Part 125
ကျန်းယဲ့က တံခါးဝတွင် သူ့အတွင်းရေးမှူးနှင့်အတူ ရပ်နေကာ သူ့မျက်နှာအပေါ်တွင် အပြုံးတခုရှိနေပေသည်။
‘‘ကျန်းယဲ့၊ မင်း。。မင်းဘာကိုပြောချင်တာလဲ ’’
ဝမ်ရိရန်က အတွေးဗလာဖြစ်သွားတော့သည် ။
‘‘ဘာကိုဆိုလိုရမှာလဲ သေချာပေါက် ငါက ငွေပြန်ပေးဖို့တောင်းဆိုဖို့ရောက်လာတာပေါ့ ငါတို့စာချုပ်ချုပ်ထားတဲ့အတိုင်းဘဲလေ ပရောဂျက်ကပြီးဆုံးသွားပြီလေ ငါရင်းနှီးမြုပ်နှံထားတာတွေနဲ့ အကျိုးအမြတ်တွေကို ငါ့ကိုပေးသင့်ပြီမဟုတ်ဘူးလား ’’
ကျန်းယဲ့က သူ့မျက်နှာပေါ်တွင်အပြုံးဖြင့်သာ အထဲသို့ဝင်လာခဲ့ပေသည် ။
‘‘အခုထိ ပရောဂျက်ကို လုံးဝမဖြန့်ဝေရသေးဘူးလေ’’
‘‘အဲ့ဒါက ငါနဲ့ဘာဆိုင်နေလို့လဲ ငါစာချုပ်ချုပ်ထားတာက ပရောဂျက်ပြီးတဲ့အထိဘဲလေ နောက်ပိုင်းဖြန့်ဝေနိုင်တာ မနိုင်တာက ငါနဲ့လုံးဝမဆိုင်ဘူး တကယ်တော့အကြွေးဆပ်ရမယ့်အချိန်က မရောက်သေးပါဘူး ငါကဒီအတိုင်းမင်းတို့ကိုလာပြီး သတိပေးဖို့လာခဲ့ရုံပါ ’’
ကျန်းယဲ့က သူ့မေးစေ့ကို ပွတ်လိုက်လေသည်။
မိုးကြိုးနဲ့ အပစ်ခံလိုက်ရသလိုဘဲ သူ့စိတ်ထဲတွင် အတွေးတချက်ပေါ်လာတော့သည်။ပိုင်းခြားထားတဲ့ အစိတ်အပိုင်းတွေအားလုံးက တခုတည်းအဖြစ်ပေါင်းစည်းသွားလေသည်။
ဝမ်ရိရန်က ဆတ်ခနဲထရပ်လိုက်ကာ အလန့်တကြားပြောလာတော့သည်။
‘‘ကျန်းယဲ့ မင်းဒီပရောဂျက်ကအလုပ်ဖြစ်မှာမဟုတ်ဘူးဆိုတာ အစတည်းကသိနေခဲ့တယ်မလား မင်းကငါတို့ကိုနောက်ကွယ်က ကြံစည်ထားတာဘဲ ’’
ကျန်းယဲ့က တိတ်ဆိတ်စွာဘဲပြုံးနေလိုက်လေသည်။
ဝမ်ကျင်စန်းက လေးလံစွာသက်ပြင်းရှိုက်လိုက်ကာ သူ့မျက်လုံးများက မဲမှောင်လာကာ မေ့လဲလုနီးပါးဖြစ်သွားပြန်သည်။သူကအဆုံးတွင် မေ့မလဲအောင်ထိန်းထားလိုက်ပြီး သူ့လည်ပင်းကိုဆန့်ထုတ်လာ ပြောလိုက်လေသည်။
‘‘ကျန်းယဲ့ ငါတို့ကြားမှာ ဘာရန်ငြိုးများရှိနေလို့လဲ ဘာဖြစ်လို့ ငါတို့ကိုလျို့ဝှက်ကြံစည်ပြီး ဒုက္ခရောက်အောင်လုပ်ရတာလဲ ’’
သူကသတင်းတွေကို အရင်ဦးစွာအချိန်မတိုင်ခင် သိနေခဲ့ပေသည်။ဒါပေမယ့် သတိပေးရမယ့်အစား သူတို့ကိုဒီအတိုင်းလွှတ်ထားလိုက်လေသည်။
ကျန်းယဲ့လည်း သူတို့ပရောဂျက်မှာရင်းနှီးမြုပ်နှံခဲ့လေသည်၊ တကယ်လို့ဝမ်မိသားစုသာ ပြိုလဲသွားရင် သူကဘာပြန်ရတော့မှာလဲ ဒါကအကျိုးမဖြစ်တဲ့ လုပ်ဆောင်မှုဘဲမဟုတ်ဘူးလား
‘‘ဆောရီးပါ ကျွန်တော်ကအမိန့်အတိုင်းလုပ်နေရုံပါ ဘောစ့်ကလုပ်ဖို့ပြောလာရင် ဘာမဆိုကျွန်တော်လုပ်ရမှာဘဲ ’’
ကျန်းယဲ့က မျက်တောင်ခတ်လိုက်ပေသည်။
‘‘မင်းရဲ့ဘောစ့် 。。。’’ ဝမ်ကျင်းစန်းက ထိတ်လန့်သွားလေသည်
‘‘ဘယ်သူက မင်းရဲ့ဘော့စ်လဲ ’’
ကျန်းယဲ့က သူ့မျက်မှန်ကိုတွန်းတင်လိုက်ကာ ပွဲကြီးပွဲကောင်းကြည့်နေသကဲ့သို့ အမူအရာဖြင့်ရှိနေပေသည်။
‘‘ကျွန်တော်ဘောစ့်လား အာ သူက。。ဟားဟား
ဘာလို့ကျွန်တော်က ခင်ဗျားတို့ကိုပြောပြရမှာလဲ ဒီနေ့ရောက်လာတာက ပိုက်ဆံပြန်ပေးလာဖို့ လာတောင်းဆိုရုံဘဲ ၊ခင်ဗျားဒေဝါလီခံသွားပြီးရင် ကျွန်တော့်ပိုက်ဆံတွေကို ပြန်ရနိုင်မှာမဟုတ်တော့ဘူးလေ’’
သူ့စကားလုံးများက ဝမ်ရိရန်ကိုဒေါသများနှင့် မဲမှောင်လာစေပေသည်။သူလဲကျတော့မလိုပင်ဖြစ်သွားက ဆေးရုံအိပ်ရာကိုကိုင်ပြီးပြန်ထိန်းလိုက်ရပေသည်။
လူနာအိပ်ရာပေါ်တွင်တော့ ဝမ်ကျင်စန်းက အသက်
ပြင်းပြင်းရှူလိုက်ကာ ကျန်းယဲ့ကိုစိုက်ကြည့်လာလေသည်။
‘‘ကျန်းယဲ့ ငါတို့ဝမ်မိသားစုက ဒီအတိုင်းကျရှူံးသွားမှာမဟုတ်ဘူး ၊ XXX စွမ်းအင်နဲ့ပတ်သက်ပြီး ဘာပြသနာမှမရှိနိုင်ဘူး ဘာကိုပေါက်ကွဲနိုင်တဲ့အခွင့်အ
ရေးရှိရမှာလဲ သုတေသနလုပ်နေတဲ့အစကတည်းက ဘာပြသနာမှရှိမလာခဲ့ဘူး ။ဘယ်သူမှလည်း ကင်ဆာမဖြစ်သွားဘူးလေ ၊ပြီးတော့ XXX စွမ်းအင်နဲ့အလုပ်လုပ်နေတာ ငါတို့ကုမ္ပဏီတခုထဲမဟုတ်ဘူး ယွီတင်းဆို ဒါနဲ့ပတ်သက်ပြီး ပိုနက်နက်ရှိုင်းရှိုင်းတောင် လုပ်နေကြတာ ၊ ယွီတင်းက ဒီလိုသတင်းတွေ ပြန့်ခွင့်ပေးမှာမဟုတ်ဘူး ’’
ကျန်းယဲ့က ကျယ်လောင်စွာအော်ရယ်လိုက်တော့သည်
‘‘ဟားဟားဟားး ကျွန်တော်ပြောပါတယ် ဝမ်ကျင်စန်း၊ခင်ဗျားက တကယ်ကိုအိုမင်းသွားပြီဘဲ အခုထိဘာတွေမှားနေတာလဲဆိုတာ ခင်ဗျားက ရှာမတွေ့သေးဘူး ၊ဆိုစမ်းပါအုံး ခင်ဗျားဒီပရောဂျက်ကို လုပ်လာတာက ယွီတင်းလည်းဘဲ ဒါမျိုးပါဝင်နေလို့လား
ခင်ဗျား ယွီတင်းရဲ့ဘောစ့်အမြင်ကနေ ကြည့်ပြီးတွေးလိုက်စမ်းပါ တကယ်လို့သူသာ တကယ်လုပ်နေတယ်ဆိုရင် ဘာလို့ ဘာအကျိုးအမြတ်ကြီးကြီးမှမထွက်ဘဲနေမှာလဲ ’’
ဝမ်ကျင်စန်းမျက်နှာက နစ်မြုပ်သွားကာ ကျန်းယဲ့ကိုစိုက်ကြည့်လိုက်လေသည်။
ဝမ်ရိရန်လည်းဘဲ ကျန်းယဲ့ကိုကြည့်လိုက်ကာ သူတို့ရင်ထဲတွင် ဖြစ်လာမည့်အရာကို ကြိုတင်သိနေပေသည် -ကျန်းယဲ့က ဘာကောင်းသည်အရာကိုမျှ ပြောလာမည်မဟုတ်ပေ ။
သေချာပေါက်ပင် ကျန်းယဲ့က ခေါင်းခါလိုက်ပေသည်။
‘‘ယွီတင်းက XXXစွမ်းအင်ကို သုတေသနလုပ်နေတယ်လို့ ဘယ်သူပြောလာတာလဲ ၊သူတို့ကခင်ဗျားထက်အရင်စလာခဲ့ရင် ခင်ဗျားကရလဒ်တွေတောင်ထုတ်ပြီးသွားပြီ။ တကယ်တမ်း ယွီတင်းသာ ဒါကိုသုတေသနလုပ်နေရင် ဘာလို့ရလဒ်မထွက်ဘဲနေမှာလဲ ။နောက်ပြီးတော့。。ခင်ဗျားရဲ့ သုတေသနလုပ်
ငန်းစဉ်က လမ်းကြောင်းအတိုင်း အဆင်ပြေပြေ သွားနေတယ်လို့ ဘယ်သူကများပြောလာတာလဲ။ XXXစွမ်းအင်နဲ့ပတ်သက်ပြီး ဘာပြသနာမှမရှိဘူးတဲ့လား ။သုတေသနအဖွဲ့တခုက စူးစမ်းရှာဖွေဖို့အရမ်းလွယ်ကူတယ်လို့များ ထင်နေတာလား တကယ်ဘဲခင်ဗျားရဲ့အဖွဲ့က လုပ်နိုင်စွမ်းရှိတယ်လို့တွေးနေတာလား ’’
သူက ဒါကိုပြောလိုက်တဲ့အချိန်တွင် ဝမ်ယွီကိုရင်ထဲမှနေ၍လေးစားမိပေသည်။
လျို့ဝှက်ကြံစည်ရန်အတွက် တွက်ချက်မှုအားလုံးက တိကျနေမှဖြစ်ပေမည်။ပုံစံကို အချိန်အကြာကြီးပြင်ဆင်လာခဲ့ပြီးမှ တဆင့်ပြီးတဆင့်လုပ်လာခဲ့ပေသည်။သူက ဝမ်မိသားစုထောင်ချောက်ထဲဝင်လာစေရန် ကူညီပေးရသည်မှာ တဆင့်ပြီးတဆင့် ဒေဝါလီခံရတဲ့အချိန်ထိပင်ဖြစ်သည်။
‘‘မဟုတ်ဘူး၊မင်းကပေါက်တတ်ကရတွေလိုက်ပြောနေတာ ’’
ဝမ်ကျင်စန်းက ဆေးရုံအိပ်ရာက ခုန်ထွက်မတတ်ပင်ဖြစ်လာကာ သူ့နဖူးရှိသွေးကြောများပါထောင်လာလေသည်။သူ့မျက်လုံးများက အပြင်သို့ထွက်ကျမတတ်ပင် ပြူးကျယ်လာတော့သည်။
‘‘မဖြစ်နိုင်ဘူး လုံးဝကိုမဖြစ်နိုင်ဘူး ’’
ဝမ်ရိရန်မျက်နှာကလည်း မယုံကြည်နိုင်မှုတွေနှင့် ပြည့်နှက်နေပေသည်။သူက ကျန်းယဲ့ကို သေစေနိုင်လောက်အောင် စိုက်ကြည့်လာကာ ‘‘မင်းဘာကိုပြောချင်တာလဲ ၊တယောက်ယောက်က ငါတို့ကိုကြံစည်နေတယ်တဲ့လား ဟိုးအစကတည်းကလေ ’’
သူက ဒါကိုမယုံနိုင်ပေ။ဘယ်သူကများ ဒါမျိုးလုပ်နိုင်မှာလဲ
ဒါပေမယ့်သူ့ရင်ထဲအနက်ရှိုင်းဆုံးနေရာတွင် အခြားသံသယတခုက တဖြည်းဖြည်းမြင့်တက်လာခဲ့ပေသည်။
‘‘မဟုတ်ဘူး ချီမိသားစုထွက်ခွာသွားတုန်းက မင်းငါတို့နဲ့ရှိနေခဲ့တာ 。。。’’
ဝမ်ရိရန်က ရုတ်တရက်ခေါင်းခါလိုက်လေသည်။
‘‘ချီမိသားစုရဲ့ ပူးပေါင်းမှုဖျက်သိမ်းလိုက်တာက တကယ်တော့အတွင်းဘက်မှာ အကြံစည်ရှိနေတာလား ’’
‘‘ယိုးး မင်းကအတော်လေးတော့ ထက်မြက်သားဘဲ ဒါပေမယ့်ကံမကောင်းစွာဘဲ နောက်ကျသွားပြီလေ မင်းမြင်လား ချီမိသားစုရဲ့လူတွေက တောတောင်တွေရှိနေသရွေ့ မီးလောင်ဖို့အတွက်ထင်းလုပ်ဖို့ဖြစ်နိုင်သေးတယ်ဆိုတာ သိကြတယ် ’’
ကျန်းယဲ့က လက်ခုပ်တီးလိုက်ပေသည်
(T/n : အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ရှိသေးတယ်ဆိုတဲ့ သဘောပါ )
‘‘မင်း ငါတို့ကိုညာခဲ့တာဘဲ ဟုတ်တယ်မလား ၊ကျန်းယဲ့ မင်းကမီးလောင်နေတဲ့အိမ်ကိုမှ လုယက်ချင်နေ တာဘဲ ’’
ဝမ်ကျင်စန်းက မယုံနိုင်စွာ သူ့ခေါင်းကိုဆတ်ခနဲခါလိုက်လေသည်။သူ့လက်ကို အိပ်ရာပေါ်ထုလိုက်ကာ မူးဝေလာသလိုခံစားလိုက်ရပေသည်
(T/n : တယောက်ယောက်ကံမကောင်းတာကို အမြတ်ထုတ်ချင်နေတာမျိုး )
ယွီတင်းက XXXစွမ်းအင်ကို စူးစမ်းလေ့လာမှုမလုပ်ခဲ့ပေ။သူတို့ရှာတွေ့လာတဲ့ အဖွဲ့က ပြသနာရှိနေခဲ့လေသည်။အရာအားလုံးက အလွန်အမင်းချောမွေ့နေခဲ့သည်မှာ နတ်ဘုရားများကူညီနေလို့ပင်ဟုထင်ရပေသည် ။ချီမိသားစုရဲ့ထွက်ခွာမှု၊ ကျန်းယဲ့ရဲ့ချေးငွေတွေ ၊ သုတေသနက ပြည်ပကနေထွက်ပေါ်လာခဲ့တာ。。。
ဒီအရာအားလုံးကို အတူတကွစုစည်းလိုက်တဲ့အခါမှာတော့ အလွန်အမင်းပင်ကြောက်မက်ဖွယ်ကောင်းလာပေသည်။သူအနေဖြင့် ဒါကိုမယုံကြည်နိုင်ပေ။ပြီးတော့ သူဒါကို မယုံကြည်ချင်ပေ။
ဒါပေမယ့် သူတို့စီးပွားရေးလောကထဲမှာ ကျင်လည်နေခဲ့တာ အတော်ကြာနေပြီဖြစ်သည်။သဲလွန်စအားလုံးကို စုစည်းလိုက်တဲ့အခါမှာတော့ ဘယ်သူမဆို တွေးနိုင်ပေသည်။သူတို့ကထောင်ချောက်မိသွားခဲ့လေသည် ။
တစုံတယောက်က အချိန်အကြာကြီးကတည်းက သူတို့အပေါ် လျို့ဝှက်ကြံစည်နေခဲ့ပေသည်။
သူတို့က ဒီပရောဂျက်ပေါ်မှာ အလုံးစုံကိုရင်းနှီးမြုပ်နှံထားခြင်းဖြစ်ပေသည်။ပိုက်ဆံကိုဆုံးရှူံးသွားနိုင်ပေမယ့်လည်း ဝမ်မိသားစုအနေဖြင့် အဲ့ဒါကိုတတ်နိုင်ရုံလောက်သာ ရှိသည်။သို့သော်လည်း ပရောဂျက် မဖြန့်ဝေရသေးခင် ကျရှူံးသွားလေရာ ဒါကအရာအားလုံးကိုဆေးကြောလိုက်သကဲ့သို့ ဖြစ်သွားကာ သူတို့အနေဖြင့် တစ်ကျပ်ကလေးတောင်မှပြန်မရနိုင်တော့ပေ။
ဒါကဝမ်မိသားစုတွင် ဘာမှမရှိတော့သကဲ့သို့ပင် ဖြစ်ပေသည်။
ဝမ်ရိရန်က လက်သီးကို ပြင်းထန်စွာဆုပ်လိုက်ပြီး သူ့စိတ်ထဲမှာတော့ အချိန်အကြာကြီး သူ့ရင်ထဲမှာရှိနေခဲ့တဲ့ အရာများကထပ်မံပြီး အတူတကွစုစည်းသွား တော့သည်。。。
‘‘ဝမ်ယွီ၊ ယွီတင်း。。。’’ ဝမ်ရိရန်က အသံနိမ့်နိမ့်နှင့် တီးတိုးဆိုလိုက်ပြီးနောက် ရှေ့သို့ထွက်ကာ ကျန်းယဲ့၏အင်္ကျီလည်ပင်းကို ဆွဲကိုင်လိုက်တော့သည်
‘‘ငါ့ကိုပြောစမ်း ဝမ်ယွီနဲ့ယွီတင်းက ဆက်စပ်နေတာလား ’’
အစပိုင်းတွင် ချီမိသားစုက သူတို့ကိုပြောပြခဲ့ပေသည်
ဝမ်ယွီက ထင်သလောက်ရိုးရှင်းမနေဘဲ ယွီတင်းနဲ့အကြောင်းအမျိုးမျိုးကြောင့် ဆက်စပ်နေနိုင်တယ် ဟူ၍ဖြစ်သည်။
ဒါပေမယ့် အဲ့ဒီအချိန်တုန်းက သူတို့ကဒါကိုအလေးအနက်မယူခဲ့ကြပေ။
ဝမျယှီလား...
ဆေးရုံခန်းထဲတွင်ရှိနေတဲ့ လူအားလုံးက မယုံကြည်နိုင်မှုကြောင့် ထိတ်လန့်သွားကြတော့သည် ။
ကျန်းယဲ့က ဝမ်ရိရန်ကိုတွန်းထုတ်လိုက်ကာ သူဘာမှမပြောရသေးခင်မှာဘဲ တံခါးဆီမှအသံနောက်တခုကထွက်ပေါ်လာခဲ့ပေသည်
‘‘ကောင်းလိုက်တဲ့ပြပွဲဘဲ ၊ဘယ်လိုတောင်အံ့ဩဖို့ကောင်းရတာလဲ ’’
ဒီစကားတွေ ကျရောက်လာသည့်အချိန်တွင် ဝမ်ယွီက ချီကျန်းကျန်းကိုဆွဲကာ ဝင်လာခဲ့လေသည်။သိသာစွာပင် သူကစိတ်ကောင်းဝင်နေပေသည်။သူ့ရဲ့ ပုံမှန်ဆိုရင် အမူအရာကင်းမဲ့နေတဲ့ မျက်နှာထားက အခုတော့လှောင်ပြောင်မှုတို့ ယှက်သန်းနေလေသည်။
သူကိုယ်တိုင်လာကာ သူ့မိသားစုဝင်တွေရဲ့ မျက်နှာကိုကြည့်ချင်ပေသည်။ပြီးတော့ သူ့အဖေက အရာအားလုံးဆုံးရှူံးသွားတာကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကိုရော ၊သူ့မိထွေးလည်း ဘယ်လိုရင်ဆိုင်လာမလဲဆိုတာကို သိချင်မိပေသည်။
ဝမ်ယွီဝင်လာတာကို ကျန်းယဲ့တွေ့လိုက်တာနဲ့တပြိုင်နက် သူကမတ်မတ်ရပ်လိုက်ကာ လေးစားမှုကိုပြရင်းဖြင့် အလုပ်ရှုပ်နေပေသည်။မျက်တောင်ခတ်လိုက်ကာ မယုံကြည်နိုင်ဖြစ်နေသော ဝမ်မိသားစု၏
ရှေ့တွင် သူခေါ်လိုက်သည်မှာ。。。。
‘‘ဘောစ့် ၊ ဘောစ့်ဇနီးလည်း ဒီကိုလိုက်လာတာဘဲ’’
xxxxx