အပိုင်း ၁၂၂
Viewers 26k

Part 122


ချီကျန်းကျန်းနဲ့ ဝမ်ယွီရဲ့ထွက်ခွာသွားမှုက အန်းချင်ယုရဲ့စိတ်ကို ပိုအခြေအနေဆိုးအောင်လုပ်လိုက်နိုင်ပေသည်။ထို့နောက်အခန်းထဲပတ်လျှောက်လိုက်ပြီး  ချီးမြှောက်ခံရကာ ဆုမွန်ကောင်း‌တောင်းပေးနေတာကိုကြားပြီးမှသာ သူမစိတ်အခြေအနေက အရင်က‌ထက်ပိုကောင်းလာတော့သည်။


ဝမ်မိသားစုက အောင်မြင်မှုထိပ်ဖျားတွင်ရှိနေကာ သူမက ဝမ်ရိရန်ကိုလက်ထပ်နိုင်ခဲ့ပေသည်၊ထို့အပြင် သူမတွင် ကိုယ်ဝန်ရှိနေကာ ဝမ်မိသားစုရဲ့အနာဂတ်ဆက်ခံသူ၏ ဇနီးလည်းဖြစ်လာခဲ့ပေသည်။


အဲ့အရူးမလို ချီကျန်းကျန်းကလွဲပြီး ဘယ်သူကများ သူမကိုဒေါသထွက်အောင် လုပ်ရဲပါ့မလဲ。。。


သူမခေါင်းကိုမော့လိုက်ကာ မျက်နှာပေါ်တွင် အပြုံးတခုဖြစ်ပေါ်လာတော့သည်။


ညဘက်ရောက်သောအခါ ဝမ်ရိရန်ကအများအပြားသောက်ခဲ့တာကြောင့် ကြင်စဦးလင်မယား၏ အိပ်ရာပေါ်တွင် လှဲကာ အရင်အိပ်ပျော်သွားတော့သည်။


အန်းချင်ယုက ကိုယ်ဝန်ရှိနေတာကြောင့် သူမကမသောက်ခဲ့ပေ။ဒါကြောင့်အခုချိန်တွင် သူမကလန်းဆန်းနေကာ စိတ်ကြည်လင်နေပေသည် ။


သူမကိုယ်ပေါ်က အဝတ်အစားများကို လဲလိုက်ပြီးပြီဖြစ်ကာ ဒီနေ့တွင်သူတို့ လက်ထပ်ကာစဖြစ်သောကြောင့် ရှူဝေကတောင် သူမကိုအပြစ်ရှာဖို့ရောက်မလာခဲ့ပေ။


-ဒါက ဝမ်အိမ်မှာ သူမနေရသည့် ပထမဆုံးည ဖြစ်ပေသည် 


နောက်ဆုံးမှာတော့သူမက  ဝမ်မိသားစုထဲသို့ လက်ထပ်ဝင်နိုင်ခဲ့ဖြစ်သည်၊အနာဂတ်တွင် ဝမ်အိမ်တွင်နေနိုင်မည့် ညတွေကမ‌ရေမတွက်နိုင်အောင်ရှိလာမှာဖြစ်ကာ လူတိုင်းကသူမကို မနာလိုဖြစ်ကာ မျက်နှာချိုသွေးကြရပေလိမ့်မည် ။


သူမနှုတ်ခမ်းပေါ်တွင် အပြုံးတခုဖြင့် အန်းချင်ယုက ဝမ်ရိရန်နှင့် သူမကိုယ်ကို စောင်ခြုံလိုက်ကာ ဘေးတွင်လှဲအိပ်လိုက်လေသည်။


သူမအကြာကြီးမျှော်လင့်နေရတဲ့ ဆန္ဒကနောက်ဆုံးတော့ တကယ်ဖြစ်လာခဲ့ပြီ 。。。


...


နောက်တနေ့မနက်စောစောတွင်-


အန်းချင်ယုနိုးလာတဲ့အချိန်တွင် ဝမ်ရိရန်ကနိုးမလာသေးပေ။ဒါကြောင့် သူမက သူ့ကိုနှိုးမနေတော့ဘဲ ကိုယ်လက်ဆေးကြောကာ ဝတ်စားပြင်ဆင်လိုက်ပြီးအောက်ထပ်ကိုဆင်းလာလိုက်လေသည်။


အောက်ထပ်မှာတော့ ဝမ်ကျင်စန်းက ဆိုဖာပေါ်တွင် သတင်းစာဖတ်နေကာ ရှုဝေကတော့ နွားနို့ထည့်နေလေသည်


‘‘အဖေ၊ အမေ ’’ အန်းချင်ယုက ပြုံးကာနှုတ်ဆက်လိုက်တော့သည် ။


ဝမ်ကျင်စန်းက သူမကိုကြည့်ရန် မျက်လုံးကိုတချက်မြှင့်လာကာ ပေါ့ပေါ့ပါးပါးပင်ပြန်ဖြေလိုက်လေသည်

‘‘အင်းး ’’


ရှုဝေကတော့ အေးစက်စွာနှာခေါင်းရှုံ့လာကာ သူမအသံကရင်းရင်းနှီးနှီးရှိ‌မနေပေ။


‘‘ဘာလဲ ၊ဘယ်‌အချိန်ထိနင်ကအိပ်နေမလို့လဲ နင်ကအစားအစာတွေအဆင်သင့်ဖြစ်တဲ့အထိစောင့်ပြီး ငါတို့အပေါ်တက်လာပြီး နင့်ကိုစားဖို့ဖိတ်လာတဲ့အထိစောင့်နေတာလား ’’


အန်းချင်ယုက နှုတ်ခမ်းစေ့လိုက်ကာ အပြုံးတခုကိုပြုံးပြလိုက်ကာ လျှောက်လာလိုက်ပေသည်

‘‘အမေ သမီးကူပေးပါရစေ ’’


‘‘အသာနေစမ်းပါ နင့်ဗိုက်ထဲမှာ ရွှေအစိုင်အခဲလေးကို လွယ်ထားရတာ ဘယ်လိုလုပ်ပြီးနင့်ကိုအလုပ်လုပ်ခိုင်းရမှာလဲ ’’


ရှုဝေက နှာခေါင်းရှုံ့လိုက်လေသည်။


အန်းချင်ယု၏ အပြုံးက နဂိုအတိုင်းပင် မပြောင်းလဲသွားချေ


‘‘အမေရယ် ဘာတွေပြောနေတာလဲ၊အနာဂတ်မှာ သမီးတို့ကမိသားစုတွေဖြစ်လာတော့မှာလေ သမီးကျန်းမာရေးကကောင်းပါတယ်၊သေချာပေါက်ကို အဖေ၊အမေနဲ့ ရိရန်တို့ကိုဂရုစိုက်ပေးနိုင်ပါတယ် ’’


ရှုဝေကပြုံးလိုက်ကာ သူမမျက်နှာက အနည်းငယ်ပိုကောင်းလာတော့သည် ။


ဒါပေမယ့် သူမက ထပ်ပြောလာခဲ့ပြန်သည်

‘‘ငါက နင်ဂရုစိုက်ပေးဖို့မလိုပါဘူး နင့်ကိုသာဂရုစိုက်ပါ ၊ငါတို့ဝမ်မိသားစုကို အရှက်မရစေနဲ့ ’’


‘‘တော်ပြီ၊စကားပြောတာရပ်လိုက်ကြတော့ ရိရန်ကဘာလို့မလာသေးတာလဲ ’’

ဝမ်ကျင်စန်းက သတင်းစာကိုချလိုက်ပြီး မတ်တပ်ရပ်လာကာ မနက်စာစားရန်  ထမင်းစားပွဲဆီသို့ လျှောက်လာခဲ့လေသည်။


‘‘ရိရန် မနေ့ကဝိုင်တွေအများကြီးသောက်လာခဲ့လို သမီးသူ့ကိုမနှိုးလိုက်သေးတာပါ ’’


အန်းချင်ယုက နူးညံ့စွာ တိုးတိုးပြန်ဖြေလိုက်ပေသည်


‘‘သူ့ကိုသွားနှိုးလိုက်တော့ ’’


‘‘ဟုတ်ကဲ့ပါ。。。’’


မကြာခင်မှာဘဲ အန်းချင်ယုနဲ့ ဝမ်ရိရန်တို့က အတူဆင်းလာခဲ့ကြလေသည်။


ရှုဝေက နားပူနားဆာလုပ်လာတော့သည်

‘‘အ‌မေမင်းကို လျှော့သောက်ပါလို့ ပြောခဲ့တယ်မဟုတ်ဘူးလား အရင်တကြိမ်တုန်းက မင်းအရမ်းသောက်လို့ ဆေးရုံပါတက်လိုက်ရတာကို မေ့သွားပြီလား ’’


‘‘အရင်စားရအောင် ’’ 

ဝမ်ရိရန်က အနည်းငယ်စိတ်ရှုပ်သွားကာ ထိုင်လိုက်တော့သည်။


ရှုဝေက ဝမ်ကျင်စန်းကို နွားနို့ထည့်ပေးလိုက်ကာ အန်းချင်ယုလည်း အလျင်အမြန်ပင် ဝမ်ရိရန်ကိုထည့်ပေးလိုက်လေသည် ။


သူမနဲ့ ဝမ်ရိရန်က စားပွဲတဖက်တွင်ထိုင်နေကာ ၊ရှုဝေက မျက်နှာချင်းဆိုင်တွင်ထိုင်ပြီး ဝမ်ကျင်စန်းက စားပွဲ၏ ဦးဆောင်သူနေရာတွင် ထိုင်နေပေသည် ။


စားနေရင်းနှင့် ဝမ်ကျင်စန်းက ပေါ့ပါးစွာပြောလာလေသည်။


‘‘မင်းကအခုလက်ထပ်ပြီးသွားပြီဆိုတော့ ဝမ်မိသားစုဝင်တယောက်ဖြစ်လာပြီ ၊ငါ့အတွင်းရေးမှူးကို မင်းအတွက်ကဒ်တခုလုပ်ပေးဖို့ပြောလိုက်မယ်၊ အဲ့ဒါက လစဉ်အကန့်အသတ်နဲ့ရှိလိမ့်မယ် အဲ့ဒါကိုသုံးဖို့ ရိရန်ကိုမေးလိုက်ပါ ’’


-ဆိုလိုသည်မှာ သူမကပိုက်ဆံလိုချင်လျှင် ဝမ်ရိရန်အပေါ်ကောင်းပေဖို့လိုပေသည်။


အန်းချင်ယုက အရမ်းပျော်သွားတော့သည်

‘‘ကျေးဇူးတင်ပါတယ် အဖေ’’


ဝမ်မိသားစုက လစဉ်ပေးလာမယ့်ငွေက အတော်လေးများပေသည်၊ သူမအတွက်အနာဂတ်မှာ အေးအေး

ဆေးဆေးနိုင်အောင်အထိဖြစ်သည်။သူမက အိတ်အသစ်တွေနဲ့ ဖိနပ်တွေဝယ်ဖို့ မတတ်နိုင်မှာကို စိုးရိမ်နေစရာမလိုတော့ပေ။


ဒါက အစသာရှိသေးသည်။ရိရန်သာ ဝမ်မိသားစုခေါင်းဆောင်ဖြစ်လာတဲ့တနေ့ သူမကလည်းမိသားစုတခုလုံး၏ သခင်မဖြစ်လာကာ သူမရဲ့ကလေးတွေကလည်း အနာဂတ်‌အမွေဆက်ခံသူဖြစ်လာပေလိမ့်မည်။ အဲ့ဒီအချိန်က သူမအတွက် ခမ်းနားကြီးကျယ်ဆုံးသော အချိန်ဖြစ်လာပေမည်။


အန်းချင်ယုရဲ့စိတ်ခံစားချက်တွေက အရမ်းကိုကောင်းသွားတော့သည်။


‘‘မင်းက ငါတို့ဝမ်မိသားစုရဲ့ကလေးကို ဗိုက်ထဲမှာလွယ်ထားရတာ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့လိုတယ်။

အတွင်းရေးမှူးကအချိန်ကျလာရင် မင်းကိုဂရုစိုက်ပေးဖို့ တယောက်ယောက်ကိုစီစဉ်ပေးလာလိမ့်မယ်၊ 

မင်းက ဝမ်မိသားစုထဲဝင်လာပြီဆိုမှတော့ ဝမ်မိသားစုရဲ့စည်းကမ်းတွေကိုလိုက်နာရလိမ့်မယ် မနေ့ကလက်ထပ်ပွဲမှာဖြစ်ခဲ့သလိုမျိုး ထပ်မလုပ်မိပါစေနဲ့ အဲ့ဒါက နောက်ဆုံးအကြိမ်ဖြစ်ပါစေ’’


ဝမ်ကျင်စန်းက ပြတ်သားသောအမူအရာဖြင့် အန်းချင်ယုကို ကြည့်လိုက်လေသည် ။


အန်းချင်ယုရင်ထဲတင်းကြပ်သွားကာ အလျင်အမြန်ပင် ‌ခေါင်းညိတ်လိုက်တော့သည်၊သူမက ညင်သာစွာပြောလိုက်လေသည်။


‘‘ဟုတ်ကဲ့ပါ အဖေ၊သမီးအဲ့လိုထပ်မလုပ်တော့ဘူးလို့ ကတိပေးပါတယ် ’’


ဝမ်ကျင်စန်းက ခေါင်းငြိမ့်လိုက်ပြီးနောက် ဝမ်ရိရန်ကိုကြည့်လာလေသည်။


‘‘ရိရန် ဒီအချိန်ကဝမ်မိသားစုအတွက် အရမ်းကောင်းမွန်နေတဲ့အချိန်ဘဲ ၊အခုလောလောဆယ်တော့ ဘာဟန်းနီးမွန်းခရီးမှ မသွားသေးနဲ့အုံး ၊ အရင်ဆုံး ပရောဂျက်ကို စပြီးဖြန့်ဝေလိုက်ရအောင် ဆန်းသစ်ပြောင်းလဲဖို့နဲ့ သုတေသနလုပ်ဖို့ အရင်းအမြစ်အားလုံးနီးပါးကို ရင်းနှီးမြုပ်နှံထားရတာ နောက်ဆုံးတော့‌ ပိုက်ဆံတွေပြန်ရိတ်သိမ်းရမယ့်အချိန်ရောက်လာပြီ ’’


‘‘ကောင်းပါပြီ ’’ ရိရန်က ပြန်ဖြေလိုက်လေသည် သူကအရက်နာကျနေဆဲဖြစ်ကာ သူ့ခေါင်းက အနည်းငယ်ကိုက်ခဲနေလေသည်။


ဝမ်ကျင်စန်းက အန်းချင်ယုကိုထပ်ကြည့်လိုက်လေသည်။


‘‘ဒီလိုလုပ်တာနဲ့ပတ်သက်ပြီး ဘာပြသနာမှမရှိဘူးမလား ’’


အန်းချင်ယုက တောက်ပစွာပြုံးပြလာလေသည်။


‘‘မရှိပါဘူး အဖေ၊ရိရန် အလုပ်ကပိုအရေးကြီးပါတယ်၊ သမီးကရိရန်ကို အမြဲတမ်းထောက်ပံ့ပေးနေမှာပါ ’’


ဟန်းနီးမွန်းမထွက်လိုက်ရတာက သနားစရာကောင်းပေမယ့် သေချာပေါက်ကိုဝမ်မိသားစု၏ အလုပ်ကပိုအရေးကြီးပေသည် ၊ ဝမ်မိသားစုကအဆင်ပြေနေသရွေ့ သူမကဝမ်မိသားစု၏သခင်မငယ်ဖြစ်နေကာ  လုံလောက်သောဂုဏ်ပုဒ်ကို ရရှိနေနိုင်ပေမည်။


ဝမ်ကျင်စန်း ခေါင်းငြိမ့်လိုက်ကာ သိသာစွာကိုစိတ်ကောင်းဝင်နေပေသည်။


‘‘ဒီလောက်ကြာပြီးတဲ့နောက်မှာတော့ နောက်ဆုံးမှာငါအောင်မြင်ခဲ့ပြီ ၊ပရောဂျက်အတွက်က မူလအစီအစဉ်အတိုင်းဆိုတနှစ်ကြာမှာ ၊ဒါပေမယ့် ငါတို့ဝမ်မိသားစုကို နတ်ဘုရားတွေက ကူညီလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ဒီလတွေအတွင်း ပရောဂျက်က အဆင်ပြေပြေကိုရှေ့ဆက်သွားနေခဲ့တာက နတ်ဘုရားတွေရဲ့ စောင်မမှုဘဲ။

အခုတော့ငါတို့က ပရောဂျက်အသစ်နဲ့ နည်းပညာအသစ်တွေကို စတင်ဖြန့်ဖြူးလိုက်ပြီး ဈေးကွက်ထဲတင်ပို့တာကို စောင့်နေရုံဘဲ၊ငါရဲ့ဝမ်မိသားစုက အရင်တုန်းကမဖြစ်ခဲ့ဖူးတဲ့အထိ ပိုကောင်းလာတော့မှာ’’


ခေါင်းကိုက်နေသေးပေမယ့် ဝမ်ရိရန်လည်းအပြုံးတခုကို ထုတ်ဖော်ပြလာလေသည်


ရှုဝေနဲ့ အန်းချင်ယုတို့တောင် ပြုံးပျော်နေကြပေသည်။


ဝမ်ကျင်စန်းက အဆက်မပြတ်ပင် စကားပြောနေတော့သည်။


‘‘နောက်ဆုံးတော့ငါတို့ဝမ်မိသားစုရဲ့ နေ့ရက်တွေရောက်လာခဲ့ပြီ၊ လုံးဝကိုစိတ်ကြိုက်သုံးဖြုန်းနိုင်တဲ့ မိသားစုလိုဖြစ်လာလိမ့်မယ်။ရိရန် ဝမ်မိသားစုရဲ့ အနာဂတ်က ငါတို့လက်ထဲမှာဘဲ ၊အခြားလူတွေအားလုံးအတွက် ကြောက်လန့်ဖွယ်တည်ရှိမှုဖြစ်လာအောင် လုပ်နိုင်လာမှာ။ချီမိသားစုနဲ့ ကျန်းမိသားစုရော၊ဝမ်မိသားစုရော အကုန်လုံးကွာ。。 အနာဂတ်မှာ သူတို့က ငါတို့ကြောင့် လုံးဝကိုနင်းခြေခံရလိမ့်မယ်。。。’’


‘ဒီးးးးး’ အချိန်ကိုက်ပင် သူ့ဖုန်းကတုန်ခါလာသည်။


xxxxxx