Part 116
ချီကျန်းကျန်းက အပြင်ထွက်ဖို့ ဖိနပ်စီးရန်လုပ်လိုက်လေသည် ၊သူမက ဆေးရုံသို့သွားကာ ချီယန်ကိုသွားကြည့်မှာဖြစ်ပေသည်။
သူမက အခုချီအိမ်မှာ မနေတော့ကာ ချီမိသားစုအတွက် ဘာခံစားချက်မှမရှိပေမယ့်လည်း သူကမူလကိုယ်၏ သွေးရင်းဖခင်ဖြစ်ပေသည်။သူက သူမကိုပြုစုပျိုးထောင်ခဲ့ကာ သူမအတွက်ပိုက်ဆံအများပြားကို သုံးစွဲခဲ့လေသည်။
သူမက တခြားကမ္ဘာက ကူးပြောင်းလာတဲ့ ချီကျန်းကျန်းဖြစ်ပေမယ့်လည်း ဆေးရုံမှာနေခဲ့တုန်းက သူမ၏စရိတ်တွေနှင့် ပထမဆုံးလတုန်းက သူမကို 50000 မုန့်ဖိုးပေးခဲ့သည်မှာ ချီမိသားစုမှဖြစ်ပေသည်။
အခုထိလည်း ချီမိသားစုက သူမကဒ်ထဲသို့ ပိုက်ဆံလွှဲပေးနေတုန်းပင်ဖြစ်သည်။ ပြီးတော့အဲ့ဒါက တလကို
50,000ထက်မက များပေသည်။
သူမက ထိုငွေတွေကို ထပ်မထိခဲ့သော်လည်း ချီကျန်းကျန်းအနေဖြင့် သူမ၏တာဝန်ဝတ္တရားများကို လုပ်ဆောင်ရန်လိုအပ်နေသေးပေသည်။သူမအဖေ ဆေးရုံတက်လိုက်ရတဲ့အခါမှာတော့ တရားရုံး ဥပဒေပုံစံအတိုင်းဆို တရားသူကြီးတွေက
ဝေဖန်ပိုင်းခြားပြီးရလာတဲ့ သဘောထားကဲ့သို့ပင် သူမကလည်းဆေးရုံသို့သွားရပေမည်။
‘‘ရှင်ကျွန်မနဲ့ အတူလိုက်ပေးဖို့မလိုပါဘူး ’’
ချီကျန်းကျန်းက ဝမ်ယွီအား အကူအညီမဲ့နေသော အမူအရာဖြင့်ကြည့်လိုက်လေသည်။
ဝမ်ယွီ၏အမူအရာက ညင်သာနေလေသည်
‘‘ကိုယ်ကမင်းနဲ့အတူသွားချင်တာပါ မင်းအနိုင်ကျင့်ခံရမှာ ကိုယ်စိုးရိမ်လို့’’
‘‘စိတ်မပူပါနဲ့ ကျွန်မက ဒီအတိုင်းသွားပြီး တချက်ဘဲကြည့်လိုက်မှာပါ၊ ဒါကတာဝန်ဘဲလေ ။ချီမိသားစုနဲ့ ကျွန်မအကြောင်းကိုလည်း ရှင်အကုန်သိနေတာဘဲဟာ ၊ အဲ့ဒါကရှင်နဲ့。。。ရှင်နဲ့ဝမ်မိသားစုလိုဘဲ ဘာခံစားချက်မှမရှိဘူး ၊သူတို့သာ ကျွန်မကိုဒေါသထွက်အောင်လုပ်လာလို့ကတော့ သေချာပေါက်ကို ဒေါသမထွက်ဘဲ တိုက်ရိုက်ထွက်သွားလိုက်မှာ ’’
ချီကျန်းကျန်းက အပြုံးတခုနှင့်ပြောလိုက်လေသည်။
သူမပြောတာကို ကြားလိုက်ရတဲ့အခါမှာတော့
ဝမ်ယွီရှင်းမပြနိုင်လောက်စွာ ရင်ထဲတွင်ခံစားသွားရလေသည်။သူကခေါင်းငုံ့လိုက်ကာ သူမနဖူးဆီသို့ အနမ်းတပွင့်ကျဲချလိုက်လေတော့သည်
‘‘မင်းမှာ ကိုယ်ရှိသေးပါတယ် ’’
‘‘အမ်းးရှင့်မှာလည်း ကျွန်မရှိသေးတယ်နော်。。 ’’
ချီကျန်းကျန်းက ရှက်သွေးဖြာသွားကာ သူ့အားစိုက်ကြည့်လိုက်လေသည်။
‘‘ရှင်ကျွန်မကိုထပ်နမ်းပြန်ပြီ အပြင်ဘက်မှာလေ၊ အကျိုးတခုခုသက်ရောက်သွားမှာကို အာရုံစိုက်ပါ
အုံး’’
ဝမ်ယွီက ဘာမှမပြောလာခဲ့ဘဲ သူ့နှုတ်ခမ်းများကသာ အနည်းငယ်မြင့်တက်သွားလေသည်။ထို့နောက်သူက ခေါင်းထပ်ငုံ့လိုက်ကာ သူမနှုတ်ခမ်းဆီသို့ ဆင်းသက်လာခဲ့လေသည်။
အခုမှချစ်တတ်သွားကြတဲ့လူတွေက အမြဲတမ်းဒီလိုပါဘဲ၊ သူတို့က အချင်းချင်းနမ်းဖို့နဲ့ ထိတွေ့ဖို့ကိုမထိန်းနိုင်ကြဘူးး..
ချီကျန်းကျန်းနားရွက်တွေက နီရဲလာကာ သူမမျက်လုံးတွေက တုန်ခါသွားတော့သည် ။
ဝမ်ယွီက မတတ်နိုင်ဘဲရီမောလိုက်ပြီးနောက် သူ့ကျောကိုဆန့်လိုက်ကာ သူမလက်အားဆွဲ၍ အပြင်သို့ထွက်လာခဲ့လေသည်။
.....
‘‘ငါ့ကို အပြင်ထွက်ပြီး လမ်းလျှောက်ခွင့်လေးတော့ပေးပါအုံး တနေကုန်အိပ်ရာပေါ်လှဲနေရတာက အရမ်းကို သက်တောင့်သက်သာမရှိလိုက်တာ ’’
ချီယန်က မပျော်မရွှင်ဖြစ်နေကာ သူကအပြင်ထွက်ချင်လာတော့သည်။
ချီကျိုးချန်က အကူညီမဲ့သွားတော့သည်
‘‘အဖေ ကျွန်တော်ကအဖေ့ကို အပြင်မထွက်စေချင်တာမဟုတ်ပါဘူး၊ အဲ့ဒါက အပြင်မှာစောင့်ကြည့်နေတဲ့မျက်လုံးတွေ အများကြီးရှိနေလို့ပါ ။ကျွန်တော်တို့က ဝမ်မိသားစုနဲ့ပူးပေါင်းတာကို ဖျက်သိမ်းဖို့လုပ်နေတာလေ၊ သူတို့အကုန်လုံးက အဖေမနိုးလာသေးဘဲ ကျွန်တော့်ဘာသာ စိတ်မြန်လက်မြန်နဲ့လုပ်နေတာလို့ ထင်နေကြတာ ၊ အဖေလမ်းလျှောက်ထွက်တာကိုသာ တယောက်ယောက်တွေ့သွားရင် ဘယ်လိုလုပ်ပြီးဖုံးကွယ်လို့ရတော့မှာလဲ ’’
ဒါပေါ့ ချီယန်လည်းဒါကိုသိပေသည်။ သူကဒီအတိုင်း အခန်းထဲမှာပျင်းလာတာကြောင့်ဖြစ်ကာ ဒါကစိတ်ရှုပ်ဖို့ကောင်းတယ်လို့ခံစားမိလိုက်ပေသည်။သူသက်ပြင်းချလိုက်ကာ အိပ်ရာပေါ်တွင်ထိုင်နေလိုက်တော့သည်။
‘‘ငါ့ကို ကွန်ပျူတာယူလာပေး၊ တချက်လောက်ကြည့်ချင်တယ် ’’
ချီယန်က ထပ်ပြောလာလေသည်
ချီကျိုးချန်က သူ့နှုတ်ခမ်းတွေကို စေ့လိုက်ကာ အနည်းငယ်တုံ့ဆိုင်းသွားတော့သည် ။
‘‘ဒီအတိုင်းယူလာလိုက်စမ်းပါ ရှယ်ယာဈေးတွေ ထိုးကျနေမှာငါသိတယ် ၊ ဝမ်မိသားစုနဲ့ပူးပေါင်းတာကို တရားဝင်ဖျက်သိမ်းလိုက်တဲ့အခါ ရှယ်ယာတွေကထပ်ပြီးတောင်ပိုထိုးကျလာအုံးမှာ。。。 ’’
‘‘အဖေ ’’
‘‘အဆင်ပြေပါတယ်၊ ငါဒါအတွက်အချိန်အကြာကြီး စိတ်ပြင်ဆင်ထားခဲ့ပြီးသား ၊ ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာသိဖို့ ငါအခုအခြေအနေတွေကို သိဖို့လိုတယ်လေ အခုချိန်က ချီမိသားစုအတွက် အရမ်းကိုအကျပ်အတည်းတွေ့နေတဲ့အချိန် ၊ မင်းသာနည်းနည်းလောက် ပိုဆွဲထားနိုင်ရင် ဆုံးရှုံးတာနည်းနည်းလျော့သွားတာပေါ့ ’’
ချီယန်က ပြောလိုက်လေသည်။
ချီကျိုးချန်က ချီယန်ဆီသို့ ကွန်ပျူတာကို ကမ်းပေးလိုက်တော့သည် ။
တဖက်လူက အဲ့ဒါကိုကြည့်လိုက်ပြီးနောက် တိတ်ဆိတ်သွားတော့သည် ။
တင်းရိကျွင်းက အနည်းငယ်စိတ်ဆင်းရဲသွားပြီး ချီယန်ကို လက်ဖက်ရည်တခွက် ပေးရန်လုပ်လိုက်သည်၊ ချီယန်ရဲ့လက်တွေက ခွက်ကိုယူရင်း တုန်ရီနေခဲ့လေသည် ။
‘‘ကျွန်မ မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို အမျိုးအစားခွဲပြီးသွားပြီ ပြီးတော့ ကျွန်မရဲ့ကျောက်မျက်ရတနာတွေက ငွေအတော်များများနဲ့ လဲလှယ်လို့ရလိမ့်မယ် အိတ်တွေနဲ့ အခြားပစ္စည်းတွေရောဘဲ ’’
တင်းရိကျွင်း၏ အသံကနူးညံ့နေကာ သူမမျက်ခုံးများက အတူတကွရှိနေလေသည် ။
ချီယန်က သက်ပြင်းချလိုက်လေသည်။
‘‘မင်းရဲ့အိတ်တွေကို ပြန်ရောင်းရမယ့် အခြေအနေထိတော့ မရောက်သေးပါဘူးကွာ ၊ ငါတို့ရဲ့ ပိုင်ဆိုင်မှုတွေကိုသာ ခွဲထုတ်ထားလိုက်၊ ပူးပေါင်းမှုကိုဖျက်သိမ်းပြီးတဲ့အထိ စောင့်ရအုံးမယ် ပြီးရင်တော့ ခက်ခဲတဲ့တိုက်ပွဲတခုကို တိုက်ခိုက်ရအုံးမယ်。。’’
အဲ့ဒီအချိန်တွင် သူနာပြုက ခေါ်လာခဲ့လေသည် ။
ချီကျိုးချန်က ဖုန်းကိုင်လိုက်ပြီးနောက် သူ့အမူအရာက အနည်းငယ်မှေးမှိန်သွားကာ ပြန်ပြောလိုက်လေသည်။
‘‘ကောင်းပါပြီ သူတို့ကိုအထဲပေးဝင်လိုက်ပါ ’’
‘‘ဘာဖြစ်တာလဲ ဘယ်သူလာလို့လဲ ’’ ချီယန်ကပြောရင်းနှင့် ကုတင်ပေါ်လှဲချလိုက်ကာ တင်းရိကျွင်းကလည်း သူရုပ်ဖျက်နိုင်အောင် ကူညီပေးရင်းဖြင့် အလုပ်များနေလေသည်။
ချီကျိုးချန် : ‘‘လုပ်ဖို့မလိုတော့ဘူး လာတဲ့သူတွေက အမနဲ့。。。ဝမ်ယွီဘဲ ’’
ချီယန်နဲ့ တင်းရိကျွင်းတို့က တချိန်တည်းမှာပင် ထိတ်လန့်သွားကြတော့သည်။
တင်းရိကျွင်းက အလျင်အမြန်ပြောလိုက်လေသည်
‘‘ကျန်းကျန်း ဒီကိုရောက်လာတာလား ငါသူ့ကိုမတွေ့ရတာတော်တော်ကြာပြီ သူမအဖေကိုလာတွေ့လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး ’’
သူမက ပြောရင်းနှင့်ပင် သူမကိုသူမသပ်ရပ်အောင်ပြင်ဆင်လိုက်လေသည်။
ချီယန်ကလည်း အချိန်အကြာကြီးထိတ်လန့်သွားပြီးမှ ပြောလိုက်လေသည်။
‘‘အဲ့လိုဟန်ဆောင်နေဖို့မလိုပါဘူး 。。。’’
ဝမ်ယွီက ဘယ်လိုလုပ်ပြီးမသိဘဲနေပါ့မလဲ ၊ ချီကျန်းကျန်းဆီကနေ တခုခုကိုလျို့ဝှက်ထားဖို့ လိုအပ်မယ်တဲ့လား ၊သူတို့အားလုံးအတွက် ဟန်ဆောင်နေလို့မလိုအပ်ပါပေ။
မကြာခင်မှာဘဲ တံခါးခေါက်သံတခုထွက်ပေါ်လာလေသည်
ချီကျိုးချန်က တံခါးသွားဖွင့်ပေးလိုက်ကာ ဝမ်ယွီက ချီကျန်းကျန်းရှေ့မှ ဦးဆောင်ကာ တံခါးရှေ့တွင်ရပ်နေခဲ့လေသည်။
သူက သူတို့၏ကိုင်ထားသော လက်များကိုကြည့်လိုက်ကာ သိလိုက်ပေသည် -အခုဆိုရင်သူတို့ကအရင်တခေါက်တွေ့တုန်းကထက် သိသိသာသာပင် ဆက်ဆံရေးက ပိုကောင်းလာပေသည်။
‘‘ကျန်းကျန်း နောက်ဆုံးတော့သမီးရောက်လာပြီဘဲ。。’’
တင်းရိကျွင်းက သူမကိုကြိုဆိုလိုက်ကာ သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ရှိနေလေသည်။
ချီကျန်းကျန်းက ခနလောက်ထိတ်လန့်သွားပြီးနောက် ပြုံးပြလိုက်လေသည်။
‘‘အမေ၊အဖေ၊ကျိုးချန် အဖေ့ကိုတွေ့ဖို့လာခဲ့တာပါ အဖေကနေမကောင်းဖြစ်နေတယ်ဆိုလို့လေ ’’
သူမက အသီးခြင်းအား သူမဘေးရှိဗီဒိုလေးပေါ်သို့တင်လိုက်ကာ ဆိုဖာပေါ်၌ထိုင်လိုက်လေသည်၊ သူမပုံစံက လူနာလာကြည့်သော လူတယောက်ပုံစံအပြည့်အဝပင်ရှိနေလေသည် ။
‘‘ငါအဆင်ပြေပါတယ် မစိုးရိမ်နဲ့ ’’
ချီယန်ပြန်ပြောလိုက်ကာ တစုံတခုသက်တောင့်သက်သာမရှိသလို ခံစားလိုက်ရပေသည် ။
သူ့အနေဖြင့် သူ့သမီးကို မမြင်ရတာအချိန်အတော်ကြာခဲ့ပြီဖြစ်သည်၊ ဘယ်လိုဘဲဖြစ်ဖြစ်နောက်ဆုံးမှာတော့ သူမကိုသူဘဲပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်ကာ သူ့ရင်ထဲမှာတော့ သူမကိုအရမ်းသတိရနေခဲ့ပေသည်။
ပြီးတော့ ဝမ်ယွီကလည်းရှိနေကာ。。သူဒီလူကိုမြင်လိုက်တဲ့အခါတိုင်း ဘာပြောရမှန်းမသိဖြစ်ကာ သူ့စိတ်တွေကရှုပ်ထွေးနေခဲ့လေသည်။
‘‘အိုးးဒါဆိုကောင်းတာပေါ့ ’’ ချီကျန်းကျန်းကခေါင်းညိတ်လိုက်ကာ သူမဘာဆက်ပြောရမှန်းမသိတော့ပေ။
လေထုက တခနလောက် ကို့ရိုးကားယားဖြစ်သွားလေ၏ ။
တင်းရိကျွင်းက စကားထပ်ပြောလာကာ သူမအသံကမျှော်လင့်နေမှုတို့နှင့် ပြည့်နှက်နေလေသည်။
‘‘ကျန်းကျန်း ဘယ်အချိန်ကျမှအိမ်မှာလာပြန်နေတော့မှာလဲ အမေနဲ့အန်တီနှစ်ယောက်လုံးက သမီးအခန်းကိုနေ့တိုင်းရှင်းပေးထားတယ် အဲ့ဒါကအရင်အတိုင်းဖြစ်နေတုန်းဘဲ ’’
‘‘ဟင့်အင်း သမီးအခုသက်တောင့်သက်သာနဲ့ ပျော်ပျော်ရွှင်ရွှင် နေနေရပါတယ် ’’
ချီကျန်းကျန်းက အပြုံးတခုကိုထုတ်ဖော်ပြလိုက်လေသည်။
ချီယန်နဲ့ တင်းရိကျွင်းတို့က သူတို့သမီးကိုမတွေ့ရတာအတော်ကြာပြီဖြစ်ကာ ချီကျန်းကျန်းကအရမ်းပြောင်းလဲသွားတာကြောင့် အနည်းငယ်စိမ်းသက်မှုကို ခံစားလိုက်ရလေသည်။
အဲ့ဒါက အသွင်အပြင်ပြောင်းလဲသွားတာမဟုတ်ပေ၊ သူမ၏အသွင်အပြင်က အရင်အတိုင်းရှိနေပေမယ့်လည်း သူမရဲ့ဝတ်စားဆင်ယင်ပုံက ပြောင်းလဲသွားတော့သည်၊ အဲ့ဒါတွေက အရောင်မှိန်သွားကာ အရင်ကလောက် တောက်တောက်ပပမဟုတ်တော့ပေ။
သူမရဲ့ အဓိကပြောင်းလဲမှုက စိတ်နေစိတ်ထားနှင့်သူမ၏ အခြားသူအထက်မှာရှိနေတတ်သော အမူအရာပင်ဖြစ်ပေသည်၊ အခုသူမပေးလာတဲ့ခံစားချက်က သူမကအရမ်းပင်နူးညံ့သိမ်မွေ့လေသည် ၊
ယဉ်ကျေးတယ်၊လွတ်လွတ်လပ်လပ်ရပ်တည်တတ်တယ် ပျူငှာတယ် ။သူမမျက်ခုံးတွေက ကွေးညွတ်နေကာ သူမမျက်လုံးများက တောက်ပနေလေသည်
ချီယန်က သူ့ပါးစပ်ကိုဖွင့်ကာတခုခုပြောလိုက်ချင်ပေမယ့် ဘာပြောရမှန်းမသိတော့ပေ။
xxxxxxx