Part 108
ချီကျန်းကျန်းမှာ အိမ်မှထွက်ပြေးချင်ခဲ့ခြင်း သို့မဟုတ် သူ့အားလက်မထပ်ချင်နေခြင်းမျိုးမဟုတ်ချေ။ ထိုအရာအားကြားလိုက်ရပြီးနောက် ဝမ်ယွီအလွန်ပင်ပျော်ရွှင်ခဲ့လေသည်။
သူမသည်လည်း ပျော်ခဲ့ရလေသည်။ ဝမ်ယွီ ဝမ်ယွီသည်နောက်ဆုံးတွင် သူ့အချစ်အား သူမထံဝန်ခံလာခဲ့ပြီဖြစ်သည်။
သူမပါးများနီမြန်းနေပြီး သူ့အားကြည့်ကာ သူမမျက်လုံးထဲတွင် အပြုံးများဖြင့် ပြည့်နေခဲ့သည် " ရှင်နောက်ကျရင် အရာအားလုံးကိုပြောပြမယ်လို့ပြောခဲ့တယ် အဲ့တော့ အခုနားထောင်ကြည့်ရအောင်… "
သူမနားရွက်များနီရဲနေပြီး ပါးပြင်ပေါ်၌တောက်လောင်နေသကဲ့သို့ ခံစားနေရသော်လည်း သူ့အားအခိုင်အမာကိုကြည့်နေကာ အချစ်စကားအား နားထောင်ချင်နေခဲ့သည်။
ဝမ်ယွီချောင်းဆိုးမိလိုက်၏။ သူ၏မျက်လုံးများမှာ မျောလွင့်နေကာ သူ၏နားများက ထပ်မံနီမြန်းလာပြန်သည်။
" ပြော "
" ကိုယ်မင်းကိုချစ်တယ်…" ဝမ်ယွီပြောပြီးနောက် သူ့မျက်နှာတစ်ပြင်လုံးနီရဲသွားပြီး သူမအားမကြည့်ရဲပဲဖြစ်နေလေသည်။
ချီကျန်းကျန်း၏မျက်နှာမှာလည်း ရှက်သွေးဖြာသွားခဲ့သည်။ သို့သော် သူမ၏မျက်လုံးများမှာ အပြုံးများဖြင့်တောက်ပနေခဲ့၏။ သူမလက်အားမြှောက်ကာ မျက်နှာပေါ်အုပ်လိုက်ချိန်တွင် အပူချိန်အားခံစားမိလေသည်။ ထို့နောက် သူမအသံတိုးတိုးဖြင့် နူးညံ့စွာဆိုလာခဲ့သည်
" ကျွန်မလည်း ရှင့်ကိုချစ်တယ်… "
ဝမ်ယွီရုတ်တရက်ဆိုသလို ဘေးဘက်သို့ကြည့်နေခဲ့သော သူ၏အကြည့်များအားရုတ်သိမ်းလိုက်ပြီး သူမကိုသာ တည့်တည့်ကြည့်လာခဲ့သည်။
အတွင်းတွင်တော့ အလွန်ပြင်းထန်သောမီးတစ်ခုရှိနေကာ သူသည်သူမအား အစိမ်းလိုက်ကိုက်စားချင်နေသည့် သားရဲတစ်ကောင်ကဲ့သို့ဖြစ်နေလေသည်။ သူခက်ခက်ခဲခဲကြိုးစားထိန်းချုပ်ထားသောသားရဲမှာ သူမ၏စကားများကြောင့် လွတ်ထွက်သွားပြီး သူဆက်လက်ထိန်းထားရန် မတတ်နိုင်တော့ချေ။
သူ့ပါးစပ်အားဖွင့်လိုက်သော်လည်း အံ့ဩနေခဲ့မိသည်။ သူဘယ်လိုလုပ်ပြီး ထိုကဲ့သို့စကားများအားပြောနိုင်ပါမည်နည်း…
" ရှင်ဘာပြောလိုက်တာလဲ "
ချီကျန်းကျန်း သူမခေါင်းကိုသာ ငုံထားခဲ့မိသည်။ သည်တစ်ချိန်မှာတော့ သူမသူ့အားမကြည့်ရဲသည့်အချိန်ရောက်လေပြီ။ သူမခန္ဓာကိုယ်တစ်ခုလုံးနီရဲနေကာ အငွေ့ပျံတော့မည့်ပုံပေါက်နေခဲ့သည်။
သူ၏အချစ်မှာ မည်သည့်အချိန်၌စတင်ခဲ့သည်ကိုမသိသော်လည်း သူမအချစ်တွင် နက်နက်ရှိုင်းရှိုင်းမျောပါသွားခဲ့လေသည်။
သူမ၏ကြိုးပမ်းမှုများအရာထင်နိုင်မည်လားဆိုသည်ကိုပင် သူမမသိခဲ့ပါ။ သူမထင်နေခဲ့သည်မှာ သူမအကောင်းဆုံးကြိုးစားခဲ့လျှင်တောင်မှ အဆုံးတွင် သူမ သူ၏ချစ်ရေးချစ်ရာမပါသောကံကြမ္မာအား ပြောင်းလဲနိုင်လိမ့်မည်မဟုတ်ဟူ၍ဖြစ်သည်။
သို့သော်လည်း သူမသူ့အားချစ်ခဲ့မိသည့်အတွက် သူမပို၍ကြိုးစားဆန္ဒရှိခဲ့လေသည်။
လူတိုင်းသည် တစ်ကြိမ်တခါသာ အသက်ရှင်နိုင်မည်ဖြစ်သည်။ ဘဝမှာ အလွန်တိုလှသောကြောင့် သူမအချိန်ခဏတာကိုမျှ ဖြုန်းတီးပစ်ရန်မတတ်နိုင်ချေ။ သူမသေဆုံးသည်အထိထွက်မသွားဘဲ သူမ၏ဘဝအား နောင်တများမကျန်ခဲ့ပဲနှင့်ရှင်သန်ချင်ခဲ့သည်။
အချစ်သာ အချစ်သာဖြစ်၏။ ထိုအရာမှာ အမြင့်ဆုံးအခြေအနေသို့ရောက်နေလျှင်ပင် သူမရှက်ပြီးထွက်ပြေးသွားလို့မရချေ။ သူမ၏ခံစားချက်များကိုလည်း ဖော်ပြရန်လိုပေသည်။
သူမဖြည်းဖြည်းချင်းခေါင်းမော့လာကာ သူမ၏မျက်လုံးများမှာ ကြယ်ကဲ့သို့လင်းလက်တောက်ပနေပြီး...
" ဝမ်ယွီ ကျွန်မလည်းရှင့်ကိုချစ်တယ်… "
ဝမ်ယွီ၏ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ယင်သွားခဲ့လေသည်။
ဤသို့ရိုးရှင်းသည့်စာသားတစ်ကြောင်းသည် ထိုမျှအင်အားကြီးမည်ဟု သူလုံးဝကိုမသိထားခဲ့ချေ။ ထိုအခိုက်အတန့်တွင် သူ၏ဘဝမှာ ပြီးပြည့်စုံသွားပုံပေါက်နေပြီး သူမည်သို့ဖော်ပြရမည်အား မသိတော့သည့်အခြေအနေသို့ရောက်သည်အထိ ပျော်ရွှင်နေမိသည်။
ဤသည်မှာ ပြီးခဲ့သည့်အနှစ်နှစ်ဆယ်မှအခက်အခဲများသည် ထိုလူသားပေါ်လာရန် လုံလောက်သည့်ကံကောင်းမှုများရသည်အထိ စောင့်ဆိုင်းနေရသကဲ့သို့ဖြစ်နေလေသည်။
ဝမ်ယွီသူ့လက်အားဆန့်ကာ ချီကျန်းကျန်းအားရုတ်တရက်ဆုပ်ကိုင်လိုက်လေသည်။ သူ၏နှလုံးသားထဲတွင်မူ သူမဖော်ပြတတ်သော မရေတွက်နိုင်သည့် ခံစားချက်များဖြစ်ပေါ်နေပြီး ထိုအချိန်၌ သူဖိနှိပ်ထားရန်မဖြစ်နိုင်တော့ပေ။
သံမဏိတိုင်ကဲ့သို့လက်တစ်စုံမှ သူမအားတင်းကြပ်စွာဖက်ထားခဲ့ပြီး နှစ်ယောက်အိပ် အိပ်ခန်းအကျယ်၏တံခါးရှေ့သို့လျောက်လာလေ၏။
ဝမ်ယွီခဏရပ်လိုက်ပြီး " ကျန်းကျန်း အိပ်ခန်းအကြီးထဲကို ဒီနေ့ကစပြီးပြောင်းလာလို့ရမလား…. "
သူ၏အသံမှာ သတိထားနေပုံပေါ်ပြီး တုန်ယင်နေလေသည်။
ချီကျန်းကျန်း သူမ၏လက်များအားမြှောက်ကာ ဝမ်ယွီ၏လည်ပင်းဆီသို့ ချိတ်တွယ်လိုက်၏။ သူမခေါင်းအား သူ့ရင်ဘတ်ပေါ်တွင်မှီလိုက်ပြီး ရယ်ချင်စိတ်များအပြည့်နှင့် သူမ၏အသံမှာနူးညံ့နေလေသည် " ကောင်းပါပြီ "
ဝမ်ယွီ၏နှုတ်ခမ်းဒေါင့်များကွေးတက်သွားပြီး အခန်းထဲသို့ ခြေလှမ်းကျယ်ကြီးများဖြင့် ဝင်ခဲ့တော့သည်…
" ဘန်းးးး " တံခါးအား ကန်၍ပိတ်လိုက်လေသည်။
ခဏအကြာ၌ အတွင်းမှအသံများထွက်ပေါ်လာတော့သည်…
" ဝမ်ယွီ ခဏနေဦး ရှင်ထမင်းမစားရသေးဘူးလေ အရင်စားလိုက်ဦး…."
" ကိုယ်အခုထမင်းမစားချင်ပါဘူး " ကိုယ်ကမင်းကိုပဲစားချင်တာ…
" ဟင်းးးး အဲ့ဒါဆိုလဲ ညင်ညင်သာသာလုပ်နော်.. " သူမအသံမှာ အနည်းငယ်တုန်ယင်နေ၏။
" လိမ္မာပါတယ် " ထိုအသံမှာလည်း ထပ်တူတုန်ယင်နေလေသည်။
နောက်တစ်နေ့ နေ့လည်တွင် ဝမ်ယွီသည် အိမ်ချက်ဟင်းတစ်ပွဲအားကိုင်ကာ အပေါ်ထပ်သို့တက်လာခဲ့သည်။
ချီကျန်းကျန်းမှာ စောင်ဖြင့်ပတ်ထားဆဲဖြစ်ပြီး ပိုးတုံးလုံးလေးကဲ့သို့ အမူအရာကင်းမဲ့စွာ အိပ်ပျော်နေလည်။
ဝမ်ယွီ၏ နှုတ်ခမ်းထောင့်မှာ အပြုံးကြောင့် ကွေးတက်နေပြီး သူ့မျက်လုံးများမှာလည်း ထပ်တူပြုံးနေလေသည်။ သူ့ခြေထောက်များမှာ သွက်လက်နေပြီး အကြည့်တစ်ချက်နှင့်ပင် သူအလွန်ပျော်ရွှင်နေသည်အား သိနိုင်ပေသည်။
သူကုတင်ဘေးသို့လျောက်လာကာ အိပ်ရာဘေးရှိစားပွဲပေါ်သို့ မုန့်ပန်းကန်အားတင်လိုက်ပြီး ချီကျန်းကျန်းအားစောင်ထဲမှဆွဲထုတ်လိုက်လေသည်။ သူမ၏သေးငယ်သောမျက်နှာပေါ်တွင် ရှက်သွေးဖြာနေမှူများ ဖြတ်ပြေးသွားလေ၏။
သူငုံ့လိုက်ပြီး သူမ၏ပါးပြင်လေးများအားကြင်ကြင်နာနာပုတ်လိုက်ကာ သူ၏အသံမှာ အလွန်ပင်နူးညံ့နေလေသည် " ကျန်းကျန်း ထပြီးအစာစားတော့… "
ဝမ်ယွီမထိန်းနိုင်ပဲ သူမ၏နှုတ်ခမ်းပေါ်သို့ အခါခါအနမ်းပေးမိနေလေ၏။ ရှုပ်ထွေးနေသော သူမဆံပင်များအား ရှင်းပေးနေရင်းဖြင့် ကြင်နာစွာဆိုလာလေသည် " ထပြီးစားတော့ မင်းမနက်စာလဲမစားရသေးဘူးလေ… "
ချီကျန်းကျန်းမှာ အသံကြောင့် အနှောင့်အယှက်ဖြစ်သွားပြီး ညည်းညူလာတော့သည် " ကျွန်မနည်းနည်းအိပ်ချင်သေးတယ် ပြီးတော့ မနက်ကမှအိပ်ရတဲ့ဟာကို…"
စကားပြောနေရင်းဖြင့် သူမလှိမ့်လိုက်ပြီး ဝမ်ယွီအားကျောပေးထားလိုက်တော့သည်။
သူမလှိမ့်လိုက်သည့်အတွက် စောင်မှာအနည်းငယ်လျောကျသွားပြီး သူမ၏ဖြူဖွေးနေသော ပခုံးနှင့်နောက်ကျောမှာ ထွက်ပေါ်လာလေသည်။
သို့သော် ထိုအရာများမှာ အလုံးစုံဖြူဖွေးနေခြင်းတော့မဟုတ်ပေ။ တစ်ကိုယ်လုံးတွင် အနီရောင်အမှတ်များပြည့်နေပြီး ပြုလုပ်ခဲ့သည့်သူတစ်ယောက်အနေဖြင့် ဝမ်ယွီအကြည့်တစ်ချက်ဖြင့်ပင် နားလည်သွားခဲ့သည်။
ဝမ်ယွီမျက်လုံးများ ရုတ်တရက်မဲမှောင်လာပြီး သူ့အသံမှာကြမ်းတမ်းနေလေသည်။ဝမ်ယွီ သူမ၏နားနားကပ်ကာ ပြောလာခဲ့သည်
" မင်းမထချင်ဘူးဆိုရင်လည်း နောက်တစ်ခေါက်လောက်ထပ်လုပ်ကြမယ်လေ…"
ဟမ်……
နောက်တစ်ခေါက်…..
သူ၏စကားလုံးများမှာ ချီကျန်းကျန်း၏စိတ်ထဲတွင် ကောင်းကင်မှ မိုးကြိုးမုန်တိုင်းများ ကျဆင်းလာသကဲ့သို့ ဖြစ်သွားလေ၏။ သူမမည်မျှပင်အိပ်ချင်နေစေကာမူ လူးလဲကာထလာရတော့သည်။
သူမထထိုင်လိုက်သည်နှင့်တစ်ပြိုက်နက် သူမကိုယ်သူမ စောင်နှင့်တင်းကြပ်စွာပတ်ကာ ဝမ်ယွီအား ခုခံစိတ်အပြည့်ဖြင့်ကြည့်လိုက်လေသည် " စဉ်းတောင်မစဉ်းစားနဲ့… "
နောက်တစ်ကြိမ်၊ နောက်တစ်ကြိမ်နှင့် နောက်ဆုံး၌ အဆုံးသတ်တော့မည် မဟုတ်ချေ။
သူမဝမ်ရိရန်၏အချိန်တိုလွန်းပြီး အရည်အသွေးမရှိခြင်းအား မည်သည့်အချိန်ကမှ ညည်းညူခြင်းမရှိခဲ့ချေ။ သို့သော် တစ်ခါတရံတွင် အချိန်ပိုကြာပြီး အရည်အချင်းရှိသောသူများမှာ ပို၍တပ်မက်ဖွယ်ကောင်းကြောင်း သူမသဘောပေါက်သွားခဲ့ပြီဖြစ်သည်။
သူမကိုယ်သူမကာကွယ်မှုအပြည့်ဖြင့် ဖြစ်နေသည်အား မြင်ရသဖြင့် ဝမ်ယွီဆက်လက်၍သားရဲမဆန်နိုင်တော့ပဲ သူမအားလွှတ်ပေးလိုက်လေသည်။
အဟမ်းးး… ဤသည်မှာ သူ၏ပထမဆုံးအသားစားဖူးသည့်အချိန်ပင်ဖြစ်သည်။ ထို့ကြောင့် သူအနည်းငယ်ထိန်းချုပ်မှုကင်းလွတ်သွားခြင်းဖြစ်သည်။ သို့သော် သူချီကျန်းကျန်း၏ခန္ဓာကိုယ်အားထိခိုက်မှုမရှိစေရန် အလွန်ဂရုစိုက်နေဆဲပင်ဖြစ်၏…
သူနေ့လည်စာအားဇွန်းဖြင့်ခပ်ယူလိုက်ကာ သူမချော့မော့နေသည့်အသံဖြင့် " ကိုယ်မင်းကိုမုန့်နည်းနည်းအရင်ကျွေးထားမယ်လေ… ဗိုက်ပြည့်သွားမှ ဆက်အိပ်နော်.. မင်းမနက်စာလဲမစားခဲ့ဘူးလေကွာ…"
" ကျွန်မသွားမတိုက်ရသေးဘူး…"
" ကိုယ်မင်းကို ပလုတ်ကျင်းတဲ့အရည်သွားယူပေးမယ် "
" အင်းး အာ့ဆိုလဲ ပြီးတာပဲ…"
ထိုအခါမှ ချီကျန်းကျန်း သူမပါးစပ်အားဖွင့်တော့သည်။
ဝမ်ယွီ သူမအားနူးနူးညံ့ညံ့လေးခွံ့ကျွေးနေပြီး သူမ၏ပါးစပ်ထောင့်များအား တစ်ကြိမ်ပြီးတစ်ကြိမ် တစ်ရှူးဖြင့် သုတ်ပေးနေခဲ့သည်။ သူ၏အပြုအမူမှာ အလွန်ပင်ချော့မော့နေပြီး သူ၏အလွန်တရာငဲ့ငြာနေသော အသွင်အပြင်ကြောင့် ချီကျန်းကျန်းသည် သူ့အားခွင့်လွှတ်ပေးရန် မစဉ်းစားပဲမနေနိုင်တော့ပေ။
ထိုကိစ္စအား ပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ ထိုအရာမှာ ကွဲပြားလေသည်…
အတိတ်တွင်မူ သူတို့နှစ်ဦးသည် မရေမရာဖြစ်နေကြပြီး၊ ချိုမြိန်ကာသာယာပျော်ရွှင်ခဲ့ကြသော်လည်း အချင်းချင်းစိုးရိမ်နေခဲ့ကြပြီး စိတ်မသက်မသာဖြစ်နေမိခဲ့ကြသည်။
ယခုအချိန်တွင်မူ သူတို့အချင်းချင်းပို၍နားလည်မှုရှိလာကြသောကြောင့် သူတို့နှစ်ဦးမှာ ပို၍ချိုမြိန်လာခဲ့ပြီး ပို၍ပျော်ရွှင်လာကြသည်။
ဝမ်ယွီမှာ လူသားဆန်မှုအနည်းငယ်ကျန်ရှိနေသေးကြောင့် သူမပို၍အိပ်ရန်လိုအပ်နေကြောင်းအား သိခဲ့လေသည်။
နေလည့်စာစားပြီးသည့်နောက်တွင် ချီကျန်းကျန်းသည် ညစာမစားခင်အချိန်ထိတိုင်အောင် အိပ်လိုက်မိတော့သည်။ ထို့နောက်သူမနေ့အချိန်၌အများကြီး အိပ်မိခဲ့သဖြင့် ညဘက်တွင်အိပ်မပျော်နိုင်တော့ချေ…
ထို့အတွက်ကြောင့် ဝမ်ယွီသည် သူမအိပ်မပျော်သည့်အတူတူ တစ်ခုခုလုပ်ကြရန်တိုက်တွန်းလာခဲ့သည်။
ရလဒ်အနေဖြင့် သူမထပ်မံ၍ပန်ကိတ်ဖြစ်သွားခဲ့ရပြီး သူမတစ်ညလုံး ထပ်ခါထပ်ခါအလှန်ခံရကာ သူမခန္ဓာကိုယ်အား နှစ်ဖက်စလုံးမှအချက်ခံရသကဲ့သို့ဖြစ်ခဲ့ရသည်။
နောက်တစ်နေ့တွင်လည်း သူမနေ့လည်ခင်းမှသာ အစာစားရန်ထလာနိုင်ခဲ့ပြီး ညဘက်တွင်ပန်ကိတ်ကဲ့သို့ထပ်မံအချက်ခံရပြန်သည်။
ထိုသို့ဖြစ်နေသည်မှာ သုံးရက်ဆက်တိုက်ရှိပြီးသည့်နောက်တွင်တော့ ချီကျန်းကျန်း သူမအသိစိတ်အားပြန်လည်ရရှိလာတော့သည်။
သူမရုတ်တရက်သဘောပေါက်သွားခဲ့သည်…
ထို့ကြောင့် နေ့လည်ခင်းအချိန်တွင် ဝမ်ယွီဘာမှမပြောရသေးသော်လည်း ညအိပ်ဝတ်စုံဝတ်ဆင်ထားသည့် တစ္ဆေတစ်ကောင်ကဲ့သို့ သူမထလာကာ အစာစားနေတော့သည်။
သူမနေ့ခင်းပိုင်းတွင် အိပ်ငိုက်လာသော်လည်း သူမ၏သွားများအားကြိတ်အား နိုးနေစေရန် အစွမ်းကုန်ကြိုးပမ်းနေလေသည်။
" မင်းအိပ်ငိုက်နေရင် သွားအိပ်လေ.." ဝမ်ယွီသူမအားညင်သာစွာအကြံပေးနေခဲ့သည်။
ချီကျန်းကျန်း သူ၏လက်အနောက်ဖက်အား ရိုက်လိုက်ကာ ဒေါသတကြီးပြောလာလေသည်
" ကျွန်မထပ်ပြီး ကျရှုံးသွားမှာမဟုတ်ဘူး… ပြီးတော့ရှင်… ရှင် အဲ့ဒါကအနားယူပြီး ပြန်လည်သက်သာဖို့အချိန်လိုတယ်ဆိုတာ သိသင့်တယ်… ရှင် အဲ့လိုကိစ္စမျိုးကို အများကြီးလုပ်လို့မရဘူး…"
သူသည် အသေအချာပင်အချစ်မပါသော ဝတ္ထု၏ဇာတ်လိုက်ကောင်ဖြစ်လေသည်။ သို့သော် သူ့တွင်အဘယ့်ကြောင့် အမှောင်ဝတ္ထု၏ဇာတ်လိုက်ကဲ့သို့ ကျောက်ကပ်နှင့်ခါးများရှိနေရသည်နည်း…
ဤသည်မှာသောက်ကျိုးနည်းပင် အဓိပ္ပါယ်မရှိနေချေ။
xxxxxx