အပိုင်း ၁၂၄
Viewers 26k

Part 124


ဆေးရုံတွင်。。。。


အန်းချင်ယုလိုက်လာသောအချိန်တွင် ဝမ်ကျင်စန်းက အရေးပေါ်ခန်းထဲတွင်ရှိနေတုန်းဖြစ်ကာ ပြန်ထွက်မလာသေးပေ။


‘‘ရိရန်၊အမေ အဖေဘယ်လိုနေသေးလဲ’’

အန်းချင်ယုက လျှောက်လာပြီး နူးညံ့စွာမေးလိုက်လေသည်။


ဝမ်ရိရန်က ဘာမှပြန်မပြောလာပေ။သူကတနေရာထဲကိုဘဲ စိုက်ကြည့်နေကာ သူဘာတွေးနေလဲဘယ်သူမှမသိနိုင်ပေ။


သူ့ရဲ့ဘေးတွင်တော့ ရှုဝေက အမြန်လျှောက်လာလေသည်။


‘ဖြန်း ’ 

အန်းချင်ယုက ပါးရိုက်ခံလိုက်ရကာ ရှုဝေအသံကစူးရှနေလေသည်

‘‘မကောင်းတဲ့ဟာမ အကုန်နင်ကြောင့်ဘဲ နင့်ကိုမိသားစုထဲ သွင်းလိုက်မိလို့ ငါတို့ဒီလိုကံဆိုးမှုတွေ ကြုံရတာ နင်ကကပ်ဘေးတခုဘဲ နင်ကဝမ်မိသားစုထဲကို ကံဆိုးမှုတွေ ယူလာတာဖြစ်ရမယ် ကံဆိုးတဲ့ဟာမ အခုချက်ချင်းငါတို့ဝမ်မိသားစုထဲက ထွက်သွား

စမ်း ’’


ရှုဝေရဲ့ရိုက်ချက်က အရမ်းပြင်းတာကြောင့် အန်းချင်ယုခေါင်းထဲတွင် တဝီဝီမြည်ကာ ခေါင်းမူးသွားတော့သည် ။


သူမကြမ်းပြင်ပေါ်သို့ လဲကျသွားကာ ရှုဝေက သွားပြီး သူမကိုထပ်ရိုက်ချင်သေးပေမယ့် သူတို့မိသားစုရဲ့အစေခံတချို့က တားလိုက်ကြလေသည်။


ဝမ်ရိရန်က အသက်မဝင်သောအမူအရာနှင့် သူတို့ကိုကြည့်လာလေသည်။အချိန်‌အတော်ကြာသွားပြီးနောက်မှသာ သူက အက်ရှနေသောအသံဖြင့်ပြောလာလေသည်

‘‘အမေ。。。သူကကိုယ်ဝန်ဆောင်ထားရတုန်းဘဲလေ မရိုက်နဲ့တော့ အခုဖြစ်သွားတာတွေက သူမနဲ့မဆိုင်ဘူး ’’


‘‘ရိရန်。。ရိရန် ဘာတွေဖြစ်ကုန်တာလဲ ကုမ္ပဏီနဲ့ပတ်သက်ပြီး တခုခုမှားနေတာလား အဲ့ဒါကိုဖြေရှင်းလို့ရနိုင်ရဲ့လား ’’

အန်းချင်ယုက ဒူးထောက်ပြီး ဒရွတ်တိုက်ဆွဲလာကာဝမ်ရိရန်၏ အင်္ကျီလက်ကို တင်းကြပ်စွာဆုပ်ကိုင်လာလေသည်။သူမပုံစံကကြောက်လန့်တကြား ဖြစ်နေပေသည်။


ဒီနေ့မှ ဝမ်မိသားစုထဲကိုဝင်လာနိုင်တဲ့ ဒုတိယရက်ဘဲရှိသေးတာလေ၊သူမက ဒီလောက်ထိကံမဆိုးနိုင်ပါဘူး

သေချာပေါက်ကို ဒီလောက်ထိကံဆိုးမှာမဟုတ်ဘူး。。


-သူမက တချိန်လုံးအရေးပေါ်ခန်းထဲတွင် ရှိနေသော ဝမ်ကျင်စန်းကိုဂရုမစိုက်ပေ။ သူမက ကုမ္ပဏီကိုသာဂရုစိုက်လေသည်။


ဝမ်ရိရန်က ထိတ်လန့်သွားတော့သည်။သူဘာမှမပြောနိုင်သေးခင်မှာဘဲ အရေးပေါ်အခန်းတံခါးကပွင့်လာကာ ဆရာဝန်ကထွက်လာခဲ့ပေသည် ။


‘‘ဒေါက်တာ ကျွန်မယောက်ျား ဘယ်လိုနေသေးလဲဟင် ’’

လူအနည်းငယ်က ရှေ့သို့တိုးလာကာ အန်းချင်ယုပင်လျှင် ထရပ်ကာ ယိုင်တိုင်တိုင်လျှောက်လာခဲ့ပေသည်။


ဆရာဝန်၏ မျက်နှာကအနည်းငယ်လေးလံနေကာ သက်ပြင်းတချက်ချလာလေသည်။


‘‘လူနာက သွေးပေါင်တွေအရမ်းတက်လာပြီးတော့ လှုံ့ဆော်မှုကြောင့် ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်သလိုဖြစ်သွားသေးတယ် အခြေအနေက အတော်လေးပြင်းထန်တယ် အခုတော့သူ့ကို ကယ်လိုက်နိုင်ပါပြီ ဒါပေမယ့် 。。。。’’


ဆရာဝန်ရဲ့ရှင်းပြချက်က ဝမ်ကျင်စန်းကိုကယ်လိုက်နိုင်ပေမယ့် အခြေအနေကတအားပြင်းထန်ခဲ့တာကြောင့် သူကမသန်မစွမ်းဖြစ်သွားနိုင်သည်ဟု အဆုံးသတ်လာလေသည်။ ဂရုတစိုက်ရှိဖို့နှင့် နောက်ဆက်တွဲကုသမှုတွေက အရေးကြီးလေသည်။ သူတို့အနေဖြင့် သူနောက်ထပ်လှုံ့ဆော်မှုမခံစားရစေဖို့ ဂရုစိုက်ပေးရန်လိုအပ်ပေသည်။


ရှုဝေက ဝါးခနဲအော်ငိုချလာကာ ဘေးနားကအစေခံများသာ ကူတွဲမပေးထားပါက ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားမှာဖြစ်ပေသည်။


ဝမ်ရိရန်လည်းဘဲ မျက်လုံးများနီရဲလာခဲ့ပေသည်။


ဝမ်ကျင်စန်းကို ဆေးရုံခန်းထဲသို့ တွန်းလာခဲ့ကာ သူတို့ကနောက်မှလိုက်လာခဲ့ကြလေသည်။


ဝမ်ရိရန်ရဲ့ဖုန်းက တမနက်လုံးမြည်နေခဲ့ကာ မရပ်သွားပေ။ဝမ်ကျင်စန်း အရေးပေါ်ခန်းထဲက ထွက်လာပြီးမှသာ သူထလိုက်ကာ ဖုန်းကိုထုတ်လိုက်လေသည်။


ဖုန်းမှာပေါ်နေတဲ့ နံပါတ်ကိုကြည့်ကာ ဝမ်ရိရန်က တကယ်တမ်းတော့ အနည်းငယ်ကြောက်နေမိပေသည်။


‘‘ဟယ်လို ’’

နောက်ဆုံးတွင် သူကတုန်ရီနေသောလက်များနှင့် ဖုန်းကိုင်လိုက်တော့သည်။


‘‘မန်နေဂျာဝမ် အခုကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ စီအီးအိုဝမ်နဲ့က ဆက်သွယ်လို့ရမှာမဟုတ်ဘူး ရှယ်ယာရှင်တွေအားလုံးက ကုမ္ပဏီထဲမှာရောက်နေကြပြီ ပြီးတော့ ကျွန်တော်တို့လက်တွဲလုပ်နေတဲ့ ကုမ္ပဏီအားလုံးကလည်း သူ့ကိုရှာနေကြတယ် ။အခုသူတို့ကစောင့်နေကြတယ်。。。’’

သူကအခုကုမ္ပဏီထဲတွင် ပိတ်မိနေကာ ထိတ်လန့်နေတာကြောင့် ပြသနာတွေအားလုံးကို ဝမ်ရိရန်ဆီသို့ ပစ်ထုတ်လာတော့သည်။


ဝမ်ရိရန်က အတွင်းရေးမှူးဖုန်းကိုနားထောင်နေချိန်တွင် ရှယ်ယာရှင်များကလည်း ဖုန်းခေါ်လာခဲ့လေသည်။


အချိန်အတော်ကြာပြီးမှသာ သူကအက်ရှစွာပြန်ဖြေ လာတော့သည်

‘‘ကျွန်တော်စဉ်းစားလိုက်အုံးမယ်၊ ကျွန်တော်အရင်စဉ်းစားပါရစေအုံး ’’


ဝမ်ရိရန်က ဘာများလုပ်နိုင်မှာတဲ့လဲ


ဝမ်ကျင်စန်းလေဖြတ်သွားတဲ့သတင်းကို ကြားပြီးကတည်းက မနက်ခင်းတခုလုံးဖြစ်ပျက်နေသမျှက အိပ်မက်ဆိုးများလိုပင်ဖြစ်ပေသည်။ တခုပြီးတခုဖြစ်ပျက်လာကာ သူ့ကို စိတ်ထိခိုက်သလိုခံစားမိသွား‌စေ သည်။


အခုချိန်က ဒီလိုကြောက်ရွံ့နေရမယ့်အချိန်မဟုတ်ဘူးဆိုတာ သိပေသည်။ ဆေးရုံအိပ်ရာပေါ်မှ ဝမ်ကျင်စန်းအသံ ထွက်လာခဲ့လေသည်

‘‘ရိရန်。。。’’


‘‘အဖေ နောက်ဆုံးတော့သတိရလာပြီပေါ့ ’’

ဝမ်ရိရန်က အပြေးအလွှားလာခဲ့တော့သည်။


‘‘ကျင်စန်း နောက်ဆုံးတော့ရှင်သတိရလာပြီ၊ ရှင်ကျွန်မကို သေသွားအောင်ခြောက်လှန့်ချင်နေတာလား 

အခုကျွန်မ。。。。’’

ရှုဝေက ရုတ်တရက်ပင် အော်ငိုလာခဲ့လေသည်။


ဝမ်ကျင်စန်းက သူမကိုကြားဖြတ်လိုက်ကာ အားနည်းနေသောအသံဖြင့်ပြောလာလေသည်


‘‘အကုန်လုံးပါးစပ်ပိတ်ထားကြစမ်း ငိုနေကြတဲ့ အသံကိုဘဲ ငါ့ကိုကြားနေစေချင်ကြတယ်ဆိုရင် အကုန်ထွက်သွားကြ ’’


ရှုဝေက ချက်ချင်းဘဲပါးစပ်ပိတ်လိုက်တော့သည်။အန်းချင်ယုက ကြောက်ရွံ့နေပြီး တွေဝေစွာ အခန်းထောင့်တွင် ရပ်နေပေသည်။


‘‘ရိရန် အခုဘယ်လိုဖြစ်သွားပြီလဲ ’’

ဝမ်ကျင်စန်းက ထထိုင်ချင်ပေမယ့် သူ့ခြေထောက်တွေက သူ့အမိန့်အတိုင်းမနာခံကာ မရွေ့လာခဲ့ပေ။


သူကအများကြီးတွေးနေခြင်းမရှိဘဲ ဒီအတိုင်းသတိပြန်ရကာစမို့လို့ ဒီလိုဖြစ်တာဟုသာတွေးလိုက်ပေသည်။


ဝမ်ရိရန်က သူထိုင်ရန်ကူပေးလာကာ အိမ်ရာခေါင်းရင်းကို ကျောပေးမှီလိုက်လေသည်။


ထို့နောက်သူက အက်ရှနေသောအသံဖြင့်ပြောလာတော့သည်။


‘‘အဖေ 。。အခြေအနေကအရမ်းဆိုးနေတယ် ကုမ္ပဏီက အခုဆိုအရှုပ်အထွေးထဲရောက်နေပြီ ရှယ်ယာရှင်တွေ၊အကြီးပိုင်းစီမံရေးရာကလူတွေအပြင် ကျွန်တော်တို့နဲ့လက်တွဲထားတဲ့ ကုမ္ပဏီငယ်လေးတွေက သောင်းကျန်းနေကြပြီး အခုကုမ္ပဏီထဲမှာ ရောက်နေကြတယ် ’’


သူ့ဘေးမှာထားလိုက်တဲ့ဖုန်းက အခုထိတုန်ခါနေတုန်းပင်ဖြစ်သည်။


ဝမ်ကျင်စန်းက သူ့မျက်လုံးကိုပိတ်လိုက်ပြီး အသက်ပြင်းပြင်းနှစ်ခါလောက်ရှူလိုက်ရကာ ထပ်ပြီးမေ့လဲသွားတော့မလိုပင် ဖြစ်လာတော့သည် ။


အဆုံးတွင် သူကသည်းခံလိုက်ကာ တုန်ရီစွာပြောလာလေသည်

‘‘ဘယ်လိုဖြစ်ရတာလဲ ၊ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နိုင်ရတာလဲ ဘာလို့စွမ်းအင်နဲ့ပတ်သက်ပြီး ပြသနာရှိလာရတာလဲ ’’


သတင်းကပြန့်သွားပြီဆိုမှတော့ သူတို့အနေဖြင့်ဖုံးကွယ်ရန်မဖြစ်နိုင်တော့ချေ။အခုတော့ ဒါကိုဖြေရှင်းဖို့သာ နည်းလမ်းရှာ‌ရပေမည်။


ဒါပေမယ့် 。。 ဖြေရှင်းဖို့နည်းလမ်းကို ဘယ်လိုရှာရမှာလဲ 


‘‘ရိရန် ’’ ဝမ်ကျင်စန်းက ဝမ်ရိရန်လက်ကို‌ဆုပ်ကိုင်လိုက်ကာ အမောတကြီးပြောလိုက်လေသည်။


‘‘မင်းအခုသွားပြီးတော့ ငါတို့ရဲ့အဆက်အသွယ်တွေကိုရှာခဲ့လိုက်၊ မစ္စတာလီကိုဖုန်းခေါ်ပြီးတော့ အချက်အလက်တွေပို့မှာကို မရရတဲ့နည်းနဲ့တားပေးဖို့ တောင်းဆိုလိုက်ပါ၊ ပြီးတော့မှ နည်းပညာအဖွဲ့နဲ့ PRတို့ကို အခုချက်ချင်းရေးလိုက်ဖို့ 。。。’’


ဝမ်ရိရန်က အာရုံစူးစိုက်ကာနားထောင်နေပြီး သူ့ရဲ့ထိတ်လန့်တုန်လှုပ်နေတဲ့ နှလုံးသားက အနည်းငယ်တည်ငြိမ်သွားတော့သည်။


အခုချိန်တွင် အလောတကြီးလုပ်နေလို့မရတော့ပေ။ပရောဂျက်ကို ပြန်ပြင်ရမယ်။သေချာပေါက် ပြန်ပြီးအဖတ်ဆယ်နိုင်ရမယ်။


‘‘စိတ်အနှောင့်အယှက် မဖြစ်နေပါနဲ့တော့ ’’

တံခါးဆီမှ အသံတခုထွက်လာခဲ့လေသည်။


လူတိုင်းကထိတ်လန့်သွားကာ လှမ်းကြည့်လိုက်ကြလေသည်။


xxxxx