Part 120
သူတို့က နောက်ကျမှ ရောက်လာခြင်းဖြစ်ကာထိုင်ရန်ထောင့်တစ်ခုကိုရှာတွေ့သွားချိန်တွင် အချိန်ပြည့်လုနီးပါးဖြစ်နေပေသည်။
ချီကျန်းကျန်းက ဒီနေ့တွက် အဖြူရောင်လက်တိုအင်္ကျီနှင့် ဂျင်းကိုဝတ်ဆင်ထားလေသည် ၊ဝမ်ယွီက သူ့အထောက်အထားကိုမဖုံးကွယ်ထားပေမယ့်မျက်လုံးမဖမ်းစားနိုင်အောင်လည်း ပြုလုပ်ထားပေသည်။ သူတို့ကထောင့်နားမှာ ရှိနေချိန်မှာတော့ ဘယ်သူကမှ သတိမထားမိတော့ချေ။
သူတို့အနားတွင် ဆွေးနွေးနေသံများဝန်းရံနေကာ အရမ်းကိုသက်ဝင်လှုပ်ရှားနေသော မြင်ကွင်းပင်ဖြစ်ပေသည်။
ချီကျန်းကျန်းရဲ့ နားများကယားယံသွားကာ တယောက်ယောက်က ဝမ်မိသားစုနဲ့ ချီမိသားစုတို့၏ ပူးပေါင်းမှုဖျက်သိမ်းတဲ့ အကြောင်းပြောနေတာကို ကြားလိုက်ရလေသည်။
‘‘မင်းကြားပြီးပြီလား ချီမိသားစုက ပူးပေါင်းမှုကိုဖျက်သိမ်းဖို့ လုပ်လိုက်တာကိုလေ ’’
‘‘ဒါပေါ့ ငါသိတယ်လေ ချီယန်ကလည်း ဆေးရုံကပြန်ဆင်းလာခဲ့ပြီတဲ့၊ ပရောဂျက်အတွက် ကျန်းယဲ့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေပါနေတဲ့ အရင်းအမြစ်တော်တော်များများကို သုံးပြီးသွားပြီလေ၊ ဝမ်ရိရန်ရဲ့ လက်ထပ်ပွဲပြီးသွားတာနဲ့ ဝမ်မိသားစုက ပရောဂျက်အသစ်ကို တရားဝင်စတင်ဖြန့်ဖြူးကြတော့မှာတဲ့ ’’
‘‘အိုး၊ဒါနဲ့ဝမ်မိသားစုက တဖြည်းဖြည်းပိုပြီးကြီးပွားလာတယ်နော် ဒီအန်းချင်ယုဆိုတဲ့မိန်းကလေးက ချမ်းသာတဲ့မိသားစုထဲ လက်ထပ်ဝင်နိုင်သွားတာက တကယ်ကို ထူးခြားပြောင်မြောက်လိုက်တာ ’’
‘‘ချီမိသားစုက ဘာလို့မလာတာလဲ ’’
‘‘သူတို့က လာဖို့မျက်နှာရောရှိသေးလို့လား၊ ချီယန်သတိပြန်ရလာတော့ သူ့ရဲ့အရည်အချင်းညံ့ဖျင်းတဲ့သားကို ပြင်းပြင်းထန်ထန်ရိုက်ပြီး အခန်းထဲထည့်ပိတ်ထားတယ်တဲ့၊ သူကဒီရက်ပိုင်း ကျောင်းတောင်ပုံမှန်မသွားနိုင်တော့ဘူးလေ ’’
‘‘အဲ့လိုကလေးသာ ငါ့မိသားစုထဲမှာရှိလာခဲ့ရင် ငါသူ့ခြေထောက်တွေကို ရိုက်ချိုးပစ်မလားဆိုတာ စောင့်ကြည့်နေလိုက် ’’
‘‘လူငယ်တွေကတော့ စိတ်ဆတ်ပြီး စိတ်လိုက်မာန်ပါ လုပ်တတ်လိုက်ကြတာကွာ၊ ဒါပေမယ့် ဒါကနားလည်ပေးလို့ရပါတယ် ’’
‘‘ဟင်းးး စိတ်ဆတ်တတ်တဲ့မိသားစုဝင်တစ်ယောက်ကြောင့် သူတို့ရဲ့စီးပွားရေးအားလုံးနီးပါးကို ဖျက်ဆီးလိုက်သလို ဖြစ်သွားရတယ်လို့ကွာ၊ အခုတော့ချီယန်က သူ့ရဲ့နေမကောင်းဖြစ်နေတဲ့ကိုယ်ကို ဒရွတ်တိုက်ဆွဲပြီး ဒါကိုဖြေရှင်းပြီး လုပ်ငန်းတွေကိုကယ်တင်ဖို့ လုပ်နေရပြီ’’
‘‘အရင်တုန်းကဆို ငါကချီမိသားစုနဲ့ဝမ်မိသားစုက အမြဲတမ်းလက်တွဲလုပ်နေတယ်လို့ထင်ထားခဲ့တာ၊ အခုတော့ကွာ ကျစ်ကျစ်。。。ဒါက ဘာအရည်အချင်းမှမရှိတဲ့လူငယ်နဲ့ လေးစားခံရဖို့ထိုက်တန်တဲ့ လူငယ်မျိုးဆက်တွေရဲ့ ကွာခြားမှုဘဲလေ’’
ချီကျန်းကျန်း :‘‘。。。’’
ချီမိသားစုနဲ့သူမက အရင်လိုချစ်ချစ်ခင်ခင်မဟုတ်တော့ပေမယ့်လည်း သူမ၏မျိုးရိုးနာမည်က ချီ ဖြစ်နေတုန်းပင်ဖြစ်သည် ။
ချီမိသားစုရဲ့ စီးပွားရေးလုပ်ငန်းအများစုက ပျက်စီးသွားပေမယ့်လည်း သူတို့ရဲ့အခြေခံအုတ်မြစ်ကိုတော့ ထိန်းသိမ်းထားနိုင်ခဲ့လေသည်။သူမ ဝမ်မိသားစု၏
အနာဂတ်ကို စဉ်းစားလိုက်မိသည်။
ဒါက ဘာအရည်အချင်းမှမရှိတဲ့ ချီမိသားစု၏သားနဲ့ လေးစားခံရဖို့ထိုက်တန်တဲ့ ဝမ်မိသားစု၏သားတို့ရဲ့ ကွာခြားချက်ဟုပြောမည့်အစား ပြောင်းပြန်သာဆိုရပေမည်။
.....
သီချင်းသံက စတင်လာချိန် အခန်းတခုလုံး တီးတိုးပြောနေသံများ ရပ်တန့်သွားတော့သည်။လက်ထပ်ပွဲအခမ်းအနားက တရားဝင်စတင်ခဲ့ချေသည်။
အန်းချင်ယုက သူမအဖေတင်းရှူရုန်၏ လက်ကိုတွဲကာ အပြင်မှလျှောက်ဝင်လာခဲ့လေသည်။
တင်းရှူရုန်က သာမညောင်ညပုံစံဖြစ်ကာ တင်းရိကျွင်းကလည်း အာရုံစိုက်ပေးဖို့ ဂရုမစိုက်တော့တာကြောင့် အန်းချင်ယုနဲ့ သူမအမေကလည်းသူ့ကိုဂရုမစိုက်ချင်တော့ပေ။ဒါပေမယ့် လက်ထပ်ပွဲဖြစ်တာကြောင့် တင်းရှူရုန်က ထွက်ပေါ်လာဖို့လိုပေသည် ။
အန်းချင်ယုက သူမမေးကိုမြှင့်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးတပွင့်ကို ဆင်ထားလေသည် ။
အကြည့်တချက်နဲ့တင် ချီကျန်းကျန်းက အခုချိန်တွင်
သူမ စိတ်ကောင်းဝင်နေကာ ပျော်ရွှင်စရာအားလုံးနဲ့ ဂုဏ်သိက္ခာတို့ကို လက်ခံထားပြီးပြီဟု တွေးနေတာကို
စိတ်ကူးဖြင့်သိနိုင်ပေသည်။
ဒါပေမယ့်လည်း လက်ထပ်ဝတ်စုံဝတ်ထားတာက အန်းချင်ယုဆိုရင်တောင်မှ သူမက လူတိုင်း၏ဆုမွန်ကောင်းများနှင့် ဝမ်ရိရန်ဆီသို့ လျှောက်သွားနေပုံမှာ
ဒီမြင်ကွင်းကို ကြည့်နေရုံနဲ့တင် အတော်လေးကိုလှပနေပေသည်။
အမျိုးသမီးတိုင်းက လက်ထပ်ဝတ်စုံဝတ်ဆင်ထားသောအချိန်တွင် အထူးတလည်ကိုလှပနေပေသည်။
ချီကျန်းကျန်းက မတတ်နိုင်ဘဲတွေးလိုက်မိတော့သည်
- ငါလည်း လက်ထပ်ဝတ်စုံဝတ်လိုက်ရင် ဘယ်လိုပုံစံဖြစ်နေမလဲဆိုတာ သိချင်မိတယ်。。。
သူမဘေးတွင်ရှိသောဝမ်ယွီက သူ့လက်ကို သူမလက်ပေါ်သို့တင်လိုက်ပြီး နူးညံ့စွာပြောလာလေသည်
‘‘ကျန်းကျန်း ကိုယ်မင်းကိုလက်ထပ်ဝတ်စုံနဲ့ တကယ်ဘဲမြင်ချင်မိတယ်၊。。。’’
အိုးးသူတို့ကဒီလောက်တောင် စိတ်ချင်းဆက်နေကြတာလား
သူမလက်က အနောက်သို့ဆတ်ခနဲဆုတ်သွားပြီးနောက် သူမနားရွက်များကအနည်းငယ်နီသွားကာ ဝမ်ယွီကိုခိုင်မာစွာပင် တချက်ကြည့်လိုက်လေသည်။
‘‘ဝမ်ယွီ ရှင်ဘာတွေတွေးနေတာလဲ ရှင်သာကျွန်မကိုလက်ထပ်ချင်နေတယ်ဆိုရင်တော့ ဒီလောက်ရိုးရှင်းနေမှာမဟုတ်ဘူးနော် ’’
ပုံမှန်ဆို အမူအရာကင်းမဲ့နေတဲ့ ဝမ်ယွီ၏မျက်နှာက ရုတ်တရက်ပင် ရှက်ရွံ့မှုများ ရှုပ်ထွေးရစ်နှောင်သွားတာကို ဖော်ပြလာတော့သည်။
ချီကျန်းကျန်း စိတ်ကျေနပ်သွားကာ မာနကြီးစွာတချက်ဟမ့်လိုက်လေသည် ။
သူက ဘာအချစ်စကားမှမပြောဘဲ သူမကိုခမ်းခမ်းနားနားလက်ထပ်ခွင့်မတောင်းလာလို့ကတော့ သူ့ကိုလက်ထပ်ဖို့ လက်ခံမှာမဟုတ်ဘူး
လက်ထပ်တာနဲ့ ပတ်သက်ပြီး ဒီလိုဝတ်ကျေးတမ်းကျေးပြောလာတာကို သူမကသူ့ကိုလက်ထပ်လာမယ်လို့ မတွေးထားသင့်ဘူး၊သူမကအဲ့လိုဖြစ်မှာမဟုတ်ဘူး
ဒီအမူအရာလေးက ဝမ်ယွီ၏နှလုံးသားကို လှုပ်ရှားသွားစေကာ သူ့အသံကိုနှိမ့်လိုက်လေသည်
‘‘အဲ့ဒါက မလွယ်ကူဘူးဆိုရင်တောင်မှ ကိုယ်မင်းကိုလက်ထပ်အုံးမှာ。。。。’’
‘‘ဟမ့် ’’ ချီကျန်းကျန်းက တချက်ဟမ့်လိုက်ကာ သူမ၏နှုတ်ခမ်းထောင့်များက မြင့်တက်သွားတော့သည်။
လက်ထပ်ပွဲက ဆက်ကျင်းပနေကာ ချီကျန်းကျန်းကခနလောက်ကြည့်လိုက်ပြီးနောက် စိတ်ဝင်စားမှုမရှိတော့ပေ၊ သူမက သူမ၏ဗိုက်ကို ပွတ်သပ်လိုက်လေသည်
‘‘ကျွန်မ နည်းနည်းလေးဗိုက်ဆာတယ် ’’
‘‘ဒါဆိုရင်လည်း ကိုယ်တို့စားကြရအောင် ’’
ပြောရင်းနှင့်ပင် ဝမ်ယွီက သူမအတွက်နဲ့ တူတစ်စုံနှင့်
အချိုပွဲလေးတစ်ခုကို ယူပေးလိုက်လေသည်
သူတို့နှစ်ယောက်လုံးက ထောင့်မှာရှိနေကာ စားပွဲရှိသောဘယ်သူကမှ သူတို့ကိုမသိကြပေ။
ပြီးတော့ ဝမ်မိသားစုကတန်ဖိုးထားတဲ့လူတွေက နေရာကောင်းကောင်းတွေမှာ နေရာချခြင်းခံထားရလေသည်။ဒီလူတွေက လက်ထပ်ပွဲကို စိတ်ဝင်တစားကြည့်နေကြကာ သူတို့ဖုန်းများနှင့် ကြည့်ရန်ထရပ်လိုက်ကြပေသည်။
ချီကျန်းကျန်းက လူတိုင်း၏မျက်လုံးများကိုလိုက်ကြည့်လိုက်ကာ သူတို့စားလို့ရတယ်လို့ တွေးလိုက်တော့သည်။
ဒါကြောင့်သူမက တူကိုကောက်ကိုင်လိုက်ပြီး သူမကိုယ်တိုင်စားရင်ဖြင့် ဝမ်ယွီကိုလည်း ဟင်းပွဲများထည့်ပေးနေလေသည်။
ဝမ်ယွီက သူကိုယ်တိုင်မစားနေသော်လည်း ချီကျန်းကျန်းက ထည့်လာပေးသည့်အခါမှာတော့ သူ့နှုတ်ခမ်းများက မြင့်တက်လာပြီး ပျော်ရွှင်စွာစားလိုက်လေသည်။
စင်မြင့်ပေါ်မှာတော့ ဝမ်ရိရန်ကဘာမှပြောမလာဘဲ သူ့နှုတ်ခမ်းထောင့်တွင်တောင့်တင်းနေသောအပြုံးတခုကိုသာဆင်မြန်းထားလေသည်။
အန်းချင်ယု သူ့ဆီလျှောက်လာတဲ့အချိန်မှာ တကယ်တမ်းတော့ သူကချီကျန်းကျန်းလျှောက်လာတာဟု ရုတ်တရက်မြင်ယောင်သွားပေသည်။
အဲ့ဒီအချိန်တွင် သူကစတင်ပြီးနောင်တရလာခဲ့ကာ ထွက်ပြေးသွားဖို့ တိုက်တွန်းချက်တခု သူ့ရင်ထဲတွင် မြှင့်တက်လာခဲ့ပေသည်။
-သူက အန်းချင်ယုကိုမချစ်တော့ပေ။
ဝမ်ရိရန်က သူချစ်နေတာဘယ်သူလဲဆိုတာကို သူ့ကိုယ်သူထပ်မညာနိုင်တော့ပေ။ သူ့နှလုံးသားထဲတွင် အဖြေတခုထွက်ပေါ်လာခဲ့ပြီဖြစ်ပေသည်။
ဒါပေမယ့် ဒီမှာဘဲဆက်ရပ်နေကာ ပြုံးရင်းဖြင့် အန်းချင်ယုကို လက်စွပ်ဝတ်ပေးလိုက်ကာ ရှိနေသေ ဧည့်သည်များကိုလည်း ပြုံးပြလိုက်ရပေသည် ။
အန်းချင်ယုက ကိုယ်ဝန်ရှိနေကာ ဧည့်သည်တွေလည်းရှိနေတာကြောင့် သူထွက်သွားလို့မရနိုင်ပေ။
ထို့နောက် သတို့သမီးက ပန်းစည်းပစ်ပေးရမည့် အချိန်သို့ရောက်ရှိသွားပေသည်။
ပန်းစည်းပစ်လိုက်မယ့်အစား အန်းချင်ယုက မိုက်ကိုယူလိုက်ကာ အပြုံးတခုနှင့်ပြောလိုက်လေသည်။
‘‘ကျွန်မရဲ့ ပန်းစည်းကို တစုံတစ်ယောက်ကို ပေးချင်ပါတယ် သူမမှာလည်းကြိုက်ရတဲ့သူရှိတယ်ဆိုတာ ကျွန်မသိနေလို့ပါ၊ ကျွန်မပျော်ရွှင်နေမှတော့ သူမကိုလည်းပျော်စေချင်ပါတယ် အဲ့ဒါကတော့ ကျွန်မရဲ့ဝမ်းကွဲအမ ချီကျန်းကျန်းပါဘဲ ’’
သူမပြောလိုက်တဲ့အခါမှာ ဝမ်ရိရန်ရဲ့လက်ကတင်းကြပ်သွားတာကို အန်းချင်ယုခံစားလိုက်ရလေသည်။
သူမမျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေပေမယ့်လည်း အဲ့ဒီအချိန်မှာဘဲ ပျော်နေတဲ့ခံစားချက်က လွင့်ပြယ်သွားတော့လေသည် ။သူမနှလုံးသားက ဖော်မပြနိုင်လောက်အောင် ရှုပ်ထွေးသွားတော့ပေသည်။
မဟုတ်ဘူး၊သူမကဂုဏ်ယူနေရမှာ
သူမက ဝမ်ရိရန်ကိုလက်ထပ်နိုင်လိုက်ပေသည်၊ဝမ်မိသားစုထဲကိုဝင်နိုင်ခဲ့ပြီဖြစ်သည်။အနာဂတ်မှာ သူမကချီကျန်းကျန်းကိုနင်းခြေနိုင်တော့မှာ ဖြစ်ပေသည်။
လူတိုင်းက ပရိုဂျက်တာအကြီးကြီးကိုကြည့်လိုက်လေသည်။ဆလိုက်မီးနဲ့ ကင်မရာတို့က ချီကျန်းကျန်းကို လူအုပ်ကြီးကြားထဲတွင် အတိအကျရှာဖွေလိုက်ကြပေသည်။
ချီကျန်းကျန်းက မျက်စိဖမ်းစားစရာလိုမျိုး မဝတ်ဆင်လာခဲ့ပေမယ့် သူမကိုအမြဲအာရုံစိုက်နေသော အန်းချင်ယုကိုတော့ ရှောင်ရှား၍မရနိုင်ချေ။
အခန်းထောင့်နားက မျက်နှာပြင်ကြီးပေါ်တွင် ပေါ်လာခဲ့လေသည်။
xxxxxx