Part 107
ချီကျန်းကျန်း၏မျက်နှာမှာ ပေါင်းထားသောပေါင်မုန့်ကဲ့သို့ ဖောင်းလာပြီး ဒေါသကြောင့်နီရဲလာကာ သူ့အားကြည့်နေခဲ့သည် " ဝမ်ယွီ ရှင်ကျွန်မကိုစွပ်စွဲနေတာပဲ ဒါကသိသိသာသာကို ရှင်အတွေးလွန်နေတာ ပြီးတော့ ကျွန်မကိုတောင်ပြန်အပြစ်တင်နေသေးတယ် ကျွန်မသာစိတ်မကောင်းဖြစ်သင့်တဲ့သူပါနော် သိရဲ့လား "
ဝမ်ယွီမှာကြောင်အသွားပြီး သူ့မျက်နှာပေါ်၌အံ့ဩနေမှုများအပြည့်ဖြစ်နေလေသည်။
ချီကျန်းကျန်းမျက်လုံးများမှာ ဒေါသကြောင့်နီရဲနေပြီး အခိုးများဝေနေကာ သူမအသံမှာအနည်းငယ်တုန်ယင်နေသည် " ကျွန်မရှင့်ရဲ့သတို့သမီးလောင်းမဖြစ်ချင်ဘူး ကျွန်မရှင့်သတို့သမီးလောင်းမဟုတ်ဘူး ကျွန်မကချီကျန်းကျန်း ရှင်က ရှင့်သတို့သမီးလောင်းကိုလက်ထပ်မှာလား ချီကျန်းကျန်းကိုလား "
သူမပုံစံမှာ ဒုက္ခရောက်နေပုံပေါ်နေသည်။ သိသိသာသာပင် သူမမှာ လက်ရှိချီကျန်းကျန်းဖြစ်ပြီး သတို့သမီးလောင်းဖြစ်နေသော်လည်း သူမစိုးရိမ်နေမိသည်မှာ သူသည်သူ၏သတို့သမီးလောင်းကိုသာ ဂရုစိုက်ပြီး ချီကျန်းကျန်းမဟုတ်နေခဲ့မည်ကိုပင်။
သင်လူတစ်ယောက်အား ချစ်မိသောအချိန်၌ သင်သည်သူနှင့်ပတ်သက်၍ မြတ်မည် ရှုံးမည်အား စိုးရိမ်ကာ သူရဲဘောကြောင်မိကြသည်မှာ ပုံမှန်ပင်ဖြစ်သည်။
ဝမ်ယွီမှာအံ့ဩသွားပြီး ညည်းညူမိတော့သည် " အဲ့ဒါကမတူလို့လား "
" သေချာတာပေါ့ အဲ့ဒါကမတူဘူး " ချီကျန်းကျန်းခြေဆောင့်ကာ သူ့အားကြည့်နေခဲ့သည်။
ထိုအခိုက်အတန်း၌သူမအသက်သာအောင့်မိတော့သည်။ သူ့အား သူမကသူမဖြစ်ပြီး တချိန်ထဲမှာပင်သူမမဟုတ်ကြောင်းကို မည်ကဲ့သို့ပြောရမည်နည်း…
သူမမည်ကဲ့သို့ရှင်းပြနိုင်မည်အား မသိတော့ချေ။ သူမဒေါသတကြီးခြေဆောင့်ကာ အခန်းထဲသို့သာ ပြန်ရန်လှည့်လိုက်တော့သည်။
" ဘန်းး " တံခါးပိတ်သွားခဲ့သည်
ဝမ်ယွီမှာ တံခါး၏အပြင်ဘက်၌ ဝေခွဲမရဖြစ်နေသောအမူအရာဖြင့် ကြောင်အပြီးကျန်ခဲ့လေသည်။
သူအမှန်ပင် နားလည်မရနိုင်ဖြစ်နေခဲ့သည်။ သို့သော် သူနားလည်နိုင်ခဲ့သည်မှာ ဖြစ်နိုင်တာက သူမကသူ့အားလက်မထပ်ချင်တာလား…
" ချီကျန်းကျန်း တံခါးဖွင့် "
တံခါးမှာပွင့်မလာခဲ့ပေ…
အချိန်အတော်ကြာပြီး နောက်ဆုံး၌ တံခါးပွင့်လာခဲ့သည်။
သို့သော်လည်း ချီကျန်းကျန်းမှာတော့ သူမ၏အဝတ်အိတ်အားဆွဲကာ မျက်လုံးများနီရဲနေပြီး ကသောင်းကနင်းနိုင်စွာ ထွက်လာခဲ့လေသည်။
ဝမ်ယွီထွက်လာပြီး သူမလက်ကောက်ဝတ်အား အားသုံးကာလှမ်းဆွဲလိုက်သောကြောင့် သူမသူ့ရင်ခွင်ထဲသို့ ရောက်သွားခဲ့သည်။
" ကျွန်မကိုလွှတ် " ချီကျန်းကျန်းမှာရုန်းကန်လေသည်…
ဝမ်ယွီ၏အမူအယာမှာ ထိန်းချုပ်မရနိုင်ဖြစ်နေပြီး သူလျှင်မြန်စွာပြောလာခဲ့သည် " ကိုယ်တောင်းပန်ပါတယ် ကိုယ်တကယ်တောင်းပန်ပါတယ် ကိုယ်မှားတာပါ မသွားပါနဲ့ "
ချီကျန်းကျန်းရပ်တန့်လိုက်ပြီး ခဏအကြာတွင် သူမနှုတ်ခမ်းအား ဖိကိုက်ကာ " ရှင်ဘာမှားသွားတာလဲ "
" ကိုယ်… "ဝမ်ယွီခဏတာ တုံ့ဆိုင်းနေပြီးနောက် သူအမှန်ကိုသာပြောလာခဲ့လေသည်
" ကိုယ်မသိဘူး… "
သူအတွေးရေးမှုးနင်ဆီမှ ရလာသောစာအုပ်ထဲတွင် အကယ်၍ချီကျန်းကျန်းစိတ်ဆိုးနေခဲ့လျှင် သူသည်သာအမှားလုပ်သောသူဖြစ်ရပေမည် သူမအားသွား၍ငြင်းခုန်လို့မရပါ ဒေါသထွက်နေသောအမျိုးသမီးများမှာ အကျိုးအကြောင်းသင့်မည်မဟုတ်ချေ…
" ရှင် ရှင် ရှင်… " ချီကျန်းကျန်း ဒေါသကြောင့် ငိုချမိတော့သည်။ မျက်ရည်များကျဆင်းလာကာ သူမအသက်ရှူကြပ်လာပြီး " ရှင်ဘာမှ နားမလည်ပါဘူး "
" အဲ့ဒါဆို ကိုယ့်ကိုပြောပြပါ ပြောပြပါနော် ကိုယ်နားလည်သွားလိမ့်မယ် " ဝမ်ယွီသူမအား တင်းကြပ်စွာဖက်လိုက်ကာ သွားခွင့်မပေးခဲ့ချေ
" ကျန်းကျန်း မငိုပါနဲ့ မင်းငိုနေရင် ကိုယ်တကယ်နေလို့အဆင်မပြေဘူး "
ငိုနေရင်းနှင့်ပင် ချီကျန်းကျန်းမေးလိုက်လေသည် " ကျွန်မငိုရင် ဘာလို့ရှင်ကစိတ်မကောင်းရတာလဲ သေချာပေါက်ကျွန်မကပဲ စိတ်မကောင်းဖြစ်ရမှာလေ… "
" ကိုယ့်ရင်ထဲမှာနေလို့မကောင်းဘူး " သူ သူမ၏လက်လေးအား မယူလိုက်ကာ သူ့နှလုံးပေါ်၌တင်ပေးလိုက်လေသည်
" အဲ့အထဲမှာ အဲ့ဒါကသည်းခံနိုင်ဖို့အရမ်းခက်ခဲတယ် ကိုယ်အဲ့လိုမျိူး တစ်ခါမှမခံစားဖူးဘူး "
သူ သူမအားမည်ကဲ့သို့ရှင်းပြရမည်အား မသိချေ။ ထို့အတူ ထိုအရာမှာ မည်သည့်အတွက်ကြောင့် တောင့်ခံနိုင်ရန် ခက်ခဲသည်ကိုလည်း မသိချေ။ ဤသည်မှာ သူ၏ရင်ဘတ်အထဲသို့ ဓားနှင့်ထိုးနေသကဲ့သို့ပင် ဖြစ်နေလေသည်။
ချီကျန်းကျန်း နေရာတွင်တောင့်ခဲသွားလေ၏။ သူမမျက်နှာပေါ်၌ မျက်ရည်စများတွဲခိုနေပြီး ကြို့ထိုးနေရင်းဖြင့် သူ့အားကြည့်လာခဲ့သည်။
ဝမ်ယွီ သူ၏လက်အားမြှောက်ကာ သူမမျက်ရည်များကိုသုတ်ပေးလိုက်ပြီး သူ၏နှုတ်ခမ်းများမှာမူ တင်းကြပ်စွာဖိကိုက်ထားပြီး မျက်ခုံးများမှာလည့် တွန့်ချိုးနေလေသည်။ သူ၏အသံမှ အက်ရှနေကော " မငိုပါနဲ့…"
ချီကျန်းကျန်း သူမပါးစပ်အားဖွင့်ကာ " အဲ့ဒါဆိုကျွန်မကိုပြော (အု) တကယ်လို့ (အု) ကျွန်မကရှင့်သတို့သမီးလောင်းမဟုတ်ခဲ့ရင်ကော ရှင်ကျွန်မကိုလက်ထပ် (အု) မှာလား… "
သူမ ကြို့ထိုးကာ ငိုနေလျက်နှင့်ပင်မေးလာခဲ့သည်။
ဝမ်ယွီ : " ကိုယ်ကဘာလို့ မင်းကိုလက်မထပ်ရမှာလဲ.. ကိုယ့်သတို့သမီးလောင်းကမင်းပဲလေ… မင်းကသာ ကိုယ်လက်ထပ်ချင်တဲ့သူပဲ "
" ရှင့်ရဲ့သတို့သမီးလောင်းဖြစ်လာတယ်ဆိုတာက ( အု ) ဝမ်မိသားစုကချောက်ချခဲ့လို့လေ… တကယ်လို့ ကျွန်မမှာ ( အု ) အဲ့ရာထူးမရှိတော့ရင်ကော.. " ချီကျန်းကျန်းထပ်မေးလိုက်ပြီး သူမ၏နှလုံးထဲတွင်မူ အတော်လေးမသက်မသာဖြစ်နေခဲ့သည်။
ဝမ်ယွီမှာ မည့်သည့်အရာကိုမျှ မသိချေ…
ဤကမ္ဘာကြီးမှာ ဝတ္ထုတစ်ပုဒ်သာဖြစ်နေသည်ကိုကော သူမသည် မူလချီကျန်းကျန်းမဟုတ်သည်ကိုကော ဤဝတ္ထုမှာချစ်ရေးချစ်ရာမပါသော ဝတ္ထုဖြစ်သည်ကိုကော သူ့တွင်သူဘဝလမ်းကြောင်းတစ်ခုသာရှိနေပြီး တစုံတယောက်အားချစ်မည်မဟုတ်ကြောင်းကိုကော သူမသိနိုင်ခဲ့ပေ။
ချီကျန်းကျန်းမှာ အတော်လေးပဋိပက္ခဖြစ်နေပြီး သူမ၏နှလုံးသားမှာလဲ အလွန်နာကျင်နေခဲ့သည်။
ဝမ်ယွီ သူမအားကြည့်နေပြီး သူ၏အမူအယာမှာ လေးနက်နေသည် " မင်းကမင်းပဲ မင်းကကိုယ့်ရဲ့သတို့သမီးလောင်း ဖြစ်ဖြစ် မဖြစ်ဖြစ် မင်းကတစ်ယောက်ထဲပဲ "
ခဏရပ်လိုက်ပြီး သူထပ်ပြောလာခဲ့သည် " အဲ့ဒီအချိန်တုန်းကတော့ ကိုယ်မင်းကိုလက်မထပ်ချင်ခဲ့ဘူး မင်းကအဲ့တုန်းကကိုမာဖြစ်နေခဲ့တာ ကိုယ်ကဝမ်မိသားစုကိုအရေးစိုက်ဖို့ပျင်းလွန်းခဲ့ပြီး သူတို့ဘာလုပ်လုပ်ပြသနာမရှိတာမလို့ အဲ့အရာက ကိုယ့်အတွက်အရေးမပါခဲ့ဘူး… ဒါပေမယ့် အခုတော့ ကိုယ်မင်းကို ဝမ်ကျန်းအိမ်ရာမှာနေစေချင်တယ် ကိုယ့်ဘေးမှာအမြဲရှိစေချင်ပြီး မင်းကိုလက်ထပ်ချင်တယ် မင်းကိုပဲလက်ထပ်ချင်တာ ကိုယ့်သတို့သမီးလောင်းကိုမဟုတ်ဘူး "
သူအနည်းငယ်တော့ နားလည်သွားခဲ့သည့်ပုံပင်။ အကယ်၍ချီကျန်းကျန်းသည် ဝမ်ယွီ့ကိုမဟုတ်ဘဲ သူမ၏သတို့သားလောင်းကိုသာ လက်ထပ်ချင်နေခဲ့လျှင် သူသည်လည်း စိတ်မကောင်းဖြစ်မိလိမ့်မည်။
ချီကျန်းကျန်းမှာ အလွန်အံ့ဩသွားခဲ့ပြီး သူ့အားရုပ်တည်ကြီးနှင့် ကြီးလာခဲ့လေသည်…
သူမရုတ်တရက်မူလပိုင်ရှင်၏မှတ်ဉာဏ်များအား စတင်ထုတ်ယူလိုက်တော့သည်။ အရင်အချိန်တွင် ဝမ်ယွီသည် သူမအားထိုကဲ့သို့ မကြည့်ခဲ့ဘူးချေ။ သူမကူးပြောင်းလာကာစအချိန်များတွင်ပင် သူ၏အပြုအမူမှာ သာမာန်မျှသာဖြစ်သည်။
ထိုသို့ဖြစ်လာပုံမှာ သူတို့နှစ်ဦး တဖြည်းဖြည်းနှင့် ဖက်ခြင်းနှင့်နမ်းခြင်းတို့ ပြုလုပ်ခဲ့သည့်နောက်တွင် စတင်လာပုံရသည်။ ထို့နောက်တွင် သူသည် သူမအပေါ် ပို၍ ပို၍ ကောင်းပေးလာခဲ့တော့သည်။
ဤသည်မှာ ဝမ်ယွီသူမအပေါ်ဖြည်းဖြည်းချင်း ချစ်မိလာခဲ့သောကြောင့်ဖြစ်မည်လား… သူချစ်ခဲ့မိသောလူမှာ ချီကျန်းကျန်းတစ်ယောက်ထဲဖြစ်ခဲ့သည်လား….
" ကျန်းကျန်း စိတ်မဆိုးပါနဲ့တော့လား… " ဝမ်ယွီမေးလာခဲ့သည်။
ခဏအကြာ၌ သူမညည်းတွားမိတော့သည် " အဲ့ဒါဆို ရှင်ကျွန်မကို စွပ်စွဲနေတာပဲ… ရှင်ပြောတာက ကျွန်မကရှင့်ကိုလက်မထပ်ချင်ဘူးတဲ့.. ကျ ကျွန်မဝမ်ကျန်းအိမ်ရာမှာနေပြီး ရှင့်ကိုဖက်ခွင့် နမ်းခွင့်ပေးခဲ့တာလေ ပြီးတော့ ကျွန်မကိုခွင့်ပြုချက်နဲ့ပတ်သက်ပြီး တစ်လုံးတလေတောင်မဟခဲ့ဘူး… "
အဲ့ဒီတော့…
အဆုံးမှာ အကုန်ရှင့်အမှားကြီးပဲ…
အဲ့ဒါကယုတ္တိမရှိဖြစ်ခဲ့မိတဲ့သူမအမှား သေချာပေါက်ကိုမဟုတ်ဘူး
ဝမ်ယွီမှာ ဝေခွဲမရဖြစ်နေပြီး " ဘယ်လိုခွင့်ပြုတဲ့စကားလဲ "
ချီကျန်းကျန်းမှာ အလွန်ဒေါသထွက်သွားပြီး သူ့အားကြည့်လာကာ သူမမျက်နှာမှာ ဒေါသများကြောင့် နီမြန်းနေတော့သည် " ရှင် ရှင် ဝမ်ယွီ ရှင်က မကောင်းတဲ့လူပဲ "
ဝမျယှီ : " ??? "
" ရှင်ပြောကြည့်လေ ရှင်ကျွန်မကိုသဘောကျလားဆိုတာ.. ရှင်လက်ထပ်ချင်တဲ့လူက ရှင့်သတို့သမီးလောင်းမဟုတ်ဘဲ ကျွန်မပဲဆို အဲ့တော့ ရှင်ကျွန်မကို ကြိုက်တာလား မကြိုက်တာလား… " ချီကျန်းကျန်းရှေ့တိုးလိုက်ပြီး သူ၏လက်များအားညှစ်လာခဲ့သည်။
ဝမျယှီ : "...."
သူဘာမှမပြောခဲ့သော်လည်း သူ့မျက်နှာမှာမူ ချက်ချင်းဆိုသလို နီမြန်းလာတော့သည်…
ချီကျန်းကျန်း၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။ ဤသည်မှာ ဝမ်ယွီရှက်နေခြင်းအား သူမပထမဆုံးအနေနှင့် မြင်ဖူးခြင်းပင်ဖြစ်သည်။
" မင်းပြောတာက… "
ဝမ်ယွီ သူ့ပါးစပ်အားဖွင့်လိုက်သော်လည်း သူ၏မျက်နှာမှာ အလွန်ရှက်နေပုံပေါ်ပြီး အချိန်ခဏအတွင်း စကားတစ်လုံးမှ မပြောနိုင်ခဲ့ပေ။
" ကျွန်မဘာမှမပြောခဲ့မိဘူးလို့ပဲ ထားလိုက်တော့မယ် "
" သဘောကျတယ် " ဝမ်ယွီအမြန်ဖြေလိုက်တော့သည်။
ချီကျန်းကျန်းရှက်သွေးဖြာသွားပြီး သူ့အားကြည့်ကာ ဆက်လက်မေးလာခဲ့သည် " အဲ့ဒါဆိုအရင်ကဘာလို့မပြောခဲ့တာလဲ… အဲ့ဒါကကျွန်မအတွက်ဘယ်လောက်တောင် ခက်ခဲခဲ့လဲဆိုတာ ရှင်သိရဲ့လား… ရှင်ကျွန်မကို သဘောနေတာလား သဘောမကျလားဆိုပြီး ကျွန်မနေ့တိုင်းစိတ်ညစ်ခဲ့ရတာ…"
ဝမ်ယွီရှက်သွားပြီး သူ့အမူအယာမှာ အထိတ်တလန့်ဖြစ်နေကာ သူ့အသံကအနည်းငယ်တုန်ယင်နေသည်
" ကိုယ် ကိုယ်မင်းကိုအရမ်းချစ်တယ် မင်းကိုယ့်ကိုနားလည်နေတယ်လို့ ထင်ခဲ့တာ…"
" ရှင်မပြောပြရင် ကျွန်မကဘယ်လိုလုပ်ပြီး နားလည်မှာတုန်း… " ချီကျန်းကျန်းသူ့အား လေးလေးနက်နက်ကြည့်လာခဲ့သည်။
ဝမ်ယွီသက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့လက်များမှာတင်းကြပ်သွားကာ " အဲ့ဒါဆို အခုကစပြီး ကိုယ်ပြောပါ့မယ် ကိုယ့်ကိုခွဲမသွားပါနဲ့နော် ကိုယ်အရမ်းကိုဝမ်းနည်းရတယ်…"
" ရှင်ကျွန်မကိုစိတ်တိုအောင်လုပ်လို့ကတော့ ကျွန်မအိမ်ကထွက်ပြေးမှာ… "
ဝမ်ယွီမျက်မှောင်ကြုတ်ကာ တစ်ခုခုပြောလိုက်ချင်သော်လည်း ယခုအချိန်တွင် သူမနှင့်အတူလိုက်လျောညီထွေနေလိုက်သည်က ပိုကောင်းကြောင်း သူသိလေသည်။
ခဏအကြာတွင် သူစိတ်ညစ်နေသည့်အမူအယာဖြင့်ပြောလာခဲ့သည် " အဲ့ဒါဆို အဝေးကြီးမသွားရဘူး "
ချီကျန်းကျန်းခဏစဉ်းစားလိုက်ပြီး ပြန်ဖြေခဲ့သည် " ကျွန်မဝမ်ကျန်းအိမ်ရာရဲ့တံခါးဆီကိုသွားမလို့ပါ "
ဝမ်ယွီတွေးလိုက်ပြီးနောက် ထိုအရာမှာ အဆင်ပြေနိုင်လောက်ပါသည်ဟု ခံစားမိသောကြောင့်…
" အဲ့ဒါက အဆင်ပြေပါတယ် "
xxxx