Part 118
ဆေးရုံဝင်ပေါက်ကနေ လမ်းလျှောက်ထွက်လာပြီးတဲ့နောက် ချီကျန်းကျန်းက ဘာမှမပြောလာသောကြောင့် ဝမ်ယွီက စိတ်ထိခိုက်နေတဲ့ အမူအရာကိုထုတ်ပြလာလေသည်
‘‘မင်းစိတ်မကောင်းဖြစ်နေတယ်ဆိုရင်လည်း သူတို့နဲ့ပြန်ပေါင်းစည်းလိုက်လေ ’’
ချီကျန်းကျန်းက ခေါင်းခါလိုက်ကာ ကောင်းကင်ကိုမော့ကြည့်လိုက်လေသည်
‘‘မတူဘူးလေ နောက်ကျနေတဲ့တောင်းပန်မှုနဲ့ ကြင်နာမှုတွေက တူညီနေတော့မှာမဟုတ်ဘူး အဲ့ဒါကအသုံးမဝင်တော့ဘူး ’’
သူမက မူလပိုင်ရှင်မှ မဟုတ်တော့တာ。。。
ဝမ်ယွီက ဘာမှမပြောလာတော့ဘဲ သူ့လက်ကိုမြှောက်ကာ သူမခေါင်းကိုထိလိုက်လေသည်။
‘‘တကယ်တော့ ကျွန်မဘာမှနာနာကျင်ကျင် ခံစားမနေပါဘူး သူတို့ကိုယ်သူတို့ထင်နေသလောက် ကျွန်မကိုဂရုစိုက်နေကြတာမဟုတ်ဘူး၊ နောက်ဆုံးမှာတော့ ကျွန်မက အရေးကြီးတဲ့နေရာမှာ မဟုတ်ဘူးလေ ။
ဒီလိုမှမဟုတ်ရင် သူတို့သည်းမခံနိုင်တော့ဘဲ ကျွန်မဆီကိုလာဖို့ ဘာလို့ဒီလောက်တောင်ကြာနေရမှာလဲ သူတို့အတွက်ချီကျိုးချန်ရှိတယ်လေ သူတို့ကကျွန်မကိုမလိုအပ်သလို ကျွန်မလည်းပြန်မသွားချင်ဘူး အခုတိုင်းဘဲကောင်းပါတယ် ဒီအတိုင်းဆွေမျိုးတွေအဖြစ်ဆက်ရှိနေသွားတော့ မှာ。。。’’
ချီကျန်းကျန်းက ပေါ့ပါးစွာသက်ပြင်းချလိုက်လေသည်။
ဝမ်ယွီ၏မျက်လုံးများက ပိုလို့တောင် စိတ်ထိခိုက်သွားပုံရကာ သူ့လက်ကအနည်းငယ်ရပ်သွားပြီး နှုတ်ခမ်းကို တင်းကြပ်စွာဖိစေ့လိုက်လေသည်။
ဒါကိုမြင်လိုက်ရတဲ့အခါ ချီကျန်းကျန်းက ချက်ချင်းပြုံးပြလိုက်ပြီး သူမလက်ကိုဆန့်ကာ ဝမ်ယွီ၏ခါးကိုဖက်လိုက်လေသည်၊ သူမခေါင်းကို သူ့ရင်ဘတ်ပေါ်တွင်ထားလိုက်ကာ...
‘‘ကျွန်မမှာ ရှင်ဘဲရှိတော့တာနော်၊ပျော်လား ’’
‘‘မင်းပျော်နေမှသာ ကိုယ်လည်း ပျော်တာပါ’’
ဝမ်ယွီက ပြောလိုက်လေသည်။
ခနရပ်လိုက်ပြီး သူကဆက်ပြောလိုက်လေသည်
‘‘ကိုယ့်မှာလည်း မင်းဘဲရှိတာပါ ’’
ချီကျန်းကျန်းက သူမမျက်ခုံးများကို မြှင့်လိုက်ကာပြောလာလေသည်။
‘‘ကျွန်မရှိနေတာနဲ့တင် ရှင့်အတွက်မလုံလောက်သေးဘူးလား အခြားဘာတွေလိုချင်သေးလို့လဲ ’’
ဝမ်ယွီ ရယ်လိုက်လေသည်
‘‘လုံလောက်တယ်၊အဲ့ဒါကလုံလောက်ပါတယ် မင်းရှိနေရုံနဲ့တင် အကုန်လုံလောက်နေပြီ ’’
ဒီလောကကြီးထဲမှာ သူတို့ထံတွင် တယောက်အတွက်တယောက်ရှိကြလေသည်၊ သူတို့အချင်းချင်းအတွက် အရင်းခံလူများဖြစ်ကြကာ နေရန်နေရာတခုကိုလည်း ပိုင်ဆိုင်နေကြပေသည်၊ အဲ့ဒါကလုံလုံလောက်လောက်ဖြစ်နေခဲ့တာ ကြာပြီဖြစ်သည်။
‘‘ကောင်းပြီလေ ဒါဆိုရင်လည်း ကျွန်မကို အချစ်စကားနည်းနည်းလောက်ကြားခွင့်ပေး ’’
‘‘。。。’’
‘‘လုပ်ပါနော် ရှင်ပြောမယ်လို့ ကျွန်မကိုကတိပေးထားတယ်လေ ’’
‘‘ကိုယ်。。。’’
‘‘စကားထစ်မနေနဲ့၊ ရှက်မနေနဲ့နော် ဒီအတိုင်းပြောလိုက် ’’
‘‘ကိုယ်မင်းကိုချစ်တယ် ’’
‘‘ပြောင်းပြီးပြောလေ ၊ ရှင်ကအမြဲတမ်း ဒီစကားတခွန်းကိုဘဲ ပြောနေတာ ’’
‘‘。。。’’
.....
ချီမိသားစုနဲ့ ဝမ်မိသားစုက ပူးပေါင်းမှုကို တရားဝင်ဖျက်သိမ်းလိုက်ကြသည်။
စီးပွားရေးလောကတခုလုံးက ချီမိသားစုကိုလှောင်ရယ်နေကြကာ ချီကျိုးချန်အကြောင်းပြောမိတာနဲ့ သူတို့ကခေါင်းရမ်းကာ သက်ပြင်းချကြလေသည်
-လူငယ်တွေများ ကျိုးကြောင်းမစဉ်းစားဘဲ စိတ်လိုက်မာန်ပါ လုပ်တတ်လိုက်ကြတာ。。。
အဲ့ဒါက အားလုံးကောင်းပေသည်၊ တကယ်မှာတော့ သူတို့ကသူ့အား ဆူပူကာ စကားတခွန်းသာပြောလိုက်ချင်ကြပေသည် ။အဲ့ဒါက ‘အရူးတယောက် ’ဆိုပြီးဖြစ်သည်။
သူတို့က ဒီအခြေအနေကို အသုံးချကာ သူတို့မိသားစုထဲက ကလေးများကို ပညာပေးကြလေသည်။ချီကျိုးချန်ဆီက မသင်ယူဖို့နဲ့ သူတို့၏ရှေးအစဉ်အဆက်စီးပွားရေးကို မဖျက်စီးမိဖို့ဖြစ်ပေသည်။
ချီယန်က အခုချိန်တွင် ဆေးရုံဆင်းလို့ရပြီဖြစ်သော်လည်း ဝမ်ယွီ၏
စကားများကို ပြန်တွေးလိုက်ကာ သူတို့ကဆေးရုံတွင် ရက်အနည်းငယ်ဆက်နေလိုက်ကြပေသည်။
ထို့နောက် သူတို့သိလိုက်ရတာက-
ကျန်းယဲ့နဲ့ ဝမ်မိသားစုက တရားဝင်ပူးပေါင်းသွားကြသည်။
ချီမိသားစု၏ ထွက်ခွာမှုကြောင့် ဝမ်မိသားစုက တခနလောက် ကသောင်းကနင်းဖြစ်သွားသော်လည်း ထပ်မံပြီးပြန်တည်ငြိမ်သွားကာ သူတို့ကတကြိမ်ထပ်ပြီးအောင်မြင်မည့်အရိပ်အယောင်များ ယှက်သန်းနေတော့သည်။
ချီမိသားစုအတွက် အာရုဏ်တက်လာကာ နေ့သစ်များစတင်လာခဲ့လေသည်။ သူတို့ကချက်ချင်းပင် ပစ္စည်းများကို ထုတ်ပိုးလိုက်ကာ ဆေးရုံဆင်းလိုက်ကြလေသည် ။
ထို့နောက် ဝမ်ရိရန်နဲ့ အန်းချင်ယုတို့ရဲ့ လက်ထပ်ပွဲက ရောက်လာခဲ့တော့သည်။ ဝမ်မိသားစုက အရမ်းခမ်းခမ်းနားနားမကျင်းပခဲ့ပေမယ့်လည်း အခုလိုအရေးကြီးသောအချိန်တွင် သူတို့ကအောင်မြင်မှုထိပ်ဖျားတွင် ရောက်ရှိနေတာမို့ ဧည့်သည်များစွာ လာခဲ့ကြလေသည်။သူတို့က ဖိတ်ကြားခံရခြင်းမရှိတာတောင်မှ တယောက်ပြီးတယောက်ရောက်လာခဲ့ကြပေသည်။
လက်ထပ်ပွဲက မခမ်းနားပေမယ့်လည်း ဧည့်သည်အများအပြားလာရောက်ခဲ့ကြလေသည်။
ချီမိသားစုရဲ့ အပြုအမူကြောင့် အန်းချင်ယုက ကောင်းကောင်း မခံစားလိုက်ရသည့်အပြင် ရေးတေးတေးနာကျည်းမှုကိုပါ ခံစားလိုက်ရပေသည်။
သူမက ကိုယ်ဝန်ရှိနေပေမယ့်လည်း ရှုဝေက နေ့တိုင်းလိုလိုပင် မတုန်မလှုပ်ရန်လိုနေတတ်ပေသည်။ ဝမ်ကျင်စန်းနဲ့ ဝမ်ရိရန်က အလုပ်များနေတာကြောင့် အချိန်တိုင်းလိုလို အိမ်မှာမရှိပေ။
ဒီကာလတွေအတွင်း အန်းချင်ယုက အရမ်းခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်နေခဲ့ရတယ်လို့ ဆိုနိုင်ပေသည်။
ထို့အပြင် ဝမ်မိသားစုက သူတို့လက်ထပ်ပွဲကို ခမ်းခမ်းနားနားမစီစဉ်ပေးခဲ့ချေ။ ဘယ်လောက်တောင်လဲဆိုရင် သူမမျှော်လင့်သလိုဖြစ်လာဖို့အတွက် လက်ထပ်ပွဲအပြင်အဆင်အချို့နှင့် သူမ၏လက်ထပ်ဝတ်စုံအတွက်ပေးချေရန် သူမကိုယ်ပိုင်ပိုက်ဆံနှင့်သာ စိုက်ထုတ်လိုက်ရပေသည်။
-သူမက ဒီလက်ထပ်ပွဲကို ကျေနပ်အားရခြင်းမရှိပေ။
လက်ထပ်ပွဲအခမ်းအနားနှင့်ပတ်သက်၍ နေရာမျိုးစုံတွင် ဝမ်မိသားစုက စိတ်မပါတပါဖြင့်သာ ပြုလုပ်ပေးသွားလေသည်။ဒါက သူမရင်ထဲတွင်လိုချင်နေခဲ့သော လက်ထပ်ပွဲအမျိုးအစားများထဲတွင် ပါဝင်မနေခဲ့ပေ။
ဒါပေမယ့် ဧည့်သည်အများကြီးလာတာကို တွေ့လိုက်ရပြီးနောက်မှာတော့ အန်းချင်ယုက ခံစားရတာနည်းနည်းသက်သာသွားတော့သည် ။
ဝမ်မိသားစုက ကြီးပွားတိုးတက်နေသရွေ့ သူမက လေးစားခြင်းခံရကာ ချမ်းသာနေပေလိမ့်မည်။
အခုခံစားနေရတဲ့ နစ်နာမှုအားလုံးက တခနသာကြာပေလိမ့်မည်။
အန်းချင်ယုက မေးစေ့ကိုမြှင့်လိုက်ကာ သူမမျက်လုံးများ ဆုံးဖြတ်ချက်များနှင့် ပြတ်သားနေပေသည်။
‘‘ချင်းယု ဂုဏ်ပြုပါတယ်၊ ပျော်ရွှင်စရာလက်ထပ်ပွဲပါ ’'
‘‘အခုကစပြီး ငါတို့နင့်ကို မရီးလို့ ခေါ်ရတော့မယ်နော် ဟားဟားဟား ’’
‘‘အဲ့ဒါက ရိရန်ရဲ့မိန်းမမဟုတ်ဘူးလား၊ သူမကတကယ်ကိုလှတဲ့ အမျိုးသမီးဘဲ ၊သူမက ရိရန်နဲ့ တကယ့်ကိုပြီးပြည့်စုံအောင်လိုက်ဖက်တဲ့သူဘဲ ’’
‘‘ဟားဟားဟား အခုကစပြီး ချင်ယု ၊ နင်ငါတို့ကို ဂရုစိုက်ပေးရမယ်နော် ’’
သူမဘေးမှာရှိနေတဲ့ လူတွေအားလုံးရဲ့အဆက်မပြတ်
ဂုဏ်ပြုနေတာကို လက်ခံလိုက်ရပြီးတဲ့နောက်မှာတော့
အန်းချင်ယု အရမ်းကျေနပ်သွားကာ သူမအပြုံးက
တောက်ပသထက်ကို တောက်ပလာတော့သည်။
အခုချိန်တွင် ချီကျန်းကျန်းတယောက်တည်းသာ ပျောက်နေတယ်လို့ သူမတွေးလိုက်မိသည်။
သူမအမူအရာက ဘယ်လိုရှိနေမလဲဆိုတာကို တကယ်မြင်ချင်မိသည်။ နောက်ဆုံးတွင် သူမကဝမ်မိသားစုထဲသို့ဝင်ကာ အကိုရိရန်ကိုလက်ထပ်နိုင်ခဲ့ပေသည် ။
အနာဂတ်တွင် ချီကျန်းကျန်းကို သူမခြေထောက်အောက်တွင် နင်းခြေနိုင်တော့ပေမည် ။
သူမက ဝမ်မိသားစုရဲ့ သခင်မငယ်ဖြစ်လာရင်ရောဘာလုပ်ရမှာလဲ၊ သူ့သတို့သားလောင်းက ဝမ်သုံယွီလေ ။
အခုတော့ သူမက ကြီးပွားတိုးတက်လာတော့မယ့် ဝမ်မိသားစုထဲကို လက်ထပ်ဝင်လိုက်ကာ ဝမ်မိသားစုရဲ့ အနာဂတ်ဆက်ခံသူကို လက်ထပ်လိုက်ရပြီဖြစ်သည်။
လက်ထပ်ပွဲမလုပ်ခင်ကတည်းက သူမကဝမ်စီစီအား ချီကျန်းကျန်းကို လက်ထပ်ပွဲလာစေချင်တဲ့ သူမဆန္ဒကို ပြောပြပေးလိုက်ဖို့ သတိပေးထားပြီးသားဖြစ်သည်။သူမဒီနေ့ရောက်လာမလားဆိုတာ တကယ်သိချင်မိပေသည်。。。
အန်းချင်ယုက သူမအားအရမ်းကိုရောက်လာစေချင်ပေသည်။ဒါပေမယ့် သူမရင်ထဲတွင်ခက်ခဲနေတဲ့အချိန်တခုကို ရင်ဆိုင်နေရမယ်လို့ တွေးမိလိုက်လေသည်။သူမက စိတ်ဓာတ်ကျသလို ခံစားသွားရပြီး မလာတော့တာလည်းဖြစ်နိုင်လေသည်။
‘‘ချီကျန်းကျန်း နင်ရောက်လာမှရမယ်၊ နင်ရောက်
လာတဲ့အချိန်က ငါ့ဘဝရဲ့စိတ်ဝင်စားဖို့ကောင်းဆုံးအချိန်ဖြစ်လာလိမ့်မယ်၊ အဲ့ဒါမှပြီးပြည့်စုံသွားမှာ。。。’’
အန်းချင်ယု တီးတိုးရေရွတ်လိုက်သည်။