Part 128
ဆေးရုံအတွင်းတွင်
ဝမ်ယွီနဲ့ချီကျန်းကျန်းတို့ ထွက်သွားပြီးနောက် ကျန်းယဲ့နဲ့သူ့အတွင်းရေးမှူးလည်း ထွက်လာကြလေသည်။
ဆေးရုံအခန်းတခုလုံးတွင် ရုတ်တရက်ပင် ဝမ်မိသားစုမှလူများသာ ကျန်နေခဲ့ပေသည် ။
‘‘အဖေ。。ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ 。。’’
ဝမ်ရိရန်က ရုတ်တရက်မေးလာကာ သူ့အသံကအက်ရှနေပေသည်။
သူက ဝမ်ယွီကိုရှူံးသွားတာကိုအသာထား၊ သူတို့ရှူံးနိမ့်သွားတာကို လက်မခံနိုင်သေးပေ။
ဝမ်ကျင်စန်းမဟုတ်ရင် ဝမ်ရိရန်တို့ရဲ့ ဖုန်းတွေက အဆက်မပြတ်မြည်နေကာ သူတို့ရဲ့ကံကြမ္မာဆီကို တိုက်တွန်းနေသကဲ့သို့ပင် ဖြစ်ပေသည်။
မရေတွက်နိုင်သော လူများက ရောက်လာရန်ကြိုးစားနေကြပြီး သူတို့အတွက် ထွက်ပေါက်တခုမှမရှိစေရန်လုပ်နေကြကာ -သူတို့ဆီက ဖြေရှင်းချက်တခုရဖို့မကြိုးစားလာကြပေ။
ဝမ်ကျင်စန်းမျက်နှာက ပြာနှမ်းနေတုန်းဖြစ်ကာ သူ၏သွေးကြောပြာများက ပေါက်ထွက်မလိုပင် ဖြစ်နေလေသည်။မျက်လုံးများက ရဲရဲနီနေပေသည်။
‘‘ငါဒါကိုမယုံနိုင်ဘူး၊ဘယ်လိုလုပ်ပြီး ဝမ်ယွီကဒီလိုဖြစ်နိုင်ရတာလဲ။ ဘယ်လိုဖြစ်ပြီးငါတို့က နားမလည်ရတာလဲ။ကလေးတုန်းကဆို သူကတုံးအတယ်။သူ့အတွက် အစားအစာမပေးတာ၊ ကျူရှင်တွေမတက်ခိုင်းတာဖြစ်ဖြစ်၊ ကျောင်းကိုမပို့ရင်တောင်မှ သူဘာမှမပြောရဲဘူး၊ ဘာပြသနာမှလည်း မရှာရဲခဲ့ဘူး။ဘယ်လိုဖြစ်ပြီး သူ့လိုလူက ယွီတင်းကိုတည်ထောင်နိုင်ရတာလဲ ’’
ရှုဝေက သူမအလန့်တကြားဖြစ်နေတာကို ဖိနှိပ်လိုက်ကာ ရုတ်တရက်မေးလာလေသည်။
ဝမ်ကျင်စန်းနဲ့ ဝမ်ရိရန်တို့က ထိတ်လန့်သွားကြကာ
ဝမ်ယွီကို ကျိန်ဆဲနေတာရပ်လိုက်ကာ ဝမ်ကျင်စန်းက ရှုဝေကိုမေးလာလေသည်။
‘‘မင်းဘာပြောလိုက်တာလဲ၊သူ့အတွက်အစားအစာမပေးဘူး ပြီးတော့ ကျူရှင်အတွက်လည်းမပေးဘူးတဲ့လား ’’
ဝမ်ကျင်စန်းက အမြဲတမ်းပင် ဝမ်ယွီကို မနှစ်သက်နေခဲ့ခြင်းဖြစ်သည်။ဝမ်ယွီရဲ့တည်ရှိမှုက သိက္ခာကျစရာဖြစ်ကာ သူ့အပေါ်တွင် ဖခင်တယောက်အဖြစ် လေးစားမှုမရှိဘဲ လူမှုရေးခေါင်းပါးတာကိုလည်း
ပြောနေစရာမလိုတော့ချေ။ဒါပေမယ့်အဆုံးမှာတော့ ဝမ်ယွီက သူ၏သားအရင်းပင်ဖြစ်ပေသည်။သူ့ကို အစာမကျွေးကာ ကျူရှင်မတက်စေတာမျိုးလို ပိတ်ပင်တာမျိုးကို မလုပ်နိုင်ပေ။အထူးသဖြင့် ဝမ်ယွီငယ်ရွယ်နေသေးသည့်အချိန်တွင်ဖြစ်သည်။
ရှုဝေက သူမအသံကိုနှိမ့်လိုက်ကာ မသဲမကွဲပြောလာလေသည်။
‘‘ကျွန်မ。。ကျွန်မပြောချင်တာက သူကယွီတင်းကိုတည်ထောင်တာမဖြစ်နိုင်ဘူးလို့ပါ။စစ်ဆေးကြည့်ရအောင်လေ ၊သူ့မှာ ဒီလိုစွမ်းအင်မျိုးရှိနိုင်မှာမဟုတ်ဘူး၊ သူ ကျွန်မတို့ကိုလိမ်ထားတာဘဲဖြစ်ရမယ် ’’
ဝမ်ကျင်စန်းက ရှုဝေကိုစိုက်ကြည့်လိုက်ကာ သူ့မျက်လုံးများက တစုံတယောက်ကိုကိုက်စားချင်နေသကဲ့သို့ပင် ဖြစ်နေပေသည်။
ဝမ်ရိရန်က သူ့ပါးစပ်ကိုဖွင့်လိုက်လေသည်။
‘‘အဖေ ဝမ်ယွီက ယွီတင်းကိုတည်ထောင်နိုင်တာ ၊မနိုင်တာက အရေးကြီးဆုံးမဟုတ်ဘူး၊ ကျွန်တော်တို့က ထောင်ချောက်မိသွားပြီးပြီ အဲ့အချိန်ကိုပြန်မသွားနိုင်တော့ဘူး။အခုချိန်မှာ ထိပ်ဆုံးဦးစားပေးရမှာက ကုမ္ပဏီနဲ့ ပရောဂျက်ဘဲ၊ ဒါကိုဖြေရှင်းနိုင်ဖို့ နည်းလမ်းရှာမှရမယ်။တကယ်လို့အကျပ်အတည်း。。。တကယ်လို့ ဒီအကျပ်အတည်းကိုသာ ကျွန်တော်တို့မကျော်ဖြတ်နိုင်ခဲ့ရင်。。。。’’
ဒါဆိုရင် ဝမ်မိသားစုက လုံးဝကိုပျက်စီးသွားတော့မှာ ဖြစ်သည်။
သူတို့တွေ၊သူတို့အားလုံးကလည်း ဘဝတလျှောက်
လုံး များပြားလွန်းသောအကြွေးများကို သယ်ဆောင်နေရပေမည်။
ဝမ်ကျင်စန်းက သူ့အတွေးကိုပြန်သိမ်းလိုက်ကာ
အားမာန်အပြည့်နှင့် ခေါင်းညိတ်လိုက်ပေသည်။
‘‘ဟုတ်တယ်၊ နည်းလမ်းတခုရှာကြရအောင် ငါအခုကုမ္ပဏီကိုသွားပြီး အကုန်လုံးအတူတူ နည်းလမ်းတခုစဉ်းစားကြမယ်၊ ငါတို့သေချာပေါက် လက်လျှော့လိုက်လို့မဖြစ်ဘူး ’’
သူကစောင်ကိုမလိုက်ကာ အိပ်ရာပေါ်မှဆင်းဖို့လုပ်သော်လည်း သူ့ခြေထောက်များက မရွေ့လာပေ။ဝမ်ကျင်စန်း ခန္ဓာကိုယ်ကိုအားစိုက်လိုက်ပေမယ့် သူကဆတ်ခနဲပင် လဲကျသွားကာ ဝမ်ရိရန်တောင် သူ့ကိုမထိန်းပေးနိုင်လုနီးပါး ဖြစ်သွားရပေသည်
‘‘အဖေ ’’
ညလယ်ကြီးတွင် ဆေးရုံခန်းထဲမှ ဝမ်ကျင်စန်းရဲ့ ကြောက်လန့်နေသောအသံက ဟိန်းထွက်လာလေသည်။
‘‘ငါ့ခြေထောက်၊ ငါခြေထောက်ဘာဖြစ်သွားတာလဲ တယောက်ယောက်အမြန်လာကြစမ်း ငါ့ခြေထောက်。。。၊ငါ့ခြေထောက်တွေ ’’
......
ဝမ်ကျင်စန်းက ပျက်စီးသွားပြီဖြစ်သည်။
ဦးနှောက်သွေးကြောပိတ်ပြီး သတိလစ်သွားခဲ့တာကြောင့် သူ့ခြေထောက်တွေက မသန်မစွမ်းဖြစ်သွားကာ လမ်းမလျှောက်နိုင်တော့ပေ။
‘‘ရိရန် ၊မြန်မြန်လေး အထူးကုတယောက်ကိုရှာပေး၊ အထူးကုဆရာဝန်က မင်းအဖေကိုစမ်းသပ်ပြီးရင် မင်းအဖေခြေထောက်တွေကို ကုနိုင်လိမ့်မယ် ’’
ရှုဝေက အထိတ်တလန့်ဖြစ်နေသောအမူအရာဖြင့် အမောတကြီး ပြောလာလေသည်။
ဝမ်ရိရန်က မလှုပ်ရှားလာခဲ့ချေ။သူ့ပါးစပ်ကိုဖွင့်လာပေမယ့် မပြောနိုင်ဘူးဖြစ်နေလေသည်။
အထူးကုတယောက်နဲ့ ဆွေးနွေးတိုင်ပင်မယ်တဲ့လား
ဝမ်ကျင်စန်းခြေထောက်တွေကို ကုသနိုင်ဖို့အရာအားလုံးက ဖြစ်နိုင်ပါ့မလား
သူတို့ကအခု ပိုက်ဆံကိစ္စကိုရင်ဆိုင်နေရတဲ့အချိန်မှာ ဝမ်ကျင်စန်းက သူ့ခြေထောက်တွေကို ကုဖို့အချိန်ရှိ
နိုင်ပါ့မလား
‘‘ငါ့ခြေထောက်တွေ ဘယ်လိုဖြစ်ပြီး မသန်မစွမ်းဖြစ်သွားရတာလဲ ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ’’
ဝမ်ကျင်စန်းက မျက်ရည်ကြီးငယ်ကျလာကာ ဒီအဖြစ်အပျက်ကိုလက်မခံနိုင်ဘဲ သူ့မျက်လုံးများပြူးကျယ်လာခဲ့ပေသည် ။
ဝမ်ရိရန်က ရှေ့သို့လှမ်းလိုက်ကာ သူ့ရင်ဘတ်ပေါ်ကို ပေါ့ပါးစွာပုတ်ပေးလိုက်လေသည်
‘‘အဖေ၊ အဖေ စိတ်အေးအေးထားပါ ၊ဒေါသမထွက်နဲ့ စိတ်ကိုငြိမ်အောင်ထားလိုက်၊ ကျွန်တော်တို့ရှေ့မှာရှိနေတဲ့ ကပ်ဘေးကိုဘဲအရင်ဖြေရှင်းရအောင်လေ၊ မုန်တိုင်းကိုကျော်ဖြတ်နိုင်ပြီးရင် ကျွန်တော်တို့ အဖေ့ခြေထောက်တွေကို ကုနိုင်ပြီ ’’
သူကလက်မခံနိုင်ပေ။ သူ့မျက်နှာတခုလုံးက အိုစာနေပေမယ့် ဝမ်ကျင်စန်းက ထပ်ပြီး လှုံ့ဆော်မှုကိုခံရလို့မဖြစ်ပေ။ သူက သူ့ရှေ့မှာရှိနေတဲ့အခက်အခဲက်ု ရင်ဆိုင်ဖို့လိုပေသည်၊သူအနေဖြင့် အတူတူထိန်းထားနိုင်ဖို့လိုအပ်ပေသည်။
ဝမ်ကျင်စန်းလက်ကို အိပ်ရာပေါ်သို့ထုလိုက်ကာ ကျိန်ဆဲလာတော့သည်
‘‘သားရဲကောင်၊သူက မကောင်းဆိုးရွားဘဲ ’’
-သူတို့အကုန်လုံးက သူဝမ်ယွီကိုကျိန်ဆဲနေတာကို သိကြပေသည်။
ကုမ္ပဏီမှာဖြစ်ပျက်နေတဲ့ အရာများနဲ့ မရေတွက်နိုင်လောက်သော လူတွေက သူတို့ကိုစောင့်နေကြပေသည်။ဝမ်ရိရန်က သူ့အဖေကိုဒီလိုအခြေအနေမှာတွေ့လိုက်ရပြီးနောက်မှာတော့ သူကိုယ်တိုင်ဘဲ ကုမ္ပဏီသို့သွားရန်ဆုံးဖြတ်လိုက်လေသည်။
ရူးသွပ်နေခဲ့သော ဝမ်ကျင်စန်းက ခနလောက်တိတ်သွားပြီး နောက်ဆုံးတွင်ပြောလာလေသည်
‘‘ဝှီးချဲတခုလောက် သွားယူခဲ့၊ ကုမ္ပဏီကအဲ့လူတွေကို မင်းတယောက်တည်း တည်ငြိမ်အောင်လုပ်နိုင်မှာမဟုတ်ဘူး ငါကိုယ်တိုင်သွားမှရမယ်။မင်းသာသွားရင် သူတို့က မင်းကိုဖမ်းပြီးတော့ သူတို့ကိုပိုက်ဆံပေးဖို့ နည်းလမ်းရှာဖို့ဘဲ မေးလာကြလိမ့်မယ် ’’
သူ့ကိုယ်သူသိက္ခာဆယ်နိုင်လိုက်တာကို မြင်လိုက်ပြီးနောက် နောက်ဆုံးတွင် ဝမ်ရိရန်က စိတ်သက်သာမှုတချို့ရသွားကာ အလျင်အမြန်ပင် တယောက်ယောက်ကို ဝှီးချဲရှာဖို့ စီစဉ်ခိုင်းလိုက်တော့သည်။
မကြာခင်မှာဘဲ ဝမ်ရိရန်ကဝမ်ကျင်စန်းကို တွန်းကာ ဆေးရုံမှ ထွက်လာခဲ့ကြပေသည်။ရှုဝေနဲ့ အန်းချင်ယုကိုတော့ ဆေးရုံမှာဘဲ ထားခဲ့ကြလေသည်။
အန်းချင်ယုက ဘာမှမပြောလာခဲ့ပေ။ ရှုဝေက သူတို့နှစ်ယောက်ကို လိုက်ပို့ပြီးတဲ့နောက်မှာတော့ သူမဒေါသတွေကို မဖိနှိပ်နိုင်တော့ဘဲ နောက်ကိုလှည့်ကာ အန်းချင်ယုကို နောက်တကြိမ်ပါးရိုက်လိုက်တော့
သည်။
‘‘ခွေးမ ၊ဒါတွေအကုန်နင့်အပြစ်ဘဲ၊ နင်ကတကယ့်ကိုဂြိုလ်ဆိုးမဘဲ ဒီအရာတွေအားလုံးက နင်ဝမ်မိသားစုထဲ ဝင်လာပြီးမှဖြစ်လာခဲ့တာ ၊နင်ဘာလို့မသေလိုက်တာလဲ၊ဘာလို့ ဝမ်မိသားစုထဲဘာလို့ လက်ထပ်ပြီးဝင်လာရတာလဲ။ ဘာလို့များဝမ်မိသားစုထဲ ဘေးဒုက္ခတွေယူလာရတာလဲ ’’
ရှုဝေက ကြိမ်းမောင်းလိုက်လေသည်။
သူမက နောက်တကြိမ်ပါးရိုက်လိုက်ချင်ပေမယ့် အန်းချင်ယုက သူမကိုရပ်စေလိုက်ပေသည်။
အခုချိန်တွင် အန်းချင်ယုကလည်း သူမမျက်နှာထားကိုပြောင်းလာတော့သည်။
‘‘အခုချိန်မှာ ဝမ်မိသားစုထဲ လက်ထပ်ပြီးဝင်ချင်နေအုံးမယ်လို့ ရှင်ထင်နေတာလား။ဘာလို့စောစောစီးစီး ကံမဆိုးသွားရတာလဲ၊ ဘာလို့ ကျွန်မလက်ထပ်လာမှလဲ။မရဘူး ၊ကျွန်မကွာရှင်းချင်တယ်၊ ရှင်တို့ရဲ့ဝမ်မိသားစုကနေ ထွက်ချင်တယ် ’’
ဒီမိသားစုထဲကို လက်ထပ်လိုက်တာက ဘာကောင်းကျိုးမှမယူလာပေ။သတင်းဆိုးတွေသာယူလာပေးလေသည်။
‘‘ခွေးမ ၊ နင်နဲ့ရိရန်က တရားဝင်လက်မှတ်ထိုးပြီးသွားပြီ၊ ငါတို့မိသားစုရဲ့ပြသနာက နင်လက်မှတ်ထိုးလိုက်ပြီးမှ ဖြစ်လာတာလေ။တကယ်လို့ နင်ကွာရှင်းချင်ရင် ငါ့ရဲ့ဝမ်မိသားစုက မုန်တိုင်းကိုငြိမ်အောင်လုပ်ပြီးတဲ့အထိသာစောင့်နေလိုက် ’’
ရှုဝေက အံကြိတ်လိုက်လေသည်။
အန်းချင်ယုက မာန်မဲလိုက်လေသည်။
‘‘ဘာတွေ အိပ်မက်မက်နေတာလဲ ၊သူကအချိန်အကြာကြီးကတည်းက ရှင်တို့ကိုထောက်ချောက်ဆင်နေခဲ့တာ၊ဝမ်ယွီက ယွီတင်းရဲ့ဘော့စ်ဖြစ်နေမှတော့ ဝမ်မိသားစုက ဘယ်လိုလုပ်ကယ်တင်လို့ရတော့မှာလဲ၊မုန်တိုင်းကိုငြိမ်အောင်လုပ်မယ်တဲ့လား အိပ်မက်မက်နေလိုက် ’’
‘‘အဲ့ဒါတွေအကုန် နင့်ကြောင့်ဘဲ ဂြိုဟ်ဆိုးမ၊ငါနင့်ကိုသတ်မယ် ’’
အန်းချင်ယုက ဘာအားနည်းမှုကိုမှ ပြမလာတော့ချေ။အရင်တုန်းက ချစ်ဖို့ကောင်းပြီး သနားချင်စရာကောင်းတဲ့ ကြာပန်းဖြူပုံစံက နည်းနည်းလေးတောင်ရှိမနေတော့ဘဲ သူမအသံက စူးရှနေလေသည်။
‘‘ဒါတွေက ဝမ်ယွီလုပ်လာတာလေ ၊အကုန်လုံးက ရှင့်ကြောင့်ဘဲ။ရှင်သာ ဝမ်ယွီကိုထိခိုက်အောင်မလုပ်ခဲ့ဘူး၊မဖိနှိပ်ခဲ့ဖူးဆိုရင် သူကဘာလို့ပြန်ပြီး လက်တုန့်ပြန်လာမှာလဲ ၊ရှင်ကသာ တကယ့်ကိုဂြိုဟ်ဆိုးမဘဲ ’’
‘‘နင်ကအဓိပ္ပါယ်မရှိတာတွေ ပြောနေတာဘဲ ငါနင့်ကိုသတ်မယ် ’’
ရှုဝေက အလျင်အမြန်ပင်ပြေးထွက်လာလေသည်။
သူတို့နှစ်ယောက် ရန်ဖြစ်ကြကာ အချင်းချင်းဆွဲဆိတ်လိုက်၊ကိုက်လိုက်နှင့် ဆံပင်ဆွဲနေကြလေသည်။
ဒီလိုကြီးမားတဲ့ ပြသနာကိုရင်ဆိုင်ပြီးတဲ့နောက်မှာတော့ နှစ်ယောက်လုံးရဲ့ရင်ထဲတွင် ဒေါသမီးများတောက်လောင်နေခဲ့ပေသည်။အခုတော့ သူတို့တစ်ယောက်ကိုတစ်ယောက်အသုံးချကာ ဒေါသဖြေထုတ်ကြတော့သည်။မိန်းမနှစ်ယောက်က ဆေးရုံထဲတွင်ရန်ဖြစ်ခဲ့ကြလေသည်။
ဆရာဝန်တွေနဲ့ သူနာပြုတွေက သူတို့ကိုတားရန် အမြန်ပင်ပြေးလာခဲ့ကြတော့သည်။
xxxxxx