အပိုင်း ၁၂၃
Viewers 26k

Part 123


ဝမ်ကျင်စန်းက ပြောတာရပ်လိုက်ကာ ဖုန်းကိုငုံ့ကြည့်လိုက်လေသည်။အဲ့ဒါက အ‌တွင်းရေးမှူးဆီမှ ဖုန်းခေါ်လာတာဖြစ်သည်။သူကပြုံးလိုက်ကာ ပြန်ဖြေလိုက်တော့သည်။


‘‘ဟေးး ဘာဖြစ်လို့လဲ ’’


‘‘စီအီးအိုဝမ် ကျွန်တော်တို့တော့ပြသနာတက်နေပြီ’’

ဖုန်းရဲ့အခြားတဖက်မှာတော့ အတွင်းရေးမှူးက အထိတ်တလန့်နှင့် ပြန်ဖြေလာတော့သည်။


ဝမ်ကျင်စန်းက ထိတ်လန့်သွားကာ ချက်ချင်းပင်မျက်မှောင်ကြုတ်သွားတော့သည်

‘‘ဘာဖြစ်တာလဲ ’’


သူ့ရဲ့ အတွင်းရေးမှူးက စိတ်တည်ငြိမ်နေတတ်တဲ့ သူမျိုးဖြစ်သည် ဘယ်လိုကိစ္စကများ သူ့တည်ငြိမ်မှုကိုပျောက်ဆုံးသွားအောင် လုပ်နိုင်လိုက်တာလဲ。。


ဝမ်ရိရန်ကလည်း ဝမ်ကျင်စန်းကိုကြည့်လာသည်။ ဧည့်ခန်းထဲတွင် အကုန်လုံးကတိတ်ဆိတ်နေကာ အတွင်းရေးမှူးက အသံမြှင့်ပြီးပြောလိုက်တာကြောင့်  သူတို့အကုန်လုံးက အားလုံးကိုရှင်းရှင်းလင်းလင်းကြားလိုက်ရလေသည် ။


‘‘အသစ်ထုတ်ပြန်လာတဲ့နိုင်ငံတကာ စည်းကမ်းအရ XXX စွမ်းအင်တွေကို ဘယ်နည်းပညာမှာမှ အသုံးပြုခွင့်မရှိတော့ဘူးတဲ့ ’’


‘‘ချီးတဲ့မှ ငါ့ကိုလာနောက်နေတာလား ’’

ဝမ်ကျင်စန်းက ထိတ်လန့်သွားကာ အလျင်အမြန်ပြောလာတော့သည်

‘‘ဒါက ငါတို့ကမူပိုင်ခွင့်တင်ထားပြီးသားလေ ဘယ်လိုဖြစ်ပြီးသုံးလို့မရရတာလဲ အဲ့ဒါက。。’’


အတွင်းရေးမှူးက သူပြောနေတာကိုကြားဖြတ်လိုက်ကာ အမောတကြီးပြောလာလေသည်

‘‘ မဟုတ်ဘူး၊အဲ့ဒါကြောင့်မဟုတ်ပါဘူး စီအီးအိုဝမ်

ပြောတာကတော့ XXXစွမ်းအင်မှာ ပြသနာရှိနေလို့တဲ့ 

နောက်ဆုံးပေါ်နိုင်ငံတကာ သုတေသနဌာနက ဖော်ပြလာတာက ဒီစွမ်းအင်သုံးလို့ ဖြစ်ပေါ်လာမယ့် ညစ်ညမ်းမှုတွေက ကင်ဆာရောဂါကိုဖြစ်စေနိုင်တယ်တဲ့ ပြီးတော့အဲ့စွမ်းအင်ကို အလိုအလျောက်မောင်းတဲ့ယာဉ်တွေနဲ့ စွမ်းအင်တည်ဆောက်ရေးတွေမှာလည်ပတ်စေမယ်ဆိုရင် 。。。ပေါက်ကွဲမှုတွေ ဖြစ်စေနိုင်တယ်တဲ့ ’’


‘‘ချီးဘဲကွာ ’’ ဝမ်ကျင်စန်းက ထပ်ပြီးငြင်းဆန်ချင်သေးပေမယ့် သူ့ခေါင်းထဲတွင်အတွေးတခုဖြတ်သွားကာ ဆတ်ခနဲထရပ်လိုက်ပြီး အထိတ်တလန့်ပင်ပြောလိုက်တော့သည်။


‘‘မြန်မြန်၊ ပြည်တွင်းထဲက သတင်းတွေကိုမြန်မြန်ဖျက်ချလိုက်တော့ ပြည်တွင်းထဲမှာ ဒီသတင်းတွေပြန့်သွားစေလို့မဖြစ်ဘူး ’’


အတွင်းရေးမှူး၏အသံကတုန်ရီလာတော့သည်။


‘‘သတင်းတွေက ပြန့်နှင့်နေပြီ၊ မနက်ခင်းထုတ်လွင့်သတင်းမှာ ပါလာတယ်၊အခုတော့ အင်တာနက်ပေါ်မှာပါပြန့်နေပြီ ’’


ဝမ်ကျင်စန်း တကိုယ်လုံးက တုန်ရီသွားတော့သည်။


သူဘာမှထပ်မပြောနိုင်သေးခင်မှာဘဲ ဖုန်းတဖက်တွင် တစုံတယောက်က အတွင်းရေးမှူးကို တခုခုပြောလာလေသည်။


အတွင်းရေးမှူးအသံက ‌အပြင်းအထန်ပင်ပြောင်းလဲသွားတော့သည်။


‘‘စီအီးအိုဝမ်。。。  ကျန်းယဲ့ဘက်က သတင်းပေးလာတယ် အစိုးရကဘယ်နည်းပညာနယ်ပယ်မှာမဆို XXXစွမ်းအင်သုံးစွဲတာကို ကန့်သတ်တော့မယ်တဲ့ အချက်အလက်တွေကို အကြမ်းဖျင်းပြင်ဆင်ထားပြီးသွားပြီလို့ပြောလာတယ် ’’


အသုံးပြုတာကို ကန့်သတ်မယ်တဲ့လား。。。


ဒါပေမယ့် ဒီစွမ်းအင်က သူတို့ဖြန့်ဖြူးတော့မယ့် ပရောဂျက်ရဲ့ အဓိကအချက်အချာဖြစ်နေတာလေ။


အသုံးပြုတာကိုကန့်သတ်မယ်ဆိုတာက သူတို့ရဲ့ပရောဂျက်ကို ဖြန့်ဖြူးလို့မရဘူးလို့ဆိုလိုခြင်းဖြစ်ပေသည်။အဲ့ဒါကတင်မက ဖြန့်ဖြူးလို့ရသွားရင်တောင် 

မပြည့်မစုံဖြစ်နေပေလိမ့်မည် ဘယ်သူကမှ ဒီပရောဂျက်ရဲ့နည်းပညာကို ယုံကြည်ကြမှာမဟုတ်တော့ပေ။

ဘယ်သူကမှ သူတို့နဲ့ပူးပေါင်းလာတော့မည်မဟုတ်ပေ။


ဝမ်ကျင်စန်းက အသက်ပြင်းပြင်းရှူလိုက်ကာ သူ့တကိုယ်လုံးကတုန်ရီလာတော့သည်။သူ့မျက်နှာက ပြာနှမ်းလာကာ တက်လာသကဲ့သို့ပင်ဖြစ်လာပေသည်။

ဖုန်းကို ‌ကြမ်းပြင်ပေါ်သို့ ရိုက်ခွဲလိုက်ကာ သူပါအတူ လဲကျသွားတော့သည်။


‘‘အဖေ -’’ ဝမ်ရိရန်ကထိတ်လန့်သွားလေသည်။


‘‘ကျင်စန်း ’’ ရှုဝေလည်းရှော့ရသွားတော့သည်။သူမကြားလိုက်ရတဲ့ သတင်းဆိုးကြောင့် ပြန်မသက်သာသေးခင်မှာဘဲ ကျင်စန်းက မူးမေ့သွားလေသည်။


‘‘မြန်မြန်‌လေး ဆေးရုံကားခေါ်လိုက်ကြစမ်း ’’


ဝမ်မိသားစုက ကသောင်းကနင်းအခြေအနေသို့ရောက်ရှိသွားကာ အန်းချင်ယုက ဘေးဘက်တွင်ရပ်ကာ အတွေးလွန်နေပေသည်။


သူမ ဒီလိုလူနာမျိုးကိုမြင်ဖူးလေသည်။သူမအဖိုးကလည်း ဒီလိုမျိုးဖြစ်သွားခဲ့တာဖြစ်သည် အဲ့ဒါက ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ကာ လေဖြတ်သွားခြင်းဖြစ်သည်


လူနာတင်ကားက မကြာခင်ရောက်လာကာ ဝမ်ရိရန်နဲ့ ဝမ်မိသားစု‌အစေခံများက နောက်မှကားဖြင့်လိုက်သွားကြလေသည်။ဧည့်ခန်းကြီးထဲ၏ထောင့်တွင် အန်းချင်ယုတယောက်တည်းသာ ကြောင်အစွာမတ်တပ်ရပ်နေခဲ့ပေသည်။


သူမကထောင့်မှာပုန်းနေပေမယ့်လည်း ဘယ်သူကမှသူမကိုအာရုံမစိုက်နိုင်ကြပေ။


ဘာတွေဖြစ်ကုန်တာလဲ


ပရောဂျက်သစ်နဲ့ပတ်သက်ပြီး ဘာလို့ပြသနာရှိလာရတာလဲ ဝမ်ကျင်စန်းကရောဘာလို့လေဖြတ်သွားရတာလဲ。。。


သူမက အခုမှဝမ်မိသားစုထဲကိုဝင်နိုင်ခဲ့တာလေ၊ သူမရဲ့လှပတဲ့ဘဝကစတင်ရုံဘဲရှိသေးတာ ဘယ်လိုလုပ်ပြီးဒီလိုတွေဖြစ်သွားရတာလဲ


အန်းချင်ယုက သူမရင်ဘတ်ကိုဖိလိုက်ကာ ကြမ်းပြင်ပေါ်သို့ တုန်လှုပ်ချောက်ခြားစွာ လဲကျသွားလေသည်။ 

ထမင်းစားပွဲပေါ်တွင် မစားရသေးသော မနက်စာများကို အပြည့်အဝခင်းကျင်းထားပေသည်။မနက်စာဘဲဆိုရင်တောင်မှ အဲ့ဒါကချမ်းသာကြွယ်ဝမှုများနှင့် ပြည့်နေပေသည် 


တန်ဖိုးကြီးဇိမ်ခံပစ္စည်းတွေပြည့်စုံနေတဲ့ဝမ်မိသားစုက ချက်ချင်းပင် လုံးဝဗလာဖြစ်သွားတော့သည်။


အန်းချင်ယုကိုယ်က တဖြည်းဖြည်းအေးစိမ့်လာပေသည်၊ သူမမျက်လုံးများက အကြည့်ဗလာဖြစ်နေကာ  ဖြူလျော်နေသော အမူအရာဖြင့် ညည်းတွား‌လာလေသည် ။


‘‘ဘယ်လိုလုပ်。。。ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်လာရတာလဲ。。ငါအခုမှဝမ်မိသားစုထဲလက်ထပ်ပြီးဝင်နိုင်ရုံဘဲရှိသေးတာလေ。。 ’’


........


‘‘ဟေးး ဒီနေ့ကျွန်မတို့ အပြင်သွားပြီး ဘာသွားလုပ်ကြမှာလဲ ’’

ချီကျန်းကျန်းက ဖိနပ်စီးရင်း သိချင်စွာမေးလိုက်လေသည်။


ဝမ်ယွီကနူးညံ့စွာပြောလာပေသည်

‘‘အရမ်းအရေးကြီးတဲ့ အရာတခုကိုလုပ်ဖို့。。。’’


‘‘ဟမျ ဘာကိုလဲ ’’

ချီကျန်းကျန်းက ဘာလုပ်ရမှန်းမသိတော့ပေ။


‘‘ကိုယ်တို့တွေ တစုံတယောက်ကို သွားကြည့်မယ်လေ。。。’’

ဝမ်ယွီ့အမူအရာက မဲမှောင်နေကာ အေးစက်စက်အရိပ်တခု သူ့မျက်နှာပေါ်တွင် ဖြတ်ပြေးသွားလေသည်။


သူမက သူ့ကိုသံသယဝင်စွာ ကြည့်လိုက်ပေမယ့်လည်း ဘာမှထပ်မမေးနေတော့ပေ။ဒီနေ့တွင် ဝမ်ယွီကနည်းနည်းထူးဆန်းနေတာကို သူမတွေ့လိုက်မိပေသည်။


သူမရင်ထဲတွင် အရမ်းသိချင်နေပေမယ့်လည်း ဆေးရုံသို့သွားကာ သူပြောသောလူကိုသွားတွေ့ပြီးရင်တော့ အရာအားလုံးကို သဘာဝကျကျပင် သိလာနိုင်ပေမည်။


သူတို့နှစ်ယောက်သား အပြင်ထွက်လာကြပြီးနောက် ဝမ်ယွီကနေကာထီးကိုယူပြီး ချီကျန်းကျန်းခေါင်းပေါ်တွင် ဆောင်းပေးလာလေသည်။


ဒရိုင်ဘာက အပြင်တွင်စောင့်နေပြီးသားဖြစ်ပေသည်။


အခုကဂျူလိုင်လ အဆုံးပိုင်းဖြစ်ကာ အရမ်းပူလေသည်။ဒါကြောင့် ချီကျန်းကျန်းက အလျင်အမြန်ပင်ကားထဲသို့ဝင်လိုက်ပြီး လေအေးပေးစက်က လေကို ရလိုက်မှသာ အသက်ရှင်သလိုခံစားမိသွားတော့

သည်။


ဝမ်ယွီကအလျင်မလိုဘဲ  ထီးကိုဖယ်လိုက်ကာ ကားထဲသို့ဝင်ထိုင်လိုက်လေသည်။


‘‘ရှင် မပူဘူးလား ’’


‘‘ကိုယ်အဆင်ပြေပါတယ် ’’


ချီကျန်းကျန်းက ရုတ်တရက်ပင်လက်ဆန့်ကာ ဝမ်ယွီကိုဖက်လာရင်း သက်ပြင်းချလိုက်တော့သည်

‘‘တကယ့်ကိုကောင်းတဲ့ ခန္ဓာကိုယ်ဘဲ၊ဆောင်းတွင်းမှာနွေးပြီး နွေရာသီမှာကျ အေးနေရော ’’


ဝမ်ယွီကထိတ်လန့်သွားပြီးနောက် အပြုံးတခုကိုဖော် ပြလာလေသည်။သူ့မျက်လုံးအောက်က အေးစက်

စက် အရိပ်အယောင်တွေတောင် နည်းနည်းလွင့်ပြယ်သွားတော့သည်။


သူ့ခေါင်းကိုငုံ့လိုက်ပြီးနောက် သူ့ပါးနှင့် သူမခေါင်းထိပ်ကိုပွတ်လိုက်ကာ သူ့ရင်ထဲနွေးထွေးသွားသလိုခံစားလိုက်ရပေသည် ။


ကားက စတင်မောင်းထွက်သွားတော့သည် ။


.....