Part 127
‘‘မဟုတ်ဘူး၊နင်သွားလို့မရဘူး ချီကျန်းကျန်း နင်မသွားရဘူး ’’
အန်းချင်ယုက အပြေးအလွှားပင်ရှေ့ကို ပြေးထွက်လာခဲ့လေသည်။
ကျန်းယဲ့နဲ့ သူ့အတွင်းရေးမှူးက အရူးအမူးဖြစ်နေသော ရူဝေကိုတားနေတာကြောင့် အန်းချင်ယုကို ချီကျန်းကျန်းဆီသို့ သွားနိုင်ရန် ခွင့်ပြုသွားသလိုဖြစ်သွားပေသည်။
သူမက ချီကျန်းကျန်းအပေါ်ကိုခုန်အုပ်မိတော့မလိုဖြစ်သွားပေမယ့်လည်း ချီကျန်းကျန်းအနောက်မှာရှိနေတဲ့ ဝမ်ယွီက အေးစက်စွာတွန်းလာတာကို ခံလိုက်ရလေသည်။
‘‘ထွက်သွားစမ်း ’’
ဝမ်ယွီက ဆူငေါက်လာကာ သူ့မျက်လုံးများက ဒေါသတွေနှင့်ပြည့်နေလေသည်။
အန်းချင်ယုက ဒေါသတကြီးမာန်မဲလာတော့သည်။
‘‘ချီကျန်းကျန်း နင်ဒါကိုရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာမလား၊ နင်ကတမင်တကာကို ငါ့ကိုဝမ်မိသားစုထဲ လက်ထပ်ဝင်စေပြီး ဝမ်မိသားစုကိုဒေဝါလီခံအောင်ဖြစ်စေလိုက်တယ်ပေါ့။နင်အရင်ကတည်းက ဝမ်ယွီရဲ့သရုပ်မှန်ကိုသိနေတယ်မလား ဒါကြောင့်ဝမ်ရိရန်ကို အထင်အမြင်သေးသွားတာဘဲ ။အရင်တုန်းက သေချာပေါက်ကိုနင်သူ့ကို အရမ်းချစ်နေခဲ့တာလေ ဟုတ်တယ်မလား ’’
သူမ ချီကျန်းကျန်းကို အရမ်းမုန်းတယ်
ခုနက သူမက တွေဝေနေခဲ့ပေသည်၊ သေချာပေါက်ပင် သူမချမ်းသာတဲ့မိသားစုထဲကို ဝင်နိုင်ခဲ့ပါရက်နဲ့ ရုတ်တရက်ကြီး ဘာလို့ဒီလိုဖြစ်သွားရတာလဲ
ဒါက ဝမ်မိသားစုကိုလက်ထပ်မဝင်နိုင်တာထက်ပင် ပိုပြီးစိတ်တိုစရာ ကောင်းပေသည်။တကယ်လို့ သူမသာဝမ်မိသားစုထဲကို မဝင်နိုင်ခဲ့ရင် နောင်တရမှာဖြစ်ပေသည်။သို့သော်လည်း သူမက ဝမ်မိသားစုထဲကို ဝင်နိုင်ခဲ့ပြီးမှ ဝမ်မိသားစုက ဒေဝါလီခံလိုက်ရလေသည်။
ဒါဆိုရင် သူမကလည်း ဝမ်မိသားစုနှင့်အတူ အကြွေးများကို ခေါင်းခံရပေမည်။
ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ
သူမရဲ့ မဒမ်ဝမ်ဆိုပြီး ပိုင်ဆိုင်သင့်တဲ့အရာတွေကိုတောင် ကောင်းကောင်းမပျော်မွေ့ရသေးဘူးလေ။
သူမမှာ ဘာမှမရှိတော့ဘူးတဲ့လား
သူမနှုတ်ခမ်းကိုကိုက်လိုက်ကာ အကိုက်ခံရလွန်းလို့ နှုတ်ခမ်းကနေ သွေးများထွက်လာပေမယ့်လည်း သူမ ဂရုမစိုက်နိုင်ပေ။သူမက ကိုယ်ဝန်လွယ်ထားရတာကိုလည်း ဂရုမစိုက်တော့ပေ။သူမက ချီကျန်းကျန်းကို သေတဲ့အထိကိုက်သတ်ချင်နေသကဲ့သို့သာ စိုက်ကြည့်နေလေသည်။
ဒါတွေက လူတွေကဘယ်လိုဆိုတာပင်ဖြစ်သည်။ဝမ်ယွီက သူမကို ကြောက်ရွံ့စေသည့်အတွက် သူမကဝမ်ယွီကိုထိခိုက်အောင်မလုပ်နိုင်ပေ။ဒါကြောင့် ချီကျန်းကျန်းကို ထိခိုက်အောင်လုပ်ချင်နေပေသည်၊。。。
ဝမ်ရိရန်လည်းဘဲ အထိတ်တလန့်ဖြစ်သွားကာ ချီကျန်းကျန်းကို စိတ်ရှုပ်ထွေးနေသော မျက်လုံးများဖြင့် ကြည့်လာလေသည်။
ချီကျန်းကျန်းက ထိတ်လန့်သွားကာ တခနလောက်စိတ်လွတ်သွားလေသည် နောက်မှ သူမကမျက်မှောင်ကြုတ်လိုက်လေသည်။
‘‘ဝမ်ယွီက ယွီတင်းရဲ့ဘောစ့်ဆိုတာ ငါသိပြီးသား ၊ဒါပေမယ့် ငါကြိုက်တဲ့လူကဝမ်ယွီဘဲ။ယွီတင်းရဲ့ဘော့စ် မဟုတ်ဘူး။လူတိုင်းကိုနင့်လိုများ ထင်နေတာလား ၊ဝမ်မိသားစုထဲကို လက်ထပ်ဝင်နိုင်ဖို့ ထင်ရာတွေလုပ်ခဲ့ပြီးတော့ ဘာဘဲဖြစ်ဖြစ်အခုတော့ နင်အမြဲလိုချင်နေတာကို ရသွားပြီလေ။နင်ပျော်ရဲ့လား ’’
သူမ ပျော်နေရဲ့လား
အန်းချင်ယုက စိတ်လွတ်သွားမလိုပင် ဖြစ်လာတော့သည်။
‘‘သွားရအောင် ’’ ဝမ်ယွီက သူမလက်ကိုဆွဲကိုင်ကာ ရှေ့မှဦးဆောင်သွားလေသည်။
ချီကျန်းကျန်းနောက်ဆုံးမြင်လိုက်ရတာက ကျန်းယဲ့နဲ့ အတွင်းရေးမှူးတို့ ထိန်းထားတဲ့ရှူဝေက သွေးလိုနီရဲနေတဲ့ မျက်လုံးများဖြင့် ဝမ်ယွီကိုကျိန်စာတိုက်နေလေသည်။‘ခွေးမသား ၊သောက်ကောင်အမှိုက် ’လို့မျိုးစုံကျိန်ဆဲနေကာ အရင်တုန်းက စိတ်နေသဘောထားရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရတော့ပေ ။
ဝမ်ကျင်စန်းက အိမ်ရာပေါ်တွင်ထိုင်ကာ ဝမ်ယွီကိုရပ်ဖို့ကြိုးစားပေမယ့်လည်း ထမလာနိုင်သောကြောင့် သူက ‘သားရဲကောင်၊ မကောင်းဆိုးရွား ’ဟု အော်ဟစ်နေရုံသာတတ်နိုင်လေသည်။
ဝမ်ရိရန်က အံ့အားသင့်နေကာ အဲ့ဒီမှာဘဲ တွေဝေစွာရပ်နေလေသည်။သူ့မျက်နှာတွင်တော့ ဝမ်းနည်းမှုတွေ ဒေါသတွေနဲ့ စိတ်ပျက်အားငယ်မှုများ ပျံ့နှက်နေလေသည်။ကြမ်းပြင်ပေါ်တွင်တော့ စိတ်ပျက်အားငယ်မှုများအပြင် မယုံကြည်နိုင်မှုများပါ အန်းချင်ယုမျက်နှာပေါ်တွင် ရှိနေလေသည်။
ဝမ်မိသားစုက လုံးဝကိုပြီးဆုံးသွားပြီ ဖြစ်သည်။
ဝမ်ယွီကိုတချိန်တုန်းက ထိခိုက်အောင်လုပ်ခဲ့ကြတဲ့ ဒီပုပ်သိုးနေတဲ့ မိသားစုကနောက်ဆုံးတွင် သူတို့ရဲ့ကံစီမံရာအတိုင်းအဆုံးသတ်ကို ရောက်လာခဲ့ကြပေသည်။
သူတို့အားလုံးရဲ့ တန်ဖိုးအထားရဆုံးအရာများကို ဆုံးရှူံးလိုက်ရပေသည်။ လွန်ခဲ့တဲ့ တစက္ကန့်လောက်ကဘဲ သူတို့ရဲ့ အပျော်ရွှင်ဆုံးအချိန်ဖြစ်ခဲ့ပေမယ့် နောက်တစက္ကန့်တွင်တော့ သူတို့က ငရဲဆီသို့ကျဆင်းသွားကာ အဲ့ဒီမှာဘဲ ပုပ်သိုးဆွေးမြည့်အောင်နေရပေတော့မည်။
ဒါတွေအားလုံးဟာ သူတို့အမြဲတမ်းအထင်သေးနေပြီး ဖိနှိပ်ထားခဲ့တဲ့ ဝမ်ယွီက လုပ်ခဲ့ခြင်းဖြစ်ပေသည်။
သူတို့နှစ်ယောက်က ဆေးရုံထဲမှ အပြင်ဘက်ဆီသို့ လျှောက်သွားကြလေသည် ။
အပြင်ဘက်တွင်နေက တောက်ပနေကာ၊ပူပြင်းနေလေသည်။
ချီကျန်းကျန်းက ဝမ်ယွီကိုကြည့်လိုက်ကာ
‘‘ကျွန်မနှလုံးသားကို ရှင်နားလည်တယ်လို့ထင်ပေမယ့် ကျွန်မထပ်ရှင်းပြချင်သေးတယ် ၊ကျွန်မကရှင့်ကိုကြိုက်တာပါ ရှင့်သရုပ်မှန်ကိုမဟုတ်ဘူး ။အရင်တုန်းက ဝမ်ရိရန်ကိုဘာလို့ကြိုက်ခဲ့တာလဲဆိုရင်。。’’
သူမ နှုတ်ခမ်းစေ့လိုက်ကာ သူမမျက်နှာပေါ်တွင် စိတ်ဆင်းရဲနေမှုများ ပြည့်နှက်နေလေသည်။
သူမ ဒါကို ဘယ်လိုပြောပြရမှာလဲ
သူမက ဘယ်တော့ကမှ ဝမ်ရိရန်ကိုမကြိုက်ခဲ့ဘူးလေ
အာ。。。。
သူ့ကိုအမှန်အတိုင်းဘဲ ပြောပြလိုက်သင့်လား
သူမက မူလချီကျန်းကျန်းမဟုတ်ဘူး၊ ဝိဉာဥ်ကူးပြောင်းလာတယ်လို့ ပြောလိုက်ရမှာလား ပြီးတော့ ဒါကစာအုပ်တအုပ်ဆိုပြီး သူကဒီထဲကဇာတ်ကောင်တခုဘဲဆိုတာကိုလား。。。
သူမကိုယ်သူမ သူ့ဖိနပ်အောက်ထားနေသလိုဘဲ ၊တယောက်ယောက်သာ သူမကိုဒီလိုလာပြောလာခဲ့ရင် သေချာပေါက်အဲ့ဒီလူက ရူးနေတယ်လို့ သူမတွေးလိုက်မိမှာဖြစ်သည်။
ချီကျန်းကျန်းက ခေါင်းကိုကုတ်လိုက်ကာ သူမအမူအရာက ရှုပ်ထွေးနေလေသည်။
သူမက ဘယ်အရာကိုမှ ဖုံးကွယ်ရန် မလုပ်တတ်ပေ။ထို့ကြောင့် အရာအားလုံးက သူမမျက်နှာပေါ်တွင် ရေးထားလုနီးပါးပင်ဖြစ်နေလေသည်။
ဝမ်ယွီ လက်မြှောက်လိုက်ကာ သူမနှုတ်ခမ်းကိုထိလိုက်လေသည်
‘‘ကိုယ်မင်းကို ယုံပါတယ် ’’
တကယ်လို့ သူမက သူ့ရဲ့ကြွယ်ဝချမ်းသာမှုတွေနဲ့ အာဏာကိုဘဲ ကြိုက်တာဆိုရင်တောင်မှ ပြသနာမရှိပေ။ ချမ်းသာမှုနဲ့ အာဏာဆိုတာကလည်း သူ့ရဲ့ တစိတ်တပိုင်းပင်ဖြစ်ပေသည် ။သူမ မရှိရင်သူ့အတွက်မဖြစ်နိုင်ပေ။သူမကိုသူချစ်ပေသည် ။ သူကအမြဲတမ်းချမ်းသာပြီးတော့ အာဏာရှိနေမှာ၊ ပြီးတော့ ဒီထက်တောင်ပိုပြီး ချမ်းသာလာပြီး အာဏာကြီးလာနိုင်သေးပေသည်။
ပြီးတော့ သူခံစားလို့ရပေသည်-သူမက သူကိုယ်တိုင်ကိုသာ ချစ်တာဖြစ်သည်။
အစောပိုင်း သူမ ကားအက်စီးဒန့်ကနေ သတိရလာပြီးကတည်းကဖြစ်သည်။သူက သူမရဲ့သတို့သားလောင်းဆိုရင်တောင်မှ သူမကကြောက်ရွံ့နေကာ သူ့ကိုလေးစားပေသည်၊တတ်နိုင်သလောက် သူ့ကိုရှောင်ရှားကာ သူနှင့်အဆက်အသွယ်မရှိရန် ကြိုးစားနေခဲ့သည်။နောက်ပိုင်းမှသာ သူမကတဖြည်းဖြည်း သူ့အပေါ်ပိုပိုပြီး ကောင်းပေးလာတာဖြစ်သည် ။
သူမက သတို့သမီးလောင်းဟူသော သူမ၏ဂုဏ်ပုဒ်ကို ဘယ်တော့မှသဘောမကျခဲ့ပေ။သူမက ပုံစံအစစ်ဖြင့်သာ သူနှင့်ချစ်ချင်ပြီး ဒါကြောင့် အိမ်ကထွက်ပြေးလုနီးပါးပင် ဖြစ်သွားခဲ့လေသည်။
သူမချစ်တာက သူဖြစ်နေသောလူကိုပင်ဖြစ်သည်။
ချီကျန်းကျန်းမှာ လျို့ဝှက်ချက်တခုရှိတာကို သူသိပေသည်။သိသာစွာဘဲ သူမကသူ့ကိုပြောပြရန် အဆင့်သင့်မဖြစ်သေးချေ။
ဒါကအဆင်ပြေပါတယ် ။သူမပြောပြချင်လာတဲ့တနေ့အထိ သူစောင့်နိုင်တယ်。。。
ဝမ်ယွီက ချီကျန်းကျန်းကို သူ့လက်မောင်းကြားထဲတွင် ပွေ့ဖက်လိုက်လေသည်။
‘‘ဒါဆိုကောင်းတယ် ’’
ဝမ်မိသားစုက သူတို့နှင့်ထိုက်တန်သော အဆုံးသတ်ကိုရရှိသွားပေသည်။ သူလည်း သူ့ရင်ထဲက အမုန်းတရားတွေကို လက်လွှတ်လိုက်သင့်ပြီဖြစ်သည်။သူမက သူ့ဘေးတွင်ရှိနေတာကြောင့် သူ့ဘဝတလျှောက်
လုံး ချိုမြိန်မှုတွေဘဲရှိနေတော့မှာ၊ဟုတ်တယ်မလား
အိုးးမဟုတ်သေးဘူး၊ ဝမ်မိသားစုရဲ့ ကျဆုံးခန်းက အခုမှစလာတာ၊သူအနေဖြင့် ဂရုတစိုက်စောင့်ကြည့်နေဖို့လိုအပ်ပေသည်။တနေ့ပြီးတနေ့ သူတို့ခံစားနေရတာကို စောင့်ကြည့်ရပေမည်။
ချီကျန်းကျန်းက ထိတ်လန့်သွားပြီးနောက် ဝမ်ယွီ၏ခါးကို ဖြေးဖြေးချင်းလှမ်းဖက်လိုက်လေသည်
‘‘အဲ့ဒါအကုန်လုံးပြီးဆုံးသွားပါပြီ၊ အတူတူရှေ့ဆက်သွားဖို့ကိုဘဲ ကြည့်ရအောင် ’’
‘‘အင်းပါ ’’
ဝမ်ယွီက ပြန်ဖြေလိုက်သည့်အခါ သူ့မျက်နှာပေါ်တွင် အပြုံးတခုဖြစ်လာလေသည်။
ချီကျန်းကျန်းက သူ့ရဲ့ပြောင်းလဲမှုကို ခံစားလို့ရပေသည်၊အရင်လိုသိပ်ပြီး စိတ်ဆင်းရဲမနေတော့ကာ ပိုပြီးတော့တောင် စိတ်အေးလက်အေးရှိလာပေသည်။
ဝမ်မိသားစုရဲ့ ကျရှူံးခန်းက ဝမ်ယွီရဲ့ပုံစံအသွင်အပြင်ပြောင်းလဲမှုတွင် အရေးကြီးသော အချိုးအကွေ့တခု ဖြစ်ပုံပေါ်လေသည်။
– အနာဂတ်မှာ ပိုပိုပြီးတော့ ကောင်းလာပေလိမ့်မည်။
သူမနှုတ်ခမ်းထောင့်များ မြင့်တက်နေကာ မျက်လုံးများက ကွေးညွတ်နေတော့သည်။
....