Part 112
နောက်တစ်နေ့တွင်တော့ ဝမ်ယွီသည် သိသိသာသာပင် ခံစားချက်များကောင်းနေခဲ့ပြီး တစ်နေ့တာလုံးရည်မွန်စွာပြောဆိုဆက်ဆံနေခဲ့သည်။
ကုမ္ပဏီအကြီးတန်းဝန်ထမ်းများအဖွဲ့တွင်တော့ ထပ်မံ၍အတင်းပြောနေကြလေသည်…
" ဘော့စ်ကဒီရက်ပိုင်းကိုအတော်လေးစိတ်ကောင်းဝင်နေပုံပဲ သူဒေါသထွက်နေတာတို့ စကားကြမ်းကြမ်းတွေပြောနေတာတို့ကို မြင်တောင် မမြင်မိသေးဘူး…"
" အဲ့ဒါတင်မကသေးဘူး…ငါသေတဲ့အထိကိုအဆူခံရမဲ့အမှားလုပ်မိသွားသေးတယ်… ဒါပေမယ့်ဘော့စ်က ငါ့ကိုမဆူခဲ့ပဲ ကိုယ့်ဘာသာပြန်ပြင်ထားဖို့ပဲပြောခဲ့တာ…"
" ဘော့စ်ရဲ့အချစ်ရေးက ချောမွေ့နေတာကြောင့်များ ဖြစ်နိုင်မလား…"
" လာနောက်နေတာလား သူ့မျက်နှာကြီးက အပျော်တွေအပြည့်ဖြစ်နေတာလေ အိုကေလား…"
" မင်းသာ အချစ်နွံထဲကိုရောက်နေခဲ့ရင် မင်းခံစားချက်တွေက တစ်ခါတလေကောင်းပြီး တစ်ခါတလေကြဆိုးလိမ့်မယ်…အထူးသဖြင့် အချိန်ကောင်းတွေကြရင် မင်းပျော်နေရပြီး အချိန်ဆိုးတွေကြရင် မင်းစိတ်ညစ်နေရမှာ…"
" အဲ့ဒါကအရင်တစ်ခေါက်တုန်းကလိုမဟုတ်ဘူးမလား သူကအစပိုင်းတော့အဆင်ပြေနေသေးတာ ခဏနေလဲကြကော ဝုန်းဆိုထပေါက်ကွဲပါလေရော အရမ်းကြောက်ဖို့ကောင်းတာပဲ…"
" စကားဆက်ပြောမနေကြနဲ့တော့ မြန်မြန်အလုပ်သွားလုပ်ကြ အဲ့ဒါမှ မြန်မြန်အလုပ်ပြီးပြီး ဘော့စ်စိတ်ကောင်းဝင်နေတုန်း ပြနိုင်မှာ…"
" အိုးး အဲ့ဒါဆို ငါတို့ဘော့စ်ရဲ့ဇနီးကို ဘယ်ချိန်သွားတွေ့ကြမှာလဲ…အဲ့ဒါဆိုရင် ငါတို့တွေ သူတို့ရဲ့အခြေအနေကိုလိုက်ပြီး ဘော့စ်ရဲ့စိတ်အခြေအနေကိုခန့်မှန်းနိုင်လိမ့်မယ်…"
" အရေးအကြီးဆုံးအချက်ကတော့ ဘော့စ်ရဲ့ဇနီးက သူ့ရဲ့ဒေါသကိုပြေပျောက်အောင်လုပ်ပေးနိုင်တယ်ဆိုတာပဲ…"
ဝမ်ယွီသည် သူ၏ " အချစ်နွံထဲကျနေပြီ " ဟူသော အမူအယာအား ကုမ္ပဏီတစ်ခုလုံးပြောဆိုနေကြသည်ကိုမသိနေခဲ့ပါ။ သူတို့သည် သူ၏စိတ်အခြေအနေအား သူ၏အချစ်ရေးကိုအခြေခံပြီး ခန့်မှန်းနေခဲ့ကြရုံသာမက ချီကျန်းကျန်းအား ကုမ္ပဏီတွင်လာထိုင်နေရန်ကိုပင် မျှော်လင့်နေခဲ့ကြလေသည်။
သူသည် ယနေ့တစ်နေ့တာလုံးတွင် လေထဲတွင်ပျံသန်းရနေသကဲ့သို့ ခံစားနေရပြီး သူကောင်းမွန်စွာအလုပ်လုပ်နေခဲ့သော်လည်း တခါတရံတွင်အာရုံပျံ့လွင့်ကာ လက်မှနာရီအား မကြာခဏဆိုသလို ကြည့်မိနေတော့သည်။
ချီကျန်းကျန်းက အချိန်ရောက်လျှင်သူ့အား စာပို့မည်ဟုပြောခဲ့လေသည်…
ယခုအချိန်သည် ခြောက်နာရီထိုးနေပြီဖြစ်သောကြောင့် ဝမ်ယွီထပ်မံ၍မစောင့်ချင်တော့ပဲ သူမနှင့်သာ အိမ်ပြန်၍တွေ့ဆုံမိလို၏။ ထိုအချိန်၌ သူမဆီမှာ စာရောက်လာခဲ့လေသည်…
[ ဝမ်ယွီ XX ရင်ပြင် ကိုလာခဲ့နော် ကျွန်မရှင့်ကိုအဲ့မှာစောင့်နေမယ်..]
ဝမ်ယွီပြုံးလိုက်ပြီး အလျင်အမြန်ဆိုသလို ကားသော့နှင့်မိုဘိုင်းဖုန်းအားကောက်ယူကာ အောက်ထပ်သို့ ခြေလှမ်းမြန်မြန်ဖြင့် ပြေးဆင်းသွားတော့သည်။
ဆယ်မိနစ်အတွင်း သူ XX ရင်ပြင် သို့ရောက်လာခဲ့လေသည်။
ထိုအချိန်တွင် ရင်ပြင်၌ လူများစွာရှိနေပြီး ဖြတ်သွားဖြတ်လာများ အလျင်အမြန် ကူးသန်းသွားလာနေကြလေသည်။ သူသည် လူအုပ်ကြီးအား ကျော်လွန်ကာ ကြည့်လိုက်သော်လည်း ချီကျန်းကျန်းကိုမူ မမြင်ရသေးချေ…
သူ၏မျက်လုံးများမှာ ရှုပ်ထွေးသွားပြီး မိုဘိုင်းဖုန်းအားထုတ်ယူလိုက်သော်လည်း သူမအားခေါ်ဆိုမှုမပြုလုပ်ရသေးပေ။
ထိုအချိန်၌ သူ၏နောက်မှ တစုံတစ်ယောက်သည် သူ၏ကျောအား အသာအယာပုတ်လာခဲ့လေသည်။
ဝမ်ယွီက နှုတ်ခမ်းထောင့်မှာ အပြုံးတခုဖြစ်လာပြီး နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါ လက်ကမ်းစာစောင်တွေကို ကိုင်ထားတဲ့ ကြီးမားတဲ့အရုပ်ကြီးကိုသာ တွေ့လိုက်ရသည်၊သူ့မျက်နှာပေါ်က အပြုံးက ချက်ချင်းပင်လွင့်ပြယ်သွားလေသည်
အဲ့ဒီအရုပ်ကကြီးမားတဲ့ ပစ်ကာချူးအရုပ်ကြီးဖြစ်ကာ တကိုယ်လုံး အဝါရောင်ဖြစ်ပြီး အရမ်းချစ်ဖို့ကောင်းလေသည် သူ့နောက်တွင် ကလေးအနည်းငယ် ရီမောကာ ပျော်ပျော်ရွှင်ရွှင်လိုက်ကစားနေကြသည်
တခနတွင်းမှာပင် သူမျက်မှောင်ကြုတ်လိုက်ကာ အရုပ်ကြီးအား အမူအရာကင်းမဲ့စွာ ကြည့်လိုက်သည်
ပုံမှန်အခြေအနေမှာဆိုရင်တော့ သူ့မျက်လုံးကို ကြည့်လာမိတဲ့ သူတွေအားလုံးက အလိုလိုပင် ထွက်ပြေးလာချင်ကြမှာ ဖြစ်သည်
ဒါပေမယ့် ဒီအရုပ်က သေချာဘဲမမြင်ရလို့လား ဒါမှမဟုတ်အကြောက်အလန့်ဘဲ မရှိတာလားဆိုတာသူ မသိတော့ဘူး၊ ဘာလို့လဲဆိုတော့ အရုပ်က သူ့လက်ထဲမှာရှိတဲ့စာစောင်အား သူ့ထံသို့တွန်းထိုးလာသောကြောင့်ဖြစ်သည်
ဝမ်ယွီက နှုတ်ခမ်းစေ့လိုက်ကာ စာစောင်ကိုယူရန်လုပ်လိုက်သည်
ပစ်ကာချူးအရုပ်က သူ့ကို ချီကျန်းကျန်းအား အမှတ်ရလာစေသည်၊ ဒါပေမယ့် ချီကျန်းကျန်းရဲ့ မိချောင်းညအိပ်ဝတ်စုံက အနည်းငယ်ပို၍သေးငယ်ကာ
မျက်နှာကိုဖော်ထားလေသည်
ဒီအရုပ်ကြီးရဲ့ ဝတ်စုံကတော့ တမျိုးတဖုံ ပုံကြီးချဲ့ထားလေသည် ဒါပေမယ့် ဒီလိုဖောင်းကားနေတာကပင် ၎င်းအားအရမ်းကိုချစ်စရာကောင်းနေစေသည်
လက်ကမ်းစာစောင်အား လက်ခံလိုက်ပေမယ့်လည်း အရုပ်ကြီးက အခုထိကို ကျေနပ်မှုမရှိသေးဘဲ အခြားဦးတည်ချက်ကိုသွားဖို့အတွက် သူ့လက်မောင်းအားဆွဲရန်လုပ်လာခဲ့လေသည်
ပစ်ကာချူးရဲ့ လက်တွေက အရမ်းကိုအဆင်မပြေဖြစ်နေတာကြောင့် အရုပ်ကြီးရဲ့လက်တွေက သူ့လက်မောင်းအား ဖိဆိတ်ထားသလိုပင်ဖြစ်နေကာ အဲ့ဒါကအရမ်းကို ခိုင်မာနေလေသည်
ဝမ်ယွီက သတိမမူမိစွာ သူ့လက်အားပြန်ဆွဲထုတ်ချင်ခဲ့သည်၊ သူ့မျက်ခုံးများကလည်း တကယ်ကိုတင်းကြပ်စွာ ရှုံ့တွလာခဲ့လေသည်
သို့သော်လည်း အဲ့ဒီအချိန်တွင်သူတို့တွန်းထိုးမိသွားတာကြောင့် သူ့မြင်ကွင်းထဲက လက်ကမ်းစာစောင်ကို ကိုင်ထားသည့်ပုံစံက အနည်းငယ်ရွေ့လျားသွားလေသည်
စာစောင်က အရမ်းကိုရိုးရှင်းလေသည် ၊အဲ့ထဲတွင် ပုံများနှင့် စာများပါရှိကာ အဲ့ဒီပုံက ချီကျန်းကျန်းဖြစ်နေလေသည်
ပြီးတော့ သူလည်းပါနေခဲ့သည်၊ အဲ့ဒါက သူစာကြည့်ခန်းထဲတွင် အလုပ်လုပ်နေသည့်ပုံဖြစ်ကာ အခြားပုံကလည်း သူမီးဖိုချောင်တွင် ချက်ပြုတ်နေသည့်ပုံ ဖြစ်ပေသည်။
ဝမ်ယွီက ချက်ချင်းပင်ထိတ်လန့်သွားတော့သည်
လက်ကမ်းစာစောင်ထဲတွင် စာများလည်းပါနေကာ အဲ့ဒါက ချစ်စရာကောင်းသောအက္ခရာများနှင့် ရိုက်နှိပ်ထားလေသည်
‘‘ချစ်လှစွာသော မစ္စတာဝမ်ရေ ကျေးဇူးပြုပြီး အချစ်ရဲ့သတင်းပို့ဆောင်ပေးတဲ့သူနဲ့ လိုက်လာခဲ့ပါနော် /ချစ်စရာလေး。。。’’
သူက ပုံများနှင့်စာသားတို့ကို ကြောင်အစွာပင် စိုက်ကြည့်လိုက်မိသည်။
အခုချိန်တွင် သူ့နှလုံးသားတခုလုံး ပြည့်နှက်လာကာ
လျှံကျတော့မလိုပင် ခံစားလာရသည် အဲ့ဒါက သူ့ရင်ထဲတွင်သယ်ဆောင်ထားနိုင်သော ပမာဏထက်များပြားနေကာ ၎င်းက ပြင်းထန်စွာပင် မြင့်တက်လာခဲ့သည်
ကလေးတွေက အရုပ်ကြီး တယောက်ယောက်ကိုဆွဲခေါ်သွားကာ တနေရာသို့ထွက်သွားသည်ကိုတွေ့လိုက်လျှင် ပြုံးလိုက်ကြကာ ဝမ်ယွီနောက်မှလိုက်လာခဲ့ကြသည်
ဝမ်ယွီက တွေဝေနေရင်းနှင့်ပင် အရုပ်ကြီးဆွံသည့်ဘက်သို့သာ လိုက်လာခဲ့မိလေသည်၊ သူ့ဉာဏ်ရည်က အရမ်းမြင့်နေခဲ့တယ်ဆိုရင်တောင်မှ အခုချိန်မှာတော့ သူ့ဦးနှောက်က ဗလာဖြစ်နေခဲ့လေသည် သူအနေဖြင့် ဒီလိုဆွံ့အနေသလိုဖြစ်ဖို့ဆိုတာ အရမ်းကိုရှားလေသည်။
အရုပ်ဝတ်စုံရဲ့ ခြေထောက်တွေက မိချောင်းဝတ်စုံထက်ပို၍တိုကာ သာမာန်ခြေလှမ်းတလှမ်းအကွာအဝေးကို သူတို့ကအကြိမ်အနည်းငယ်ပိုလျှောက်ရလေသည် ၊အရုပ်က သူ့ခြေထောက်နှစ်ဖက်ကို လေရဟတ်တခုကဲ့သို့ပင် လွှဲရမ်းလိုက်ရသည်မှာ အဲ့ဒါကခပ်ရွရွလေး ပြေးနေသကဲ့သို့ပင်ဖြစ်လေသည်။
သူက အရုပ်ကိုကြည့်လိုက်ကာ သူ့မျက်လုံးများကတောက်ပလာခဲ့သည်
ချက်ချင်းပင် သူကလက်ဦးမှုယူလိုက်ကာ အရုပ်ရဲ့ပိန်သွယ်နေသောလက်ကိုဆွဲလိုက်ရန် လုပ်လာလေသည်
ကလေးအနည်းငယ်က သူတို့နောက်မှလိုက်ကာ တခစ်ခစ်ရယ်ရင်း ပြေးလွှားနေကြသည်။
သူတို့က ဝေးဝေးလံလံသို့ မသွားခဲ့ပေ ၊ ဒီတိုင်းလူသိပ်မရှုပ်တော့သည့် နေရာကိုသာဖြစ်လေသည်
အရှေ့တွင်တော့ ဖယောင်းတိုင်များ ထွန်းညှိထားကာ အသည်းပုံ ပုံစံအတိုင်းရှိနေလေသည်
အရုပ်က သူ့အား အသည်းပုံထဲသို့ဆွဲခေါ်လာပြီးနောက်တွင် နှင်းဆီတပွင့်အား ထုတ်လိုက်ပြီး သူ့ပါးစပ်ထဲတွင် ကိုက်ခဲလိုက်လေသည်၊ ထို့နောက် အရုပ်လက်များအား ခက်ခဲစွာမြှောက်လာကာ အ သည်းပုံ ပုံစံအားလုပ်ပြလာခဲ့သည် ။
အရုပ်က ဘယ်ဘက်သို့ ကိုင်းသွားကာ အရုပ်ဝတ်စုံနှင့်ဖော်ပြရန် အနည်းငယ်ခက်ခဲနေသည့် အသည်းပုံအားလုပ်ပြလာခဲ့လေသည် ၊ ၎င်းအသည်းပုံက သိပ်ပြီးတော့ ပုံစံမကျနေခဲ့ပေ။
ဒါပေမယ့်လည်း တချက်ကြည့်လိုက်ရုံနဲ့တင် ၎င်းကအသည်းပုံ ပုံစံဆိုတာကိုတော့ မှတ်မိနိုင်လေသည်
ဘာကြောင့်မှန်း မသိပါဘဲ ဝမ်ယွီရဲ့မျက်လုံးတွေက အနည်းငယ်နီရဲလာခဲ့သည် သူကနှင်းဆီပန်းကို ယူရန်လုပ်လိုက်ပြီးနောက် အရုပ်ရဲ့ခေါင်းကိုချွတ်ယူရန် လုပ်ဆောင်လာခဲ့လေသည်
ဒါပေမယ့် အဲ့ဒီအချိန်တွင် သူ့လက်တွေက တုန်ရီနေခဲ့တာကို ဘယ်သူမှမသိလိုက်ပေ။
အရုပ်ခေါင်းအား ချွတ်လိုက်ပြီးနောက် ချီကျန်းကျန်း ပိုနီတေး ပုံစံဆံပင်နှင့်ပေါ်လာကာ နေရာတိုင်းတွင် ချွေးများထွက်နေခဲ့လေသည် သူမ၏ကိုယ်က အရုပ်ကိုယ်ထဲတွင်ရှိနေသေးကာ သူမတကိုယ်လုံးက ရေထဲမှထွက်လာသကဲ့သို့ပင် ဖြစ်နေလေသည်။
ဒါပေမယ့် သူမက တောက်ပသောအပြုံးတစ်ခုနှင့် ပန်းလေးတစ်ပွင့်လို ပြုံးပြလာကာ。。
‘‘ဝမ်ယွီ နင်အံ့ဩသွားလား ’’
xxxxxxxxx