Part 126
ဘောစ့်နဲ့ ဘောစ့်ဇနီးဆိုပြီး ခေါ်လိုက်တဲ့အသံက ဆေးရုံအခန်းထဲက လူအားလုံးကို မူးမေ့မတတ်ဖြစ်သွားစေတော့သည်။
ချီကျန်းကျန်းက အခုထိစိတ်ရှုပ်ထွေးနေတုန်း ဖြစ်ပေသည်။
ဘာတွေဖြစ်ကုန်တာလဲ ၊ဘာလို့ဒီနေ့မှာ ရှင့်ရဲ့အထောက်အထားမှန်ကိုဖော်ပြလိုက်ရတာလဲ၊ဝမ်မိသားစု ဒေဝါလီခံဖို့က လအနည်းငယ်လောက်လိုနေသေးတယ်မဟုတ်ဘူးလား
သူမက အရမ်းစိတ်ရှုပ်ထွေးနေပေမယ့်လဲ အရမ်းတိတ်ဆိတ်နေကာ လူတိုင်းကို တိတ်တဆိတ်ကြည့်နေလိုက်သည်။
ဝမ်ရိရန်ရဲ့ တကိုယ်လုံးကတုန်လှုပ်လာကာ သူကဝမ်ယွီကိုလက်ညှိုးထိုးလာပြီး သူ့လက်ချောင်းများက တုန်ရီနေလေသည်
‘‘အဲ့ဒါမင်း。。。。ဒါတွေအားလုံးကို မင်းလုပ်ခဲ့တာလား ၊မင်းက ယွီတင်းအတွက်ဘယ်လိုလူမျိုးလဲ ’’
ကျန်းယဲ့က ပြုံးလိုက်လေသည်
‘‘ငါကသူ့ကို ဘော့စ်လို့ခေါ်မှတော့ သေချာပေါက်ကို ဆိုလိုချင်တာက သူကယွီတင်းရဲ့ဘောစ့်ဘဲလေ ’’
‘‘မဟုတ်ဘူး လုံးဝမဖြစ်နိုင်ဘူး’’
ဒီစကားလုံးတွေကို ဝမ်ကျင်စန်းက အံကြိတ်ကာထပြောလာခြင်းဖြစ်သည်
ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ
ဘယ်လိုလုပ်ပြီး ဝမ်ယွီက ယွီတင်းရဲ့ဘော့စ် ဖြစ်နိုင်မှာလဲ ၊ဘယ်လိုလုပ်ပြီး သူက ဒီလောက်လုပ်နိုင်စွမ်းရှိနိုင်မှာလဲ。。。
‘‘ဒါကဘာကြောင့် မဖြစ်နိုင်ရတာလဲ ခင်ဗျားကတကယ်ကို အိုသွားပြီဘဲ၊ ဘော့စ်က ယွီတင်းကို ခင်ဗျားရဲ့နှာခေါင်းအောက်မှာတင် တယောက်တည်းတည်ထောင်လာခဲ့တာ ဒါပေမယ့်ခင်ဗျားက ဘာမှမသိခဲ့ဘူးဘဲ。。ကျစ် ကျစ် ဒီလိုအခြေအနေမျိုးနဲ့ ခင်ဗျားအဆုံးသတ်သွားတာ မအံ့ဩတော့ပါဘူး ’’
ကျန်းယဲ့က လက်ခုပ်တီးလိုက်ကာ အပြုံးတခုနှင့် ခေါင်းခါလိုက်လေသည်။
‘‘မဟုတ်ဘူး ငါဒါကိုမယုံဘူး ’’
ဝမ်ရိရန်က ခေါင်းခါလိုက်ကာ နောက်ကိုဆတ်ခနဲဆုတ်လိုက်လေသည်။သူကအိပ်ရာနဲ့တိုက်မိကာ ကြမ်းပြင်ပေါ်သို့လဲကျသွားတော့သည်။
ဝမ်မိသားစုက အခုလိုဖြစ်သွားရကာ ဝမ်ယွီက ယွီတင်းရဲ့ဘော့စ်ဖြစ်နေလေသည်။သူက အရာအားလုံးကို နောက်ကွယ်ကကြံစည်ခဲ့လေသည်。。。
အမြဲတမ်းထိပ်ဆုံးမှာရှိနေခဲ့တဲ့ ဝမ်ရိရန်က ဘယ်လိုလုပ်ပြီး ဒါကိုလက်ခံနိုင်မှာတဲ့လဲ
ရှုဝေအတွက်လည်း အတူတူပင်ဖြစ်ပေသည်။သူမက တုန်ရီသွားကာ အပြေးအလွှားပင်ရှေ့ထွက်လာပြီး အံကြိတ်ကာပြောလာလေသည်။
‘‘နင်က အဓိပ္ပါယ်မရှိတာတွေ ပြောနေတာဘဲ ၊ နင်ကဒီအတိုင်းလိုတာထက်ပိုပြီးတောင် အမှိုက်ကောင်ဖြစ်နေတာလေ၊ ဘယ်လိုဖြစ်ပြီး နင့်မှာဒီလောက်လုပ်နိုင်စွမ်းရှိရမှာလဲ နင်ကဝမ်မိသားစုကို လျို့ဝှက်ကြံစည်နိုင်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ’’
ကျန်းယဲ့နဲ့ သူ့အတွင်းရေးမှူးက သူမကိုတားလိုက်ကြလေသည်။
ဝမ်ယွီကပြုံးလိုက်ကာ သူ့လက်များက အနည်းငယ်တင်းကြပ်သွားလေသည် ။
ချီကျန်းကျန်းက ဝမ်မိသားစု စောစောစီးစီး လဲပြိုသွားတာနဲ့ ပတ်သက်ပြီး စိတ်ရှုပ်ထွေးနေတုန်းဖြစ်ပေသည်။ သို့သော်လည်း ဝမ်ယွီလက်တွေက တင်းကြပ်လာတာကို သူမခံစားလိုက်မိတဲ့နောက် သတိပြန်ဝင်လာကာ သူ့လက်နောက်ဘက်ကို ညင်သာစွာ ပုတ်ပေးလိုက်တော့သည် ။
သူမက သူ့ကိုနားလည်နိုင်ပေသည်။ကလေးဘဝတည်းက ရှုဝေက သူ့ကိုဒီလိုမျိုး စော်ကားပြောဆိုနေခဲ့ခြင်းဖြစ်ပေသည်။သူကဒါကို ဂရုမစိုက်တော့ဘူးဆိုပေမယ့်လည်း ဒီလိုထပ်ကြားလိုက်ရတာက သူ့ကိုခနလောက်တွေဝေသွားတာမျိုးကို ဖြစ်စေနိုင်လေသည်။သူ့၏ကြမ်းတမ်းခဲ့သော ငယ်ဘဝအားပြန်သတိရလာအောင်နိုးဆွနေသလိုပင်。。。
သူ့လက်နောက်ဘက်က နွေးထွေးမှုက ဝမ်ယွီကို သတိပြန်ဝင်သွားအောင် လုပ်ဆောင်ပေးလာလေသည်။သူက သူ့တို့လက်ချောင်းများကိုယှက်လိုက်ကာ ချီကျန်းကျန်းအား တင်းကြပ်စွာ ဆုပ်ကိုင်လိုက်လေသည်။
သူက ဆေးရုံခန်းထဲမှာရှိနေတဲ့ လူများအားတချက်ကြည့်ကာပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။
‘‘ဘာမှစိတ်ဒုက္ခရောက်မနေပါနဲ့တော့ ပရောဂျက်အသစ်က ဖျက်သိမ်းလိုက်ရတော့မှာ၊အချက်အလက်
တွေက မနက်ဖြန်မှာထွက်လာလိမ့်မယ်။အဆင်သင့်ပြင်ထားလိုက်ပါ。。。ပိုင်ဆိုင်မှုတွေကို ဖမ်းဆုပ်ထားဖို့လေ၊ခင်ဗျားတန်ဖိုးအထားဆုံး အရာတွေအားလုံးကိုပေါ့ ။နောက်ဆုံးမှာ ဘာမှကျန်ခဲ့မှာမဟုတ်ဘူး ’’
ဝမ်ရိရန်က သူ့ကိုယ်သူတည်ငြိမ်စေရန်အတွက် အသက်ပြင်းပြင်းရှူလိုက်ရလေသည်။ သူကဝမ်ယွီကိုကြည့်ကာ ထရပ်လိုက်လေသည်။
‘‘ဝမ်ယွီ ဒါဆိုမင်းက ယွီတင်းကိုတည်ထောင်ခဲ့တာပေါ့၊ ဝမ်မိသားစုကို ထောင်ချောက်ဆင်ခဲ့တာလဲမင်းဘဲ ၊ငါတို့ဝမ်မိသားစုရဲ့ ပရောဂျက်ကိုချောချောမွေ့မွေ့ ဆက်သွားနေအောင်မင်းဘဲ ကူညီခဲ့ပြီး အရာအားလုံးကို ဝမ်မိသားစုလက်ထဲ ထိုးထည့်ပေးလာတာဘဲ။
ဘာကိုနတ်ဘုရားတွေက စောင်မတာလဲ၊တကယ်တော့ မင်းက လှေကို ရေစီးကြောင်းအတိုင်းမျောပါစေပြီး ငါတို့ကိုပျက်စီးသွားစေမယ့် လမ်းမပေါ်တင်ပေးလိုက်တာမလား ’’
(T/n :ကိုယ့်ရဲ့အကျိုးအတွက် အခြေအနေတခုခုမှ အခွင့်ကောင်းယူခြင်း )
အခန်းထောင့်တွင်တော့ အန်းချင်ယု၏ကိုယ်က တုန်ရီနေကာ မယုံနိုင်လောက်အောင် ထိတ်လန့်နေသော အသံဖြင့်ပြောလာလေသည်။
‘‘နင် ဝမ်ကျန်းအိမ်ရာမှာနေနိုင်တာက ဘာလို့လဲဆိုတော့ ဝမ်ကျန်းအိမ်ရာကအစကတည်းက နင့်ဟာဖြစ် နေလို့ဘဲ ၊ ချီကျန်းကျန်းရဲ့ နက်ရှိုင်းသောပင်လယ်လည်ဆွဲကလည်း နင်ပေးထားတာမလား၊ပြီးတော့。。。ဟုတ်တယ် လျိုမိသားစုကိစ္စလည်းရှိသေးတယ် ’’
သူမကတုန်လှုပ်သွားကာ ချီကျန်းကျန်းကို ကြည့်လာလေသည်။
‘‘နင်သိတယ်မလား၊ ဒါတွေအားလုံးကိုနင်သိနေခဲ့တာဘဲ ။နင်ဝမ်ယွီကိုရွေးချယ်လိုက်တာက သူက ယွီတင်းရဲ့ တည်ထောင်သူဖြစ်နေလို့ဘဲ ’’
ချီကျန်းကျန်းက ရုတ်တရက်ကြီး ဝမ်ရိရန်ကိုအထင်
အမြင်သေးသွားပြီး ဝမ်ယွီနဲ့အတူရှိသွားတာက အံ့ဩစရာရှိမနေတော့ဘူး
ဒီလိုဖုံးကွယ်ထားမှုနဲ့ တွက်ချက်နိုင်မှုတွေနဲ့ဆို ဝမ်မိသားစုက ကယ်တင်လို့ရနိုင်ပါ့မလား
‘‘မကောင်းတဲ့ကောင်၊ မကောင်းဆိုးဝါး အရင်ကတည်းက ငါမင်းကိုသေတဲ့အထိ လည်ပင်းညှစ်သတ်ခဲ့ရမှာ ’’
ဝမ်ကျင်စန်းက မခံမရပ်နိုင်ဖြစ်ပြီး အော်ဟစ်လာကာ
သူ့မျက်နှာက အပြာရောင်ကိုတောင် ရောင်ကိုင်းလာခဲ့ပေသည်။
ဝမ်ယွီက တည်ငြိမ်စွာဘဲ ပြောလာလေသည်။
‘‘ခင်ဗျားတို့က ကျွန်တော့်ကို သေစေချင်နေတာမလား စိတ်မကောင်းပေမယ့် ကျွန်တော်က အခုထိ
အသက်ရှင်နေတုန်းပါဘဲ ၊သေမယ့်သူက ခင်ဗျားဘဲဖြစ်လိမ့်မယ် ဒါပေမယ့် ကျွန်တော်က ခင်ဗျားတို့ကို လွယ်လွယ်နဲ့ သေခွင့်ပေးမှာမဟုတ်ပါဘူး ကျွန်တော်လိုချင်တာက。。。သေတာထက် ပိုဆိုးတဲ့ဘဝမှာ နေကြဖို့ဘဲ ’’
သူကအရမ်းတည်ငြိမ်နေပြီး ဖြောင့်တန်းစွာရပ်နေကာ အမူအရာကင်းမဲ့နေလေသည်။ဒါပေမယ့် သူ့မျက်လုံးထဲမှာတော့ စူးရှနေပြီး မုန်းတီးနေတဲ့အရိပ်အယောင်များ ပြည့်နှက်နေလေသည်။
သူ့ရဲ့ ပုံစံမှန်ကိုဖော်ထုတ်လိုက်ပြီးကတည်း မျက်စိမဖမ်းစားနိုင်အောင်လုပ်ထားတဲ့ အရေခွံကပါ ပျောက်ကွယ်သွားကာ အလွန်ကိုသာမာန်ထက်ထူးခြားနေသည့်ပုံစံသို့ ပြောင်းသွားသည့်ပုံပေါ်လေသည်။
တချက်ကြည့်လိုက်ရုံနဲ့တင် ဒီလူကပုံမှန်လူမဖြစ်နိုင်ဘူး ဆိုတာသိနိုင်ပေသည်။
‘‘မကောင်းတဲ့ကောင်၊ တိရစ္ဆာန်လိုကောင် ’’
ဒါက ဝမ်ကျင်စန်းအခုချိန်မှာ ပြောနိုင်သည့်တခုတည်းသော အရာသာဖြစ်ပေတော့သည်။
ဝမ်ယွီက နှာခေါင်းရှူံ့လိုက်ပြီး ဝမ်မိသားစု၏ ရူးသွပ်နေသောပုံစံများကိုကြည့်နေလိုက်သည်။သူ့ရင်ထဲက ခံစားချက်တွေက တဖြည်းဖြည်းနိမ့်ကျသွားကာ အဲ့ဒါက အတော်လေးပျင်းဖို့ကောင်းတယ်လို့သာ ခံစားလာရပေသည်။
သူက လှည့်လိုက်ကာ ချီကျန်းကျန်းကို ကြည့်လာပြီး နူးညံ့စွာပြောလိုက်လေသည်
‘‘ကိုယ်တို့ ကြည့်လို့ပြီးပြီ။ သွားရအောင် ဒီနေ့လည်အတွက် ဘာစားချင်တာရှိလဲ ။စားသောက်ဆိုင်ကိုသွားမလား၊မဟုတ်ရင်အိမ်မှာဘဲစားမလား ’’
‘‘ဟမ်..နှစ်ခုလုံး ’’ ချီကျန်းကျန်းက ထိတ်လန့်နေတုန်းပင်ဖြစ်ပေသည်။
ဒါကဒီလိုဘဲပြီးသွားတာလား
အိုး ဟုတ်သားဘဲ ၊ အခုဝမ်မိသားစုက အမှန်တရားကိုသိသွားပြီဆိုမှတော့ သူတို့ရင်ထဲက ဒေါသတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေက သဘာတကျကျဘဲ အသံတိတ်ကိုထွက်လာနေမှာ。。。
ပြီးတော့ သူတို့ဒေဝါလီခံရမှာလဲ သေချာနေမှတော့ နေ့ရက်တိုင်း၊အချိန်တိုင်း နောက်လာမယ့်နေ့ရက်အနည်းငယ်လောက်ကို စိတ်ဆင်းရဲစွာနေနေရမှာဖြစ်သည်။
xxxxxxx