အပိုင်း ၁၁၉
Viewers 26k

Part 119


‘‘ချင်ယု နင်ဘာပြောလိုက်တာလဲဟင် ’’

ရှုကျားဟုန်က မေးလိုက်လေသည်။


ရှုကျားဟုန်က အန်းချင်ယုအား သူ့မမျက်လုံးထဲမှ ခါးသီးသောခံစားချက်များနှင့် မနာလိုစွာကြည့်လိုက်ပေမယ့် သူမမျက်နှာကတော့ အပြုံးများနှင့် ပြည့်နေပေသည် ၊ သူမအသံကလည်း  တမျိုးတဖုံမျက်နှာချိုသွေးနေပုံပေါက်ပေသည် ။


အန်းချင်ယုက ခေါင်းခါလိုက်လေသည်

‘‘ဘာမှမဟုတ်ဘူး ’’


သူမပုံစံက စိတ်မဝင်စားပုံပေါ်နေပေသည်။အဲ့ဒါက အရင်တုန်းက သူမအနေနဲ့ ရှုကျားဟုန်နဲ့ အခြားသူများကို စိတ်ကျေနပ်အောင် လုပ်ပေးခဲ့ရတုန်းကပုံစံလိုမဟုတ်တော့ပေ။


ဟုတ်ပေသည်၊ ရှုကျားဟုန်က ဝမ်ရိရန်ကိုကြိုက်နေ

တယ်ဆိုတာကို သူမသိပေသည်။သူတို့အသိုင်းအဝိုင်းထဲတွင် မိန်းကလေးအများအပြားက ဝမ်ရိရန်ကိုကြိုက်နှစ်သက်ကြလေသည်။အဲ့ဒီအချိန်တုန်းက ချီကျန်းကျန်းက ဝမ်ရိရန်ရဲ့ သတို့သမီးလောင်းဖြစ်နေခဲ့တာဖြစ်သည်။နောက်ပိုင်းတွင် သူမကဝမ်ရိရန်နှင့် လက်ထပ်မှာလို့ လူသိရှင်ကြား ကြေငြာခဲ့ပေသည် ။

ထိုအချိန်တုန်းက အန်းချင်ယုလည်းဘဲ ဝမ်ရိရန်ကိုကြိုက်နေခဲ့တာဖြစ်သည် ။


ဒါကြောင့်သူတို့က အန်းချင်ယုဘေးတွင်ဝန်းရံလိုက်ကြကာ စိတ်ကြီးဝင်ပြီး ဝင့်ကြွားလွန်းတဲ့ ချီကျန်းကျန်းကို အတူတကွဖယ်ထုတ်လိုက်ကြတော့သည် ။


နောက်ပိုင်းမှာတော့ သူတို့က အန်းချင်ယုကိုဖယ်ရှားရန် ပြန်ပြီးမစုဝေးရသေးခင်မှာဘဲ သူမက ဝမ်ရိရန်ကိုလက်ထပ်နိုင်လိုက်ပေသည်။


အခုချိန်မှာ ဝမ်မိသားစုက အရင်ထက်ပိုပြီးကြီးပွားတိုးတက်လာမှတော့ သူတို့အနေဖြင့် အန်းချင်ယုကို စိတ်ကျေနပ်အောင်လုပ်ပေးရန်သာ တတ်နိုင်တော့ လေသည်။


ဒါက အန်းချင်ယု၏စိတ်ကို အထူးကောင်းမွန်လာစေပေသည်။အခြားသူတွေက သူမကိုဒီလိုကြည့်နေကြကာ သူမသဘောကျစေရန်အတွက် ဖော်လန်ဖားရန် ကြိုးစားနေကြပုံမှာ သူမအတွက် မနှိုင်းယှဉ်နိုင်သော သာယာမှုကိုခံစားလိုက်ရလေသည်။


‘‘ချင်ယု နင်ဒီနေ့。。。’’ ရှုကျားဟုန်အသံက ရုတ်တရက်ရပ်သွားပြီးနောက် သူမအသံအနေအထားက ပြောင်းလဲသွားတော့သည်

‘‘ မမျှော်လင့်ထားဘူး ချီကျန်းကျန်းရောက်လာတာလား’’


အန်းချင်ယုကို ဝန်းရံထားတဲ့အမျိုးသမီးများက ကြောင်အသွားကြကာ ချက်ချင်းပင် အဝေးကိုကြည့်လိုက်ကြလေသည်။


သေချာပေါက်ပင်၊ ချီကျန်းကျန်းနဲ့ ဝမ်ယွီတို့ရောက်လာခဲ့ကြပေသည် ။


အန်းချင်ယုက ခနလောက်ထိတ်လန့်သွားပြီးနောက် သူမမေးစေ့ကို မြှင့်လိုက်ကာ သူမနှုတ်ခမ်းထောင့်မှ အပြုံးက ပိုပြီးသိသာစွာ တောက်ပလာခဲ့တော့သည် ။


-သူမရောက်လာခဲ့ပြီ


ကောင်းကင်ဘုံကတောင် သူမဖြစ်ချင်နေတာကို ဖြည့်ဆည်းပေးလိုက်တာဘဲ


ချီကျန်းကျန်း အခုချိန်မှာ နင်သေချာပေါက်ကို မနာလိုဖြစ်နေတော့မှာ ဟုတ်တယ်မလား


အန်းချင်ယု၏ ညီအမငယ်လေးများက ချက်ချင်းပင် သူမဘေးတွင် ရပ်လိုက်ကြကာ သူတို့မျက်နှာများက မဲမှောင်သွားတော့သည်၊ ချီကျန်းကျန်းက ပြသနာရှာလာမှာကို သူတို့ကြောက်ပေသည်။


‘‘ချင်ယု သူမကအခြေနေကောင်းနေမှာမဟုတ်ဘူး နင်ကကိုယ်ဝန်ရှိနေတာဆိုတော့ နည်းနည်းလောက်ဘေးဖယ်နေနော် ’’


‘‘ဟုတ်တယ်၊ချင်ယု သူမနဲ့ဝေးဝေးနေ ’’


‘‘နင်သူ့ကို ဒီအတိုင်းလွှတ်ထားလိုက်၊ နင်ကငါ့နောက်မှာနေနော် ’’


。。。

အန်းချင်ယုက သူမမျက်လုံးထဲတွင် အပြုံးများအပြည့်နှင့် ခေါင်းခါလိုက်တော့သည်


‘‘အဆင်ပြေပါတယ်၊ သူမကဒီအတိုင်းဝမ်းနည်းနေတာ လူကြားထဲမှာ ဘာမှလုပ်ရဲမှာမဟုတ်ဘူး ’’


သူမစိတ်လွတ်သွားရင်လား 。。。


ဒါဆိုပိုတောင်ကောင်းသွားအုံးမယ်၊ အရှက်ကွဲသွားမှာ သူမမှမဟုတ်တာ。。


အန်းချင်ယုက ရှေ့ကဖယ်လိုက်ရုံတင်မကဘဲ သူမကအရင်ရှေ့သို့ နှစ်လှမ်းတိုးသွားကာ အပြုံးတခုကိုဖော်ပြလိုက်လေသည်

‘‘အမကျန်းကျန်း ’’


ဒါဆိုရင်ရော。。 


ချီကျန်းကျန်း နင်တခုခုပြောတော့မှာလား၊မနာလိုဖြစ်နေလား၊ ဒေါသထွက်နေရဲ့လား


သို့သော်လည်း သူမကအရင်ချီကျန်းကျန်းကို ချဉ်းကပ်လိုက်တဲ့နောက်မှာတော့ သူမကမမျှော်လင့်ထားစွာပင် အန်းချင်ယုလက်ကိုဆွဲယူလိုက်လေသည်။


လူတိုင်းက ထိတ်လန့်သွားကြတော့သည် ။


ချီကျန်းကျန်းက တောက်ပစွာပြုံးလိုက်ကာ သူမတကိုယ်လုံးရှိ စိတ်လှုပ်ရှားမှုများကို ဖော်ပြလိုက်လေသည်


‘‘ချင်းယု၊နင်ကတော့လေ တကယ်ဘဲတိတ်တိတ်လေး ကိုယ်ဝန်ရသွားပြီး အားလုံးကိုအံ့ဩ‌သွားအောင် လုပ်လိုက်တော့တာဘဲ ’’


ချီးလိုဘဲ၊ နင်တကယ်ဘဲ ငါ့ကိုစိတ်မပျက်စေခဲ့ဘူး。。。


သူမက wechat momentတွေကိုကြည့်ပြီးကတည်းက အန်းချင်ယုက သူမ၏လက်ထပ်စာအုပ်ကိုဖော်ပြဖို့ မစောင့်နိုင်တော့တာကို သိလိုက်ပေသည်။


သူတို့ကဒီနေ့တွင် လက်ထပ်စာအုပ်တွေကိုကိုင်ထားကြပေမယ့်လည်း တကယ်တမ်းတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တည်းက သူတို့ရဲ့လက်ထပ်စာချုပ်ကို ရရှိခဲ့တာဖြစ်ပေသည်။


သူတို့ရဲ့ လင်မယားဆက်ဆံရေးက တရားဥပဒေကနေ အသိမှတ်ပြုခံလိုက်ရပေသည်။


အန်းချင်ယု ‘‘。。。’’


သူမကတောင့်ခဲသွားတော့သည်၊ သူမနားများကိုမယုံနိုင်သကဲ့သို့ သူမမျက်လုံးများက မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေပေသည်။


ချီကျန်းကျန်းက သူမလက်ကိုလွှတ်ပေးလိုက်ကာ တောက်ပစွာပြုံးနေတုန်းဖြစ်ပေသည်။


‘‘ ပျော်ရွှင်စရာလက်ထပ်ပွဲလေးဖြစ်ပါစေနော် ၊အာ ငါတကယ်ဘဲ နင်နဲ့ဝမ်ရိရန်တို့ ဘယ်တော့မှမခွဲရဘဲ အမြဲအတူရှိနေပါစေလို့ စိတ်ရင်းနဲ့ဆုတောင်းပေးပါတယ် ’’


ထို့သို့ပြောပြီးနောက် သူမကတဖက်သို့လှည့်ကာ ထွက်သွားလေတော့သည်။


အန်းချင်ယုက ကိုယ်ဝန်ရှိနေတာကြောင့် သူမအနေဖြင့် တဖက်လူ၏ရှေ့တွင် လန့်ဖျတ်သွားအောင်သိပ်မလုပ်သင့်ပေ။ ဆုမွန်ကောင်းတောင်းပေးသွားပြီဆိုမှတော့ သူမကျေနပ်သင့်ပေသည် ။


သူမ ပျော်နေပေသည်၊အရမ်းအရမ်းကိုပျော်နေတာဖြစ်သည်။


သူမ၏ ဆုမွန်ကောင်းကို ပေးလိုက်ပြီးနောက် ချီကျန်းကျန်းက ဝမ်ယွီဆီသို့ သွက်သွက်လက်လက်ပင် လျှောက်သွားလိုက်တော့သည်။သူမရဲ့နောက်မှာတော့ အန်းချင်ယုနဲ့ အခြားလူများက ကြောင်သွားကြတာ သူမထွက်သွားတာကို ကြည့်နေရင်းထိတ်လန့်သွားတော့သည်။


ဝမ်ယွီက သူမဆုတောင်းပေးလိုက်တာကို ကြားလိုက်ရပြီးနောက် သူမလက်ကိုကိုင်ရန်လုပ်လိုက်ကာ တခြားလက်တဖက်ဖြင့် သူမနှာခေါင်းကို ညင်သာစွာကုတ်ခြစ်လိုက်လေသည်၊ သူ့အသံထဲတွင် အပြုံးရိပ်များပါဝင်နေပေသည်။


‘‘လူဆိုး‌မလေး ’’


အမြဲတမ်းအတူရှိသွားဖို့လဲ ဘယ်တော့မှမခွဲခွာသွားစေဖို့တဲ့လား၊ အဲ့ဒါက ‌ကောင်းမွန်သောဆုတောင်းမဟုတ်ပေ။


ချီကျန်းကျန်း :‘‘ဟီးဟီးဟီးး ’’

ရီကာအံကြိတ်လိုက်လေသည်။


သူမကဒီအတိုင်းယုတ်မာလိုက်တာပါ။


ဝမ်ယွီက ချစ်မြတ်နိုးသော အမူအရာနှင့်ရယ်မောလိုက်‌တော့သည် ။


ထို့နောက် နှစ်ယောက်သား အဝေးသို့လျှောက်သွားကြတော့ သည်။


‘‘ချင်ယု。。。’’ ရှုကျားဟုန်က သူမပါးစပ်ကိုဖွင့်လိုက်လေသည်။


အန်းချင်ယုရဲ့ အမူအရာက ချဉ်တူးနေကာ သူမမျက်နှာကအကျည်းတန်သွားပေသည်။

ချီကျန်းကျန်းရဲ့ ပျော်ရွှင်နေမှုကြောင့် သူမ၏ပျော်ရွှင်မှုနှင့် ဂုဏ်ယူနေမှုတို့ အားလုံးပျောက်ကွယ်သွားတော့‌သည်။


ချီကျန်းကျန်းက ဘာဖြစ်လို့ပျော်နေရတာလဲ。。


သူမက ဝမ်မိသားစုထဲကို လက်ထပ်ဝင်သွားတာလေ


သူမက ချီကျန်းကျန်း လက်ထပ်ချင်နေခဲ့တဲ့ အမျိုးသားကို လက်ထပ်လိုက်တာလေ。。。


မဟုတ်ဘူး၊မဖြစ်နိုင်ဘူး


အန်းချင်ယုက ဒါကိုမယုံနိုင်ပေ ၊ ချီကျန်းကျန်းက ‌ဟန်ဆောင်နေတာဘဲဖြစ်ရမယ်။


သေချာပေါက်ဘဲ..


သူမက သူမ၏စိတ်ကိုပြန်ထိန်းညှိလိုက်ကာ အဝတ်အစားခန်းထဲသို့ မှုန်းမှိုင်းနေသောအမူအရာဖြင့် လျှောက်သွားတော့သည်။


...


ချီကျန်းကျန်း : ‘‘တကယ်တော့ ရှင်ဒီကိုလာနေစရာမလိုပါဘူး。。。’’

သူမက အရမ်းပျော်နေပေမယ့်လည်း ဝမ်ယွီကတော့ ဝမ်မိသားစုနှင့်တွေ့ရလို့ သေချာပေါက်ပျော်နိုင်မှာမဟုတ်ပေ။


သူမဘာတွေးနေတာလဲဆိုတာကို သိနေတဲ့အတိုင်းပင် ဝမ်ယွီက ခေါင်းခါလိုက်လေသည်။

‘‘အဆင်ပြေပါတယ်၊ မင်းပျော်ရင် ကိုယ်လည်းပျော်တယ်လေ ပြီးတော့。。。ကိုယ်လည်းဘဲ သူတို့ချမ်းသာမှုတွေရဲ့နောက်ဆုံးအချိန်ကို လာကြည့်ချင်နေခဲ့တာပါ ’’


အပြင်ဘက်တွင် ကားလမ်းပိတ်ဆို့မှု အများအပြားဖြစ်နေကာ ဧည့်သည်များကို အဆက်မပြတ်ပင် လမ်းညွှန်နေရာချပေးနေရလေသည်။

ဝမ်မိသားစုထဲမှာရှိတဲ့လူတိုင်းက ရှာဖွေစကားပြောခြင်းခံနေရကာ သူတို့မျက်နှာများက အပြုံးများနှင့်ပြည့်နေပေသည်။


ကြည့်လိုက်ပါအုံး၊ ဘယ်လိုတောင်ကောင်းတဲ့ မြင်ကွင်းလေးလဲ。。。


ချီကျန်းကျန်း :‘‘ကောင်းပြီလေ ၊ဒါဆိုရင်လည်း တခုခုစားဖို့လုပ်ရအောင် ပြီးရင်ထွက်သွားကြမယ် ’’


ဝမ်ယွီက သဘာဝကျစွာဘဲ သူမကိုနားထောင်လာကာ ခေါင်းငြိမ့်ပြလိုက်လေသည်။


xxxxxx