အပိုင်း ၁၁၄
Viewers 26k

Part 114


ချီယန်က ဆေးရုံတက်လိုက်ရလေသည်


ဒီသတင်းကိုကြားပြီးနောက် ဝမ်မိသားစုက ရိုးရှင်းစွာပင်ဆွံ့အသွားကြတော့သည် 


သူတို့က ချီယန်ကို ဒေါသဖြစ်ပြီး နေမကောင်းဖြစ်သွားစေတဲ့အထိ လုပ်လိုက်မိတာလား


‘‘အဖေ ကျွန်တော်တို့ အန်ကယ်ချီကို သွားကြည့်ကြမလား ’’

ဝမ်ရိရန်က မေးလာခဲ့လေသည်။


ဝမ်ကျင်စန်းက နှာခေါင်းရှုံ့လိုက်လေသည်

‘‘ဘာကိုသွားကြည့်ရမှာလဲ သူက ငါတို့နဲ့ ပူးပေါင်းမှုကို အဆုံးသတ်ဖို့လုပ်ခဲ့တာ မဟုတ်ဘူးလား ၊ ဒီတိုင်းသာစောင့်ကြည့်နေလိုက် သူဒီအကြောင်းကို ပြန်ပြီးတွေးလေ ပိုပိုပြီးဒေါသထွက်လာလိမ့်မယ် အဲ့အခါမှ သူ့ကိုယ်သူဘဲ ပိုနေမကောင်းဖြစ်သွားအောင် လုပ်မိသွားတော့မှာ ၊ သူဆေးရုံက ဆင်းလာပြီး ငြိမ်းချမ်းရေးယူဖို့ ငါ့ကိုလာတောင်းဆိုတဲ့အထိ ငါစောင့်နေမှာ’’


ဝမ်ရိရန်က မနေ့ညကဘာဖြစ်ခဲ့တယ်ဆိုတာကို ပြန်တွေးလိုက်မိကာ သက်ပြင်းရှည်တချက်ကို မှုတ်ထုတ်လိုက်လေသည် ၊ တခနလောက် သူဘာပြောရမှန်းမသိတော့ပေ။


သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့မိပေ၊ ချီမိသားစုက သူနဲ့ချင်ယုရဲ့ လက်ထပ်ပွဲကို ချီကျန်းကျန်းကြောင့်နဲ့ ဆန့်ကျင်လာလိမ့်မယ်လို့。。。。


‘‘အဖေ ဒီအတိုင်းလက်မြှောက်အရှုံးပေးလိုက်ရင်ကော အခုချိန်မှာ ကျွန်တော်တို့အတွက် ပရောဂျက်က ဘဲပိုပြီး အရေးကြီးတာလေ အခြားအရာတွေအားလုံးက ဒုတိယနေရာမှာဘဲရှိတာ ’’

ဝမ်ရိရန်ကပြောလာခဲ့သည်


‘‘ဟမ့် ဘာလို့လက်လျှော့လိုက်ရမှာလဲ သူတို့က ပူးပေါင်းမှုကို ဖျက်သိမ်းဖို့ တကယ်ဘဲ သတ္တိရှိမှာ ဟုတ်လို့လား ’’ 

ဝမ်ကျင်စန်းက နှာခေါင်းရှုံ့လိုက်လေသည်


-သူက ဒီလိုပြောနေနိုင်တာကတော့ ချီမိသားစုက လက်လျှော့ဖို့ မဖြစ်နိုင်တာကို သူအနေဖြင့် လုံးဝကိုသေချာနေလို့ပင်ဖြစ်ပေသည်


အဲ့ဒီအချိန်တွင် ဖုန်းမြည်လာခဲ့လေသည်


ဝမ်ကျင်စန်းက ဖုန်းကိုင်လိုက်ကာ ‘‘ဘာကိစ္စလဲ ’’


ဖုန်းတဖက်ကလူက ဘာပြောလိုက်လဲဆိုတာကို သူတို့မသိပေမယ့်လည်း ဝမ်ကျင်စန်းရဲ့မျက်ခုံးတွေက ချက်ချင်းပင် မျက်မှောင်ကြုတ်သွားကာ သူ့အမူအရာ ကမြင်မကောင်းလောက်အောင်ပြောင်းလဲသွားလေသည်


‘‘သူတို့ရူးသွားတာလား ’’ သူကပြောလာခဲ့လေသည်


အခြားတဖက်ကလူက စကားအနည်းငယ်ထပ်ပြောလာပြီးနောက် ဝမ်ကျင်စန်းက ဖုန်းကို ဘန်းခနဲမြည်အောင် ပစ်ချလိုက်လေသည်။


‘‘အဖေ ဘာဖြစ်နေလို့လဲ ’’

ဝမ်ရိရန်က သူ့အဖေ၏အမူအရာကို ကြည့်လိုက်ပြီးနောက် စိုးရိမ်တကြီးမေးလာခဲ့လေသည် ၊ကြည့်ရတာတခုခုကြီးကြီးမားမား ဖြစ်သွားသလိုပင်。。。


 ဝမ်ကျင်စန်းက စားပွဲကိုရိုက်ချလိုက်လေသည်

‘‘အဲ့ဒီချီယန်ကတော့ တကယ်ကိုရူးသွားပြီဘဲ သူနေမကောင်းဖြစ်သွားရတာက ငါကဒေါသထွက်အောင် လုပ်လာလို့ဆိုပြီး သတင်းတောင် ဖြန့်‌လိုက်သေးတယ်

သူ့ရဲ့ ချီမိသားစုက ငါတို့နဲ့ပူးပေါင်းမှုကို တကယ်ဘဲဖျက်သိမ်းချင်နေတာ ၊ တာဝန်ရှိတဲ့သူက ဒီကိစ္စကိုဖြေရှင်းဖို့ဆိုပြီး လူကိုယ်တိုင်ရောက်လာခဲ့တယ်တဲ့ ’’


‘‘ဘာ ’’ ဝမ်ရိရန်က အထိတ်တလန့်နှင့် ထရပ်လိုက်လေသည်။


‘‘အဲ့ဒါထဲမှာ ချီမိသားစုရဲ့ပိုင်ဆိုင်မှု‌တွေ အများကြီးပါနေတာလေ သူတို့ကမလုပ်ချင်တော့ဘူး ဆိုတာနဲ့ဘဲ တကယ်ဆက်မလုပ်တော့ဘူးလား ’’


‘‘ချီယန်က တကယ်ဘဲရူးသွားလို့ အဲ့လိုလုပ်လာတာဖြစ်မယ် ချီကျိုးချန်ကရော မျက်ကန်းလိုဘဲ အရူးလိုက်လုပ်နေတာလား ၊ သူတို့ကုမ္ပဏီရဲ့ရှယ်ယာရှင်တွေကရော မတားကြဘူးလားကွာ ဘယ်လိုလုပ်ပြီး သူ့ကိုဒီလိုအရှုပ်အထွေးမျိုး ပေးလုပ် လိုက်ကြတာ

လဲ ’’


ဝမ်ကျင်စန်းက ပြင်းထန်စွာ ဒေါသထွက်လာတော့သည် တကယ်လို့ချီမိသားစုသာ ပူးပေါင်းမှုကို ဖျက်သိမ်းလိုက်မယ်ဆိုရင် သူတို့ဝမ်မိသားစုအတွက် ဒုက္ခတွေ့လာမှာ ဖြစ်ပေသည်။


‘‘အဖေ ကျွန်တော်တို့ အန်ကယ်ချီနဲ့တွေ့ဖို့ ဆေးရုံကိုသွားလိုက်ရင် မကောင်းဘူးလား’’

ဝမ်ရိရန်က ဒါကိုတွေးလိုက်ကာ ပြောလိုက်လေသည်။


‘‘လုံးဝမဖြစ်နိုင်ဘူး ၊တကယ်လို့ သူတို့က ဖျက်သိမ်းချင်တယ်ဆိုရင်လည်း လုပ်ကြပါစေ ၊သူတို့နဲ့ကိစ္စပြီးသွားတာနဲ့ ငါတို့အခြားပါတနာတယောက်ကို ရှာလို့ရတယ် ချီမိသားစုက ဒီလောက်များတဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ငါတို့ကိုပေးသွားလို့ ကျေးဇူးတောင်တင်ရအုံးမယ် ဒါကသူတို့ရဲ့ အရှုံးဘဲ ’’


ဝမ်ကျင်စန်းက နှာခေါင်းရှုံ့လိုက်လေ၏။


ဒီလူငယ်တွေက ဒေါသထွက်အောင်လုပ်လာမှတော့ သူ့ကို ရက်စက်ပြီး အကြင်နာကင်းမဲ့တယ်လို့ အပြစ်မတင်နဲ့တော့。。。


...


အချိန်ကိုက်ဆိုသလိုပင် အတွင်းရေးမှုးက တံခါးကိုခေါက်လာသည်။


‘‘မစ္စတာဝမ် ၊ မစ္စတာကျန်းယဲ့က တွေ့ဖို့ရောက်လာပါတယ် ’’


ဝမ်ကျင်စန်းနဲ့ ဝမ်ရိရန်တို့နှစ်ယောက်လုံး ထိတ်လန့်သွားတော့သည် သူတို့ကအချင်းချင်းပြန်ကြည့်လိုက်ကြကာ အချင်းချင်းမျက်လုံးထဲက သံသယများကိုမြင်‌လိုက်ရလေသည်။


‘‘မြန်မြန်သွားပြီး သူ့ကိုဧည့်တွေ့ခန်းထဲကို ခေါ်လာခဲ့လိုက်ပါ ’’

ဝမ်ကျင်စန်း ပြောလိုက်လေသည်။


‘‘ဟုတ်ကဲ့ပါ ’’ အတွင်းရေးမှုးက အလျင်အမြန်ပင် ပြန်ထွက်သွားလေသည်


ဝမ်ကျင်စန်းနှင့် ဝမ်ရိရန်ကထရပ်လိုက်ကာ သူတို့ဝတ်စုံတွေကို သပ်ရပ်အောင်ပြင်ဆင်လိုက်ကာ ဧည့်တွေ့ခန်းဆီသို့ ထွက်လာခဲ့ကြလေသည်


သွားနေရင်းနှင့် သူက ဝမ်ရိရန်အားမေးလိုက်လေ၏

‘‘မင်းနဲ့ ကျန်းယဲ့နဲ့ဆက်ဆံရေးက ဘယ်လိုနေလဲ ’’


‘‘အရင်တကြိမ် ကြိုဆိုတဲ့ဧည့်ခံပွဲမှာတွေ့ပြီးသွားတော့ သူနဲ့ကျွန်တော် ပွဲတချို့မှာတွေ့ဖြစ်သေးတယ် 

စကားနည်းနည်းလည်းပြောဖြစ်ခဲ့ပြီး‌ နောက်ပိုင်းမှာ

ကျွန်တော်တို့ရဲ့ဆက်ဆံရေးက အရင်ကထက်ကောင်းလာတယ်ဆိုပေမယ့်。。。。ကျန်းယဲ့က အကိုနဲ့ပိုကောင်းတဲ့ဆက်ဆံရေးမှာရှိနေတုန်းဘဲ ၊ နောက်ဆုံးမှာတော့ အကိုကအခုထိ ဝမ်ကျန်းအိမ်ရာမှာ နေတုန်းဘဲလေ ’’


ဝမ်ရိရန်က ခနလောက်တွေးလိုက်ကာ ပြန်ဖြေလိုက်လေသည်။


ဝမ်ကျင်စန်းက သူ့နှုတ်ခမ်းကိုစေ့လိုက်ကာ မျက်မှောင်ကြုတ်လာ၏။


သူတို့နှစ်ဦးက ဧည့်‌တွေ့ခန်းဆီသို့ အရင်ရောက်လာပြီး မကြာခင်မှာဘဲ ကျန်းယဲ့လည်းဘဲ ရောက်လာခဲ့လေသည်။


ကျန်းယဲ့က တယောက်တည်းရောက်လာခဲ့တာမဟုတ်ဘဲ သူ့အနောက်တွင် အခြားအတွင်းရေးမှူးတယောက်ပါလိုက်လာပြီး သူတို့နှစ်ယောက်လုံးရဲ့လက်ထဲတွင် စာရွက်စာတမ်းများကို ကိုင်လာကြလေသည်။


‘‘အိုင်းယားး ဒါကကျန်းမိသားစုရဲ့ သခင်ငယ်လေးပါလား အန်ကယ့်ဆီကို ဒီနေ့ဘာအကြောင်းအရင်းရှိလို့ ရောက်လာတာများလဲ ’’


ဝမ်ကျင်စန်းက နှစ်သက်စွာ ပြုံးနေလေသည် သူက အစမှနေ၍ လူကြီးလူကောင်းတယောက်၏ ပုံစံကိုပြသနေခဲ့ကာ အဲ့ဒါက ချစ်ခင်နှစ်သက်ပြီးတော့ ဖိ

နှိပ်ထားသလိုပါ ဖြစ်နေလေသည်။


ကျန်းယဲ့၏ အပြုံးက နဂိုအတိုင်းပင် ပြောင်းလဲမသွားခဲ့ပေ။


‘‘အိုင်းး အန်ကယ်ဝမ်ကလည်း ကျွန်တော်ကဒီတိုင်းလာတွေ့လို့တောင်မရဘူးလား ကျွန်တော် အန်ကယ့်သားနှစ်ယောက်လုံးနဲ့ ဆက်ဆံရေးကောင်းတွေရှိနေတာကို ၊တယောက်ကငယ်သူငယ်ချင်းဖြစ်ပြီး နောက်တယောက်က ကျွန်တော်အထင်ကြီးရလောက်အောင် ပါရမီပါနေတဲ့သူ‌လေ သေချာပေါက်ကျွန်တော်က အန်ကယ့်ကိုလည်း အရမ်း‌ကိုလေးစားနေတာပါ ’’


- သူက သူနဲ့ဝမ်ယွီရဲ့ဆက်ဆံရေးကို ဖုံးကွယ်မထားခဲ့ပေ ။


ဒါက အခြားတဖက်ကလူနှစ်ယောက်ကို အနည်းငယ် စိတ်အေးသွားစေလေသည်။


‘‘မင်း၊ ဒီကလေးကတော့လေ စကားကိုဘယ်လိုပြောရမလဲဆိုတာ တကယ်ကိုသိနေတော့တာဘဲ ’’

ဝမ်ကျင်စန်းက တောက်ပစွာ ပြုံးပြလာလေသည် ။


‘‘အမှန်တိုင်းဘဲ ပြောနေတာပါဗျာ၊ ကျွန်တော်ကအခုမှဒီဘက်မှာ လူသစ်ဘဲရှိသေးတာဆိုတော့ နားမလည်သေးတာတွေ အများကြီး‌ရှိနေသေးတယ် အနာဂတ်မှာ နားမလည်‌တာတွေကို လမ်းညွှန်ပေးဖို့ အန်ကယ့်ကိုဘဲအားကိုးရတော့မှာဘဲ အဲ့တော့ဒီလိုအတွေ့အကြုံမရှိသေးတဲ့ကလေးအတွက်နဲ့ အဆင်မပြေသလိုခံစားနေစရာမလိုပါဘူး ’’

ကျန်းယဲ့က ဝမ်ရိရန်ကမ်းပေးလာသော ကော်ဖီခွက်ကို ယူလိုက်ပြီးခေါင်းငြိမ့်ကာ ပြုံးပြလိုက်လေသည် ။


ဝမ်ရိရန်လည်းဘဲပြန်ပြုံးလိုက်ပြီးနောက် ဝမ်ကျင်စန်းဘေးတွင်ပြန်ထိုင်လိုက်လေသည်။


ဝမ်ကျင်စန်း :‘‘ဒီကလေးရဲ့ သဘောထားကိုကြည့်လိုက်ပါအုံး မင်းမှာတောင်းဆိုစရာ တခုခုရှိနေလို့များ ဒီလိုပြောလာတာလား လာစမ်းပါပြောပြပါအုံး တကယ်လို့အန်ကယ်ကူညီနိုင်တာသာဆိုရင် ကူညီမှာပေါ့ ’’


-ဒါကသူ့အား အဓိကအချက်ကိုသာ တိုက်ရိုက်ပြောလာရန် လုပ်ဆောင်လိုက်ခြင်းဖြစ်ပေသည်


ကျန်းယဲ့လည်း သူ့စကားလုံးများကို သဘောတူစွာ လက်ခံလိုက်လေသည်။


‘‘ဟားဟား အန်ကယ်ဝမ် မှန်းတာမှန်ပါတယ် အဲ့ဒါကဒီလိုပါ အန်ကယ်ချီက ဆေးရုံတက်နေရတယ်လို့ ကျွန်တော်ကြားတယ် သူကအခုထိနိုးမလာသေးဘူးဆိုရင် ကိစ္စတွေက ပိုပြီးပြင်းထန်လာတော့မှာဘဲ ၊

အခုတောင် ကျိုးချန်က ဝမ်မိသားစုနဲ့ ပူးပေါင်းမှုကိုဖျက်သိမ်းဖို့ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့လူတွေကိုလွှတ်လာပြီမလား ’’


ဒါကမေးခွန်းဆိုပေမယ့်လည်း သူ့အသံက လုံးဝကိုသေချာနေသည့်ပုံစံပင်ဖြစ်နေလေသည် ။


ဝမ်ကျင်စန်းရဲ့ အမူအရာက အနည်းငယ်ပြောင်းလဲသွားလေသည်။


ဝမ်ရိရန်က ခနလောက်တွေးလိုက်ပြီးနောက် သူ့အားမေးလာခဲ့လေ၏။


‘‘အကိုကျန်းယဲ့က ဘာအတွက်များ ဒီကိစ္စကိုမေးလာတာလဲ ၊အကိုက ကျွန်တော်တို့နဲ့ ပူးပေါင်းချင်လို့လား ’’


‘‘မင်းတွေးတာမှန်တယ် ၊ ငါမင်းတို့နဲ့ပူးပေါင်းချင်

လို့ ’’

ကျန်းယဲ့၏ အပြုံးက ပိုပြီးတောင်ကျယ်ပြန့်လာခဲ့လေသည်။


xxxxxxxx