အပိုင်း ၁၁၃
Viewers 34k

Part 113


ချီကျန်းကျန်းက ဝမ်ယွီကို နှင်းဆီပန်းတွေနဲ့ စပရိုက်လုပ်ချင်နေတာ အတော်ကြာခဲ့ပြီဖြစ်သည်


မနေ့ မတိုင်ခင်အရင်နေ့က အန်တီဝမ်က သူမ မာစတာအိပ်ခန်းထဲကို ပြောင်းတော့မယ်ဆိုတာသိသွားကာ သူမနဲ့ဝမ်ယွီက တရားဝင်တွဲဖြစ်သွားပြီ‌ဆိုတာပါ သိသွားခဲ့လေသည်


 အန်တီဝမ်က နောက်ဆုံးတွင်သူမတို့အတူရှိနေပြီဆိုတာကို တတွတ်တွတ်ပြောနေကာ ဝမ်ယွီကသူမအား ဘယ်လောက်တောင်ဂရုစိုက်တယ်ဆိုတာကိုပြောပြလာခဲ့သည်၊ သူမက ဝမ်ယွီအား အရမ်းသဘောကျတယ်ဆိုတာကိုပြောလာခဲ့ကာ နောက်ဆုံးတခေါက် သူမအိမ်ကနေထွက်သွားခဲ့တုန်းက ဝမ်ယွီကနှင်းဆီပန်းစည်းတခုကို ဝယ်လာခဲ့တယ်ဆိုတာကိုပါ ပြောပြလာခဲ့လေသည် ၊ဒါပေမယ့် ပန်းတွေက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်မှာ နှမြောစရာပင်ဖြစ်လေသည်။


ထိုအခါမှသာ ချီကျန်းကျန်းက ဝမ်ယွီသူမအတွက် 

နှင်းဆီပန်းစည်းတခုကို ပေးချင်တာကိုသိလိုက်ရကာ ကံမကောင်းစွာပင် အဲ့ဒီနေ့တွင် သူမအိမ်မှထွက်လာခဲ့မိလေသည်။


အဲ့ဒီနေ့မှာဘဲ ဝမ်ယွီက သူမကိုလာရှာခဲ့ကာ သူမအပေါ်ဘယ်လောက်တောင်ဂရုစိုက်‌တာလဲဆိုတာကို သိလိုက်ရလေသည်


သူက နှင်းဆီပန်းစည်းတခုနှင့် ပြန်လာခဲ့ပေမယ့်လည်း သူမက ဘာမှမပြောဘဲ ထွက်သွားပြီဆိုတာကိုသာ သိလိုက်ရလေသည် ၊ပြီးတော့ သူက သူမဘယ်မှာလဲဆိုတာရှာလာခဲ့ကာ သူမအား မိချောင်းညအိပ်ဝတ်စုံနှင့်ပင် ပြန်ခေါ်လာခဲ့ပေသည်。。。


အမှန်တကယ်မှာတော့ သူမက သူ့ကိုသဘောကျလာတဲ့အချိန်နီးပါး‌လောက်မှာဘဲ သူကလည်း သူမအားအရမ်းကိုကြိုက်နှစ်သက်‌နေပြီးသားဖြစ်လေသည် ။


ဒါကြောင့်လဲ သူက သူမအတွက်အရာအားလုံးကိုလုပ်ပေးလာခဲ့သော်လည်း ဘာမှထုတ်မပြောလာခဲ့ပေ၊ အဲ့ဒါကြောင့် သူမကစိတ်‌လှုပ်ရှားကာ စိုးရိမ်ရုံဘဲ တတ်နိုင်ကာ သူက သူမကို မချစ်ဘူးလို့ထင်သွားခဲ့တာ。。。


သူမအတွက် ဘယ်လိုလုပ်ပြီး မချစ်မိသွားဖို့ ဖြစ်နိုင်မှာလဲ သူကလည်းသေချာပေါက်ပင် သူမကိုကြိုက်နေခဲ့လေသည်။


ဝမ်ယွီက သူမမိချောင်းဝတ်စုံဝတ်တာကို သဘောကျတာဘဲလို့ ချီကျန်းကျန်းတွေးလိုက်မိသည် ဒါဆိုရင် သူတို့ရဲ့ ပထမဆုံးတရားဝင်ချိန်းတွေ့တဲ့နေ့မှာ သူ့အတွက်အရုပ်ဝတ်စုံကိုဝတ်လိုက်ပြီး နှင်းဆီပန်းအားပေးကာ အရင်တုန်းက နောင်တရခဲ့တဲ့အရာလေး အတွက် ပြင်ဆင်ချင်ခဲ့သည်။


ချီကျန်းကျန်းက သူမရဲ့ မျက်ရည်ဝိုင်းနေသောမျက်လုံးဝိုင်းများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ကာ ဝမ်ယွီပျော်ပြီး ပြုံးလာမလားဆိုသည်ကိုစောင့်ကြည့်လိုက်သည်။


ဒါပေမယ့် အမှန်တကယ်မှာတော့ ဝမ်ယွီကပြုံးမလာခဲ့ပေ။


သူက ပြုံးမလာရုံတင်မကဘဲ သူ့မျက်လုံးများကပါ အနည်းငယ်နီရဲလာခဲ့သည်။


ချီကျန်းကျန်းလည်းဘဲ ထိတ်လန့်သွားတော့သည် 


ဝမ်ယွီက ဖောင်းတုတ်နေတဲ့အရုပ်ဝတ်စုံထဲမှာ ရှိနေတဲ့ကောင်မလေးအား သူ့လက်မောင်းထဲသို့ဆွဲယူလိုက်ကာ တင်းကြပ်စွာဖက်လိုက်လေသည်။


သူဘာမှမပြောနိုင်တော့ပေ၊ သူ့နှုတ်ခမ်းများက တုန်ရီလာခဲ့သည် အချိန်အတော်ကြီးကြာသွားပြီးတဲ့နောက်မှာမှ သူက သူမနာမည်အား တုန်ရီစွာခေါ်လာခဲ့သည်

‘‘ချီကျန်းကျန်း 。。。’’


မင်းတကယ်ဘဲ ကိုယ့်ကို‌အသေသတ်ဖို့လုပ်နေတာလားကွာ..


သူ့ရဲ့ဘဝတစ်ခုလုံးကလွဲပြီး。。。ချီကျန်းကျန်းအားသူ့ခံစားချက်တွေကိုဖော်ပြရန်အခုချိန်တွင်  သူ့ဘဝတခုလုံးကိုပေးရန်ကလွဲပြီး အခြားဘာကိုမှမစဉ်းစားနိုင်တော့ပေ။


ချီကျန်းကျန်း စိတ်ရှုပ်ထွေးသွားလေသည်

ဒါကကောင်းတဲ့ စပရိုက်တခုဟုတ်တာလား မဟုတ်ဘူးလား。。


ဒါကကောင်းတယ်ဆိုရင် သူ့မျက်လုံးတွေက ဘာလို့အခုထိနီရဲနေသေးတာလဲ 


ဒီစပရိုက်က ပျော်ဖို့ကောင်းတဲ့ဟာဘဲ ဖြစ်နေသင့်တာ မဟုတ်ဘူးလား。。。


‘‘အဲ့ဒါက 。。。မငိုပါနဲ့တော့ ’’  ချီကျန်းကျန်းက ထိတ်လန့်သွားတော့လေသည်။


ဝမ်ယွီက အသက်ပြင်းပြင်းတချက်ရှူလိုက်လေသည်၊ သူကတုန်ရီနေတုန်းဆိုပေမယ့်လည်း ချီကျန်းကျန်းကိုတော့ လွှတ်ပေးလာသည်။


သူကခေါင်းငုံလိုက်ကာ ချွေးစိုကာရှုပ်ထွေးနေတဲ့ ဆံပင်တွေကို သူမအတွက်ရှင်းပေးလိုက်ပြီးနောက် ချွေးတွေကိုခြောက်အောင် လုပ်ပေးလိုက်ကာ ပြောလာခဲ့သည်။


‘‘မြန်မြန်လေး အဝတ်အစားသွားလဲလိုက်တော့လေ ဒီဝတ်စုံက ပူနေမှာ ’’


ချီကျန်းကျန်းကခေါင်းငြိမ့်ကာ အနည်းငယ်ရှက်ရွံ့သွားလေသည်။


‘‘ဒါဆို ရှင့်ကားဆီကိုသွားပြီးတော့ ကားထဲမှာဘဲ လဲလိုက်မယ်လေ၊ကျွန်မအဝတ်တွေက ချွေးတွေစိုနေပြီဆိုတော့ အပြင်မှာ အဝတ်လဲလို့အဆင်ပြေမှာမဟုတ်ဘူး ’’


အမှန်တကယ်တော့ အခုချိန်တွင် ပူအိုက်မနေတော့ပေ ညနေခင်းလေပြေ‌ကလည်း တိုက်လာသည့်အတွက် အရင်ကလောက် ပူမနေတော့ပေ။


ဝမ်ယွီကချက်ချင်းပင် သူ့နှလုံးသားလေးအားပွတ်တိုက်ခံလိုက်ရသလိုခံစားလိုက်ရသည် ခံစားချက်များကရှုပ်ထွေးနေကာ တချိန်တည်းမှာကို ချဉ်စူးစူးနှင့် စိတ်ဆင်းရဲသွားရသလိုပင် ခံစားလာမိသည်


‘‘ကောင်းပြီလေ ’’ သူကသူမလက်အားကိုင်ရန် လုပ်လာခဲ့သည်


ဝကစ်နေတဲ့လက်လေးက ဝမ်ယွီဆွဲယူလိုက်တာကို ခံလိုက်ရကာ ချီကျန်းကျန်း၏ နှုတ်ခမ်းထောင့်တွင် တောက်ပသောအပြုံးတခုဖြစ်ပေါ်လာခဲ့သည်


ဒီနေ့ရဲ့ စပရိုက်က အတော်လေးတော့အောင်မြင်သွားသင့်တယ် 。。ဟုတ်တယ်မလား...


ထိုအချိန်တွင် ရဲသားတယောက်၏ ကြမ်းတမ်းသောအသံက သူတို့နောက်မှ ထွက်ပေါ်လာခဲ့သည်


‘‘ဟေးး အဲ့ဒီကအတွဲလေး ရပ်လိုက်စမ်း’’


ချီကျန်းကျန်း ‘‘。。。’’


.....


ချီကျန်းကျန်းက ရဲစခန်း‌ကနေ ဝမ်ယွီခေါ်လာတာကိုခံလိုက်ရပြီးနောက် သူမရဲ့ခေါင်းက အရုပ်ဝတ်စုံထဲမှာဘဲ ငိုက်စိုက်ကျနေတော့လေသည်။


အားးးးးး!


‘‘ချီကျန်းကျန်း ’’

ဝမ်ယွီက အရုပ်ရဲ့ခေါင်းကိုကိုင်လိုက်ကာ သူ့အသံကရယ်ချင်စိတ်တွေနှင့် ပြည့်နေခဲ့သည်

‘‘နောက်တခါကျရင် ဒီလိုဟာမျိုးကို အိမ်မှာဘဲလုပ်ကြရအောင်နော် ’’


ချီကျန်းကျန်း :‘‘。。。’’

သူမမျက်နှာက နီရဲလာခဲ့လေသည်


F*ck  f*ck f*ckဘဲ


ရုပ်ရှင်တွေထဲမှာဆိုရင် အဓိကဇာတ်ကောင်တွေက ဝန်ခံဖို့အတွက် ဘယ်နေရာဘဲဖြစ်ဖြစ် ဖယောင်းတိုင်တွေထွန်းလို့ ရတယ်မဟုတ်ဘူးလား


သူမက နေရာသေးသေးကိုဘဲ မီးထွန်းလိုက်မိတာပါ ပြီးတော့ ပြန်ရှင်းဖို့အတွက် သူမရဲ့အမှိုက်အိတ်ကိုတောင်ယူလာခဲ့တယ် ၊ သူမလုပ်တာက ရုပ်ရှင်ထဲမှာရှိတဲ့ ဖယောင်းတိုင်ထွန်းတာနဲ့ မီးရှုးမီးပန်းတွေထက်တောင် ရိုးရှင်းနေတာမဟုတ်ဘူးလားလို့。。。


ဘာလို့ရင်ပြင်ထဲမှာ ဖယောင်းတိုင်တွေမထွန်းရဘူးဆိုတဲ့ စည်းကမ်းရှိနေရတာလဲ 


ဝူးဝူးဝူးး ဒါကသူမရဲ့ စပရိုက်လေးက ဘယ်လိုအဆုံးသတ်သွားတယ်ဆိုတာပါဘဲ 。。。ဝမ်ယွီက ဒဏ်ကြေးဆောင်ရန်အတွက် သူမနှင့်အတူ ရဲစခန်းသို့လိုက်လာခဲ့ရပေသည်။


အရမ်းရှက်ဖို့ကောင်းတာဘဲ。。


အခု‌ချိန်မှာတော့ ချီကျန်းကျန်း နံရံတခုနဲ့ပြေးစောင့်ပြီးတော့သာ သေလိုက်ချင်တော့သည်။


သူမခေါင်းကနောက်တကြိမ် အရုပ်ဝတ်စုံထဲသို့ ဖုံးကွယ်သွားကာ အခုချိန်မှာ သူမပုန်းဖို့အတွက် တွင်းတစ်ခုကိုသာ တူးလိုက်ချင်တော့သည်။


ဝမ်ယွီ သူမလက်အားတင်းကြပ်စွာဆုပ်ကိုင်လိုက်ကာ သူ့အသံက ရယ်ချင်စိတ်တွေစွက်နေခဲ့လေသည်

‘‘လမ်းကို ကြည့်လျှောက်လေ ’’


‘‘အိုးး’’ သူမရဲ့ခြေထောက်တိုတိုလေးများက အရှေ့သို့လှမ်းလာပြီးနောက် ဝမ်ယွီ့ခြေလှမ်းများကို အမှီလိုက်လာခဲ့လေသည်


အနည်းငယ်လျှောက်လိုက်ပြီးနောက် ချီကျန်းကျန်းက စိတ်သောကရောက်စွာ ပြောလာခဲ့လေသည်


‘‘ဝမ်ယွီ ကျွန်မတောင်းပန်ပါတယ် 。。。ဒါကအရမ်းရှက်ဖို့ကောင်းတာဘဲ ဝူးဝူးဝူးး ’’

သူမ သေသာသေလိုက်ချင်တော့သည်။


ဝမ်ယွီက သူမကိုကြည့်‌နေကာ သူမပြောလာတာကိုကြားလိုက်ရပြီးနောက်တွင် သူက ကျယ်လောင်စွာ

ရယ်လိုက်လေတော့သည်


‘‘ရှင်က ကျွန်မကိုရယ်နိုင်သေးတယ်ပေါ့ ’’

ချီကျန်းကျန်းက  အံ့အားသင့်သွားကာ သူ့ကိုစိုက်ကြည့်လိုက်လေသည် ။


ဝမ်ယွီက လက်မြှောက်လိုက်ကာ သူမ၏ရှုပ်ပွနေသောဆံပင်များကို ပွတ်ပေးလိုက်ကာ သူ့အသံက နူးညံ့နေလေသည်

‘‘ဒါကရှက်ဖို့မကောင်းပါဘူး ’’


ဟမ်。。。


‘‘တကယ်လား ’’ သူမက မျက်နှာကို စုဖောင်းလိုက်လာ မေးလာခဲ့လေသည်


ဝမ်ယွီက သူ့ခေါင်းကိုနှိမ့်လိုက်ကာ သူ့နဖူးအား သူမနှင့်ထိစေလိုက်လေသည်၊ အဲ့ဒီချိန်မှာ သူ့ရဲ့နက်ရှိုင်းတဲ့ မျက်ဝန်းတွေက အပြုံးရိပ်များနှင့် တောက်ပနေလေသည်။


‘‘တကယ်ပါ၊  ချီကျန်းကျန်း ကိုယ်ဒီနေ့အရမ်းပျော်ခဲ့ရပါတယ် ကျေးဇူးပါ ’’


သူမကအရမ်းချစ်စရာကောင်းနေတာကြောင့် သူကနေ့တိုင်းဒဏ်ကြေးပေးနေရမယ်ဆိုရင်တောင်မှ အရမ်းပျော်နေအုံးမှာဖြစ်ပေသည်။


ဒါပေမယ့် ဝမ်ယွီက‌သိနေခဲ့လေသည် ဒီအရုပ်ဝတ်စုံက မိချောင်းညအိပ်ဝတ်စုံကဲ့သို့ပင် အချိန်အကြာကြီး အသုံးမပြုဘဲ ရှိနေပေ‌တော့မည် ၊ဒီမိန်းကလေးက ဒါကိုထုတ်ဖော်ပြလာတော့မှာ မဟုတ်ပေ။


ချီကျန်းကျန်းက တခနလောက်ထိတ်လန့်သွားပြီးနောက် သူမ၏နှုတ်ခမ်းထောင့်တွင် အပြုံးတခုဖြစ်ပေါ်လာခဲ့ကာ မျက်ခုံးများက ကွေးညွတ်လာခဲ့လေသည်


ဘယ်လိုဘဲဖြစ်ဖြစ် မျက်နှာပျက်ပြီးသွားပြီဆိုမှတော့

သူပျော်အောင်လုပ်ပေးနိုင်တာနဲ့တင် ကောင်းနေပါပြီ အာ。。


ဒါပေမယ့် ဒီအရုပ်ဝတ်စုံက 。。。


သူမဒါကို ထပ်ပြီးမမြင်ချင်တော့ဘူး

Ahhhh。。


အဲ့ဒီညမှာတော့ ချီကျန်းကျန်းက အရမ်းပင်ပန်းနေတာကြောင့် သူမကစောစောအိပ်ရာဝင်သွားလေသည်။


ဝမ်ယွီက ဂရုတစိုက် အိပ်ရာပေါ်မှထလိုက်ကာ သူ နေ့ခင်းတုန်းကဝတ်ခဲ့သည့် အင်္ကျီထဲမှ ချီကျန်းကျန်းကမ်းပေးလာခဲ့သည့် လက်ကမ်းစာစောင်လေးအား ထုတ်လိုက်ကာ ၎င်းအား ဗီဒိုထဲသို့ ညင်သာစွာထည့်လိုက်လေသည်


ဝမ်ယွီက မီးခံသေတ္တာထဲမှ လက်ကမ်းစာစောင်ကို တချက်ကြည့်လိုက်လေသည်၊ထို့နောက် သူ့မျက်ခုံးတွေက နူးညံ့စွာပြေလျော့လာပြီးနောက် သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတခု‌ဖြစ်ပေါ်လာခဲ့တာ ပျော်ရွှင်မှုကို မထိန်းချုပ်နိုင်တော့ပေ။


သူက သတိတကြီးနှင့် အိပ်ရာဆီကိုပြန်လာခဲ့ပြီးနောက် ချီကျန်းကျန်းအား သူ့လက်မောင်းထဲသို့ ဂရုတစိုက်ပွေ့ယူလိုက်လေသည်။


သူကခေါင်းငုံ့လိုက်ကာ သူမ၏မျက်ခုံးများကြားသို့ အနမ်းတခုကို ပေးလိုက်လေသည်


‘‘ချီကျန်းကျန်း ကိုယ်မင်းကိုချစ်တယ် အိပ်မက်လှလှမက်ပါစေ .."


xxxxxx