကိုဖြစ်သူ ကျန်းမာရေးမကောင်းသည့်အတွက် သူ စားသမျှ ဆန်ကြမ်းများက မျိုချရခက်၍ အစားသိပ်မစားပေ။
တတိယအစ်ကို ပိုကောင်းမလာဘူးဟု အဖွားက ပြောသည်။ ရက်အနည်းငယ်ကြာပြီးနောက် တတိယအစ်က်ိုသည် အစာမစားနိုင်တော့ဘဲ သူသောက်သည့်ရေကိုပင် ပြန်အန်ထုတ်ခဲ့ပြီး သို့ဖြင့် ဖြည်းဖြည်းချင်း အဆာငတ်၍ သေသွားခဲ့သည်။
တတိယအစ်ကို သေဆုံးသွားပြီးနောက် အမေက အချိန်အတော်ကြာအောင် ငိုယိုနေခဲ့၍ နို့ပင်မထွက်တော့ပေ။ အဖွားက အစားပြန်စားခိုင်းပြီး၊ တတိယကလေးက သေပြီးသားဖြစ်၍ ပြန်ရှင်လာမှာမဟုတ်ကြောင်း ဤအတိုင်းသာမစားမသောက်နေနေပါက၊ ပဉ္စမကလေးပါ နို့မစို့ရဘဲ နေမကောင်းဖြစ်လာနိုင်သည်ဟုပြောလေ၏။
နောက်ပိုင်းမှာ အဖွားက သူတို့မောင်နှမများကို စနစ်တကျ ပြန်စီစဉ်ပေးသည်။စတုတ္ထအစ်မက တတိယအစ်မဖြစ်လာပြီး သူက စတုတ္ထမြောက် ကလေး ဖြစ်လာသည်။တတိယအစ်ကိုကိုတော့ နေရာမှ ပယ်လိုက်တော့၏။
xxxxxx