Part 117
တင်းရိကျွင်း၏ မျက်လုံးနှုတ်ခမ်းသားများက နီရဲလာကာ သူမကရှေ့သို့တိုးကာ ချီကျန်းကျန်းလက်အား ဆွဲကိုင် လိုက်လေသည်။
‘‘ကျန်းကျန်း အခုထိစိတ်ဆိုးနေတုန်းဘဲလား အမေမှားခဲ့တယ်ဆိုတာ သိပါပြီ。。အရင်တုန်းက သမီးရဲ့ခံစားချက်တွေကို နာကျင်စေခဲ့မိတာကို အမေဘယ်တုန်းကမှနားမလည်ခဲ့ဘူး ၊အန်းချင်ယုကို အမေဂရုမစိုက်တော့တာ အကြာကြီးရှိသွားပြီလေ ၊ဒီတကြိမ်မှာတော့ လုံးဝကိုမျဉ်းဆွဲပြီး ပိုင်းခြားပစ်လိုက်ပြီ၊အနာဂတ်မှာ အမေသူမကို ချီမိသားစုထဲဝင်ခွင့်ပေးမှာမဟုတ်ပါဘူးး ’’
-အတိတ်ကအဖြစ်အပျက်တွေပြီးဆုံးသွားပြီးနောက်
သူမလုပ်ခဲ့မိသောအမှားများကို သေသေချာချာပြန်စဉ်းစားနေခဲ့ပေသည်။ချီကျန်းကျန်းထွက်သွားပြီးနောက် သူမပိုတွေးမိလေ၊ ပိုပြီးနောင်တရလေဖြစ်သည် ။
ချီကျန်းကျန်းက နှုတ်ခမ်းကိုဖိစေ့လိုက်ပြီး သူမလက်ကိုဆွဲထုတ်လိုက်ကာ သူမအသံကတည်ငြိမ်နေလေသည်
‘‘မဟုတ်ပါဘူးအမေ ၊သမီးအမေ့ကို အပြစ်မတင်တော့ပါဘူး အခုလည်းသမီးကောင်းကောင်းနေနေတာဘဲလေ ’’
မူလပိုင်ရှင်ကိုတောင်းပန်တာကို သူမကဘယ်လိုလုပ်ပြီး လက်ခံဖို့အရည်အချင်းရှိမှာတဲ့လဲ。。。
ရုတ်တရက် တင်းရိကျွင်းမျက်လုံးများက ပိုလို့တောင်နီရဲသွားတော့သည်။
ချီကျိုးချန်က ရှေ့သို့လှမ်းလာပြီး သူ့အမေကျောကိုပုတ်ပေးလိုက်ကာ ချီကျန်းကျန်းအား အလေးအနက်ပြောလိုက်လေသည်။
‘‘မမ ၊ပြန်လာချင်တဲ့အချိန်ပြန်လာခဲ့နော် ချီမိသားစုက အမြဲတမ်းအတွက် မမရဲ့အိမ်ဖြစ်နေမှာပါ’’
ထို့နောက်သူက ဝမ်ယွီကို လေးနက်နေသောမျက်လုံးများဖြင့်ကြည့်လိုက်ကာ သူ့အမူအရာကလည်းတည်ကြည်နေလေသည်။
‘‘ဝမ်ယွီ ငါမင်းကိုအနိုင်မယူနိုင်ဘူးဆိုတာသိတယ် ဒါပေမယ့် ချီကျန်းကျန်းကိုအနိုင်ကျင့်လို့ကတော့ ငါမင်းကိုဒီအတိုင်းမထားဘူး ’’
ချီကျန်းကျန်းက သူမပြန်မဖြေခင် တခနလောက်တိတ်ဆိတ်သွားလေသည်
‘‘အင်းပါ ’’
ဒါပေမယ့်ချီကျန်းကျန်း သိနေပေသည်၊အကယ်၍ ဝမ်ယွီနဲ့သူမတို့ ဆက်ဆံရေးမှာ ပြသနာတခုခုရှိလာရင်တောင်မှ ချီမိသားစုကိုပြန်သွားမှာ မဟုတ်ပေ။
သူမက အရမ်းသန်မာတာကြောင့် သူမတယောက်တည်းလည်း ကောင်းကောင်းမွန်မွန်နေနိုင်ပေသည်။
ဝမ်ယွီက ဘာမှမပြောလာခဲ့ဘဲ ချီကျန်းကျန်းရဲ့လက်ကိုသာ တင်းကြပ်စွာဆုပ်ကိုင်လိုက်လေသည် ။
အဲ့ဒီအမူအရာက ချီကျိုးချန်အား ပြောပြနေပုံပေါက်နေသည်မှာ -အဲ့လိုမျိုး လုံးဝဖြစ်လာမှာမဟုတ်ဘူး
ချီယန်နဲ့တင်းရိကျွင်းတို့က စကားပြောတာရပ်လိုက်ကြကာ သူတို့အမူအရာတွေက ခနလောက် စိတ်ရှုပ်ထွေးသွားပုံရလေသည်။
ဒီလိုရှုပ်ထွေးမှုက ချီကျန်းကျန်းယူဆောင်လာတဲ့ စိမ်းသက်မှုကြောင့်ဖြစ်ကာ သူမ၏ပြောင်းလဲမှုများကြောင့်လည်း ပါဝင်ပေသည်။သူတို့ထင်ထားတာထက် သူမကအပြင်ဘက်တွင် ကောင်းကောင်းနေရလေသည်။စိတ်ပိုင်းဆိုင်ရာအရဘဲဖြစ်ဖြစ် အခြားအရာတွေမှာဖြစ်ဖြစ် အဲ့ဒါက မိဘတွေဖြစ်တဲ့ သူတို့၏ရှုံးနိမ့်မှုကို သံသယဝင်စရာမလိုအောင် ရှင်းပြနေပေသည်။
ချီကျန်းကျန်းကလည်း ဘာစကားမှမပြောလာတာကြောင့် လေထုကအနည်းငယ်နေရခက်သွားပြန်သည်။
တခနလောက်ကြာပြီးနောက် ချီကျန်းကျန်း ပြောလိုက်လေသည်
‘‘ဒါဆိုရင်လည်း အမေ၊အဖေ ကျန်းမာရေးဂရုစိုက်ကြနော် သမီးအရင်ပြန်နှင့်တော့မယ် ’’
သူမကထရပ်လိုက်ကာ ဝမ်ယွီကလည်းဘာမှပြောမနေဘဲ သူမနဲ့အတူ ထရပ်လိုက်လေသည် ။
‘‘အာ。。。ဒီလောက်အစောကြီးနဲ့ ပြန်တော့မလို့လား’’
တင်းရိကျွင်းက ထိတ်လန့်သွားကာ ချီကျန်းကျန်းအား သူမမျက်လုံးထဲတွင် တွန့်ဆုတ်မှုတို့နှင့် ကြည့်လာလေသည်။
ချီကျန်းကျန်း ပြုံးရုံသာ ပြုံးပြ လိုက်သည်။
ချီကျိုးချန်က ..."ငါနင့်ကို လိုက်ပို့ပေးမယ် ’’
‘‘ဟင့်အင်း မလိုပါဘူး ငါတို့လမ်းသိပါတယ် နင် အဖေနဲ့အမေတို့နဲ့ဘဲ ဒီမှာနေလိုက်ပါ ’’
ချီကျန်းကျန်းက လက်ရမ်းလိုက်ကာ သူမအပြုံးက တောက်ပကာ အရမ်းနွေးထွေးနေလေသည် ။
ဝမ်ယွီက သူမလက်ကိုကိုင်ထားကာ ဘေးမှ တိတ်တဆိတ် လျောက်လာသော်လည်း သူမအားမမြင်ရတဲ့ခွန်အားကို ပေးနေသလိုပင်။
သူတို့နှစ်ယောက်က တံခါးဆီသို့လျှောက်သွားချိန်
သူတို့နောက်မှ ချီယန်ကရုတ်တရက်အော်ပြောလိုက်လေသည်။
‘‘ကျန်းကျန်း ’’
ချီကျန်းကျန်းက ပြန်လှည့်ကြည့်လိုက်သည် ။
ချီယန်က သူမကို ရှုပ်ထွေးနေသောမျက်လုံးများနှင့်ကြည့်လိုက်ကာ ‘‘ချီမိသားစုရဲ့ တံခါးက သမီးအတွက်အမြဲတမ်းဖွင့်ထားပေးပါတယ်၊အဲ့ဒါကသမီးရဲ့အိမ်ပါ ဘယ်အချိန်မဆိုပြန်လာခဲ့လို့ရတယ်နော် ’’
-အဆုံးမှာတော့ သူက တောင်းပန်တဲ့စကားတခွန်းကိုမှ မပြောလာခဲ့ချေ ။
ဒါပေမယ့် သူပြောခဲ့ဖူးတဲ့ ‘သူမသာအမှားကိုဝန်မခံရင် အိမ်ကိုပြန်လာလို့မရဘူး ’ ဆိုတဲ့စကားက ချန်ထားခံခဲ့ရလေသည်။
ဒီစကားလုံးတွေက အားလျော့မှုကိုပြတဲ့ လက္ခဏာတောင်ဖြစ်နေပြီ ဖြစ်ပေသည်။
ချီကျန်းကျန်းက ပြုံးကာ ပြန်ဖြေလိုက်တော့သည်
‘‘ကောင်းပါပြီ ’’
ဒါကိုကြားလိုက်ရပြီးနောက် ဝမ်ယွီက ချီယန်ကိုတချက်ကြည့်လိုက်ကာ နောက်ဆုံးတွင် ပထမဆုံးအနေဖြင့်စကားပြောလာလေသည်။
‘‘ဒီအတိုင်းဘဲ ရက်အနည်းငယ်လောက်နေနေလိုက်ပါ ’’
သူ့အမူအရာက မှေးမှိန်နေသည်မှာ အဲ့စကားလုံးတွေကို သူတို့ကိုမပြောလိုက်သကဲ့သို့ပင် ဖြစ်ပေသည်။
ချီယန်နဲ့ ချီကျိုးချန်တို့နှစ်ယောက်လုံးထိတ်လန့်သွားလေသည်။ချီကျန်းကျန်းက ဝမ်ယွီနဲ့အတူ ဆေးရုံခန်းထဲမှ ထွက်သွားပြီဖြစ်ကာ သူတို့နောက်ကျောတွေကအရမ်းကို လိုက်ဖက်ညီနေပေသည် ။သူတို့က မြင်ကွင်းထဲမှ တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။
ခနလောက်ကြာပြီးမှသာ ချီယန်နဲ့ချီကျိုးချန်တို့က သတိပြန်ဝင်လာကြလေသည်
‘‘သူပြောသွားတာက。。。ဘာကိုဆိုလိုချင်တာလဲ’’
‘‘သူက နောက်ထပ်လှုပ်ရှားမှုတခုလုပ်နေလောက်ပြီ အဲ့ဒါကြောင့် ငါတို့ကိုသတိပေးနေတာ ’’
ချီယန်က သူ့မျက်လုံးထဲတွင်ရှုပ်ထွေးမှုများစွာနှင့် သက်ပြင်းချလိုက်လေသည်
‘‘ဒါဆိုရင် ပူးပေါင်းတာကိုဖျက်သိမ်းပြီးသွားရင်လည်း ဒီအတိုင်းဘဲရက်အနည်းငယ်လောက် ဆက်ပြီးနေကြရအောင် ’’
‘‘ဟုတ်ပါပြီ ’’
ချီကျိုးချန်းက သူ့ခေါင်းကိုညိတ်ပြလိုက်လေသည်။
သူတို့ဘေးမှာတော့ တင်းရိကျွင်းက မျက်လုံးများနီရဲနေဆဲဖြစ်ကာ ဝမ်းနည်းနေသောအမူအရာနှင့် ဆေးရုံအိပ်ရာဘေးတွင် ထိုင်လိုက်လေသည်။
‘‘ကျန်းကျန်းက နောက်ဆုံးတော့ ကျွန်မတို့ကိုတွေ့ဖို့လာခဲ့ပြီ၊ သူက ကျွန်မတို့နဲ့ဆက်ဆံရေးကို ဖြတ်တောက်ချင်နေတယ်လို့ ထင်နေခဲ့တာ ဒါပေမယ့် အံ့ဩစရာကောင်းလောက်အောင် သူမကဒီအတိုင်းရှိနေတုန်းဘဲ。。。’’
ချီယန်နဲ့ ချီကျိုးချန်တို့လည်း ထပ်မံ၍တိတ်ဆိတ်သွားကြလေသည်။ဒါပေမယ့် သူတို့မျက်ခုံးများကြားတွင် တူညီသောဝမ်းနည်းမှုများ မှိန်ဖျော့စွာရှိနေကြလေသည် ။
သူမက သူတို့ကိုခွင့်လွှတ်ပေးလိုက်တဲ့ပုံပေါ်ပေသည်။
သူ့မမျက်လုံးများတွင် ဘာနာကျည်းမှုကိုမှ မတွေ့ရတော့ကာ သူမပုံစံက အဆင်ပြေနေလေသည်။
ဒါပေမယ့် သူမက သိသာစွာပင် အရမ်းကိုစိမ်းသက်သွားတော့သည် အဲ့အခါမှသာ သူတို့နားလည်လိုက်ကြပေသည်。。。
သူတို့နဲ့ ချီကျန်းကျန်းက အရင်လိုမိသားစုတခုအဖြစ် ဘယ်တော့မှမတည်ရှိနိုင်တော့ပေ။
‘‘ထားလိုက်ပါတော့ သူမဝမ်ယွီနဲ့ ကောင်းကောင်းရှိနေတာနဲ့တင် အဆင်ပြေနေပါပြီ၊ ဒီလိုဆိုရင်ဘဲကောင်းနေပါပြီ。。。’’
တင်းရိကျွင်းက သက်ပြင်းချလိုက်လေသည်။
သံသယမရှိစွာပင် သူမက ဝမ်ယွီရဲ့အင်အားကြောင့် ထိတ်လန့်သွားရပေသည်။ဒါပေမယ့် ထိုအရာကပင်
ချီကျန်းကျန်း ဝမ်ယွီနဲ့အတူရှိနေတာကို စိုးရိမ်နေတာကနေ စိတ်ချသွားနိုင်အောင် တဖြည်းဖြည်းပြောင်းလဲပေးသွားပေသည်။
တင်းရိကျွင်းက အသီးခြင်းကိုယူရန် ထလိုက်လေသည်။ ဒါပေမယ့် သူမအသီးခြင်းကိုယူလိုက်တဲ့အချိန်မှာဘဲ ထိတ်လန့်သွားရတော့သည်။
ခြင်း၏အောက်တွင် ဘဏ်ကဒ်တခုရှိနေပေသည်။
-အဲ့ဒါက သူတို့ချီကျန်းကျန်းကို ပိုက်ဆံထည့်ပေးနေကျဖြစ်သည့် ရင်းနှီးနေသော ဘဏ်ကဒ်ပင်ဖြစ်သည်။
xxxxxx