အပိုင်း ၁၂၁
Viewers 26k

Part 121


သို့သော်လည်း 。。。


ချီကျန်းကျန်းက ပျော်ရွှင်စွာစားနေလေသည်၊ သူမက စားရင်းခေါင်းညိတ်လိုက်ကာ အရသာရှိသကဲ့သို့ သူမဘေးကလူကို ခွံ့ကျွေးလိုက်လေသည်။ဝမ်ယွီကလည်း ပါးစပ်ဖွင့်ကာ တကိုက်စားလိုက်ပေသည်။

သူတို့နှစ်ယောက်က အချင်းချင်းကြည့်ကာ ပြုံးပျော်နေကြပေသည်။


လူတိုင်း ‘‘。。。’’

သူတို့အားလုံးထိတ်လန့်သွားကြတော့သည်။


အံ့ဩစရာကောင်းလောက်အောင် တချို့သူ‌တွေက ဝမ်မိသားစုကို မျက်နှာသာမပေးဘဲ အရင်စားနေကြပြီတဲ့လား。。。


လူနှစ်ယောက်က အရမ်းကိုနီးကပ်နေကြတာက  အံ့အားသင့်လောက်အောင်ပင် လိုက်ဖက်ညီနေကြပေသည်။


ဝမ်ကျင်စန်းနဲ့ ရှုဝေတို့၏ မျက်နှာကအကျည်းတန်သွားကြတော့သည်။သူတို့က အန်းချင်ယုက ဘာကြောင့်ချီကျန်းကျန်းကို ခေါ်လိုက်တယ်ဆိုတာကို မကျေမနပ်ငြီးတွားလိုက်ကြလေသည်။


ချီကျန်းကျန်းက ဝမ်ရိရန်ရဲ့သတို့သမီးလောင်းဖြစ်ခဲ့တာကို လူတိုင်းနီးပါးသိကြလေသည်။ချီကျန်းကျန်းရဲ့ မရိုးမသားလုပ်မှုကြောင့် အန်းချင်ယုက တတိယလူဖြစ်ခဲ့ရပေသည်။


လက်ထပ်ပြီးကာစ မောင်နှံက ဒီလိုပွဲမျိုးမှာ ချီကျန်းကျန်းနာမည်ကို ခေါ်လိုက်တာက ရှက်ဖို့ကောင်းမနေဘူးလား。。。


ဘာကပိုဆိုးတာလဲဆိုရင် ချီကျန်းကျန်းက ဝမ်မိသားစုကိုတောင် မျက်နှာသာပေးမလာခဲ့ဘူးလေ。。。


ဝမ်ရိရန်က ပရိုဂျက်တာကြီးထံသို့ ရှုံးနိမ့်မှုများဖြင့် ကြည့်လိုက်မိလေသည်။ချီကျန်းကျန်းက အရင်အတိုင်းလှ‌ပနေတုန်းပင်ဖြစ်သည်။ဆွဲဆောင်မှုရှိတဲ့ ပျင်းရိရိပုံစံနဲ့ သူမတကိုယ်လုံးပေါ်က လွတ်လပ်နေမှုများက သူ့အားအကြည့်မလွှဲနိုင်တော့အောင်လုပ်နေပေသည်။


သိသာစွာပင် ချီကျန်းကျန်းက အန်းချင်ယုစင်ပေါ်ကနေခေါ်တာကို မကြားလိုက်ပေ။


ဝမ်ယွီကြားလိုက်ပေမယ့်လည်း သူကဂရုစိုက်မယ်တဲ့လား。。。


လူတိုင်းက သူတို့ကို ကြည့်လာမှသာ ချီကျန်းကျန်းက တခုခုမှားနေမှန်းသိသွားလေသည်။


နေစမ်းပါအုံး၊ လူတိုင်းက ဘာလို့သူမကိုကြည့်နေကြတာလဲ


စင်ပေါ်တွင် အန်းချင်ယုက ဒေါသကြောင့်တုန်ရီသွားတော့သည်။ ဒါပေမယ့်သူမက အသက်ပြင်းပြင်းရှူကာ လက်သည်းဖြင့်သူမလက်ဖဝါးကို ဖိဆိတ်လိုက်လေသည်။သူမကိုယ်ကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်ကာ သူမအသံကညင်သာနေလေသည်။


‘‘အမကျန်းကျန်း ကျွန်မရဲ့ပန်းစည်းကို အမကိုပေးချင်လို့ပါ၊ ကျွန်မအရမ်းပျော်နေရပြီ၊ အမလည်းပျော်ဖို့မျှော်လင့်ပါတယ် ’’


ချီကျန်းကျန်း ပျော်တာမပျော်တာက အရေးမပါပေ။အဓိကပြောချင်တာက -အန်းချင်ယုက အရမ်းပျော်ရွှင်နေတာကိုဘဲဖြစ်သည်။


သတို့သမီးရဲ့ ပန်းစည်းတဲ့လား


ချီကျန်းကျန်းက ဆတ်ခနဲခေါင်းခါလိုက်တော့သည်။


‘‘ဟင့်အင်း၊ဟင့်အင်း ငါမလိုချင်ဘူး ’’


ဝမ်ရိရန်နဲ့ အန်းချင်ယုတို့ရဲ့ မင်္ဂလာပန်းစည်းကိုလား


ဘယ်သူကအဲ့ဒါကလိုချင်မှာတဲ့လဲ ၊အဲ့ပန်းစည်းက စောင့်ရမ်းကို ကံဆိုးစေမှာ。。。


ချီကျန်းကျန်းက သူမခေါင်းကို လျင်မြန်စွာခါရမ်းလိုက်လေသည်။ အန်းချင်ယုပြောပြောပြီးချင်းပင် သူမကငြင်းဆန်လိုက်တော့သည်။


စခရင်ကြီးပေါ်တွင် လူတိုင်းက သူမခေါင်းခါတာကို မြင်လိုက်ရလေသည်။ သူမရဲ့ ပါးစပ်အနေအထားကိုကြည့်ရုံနဲ့တင် မယူဘူးလို့ ပြောလိုက်တာကို သိနိုင်ပေသည်။


မြင်ကွင်းတခုလုံးက တိတ်ဆိတ်သထက် တိတ်ဆိတ်သွားတော့သည်။


ဒါက သက်ဝင်လှုပ်ရှားနေတဲ့ မင်္ဂလာမြင်ကွင်းဖြစ်နေ သင့်ပေမယ့်လည်း အခုချိန်မှာတော့ အရာအားလုံးက တိတ်ဆိတ်နေပေသည်။


အန်းချင်ယုလည်းဘဲ တောင့်တင်းသွားတော့သည်၊ နောက်မှ သူမပါးစပ်ကိုဖွင့်ကာ စကားထပ်ပြောရန်လုပ်လိုက်လေသည်။


သူမဘေးမှ ဝမ်ရိရန်ကတည်ငြိမ်သောအသံဖြင့် အရင်ပြောလာပေသည်။


‘‘ဘယ်အချိန်ထိ ပြသနာရှာဖို့လုပ်နေတာလဲ၊ တကယ်လို့ လက်မထပ်ချင်ဘူးဆိုရင်လည်း ထားလိုက်တော့ ’’


အခုချိန်မှာတော့ သူကတကယ်ကိုလက်မထပ်ချင်တော့ပေ။


အန်းချင်ယုရင်ထဲတင်းကြပ်သွားကာ ဝမ်ရိရန်ကတကယ်စိတ်‌ဆိုးနေတာကို သိလိုက်ပေသည်။

သူမ‌ပြောဖို့လုပ်နေတဲ့ စကားများကိုရပ်လိုက်ကာ

အပြုံးတောင့်တောင့်တခုကို သူမမျက်နှာပေါ်ဆင်မြန်းလိုက်လေသည်။


‘‘ဒါဆိုရင်လည်း ဒီပန်းစည်းကို ကံပါတဲ့သူကိုဘဲပေးလိုက်တော့မယ်。。。 ’’


ချက်ချင်းပင် တင်ဆက်သူက ကျယ်လောင်စွာကြေငြာလိုက်တော့သည်


‘‘ဒါဆိုရင်တော့ သတို့သမီးလေးရေ ပန်းစည်းပစ်လိုက်ပါတော့ ’’


ဒါက သက်ဝင်လှုပ်ရှားနေသည့် မြင်ကွင်းဖြစ်သင့်သော်လည်း အရင်အဖြစ်အပျက်ကြောင့်ရုတ်တရက်ပင် လူတော်တော်များများက ပန်းစည်းကိုမယူချင်ကြတော့ပေ။


အစမှာတော့ သူတို့က အန်းချင်ယုလိုကံကောင်းပြီး ချမ်းသာတဲ့မိသားစုထဲဝင်ချင်လို့ ပန်းစည်းကိုယူချင်နေကြတာဖြစ်ပေသည်။အခုမှာတော့ ဘယ်သူကမှ ဒီပန်းစည်းကို မလိုချင်ကြတော့ပေ。。。


ဦးစားပေးစဉ်းစားထားတာနှင့် ကွာခြားနေပြီဖြစ်ကာ မိန်းမငယ်လေး နှစ်ယောက်သုံးယောက်လောက်ကသာ ပန်းစည်းအတွက်ထွက်လာကြလေသည်။

သူတို့ကတော့ ဝမ်မိသားစုကို မျက်နှာချိုသွေးချင်တာကြောင့်မဟုတ်ရင် လူချမ်းသာကိုလက်ထပ်နိုင်အောင် ရူးသွပ်နေကြလို့ပင်ဖြစ်ပေလိမ့်မည်။


ဝမ်စီစီ ထွက်ပြီးပန်းစည်း မယူတာကိုတောင်မှ ဒုတိယဝမ်မိသားစုက သူမကိုထွက်ယူဖို့ မပြောလာပေ။


အဲ့ဒါက ဘယ်သူမှမလိုချင်တဲ့ပန်းစည်းပင်ဖြစ်ပေသည်။ဘယ်လိုတောင် ကံဆိုးမိုးမှောင်ကျစေမလဲဆိုတာ မသိနိုင်ပေ 。。。


လက်ထပ်ပွဲအခမ်းအနားက ဆက်ကျင်းပလာကာ ကြင်စဦးမောင်နှံကို ဧည့်သည်များက ဆုတောင်းမင်္ဂလာပြုပေးကြလေသည်။ပွဲက ပြန်ပြီးသက်ဝင်လှုပ်ရှားလာကာ  အဲ့ဒါက ဟာသပြဇာတ်ပြနေသကဲ့သို့ပင် ဖြစ်နေပေသည်။


ဒါပေမယ့် တီးတိုးစကားသံတွေက လုံးဝမရပ်တန့်တော့ပေ။


-


‘‘ပန်းစည်းယူဖို့ ငြင်းလိုက်တဲ့တယောက်က ဘယ်သူလဲဟ မျက်နှာသာလုံးဝမပေးလာဘူး ’’


‘‘နင်ဒါတောင်မသိဘူးလား အဲ့ဒါကချီကျန်းကျန်းလေ ချီမိသားစုက သခင်မငယ်လေး၊ သူမက ဝမ်ရိရန်ရဲ့ သတို့သမီးလောင်းဖြစ်ခဲ့သေးတယ် ပြီးတော့သူက သတို့သမီးနဲ့လည်း ညီအမဝမ်းကွဲတော်တယ်၊ အခုတော့သူမက သတို့သားအကိုရဲ့ သတို့သမီးလောင်းဘဲဖြစ်သွားပြီလေ ’’


‘‘ဒီလောက်တောင် ရှုပ်ထွေးတာဘဲလား ’’


‘‘ကျစ်。。。ဒါ‌ဆိုရင် အခုသတို့သမီးက တတိယလူလို့ဆိုလိုတာလား ’’


‘‘ဟုတ်တာပေါ့ ’’


。。。


‘‘အခုလေးတင် ငြင်းလိုက်တဲ့တယောက်က ချီမိသားစုက သခင်မလေးလေ ၊ ပြီးတော့ သတို့သားက ဒီချီကျန်းကျန်းနဲ့ စေ့စပ်ထားခဲ့တာတဲ့ ’’


‘‘သတို့သမီးက သူ့အမဝမ်းကွဲရဲ့ သတို့သားလောင်းကို ခိုးယူထားတာတဲ့၊ သူမကတတိယလူဘဲ ’’


。。。


‘‘နင်သိပြီးပြီလား ၊ သတို့သမီးက တတိယလူတဲ့。。’’


‘‘ချီမိသားစုရဲ့ သခင်မလေးက အခုတော့ ဝမ်မိသားစုက ကန်ထုတ်ထားတဲ့ သခင်ငယ်လေးနောက်ကိုဘဲ လိုက်ရတော့မယ်၊ သူတို့က အရမ်းသနားဖို့ကောင်းတာဘဲ၊ ဒါပေမယ့် သူမကိုကြည့်ရတာ အတော်လေးပျော်ရွှင်နေပြီး ပွင့်လင်းနေတာဘဲ

နော် ’’


。。。

‘‘ဟေးသိပြီးပြီလား ဒီနေ့ရဲ့ သတို့သမီးက သူ့အမဝမ်းကွဲရဲ့ သတို့သားလောင်းကို ခိုးယူထားတာတဲ့၊ သူမကတတိယလူတဲ့ ’’


。。。


ချီကျန်းကျန်းက အခြားလူတွေဝေဖန်တာကို ဂရုမစိုက်ပေမယ့်လည်း လူ‌တွေအများကြီးက သူမတို့ကိုကြည့်နေကြကာ သူတို့ပြောနေကြတာကိုလည်း လျို့ဝှက်မထားကြပေ။


ချီကျန်းကျန်း :‘‘အရမ်းစိတ်ရှုပ်ဖို့ကောင်းတာဘဲ၊သည်းမခံနိုင်တော့ဘူး ’’


ဝမ်ယွီက တည်ငြိမ်စွာဘဲ သူ့တူကိုချလိုက်ကာ သူမအားတစ်ရှူးတရွက် ကမ်းပေးလိုက်လေသည်။သူ့ပါးစပ်ကိုလည်း သုတ်လိုက်တော့သည်။


‘‘ဒါဆိုရင်လည်း ကိုယ်လို့ပြန်ရအောင်လေ ကိုယ်တို့အခု‌တလော အိမ်မှာဘဲစားဖြစ်နေတာ၊ အခုရောတခုခုစားချင်တာရှိလား ’’


ချီကျန်းကျန်းရဲ့မျက်လုံးများက တောက်ပသွားကာ သူမအားကြိုးမာန်တက်ပင် ခေါင်းငြိမ့်ပြလိုက်လေသည်။ ဒီလိုအစားအစာတွေကို အကြာကြီးစားခဲ့ရပြီးတဲ့ သူမက ကျန်းမာရေးအတွက် သိပ်မကောင်းသော်လည်း အရသာရှိတဲ့ အပြင်ဘက်အစားအစာများကို သတိရနေပေသည်။

ဝမ်ယွီက သူမကိုလမ်းဘေးအစားအစာတွေကို စားခွင့်မပြုခဲ့ပေ။ဘာကြောင့်လဲဆို ထိုအစားအစာများက ကျန်းမာရေးအတွက် မကောင်းသောကြောင့်ဖြစ်သည်။


ဒါကတကြိမ်တခါတည်းသာ သူအနေဖြင့် ကန့်သတ်ထားတာကို ဖြေလျော့ပေးလာသော ရှားရှားပါးပါး အခါသမယဖြစ်တာကြောင့် ချီကျန်းကျန်းက အပျော်လွန်သွားတော့သည်။


ဝမ်ယွီလည်း မတတ်နိုင်ဘဲ ရီမောလိုက်တော့သည်။


သူထရပ်လိုက်ကာ မကြာခင်မှာဘဲ သူတို့နှစ်ယောက်က အပြင်လူတွေ၏ အမြင်ကိုဂရုမစိုက်ဘဲ ထွက်လာခဲ့ကြတော့သည်။


‘‘အန်းချင်ယုက တကယ်ကို စိတ်ရှုပ်ဖို့ကောင်းတာဘဲ၊ကျွန်မနည်းနည်းဘဲစားရသေးတယ် အဲ့ဒါကအစာအိမ်ကိုခပ်ဖွဖွပုတ်ပေးသလောက်ဘဲရှိတာ ’’


‘‘စိတ်မပူပါနဲ့ နောက်နေ့ကစပြီး မင်းကို သူမဒုက္ခပေးနိုင်တော့မှာ မဟုတ်ဘူး ’’


‘‘ဟမ် ဘာကိုပြောချင်တာလဲ၊ ကျွန်မပြောချင်တာက   ကျွန်မဗိုက်ကိုနည်းနည်းဘဲဖြည့်ရသေးတာ ဒါကြောင့် နောက်ကျရင် အများကြီးစားမှာနော် ရှင်တားလို့မရဘူး ’’


‘‘。。。အဲ့ဒါက ကျန်းမာရေးအတွက် မကောင်းဘူးလေ ကိုယ့်ကိုကိုယ်ထိန်းပြီးစား‌တာ ကောင်းတယ်’’


‘‘ဝမ်ယွီ。。 နော်လို့ ကျွန်မတကယ်ကိုအရမ်းအရမ်းစားချင်နေလို့ပါ ’’


ချီ‌ကျန်းကျန်းက သူမမျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်ရာ ညုတုတုလုပ်သောလှည့်ကွက်ကို သရုပ်ဆောင်ကာ အသုံးချလာလေသည်။


‘‘。。。ကောင်းပါပြီကွာ ’’

သူကဘယ်လိုလုပ်ပြီး ငြင်းနိုင်ပါ့မလဲ ၊အနာဂတ်မှာတော့ သူဒါကိုသဘောတူတော့မှာမဟုတ်ဘူး။


‘‘ရေးးး ဝမ်ယွီ၊ ရှင်က အရမ်းသဘောကောင်းတာဘဲ၊ ချစ်တယ်နော် ’’

သူမကပျော်ရွှင်စွာ မျက်စိမှိတ်ပြလိုက်တော့သည်။


‘‘。。。’’ သူက ရှက်သွေးဖြာသွားတော့သည်။


xxxxxx