Part 115
ဝမ်ကျင်စန်းကသူ့တည်ငြိမ်မှုကို ပြန်လည်ရရှိသွားကာ ပြောလိုက်သည်။
‘‘အိုး မင်းက ချီမိသားစုရဲ့ ရှယ်ယာတွေနေရာမှာ အစားထိုးဝင်ချင်တာလား ငါတို့ဝမ်မိသားစုနဲ့ ချီမိသားစုက ဘိုးစဥ်ဘောင်ဆက်ထဲက ရင်းနှီးလာကြတာပါ ၊ မိသားစုနှစ်ခုလုံးက သားနဲ့သမီးတွေက မကြာခင်လက်ထပ်ကြတော့မှာလေ ၊ အခုအကိုချီက ဆေးရုံတက်နေရပြီး ကျိုးချန်ကလည်း ငယ်နေသေးတော့ သူတို့ကိုအခွင့်အရေးတခုလောက်တော့ပေးသင့်တယ်လေ ’’
ကျန်းယဲ့က ခေါင်းခါလိုက်ကာ သူ့အသံကတည်ငြိမ်နေလေသည်။
‘‘သေချာပေါက် အန်ကယ်သူတို့ကို အခွင့်ရေးထပ်ပေးမှာမဟုတ်ဘူး ၊ချီမိသားစုသာ ဒီအချိန်မှာ နောက်ဆုတ်လိုက်ရင် သူတို့ကရင်းနှီးမြုပ်နှံမှုအားလုံးကို ဝမ်မိသားစုကိုအလကားပေးလိုက်သလိုဖြစ်သွားမှာ မဟုတ်ဘူးလား ၊ အန်ကယ်ဝမ်က တကယ်ဘဲအဲ့လိုလုပ်ဖို့ ဆန္ဒရှိမှာလား ’’
ဝမ်ကျင်စန်းနဲ့ ဝမ်ရိရန်တို့က အချင်းချင်းကြည့်လိုက်ကြပြီးနောက် ဝမ်ကျင်စန်းကပြောလာလေသည်
‘‘ဒါပေါ့ အန်ကယ်တို့က လုပ်ဖို့ဆန္ဒရှိတာပေါ့၊ဘယ်လိုဘဲဖြစ်ဖြစ် မိသားစုနှစ်ခုလုံးက မင်းမျိုးမင်းနွယ်ကနေ ဆင်းသက်လာခဲ့ကြတာလေ၊
ဒါပေမယ့် ချီမိသားစုကတော့ ဒီလိုမလုပ်ချင်တဲ့ပုံပါဘဲ အိုင်းး လူငယ်တွေကတော့ အမြဲတမ်းဘဲ ငယ်ရွယ်တက်ကြွပြီးတော့ ရည်မှန်းချက်အပြည့်ရှိနေတော့တာဘဲ ’’
သူကရပ်လိုက်ပြီး ကျန်းယဲ့အားဂရုတစိုက် ကြည့်လိုက်ကာပြောလိုက်၏။
‘‘တူလေးလုပ်ချင်တာက ချီမိသားစုရဲ့ရှယ်ယာတွေကို လွှဲယူပြီး ဦးလေးတို့နဲ့ပူးပေါင်းချင်နေတာလား ’’
ကျန်းယဲ့သာ သူတို့နဲ့ပူးပေါင်းလာခဲ့မယ်ဆိုရင် အဲ့ဒါကရိုးရှင်းစွာပင်အရမ်းကိုပြီးပြည့်စုံသွားပေမည်။
ချီကျိုးချန်ကဝေဖန်ရှုံ့ချလာသောကြောင့် ချီမိသားစုက သူတို့မိသားစုရဲ့ ပိုင်ဆိုင်မှုအားလုံးနီးပါးကို လက်လျော့ရန်လုပ်လာလေသည်။ဝမ်မိသားစုအနေဖြင့် အခွင့်အရေးကိုဆုပ်ကိုင်ထားသင့်ပေသည်။
ဒါပေမယ့် သူက အနည်းငယ်လောက် ရပ်တည်ပေးနေဖို့ လိုနေသေးလေသည်၊ ကျန်းယဲ့。。 ဒီခြင်္သေ့ပေါက်လေးဘက်က အရင်ပါးစပ်ဖွင့်လာတဲ့အထိပင် ဖြစ်လေသည်။
‘‘ဟုတ်ပါတယ် အဲ့ဒါကကျွန်တော် အန်ကယ်ဝမ်နဲ့ပူးပေါင်းချင်တာပါ ဒါပေမယ့်လည်းအန်ကယ်အခုလုပ်နေတဲ့ ဒီလုပ်ငန်းနယ်ပယ်နဲ့ပတ်သက်ပြီး ကျွန်တော်သိပ်မသိသေးဘူး၊ ပြီးတော့အန်ကယ်က ဒီပရောဂျက်ကိုလုပ်နေတာအရမ်းကြာနေပြီလေ အစောပိုင်းအဆင့်တွေမှာ ကျွန်တော်မပါဝင်လိုက်ရဘူး ဒီတကြိမ်တော့အလျင်စလိုမလုပ်တာဘဲ ကောင်းမယ်ထင်ပါတယ်၊ ဆန့်ကျင်ဘက်အနေနဲ့ ဆိုးကျိုးသက်ရောက်လာစေမိမှာကြောက်တယ် ’’
ကျန်းယဲ့က သူ့လက်ဖက်ရည်ခွက်ကိုကောက်ကိုင်လိုက်ကာ တငုံသောက်လိုက်လေသည်။
ဝမ်ကျင်စန်းရဲ့ နှုတ်ခမ်းထောင့်ကအပြုံးက အနည်းငယ်နိမ့်ကျသွားတော့သည်၊
‘‘ဒါဆိုတူလေးက ဘယ်လိုများပူးပေါင်းချင်တာလဲ’’
‘‘မြို့တော်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း (ROC) ဖြန့်ဝေခြင်းမှာပါ ’’
ကျန်းယဲ့က ပြုံးလိုက်ကာ သူ့အတွင်းရေးမှုးလက်ထဲက စာရွက်စာတမ်းတွေကို ဝမ်ကျင်စန်းလက်ထဲသို့ လှမ်းပေးလိုက်လေသည်
‘‘ဒါက ကျွန်တော်ဘယ်လိုပူးပေါင်းချင်တယ် ဆိုတာပါဘဲ ’’
[T/n : ROC=မြို့တော်ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး]
ဝမ်ကျင်စန်းက စာရွက်စာတမ်းများကို ယူကာဖွင့်ဖတ်လိုက်လေသည်။
ဝမ်ရိရန်ကလည်း ရှေ့သို့ကိုင်းလိုက်ကာ နှစ်ယောက်သားအတူတူဖတ်လိုက်ကြလေသည်
မကြာခင်မှာဘဲ သူတို့နှစ်ယောက်လုံးရဲ့ မျက်နှာတွေက အနည်းငယ်ပြောင်းလဲသွားတော့သည် ။
ဒီကျန်းယဲ့ရဲ့ တွက်ချက်မှုတွေက အရမ်းကိုကောင်းပေသည် ၊ သူကစီးပွားရေးအနေနဲ့ ဘဏ်တခုဖွင့်ချင်နေတာဖြစ်ပေသည်။
ချီမိသားစုရဲ့ ပြန်လည်ထွက်ခွာသွားမှုကြောင့် ပရောဂျက်ထဲတွင် ကြီးမားတဲ့ကွာဟချက်ဖြစ်လာကာ တစုံတယောက်က ဒီကွာဟချက်ကို ပြန်လည်ဖြည့်တင်းပေးရန်လိုအပ်လေသည်။ ကျန်းယဲ့က ပြန်ဖြည့်တင်းရာမှာ ငွေကြေးထောက်ပံ့ပေးဖို့ ဆန္ဒရှိလေသည် ။
ဒါပေမယ့် သူ့ပိုက်ဆံတွေကို ရင်းနှီးမြုပ်နှံတယ်လို့ မှတ်ယူ၍မရနိုင်ပေ၊ အဲ့ဒါက ‘ချေးငွေ ’ နှင့် ပိုဆင်တူလေသည်။
ပရောဂျက်လုပ်လို့ပြီးသွားတာနဲ့ ပိုက်ဆံတွေကို သူ့ထံပြန်လည်ပေးရမှာဖြစ်ပေသည်၊ ပြီးတော့ သူတို့ရဲ့အကျိုးအမြတ်ထဲက ရှယ်ယာတချို့တဝက်ကိုလည်း ပေးရအုံးပေမည်။
ဝမ်ကျင်စန်းက စာရွက်စာတမ်းများကို စားပွဲပေါ်သို့ ရိုက်ချလိုက်ကာ အေးစက်စွာပြောလာလေသည်။
‘‘တူလေး မင်းရဲ့အကြံက အရမ်းကောင်းမနေဘူးလား အကျိုးအမြတ်လည်းရသလို့ စွန့်စားမှုလည်းရှိမနေဘူး ’’
‘‘ကျွန်တော်က ဒီနယ်ပယ်ကိုသိပ်နားမလည်ဘူးလေ ပြီးတော့ ကျွန်တော်ဒါတွေကို ပြင်ဆင်လာတာကလည်း ကျန်းမိသားစုက နောက်ကွယ်ကနေ အကြီးမားဆုံးအထောက်အပံ့ပေးထားလို့ပါ ကျွန်တော့်မှာ အခြားလုပ်စရာပရောဂျက်တွေက အများကြီးရှိနေသေးတော့ သေချာပေါက်ဒီပရောဂျက်တခုကိုဘဲ ရင်းနှီးမြုပ်နှံနေလို့မဖြစ်ဘူးလေ ဒါကြောင့် တတ်နိုင်သမျှမြန်မြန်ပြန်ထုတ်ချင်တာပါ၊
ပြီးတော့ ကျွန်တော်ကမစွန့်စားပေမယ့် အကျိုး
အမြတ်အနည်းငယ်ကိုတော့ ယူရလိမ့်မယ်၊ အဲ့ဒါကမူလရှယ်ယာရှင်တွေဖြစ်တဲ့ ချီမိသားစုလိုပမာဏဖြစ်ရုံတင်မကဘူး အချိန်ကန့်သတ်ချက်လည်းရှိနေလိမ့်မယ် 。。。’’
ကျန်းယဲ့က စကားပြောကောင်းစွာ ဆိုလာလေသည်။
ဝမ်ကျင်စန်းနဲ့ ဝမ်ရိရန်တို့က နားထောင်လိုက်ပေမယ့်လည်း သူတို့ရပ်တည်မှုကိုထုတ်မပြလာခဲ့ပေ။
စကားဝိုင်းပြီးဆုံးသွားပြီးနောက် ကျန်းယဲ့ကမတ်တပ်ရပ်လိုက်လေသည်။
‘‘အန်ကယ်ဝမ်နဲ့ ရိရန်၊ သေချာစဉ်းစားလိုက်ကြပါအုံး ကျွန်တော်အရင်ပြန်လိုက်ပါအုံးမယ် တခုခုဆုံးဖြတ်ပြီးရင် ကျွန်တော့်ကို အသိပေးလိုက်ပါ ’’
ထိုသို့ပြောပြီးနောက်သူ အပြုံးတခုနှင့်ထွက်သွားတော့သည်။
ဝမ်ကျင်စန်းနဲ့ ဝမ်ရိရန်တို့သာ ဧည့်တွေ့ခန်းထဲတွင် ကျန်နေခဲ့ကြလေသည်။
ဝမ်ကျင်စန်းရဲ့ မျက်မှောင်ကြုတ်နေသော မျက်ခုံးများ ပြေလျော့လာကာ သူကအနည်းငယ်စိတ်အေးသွားလေသည်
‘‘ဒါကို ဒီလိုနည်းနဲ့လုပ်လို့လဲ ရတာဘဲ၊ ကျန်းယဲ့ကအရမ်းကြီးလိုချင်နေတာမဟုတ်ဘူး သူ့ပုံစံကိုကြည့်ရတာတော့ ငါတို့သူ့ကိုဖိအားထပ်ပေးလို့ရနိုင်သေးတယ်’’
ဒါက ကျန်းယဲ့အနေဖြင့် ချီမိသားစုကြောင့် လစ်ဟာသွားတာကို ပြန်ဖြည့်တင်းဖို့ ငွေကြေးထောက်ပံ့ပေးတာအတွက် ညီမျှလေသည်။ပြီးတော့ ပရောဂျက်ပြီးသွားတာနဲ့ သူတို့က သူရင်းနှီးမြုပ်နှံထားတာတွေကို အရင်ပြန်ပေးလိုက်ကာ သူ့၏ရင်းနှီးမြုပ်နှံမှုအတွက်အကျိုးအမြတ်ရာခိုင်နှုန်းအနည်းငယ်ကို ပေးရပေမည်။
ဝမ်မိသားစုအတွက် သူတို့မူလကပူးပေါင်းထားသော ချီမိသားစုနဲ့ယှဉ်ရင် ဒါကပိုပြီးအကျိုးအမြတ်ရှိကာ ကျန်းယဲ့လိုချင်သော အကျိုးစီးပွားက အချိန်အကန့်အသတ်ရှိပေသည် ။
ချီမိသားစုနှင့်မတူပါပေ၊ သူတို့က အကျိုးအမြတ်ကိုရယူရုံသာမက အမြဲတမ်းလည်း မျှဝေပေးနေရမှာဖြစ်ပေသည်။
‘‘အဖေ၊ သူကဘာကြောင့်ဒီလိုလုပ်ရမှာလဲ အကျိုးအမြတ်တွေအရဆိုရင် သူကပိုပြီးအကျိုး
စီးပွားရအောင် ပိုလုပ်သင့်တာမဟုတ်ဘူးလား ’’
ဝမ်ရိရန်က ပဟေဠိဖြစ်သွားလေသည် သူ့စိတ်ထဲတွင် အမြဲတမ်းသံသယလေးတခုတော့ ရှိနေခဲ့လေသည် ။
ဒီလိုသံသယဝင်မှုမျိုးက ဖော်ပြ၍မရနိုင်ပေ။
ဝမ်ကျင်စန်းက ခနလောက်တွေးလိုက်ကာ ပြန်ဖြေလိုက်လေသည်။
‘‘ကျန်းယဲ့က ဒီကိုပိုက်ဆံ အမြန်ရှာချင်လို့ရောက်လာတာလေ ပြီးတော့ သူက ဒီနယ်ပယ်ကိုနားမလည်တာကြောင့် ဝင်ရောက်စွက်ဖက်ဖို့ကို ပြင်ဆင်ထားမှာမဟုတ်ဘူး သူ့အတွက် ဒီနယ်ပယ်မှာရင်းနှီးပြီး
အတော်များများစုဆောင်းမိသွားလို့ ထွက်သွားတာက သင့်တော်ပါတယ်၊ သူကရေရှည်အတွက်မကြည့်ဘဲ ရှေးဆန်သလိုဖြစ်နေပေမယ့်လည်း သူကလောဘကြီးမှာမဟုတ်ဘူးလေ အဲ့ဒီတော့ ဘာစွန့်စားစရာမှရှိမှာမဟုတ်ဘူး
ဘာပိုက်ဆံမှမဆုံးရှူံးဘဲ ဖြေးဖြေးမှန်မှန်နဲ့ ပိုက်ဆံဝင်လာမှာ၊ ချီကျိုးချန်နဲ့ ယှဉ်ရင်ဒီလူငယ်လေးက ပိုကောင်းတယ် ’’
ချီကျိုးချန်အကြောင်းကို ပြောလိုက်မိတာနဲ့ ဝမ်ကျင်စန်းက နှာခေါင်းရှုံ့လိုက်လေသည် အဲ့ကောင်လေးက ချီမိသားစုရဲ့ ကံကြမ္မာကောင်းကို အဝေးကိုပေးပစ်လိုက်တာဖြစ်ပေသည်။အဲ့လိုကောင်လေးသာ သူ့သားဖြစ်လို့ကတော့ သူ့ခြေထောက်တွေကို ရိုက်ချိုးလိုက်မှာ。。。
ဝမ်ကျင်စန်းက သူ့လက်ကိုစားပွဲပေါ်တွင် ပုတ်လိုက်ကာ မျက်လုံးထဲတွင် အပြုံးရိပ်များနှင့် ပြောလာလေသည်။
‘‘ငါကျန်းယဲ့ကို မနက်ဖြန်ခေါ်လိုက်တော့မယ်၊ တရက်လောက်တော့အချိန်ဆွဲထားလိုက်အုံး ပြီးမှသူ့အကျိုးစီးပွားကို ဖိနှိပ်လိုက်ရအောင် ’’
ဝမ်ရိရန်က ဘာမှမပြောလိုက်ပေ။ ဘာကြောင့်မှန်းသူမသိပေမယ့် သူ့ရင်ထဲတွင်ဖော်ပြမရနိုင်သော ထိတ်လန့်မှုတခုဖြစ်ပေါ်လာခဲ့ပေသည် ။
ကျန်းယဲ့ရဲ့ ဆက်သွယ်လာမှုက 。。。。
ချီမိသားစုက နောက်ဆုတ်သွားပြီးနောက် အချိန်ကိုက်ပေါ်လာသော ကျန်းယဲ့ရဲ့စာချုပ်က ချေးငွေစာချုပ်နှင့် အတူတူပင်ဖြစ်သည် ၊ ဒီပရော ဂျက်ရဲ့ အကျိုးအမြတ်တွေအားလုံးက ဝမ်မိသားစုနှင့်သက်ဆိုင်လေသည် ။ဆိုလိုသည်မှာ ပရောဂျက်ကနေ ဘီလီယံဆယ်နဲ့ချီပြီးဖြစ်ဖြစ် ရာနဲ့ချီတဲ့ဘီလီယံဘဲဖြစ်ဖြစ် အဲ့ဒါအကုန်လုံးဟာ ဝမ်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေဖြစ်လာမှာ ဖြစ်ပေသည်၊ နောက်ဆက်တွဲစီးပွားရေးကိစ္စတွေကလည်း ဝမ်မိသားစုကသာ ပိုင်ဆိုင်ပေလိမ့်မည်။
ဒါပေမယ့် 。。。တကယ်လို့များ သူတို့ကုန်သွယ်မှုမှာ ကျရှုံးသွားရင် ဘယ်လိုလုပ်မလဲ。。
စွန့်စားမှုအားလုံးက ဝမ်မိသားစု၏လက်ထဲတွင်သာ ဖြစ်ပေသည်။
‘‘ရိရန် မင်းဘယ်လိုထင်လဲ ဒီတကြိမ်တော့ငါတို့。。。’’
ဝမ်ကျင်စန်းက သူ့အားစတင်မေးလိုက်လေသည်
ဝမ်ရိရန်က ရပ်လိုက်ကာ သူ့ခေါင်းကို ဆတ်ခနဲခါလိုက်လေသည်။ခြေဦးတည့်ရာ လျှောက်သွားနေသော သူ့အတွေးများကို ပြန်လည်စုစည်းလိုက်ကာ
သူ့စိတ်ကူးယဉ်မှုတွေအရိုင်းဆန်လာတာကို ခွင့်မပြုလိုက်တော့ပေ။
သူတို့ဆွေးနွေးလိုက်ပြီးနောက် တရက်လောက်အချိန်ဆွဲရန် ဆုံးဖြတ်လိုက်ကြလေသည်။
ကျန်းယဲ့က ဝမ်ကုမ္ပဏီရဲ့ တံခါးပေါက်ကနေထွက်လာခဲ့ပြီးနောက် သူကချက်ချင်းပင်ဖုန်းခေါ်လိုက်လေသည်-
‘‘ဘောစ့်၊လုပ်လို့ပြီးသွားပါပြီ ’’
သူ့မျက်လုံးတွေထဲတွင် လှောင်ပြောင်မှုနှင့် ဉာဏ်ဆင်နေမှုတို့ရှိနေပေသည်။
xxxxxx