အပိုင်း ၁၂၉
Viewers 26k

Part 129


တချိန်တည်းမှာပင်。。。


ကုမ္ပဏီကိုရောက်လာတဲ့ ဝမ်ကျင်စန်းနဲ့ ဝမ်ရိရန်ကလည်း ခက်ခဲသောအချိန်ကိုရင်ဆိုင်နေကြရပေသည်။သူတို့ကုမ္ပဏီဝင်ပေါက်ကနေ ဝင်လာတာနဲ့ ချက်ချင်းပင် လူတစု၏ဝန်းရံတာကိုခံလိုက်ရလေသည်။သူတို့ကအလျင်အမြန်ပင် ပြောလာကြတော့သည်-


‘‘စီအီးအိုဝမ် သတင်းတွေကိုကြားပြီးပြီမလား အခုကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ ’’


‘‘ဝမ်ကျင်စန်း၊ မင်းဘဲဒီပရောဂျက်ကို လုပ်ချင်နေခဲ့တာနော်၊အခုတော့ဒီလိုမျိုးဖြစ်သွားတယ်။ ငါတို့ကိုရှင်းပြချက်တခု ပေးမှာလား’’


‘‘စီအီးအိုဝမ် ကျွန်တော်တို့က ခင်ဗျားပြောတာကိုယုံလို့ ဒီပရောဂျက်ကိုရင်းနှီးမြုပ်နှံခဲ့တာ၊ အခုတော့ဒီလိုတစုံတခုဖြစ်ပျက်လာပြီး ပရောဂျက်ကိုဖြန့်ဖြူးလို့မရနိုင်တော့ဘူး။ခင်ဗျား ကျွန်တော်ရင်းနှီးထားတာကိုပြန်ပေးမှာ၊ဟုတ်တယ်မလား ’’


‘‘စီအီးအိုဝမ်၊အခုလေးတင် ရေလက်ကြားနည်းပညာက အရင်ကချုပ်ဆိုခဲ့တဲ့ စာချုပ်ကတရားမဝင်တော့ဘူးလို့စာပို့လာတယ်၊ သူတို့က ကျွန်တော်တို့နဲ့မပူးပေါင်းတော့ဘူးတဲ့ ’’


‘‘စီအီးအိုဝမ် ကျွန်တော်တို့ဆွေးနွေးထားတဲ့ ပူးပေါင်းမှုကလည်း ကျဆုံးသွားပြီ ’’


‘‘စီအီးအိုဝမ်。。。’’


ဒီလူတွေက လွန်ခဲ့တဲ့ရက်အနည်းငယ်ကတင် ဝမ်ကျင်စန်းနဲ့ ဝမ်ရိရန်ကို ပြုံးပြနေတုန်းဖြစ်သည်။မနေ့က လက်ထပ်ပွဲမှာတုန်းကလည်း သူတို့ကိုအရမ်းလေးစားပြနေကာ တချို့ဆိုရင် သူတို့ဆီကမျက်နှာသာရအောင် လုပ်နေခဲ့ကြပေသည်။


အဲ့ဒါကတရက်ဘဲကြာသေးပေမယ့် ဝမ်မိသားစုမှာတခုခုဖြစ်လာတာကို မြင်လိုက်ရတဲ့အခါမှာတော့ သူတို့တွေက စတင်ဝန်းရံလာကာ သူတို့ပစ္စည်းတွေကို ပြန်ရယူချင်ကြတော့သည် ၊ ဝမ်မိသားစုနဲ့ အခက်အခဲတွေကိုတောင်ရယူဖြေရှင်းကာ ပိုက်ဆံကိစ္စစာရင်းရှင်းရန် အသင့်ဖြစ်နေကြပေသည်။


ဝမ်ကျင်စန်းက သူ့လက်ချောင်းများကို ခါရမ်းကာ သူတို့ကို လက်ညှိုးထိုးလာတော့သည်။သူဘာမှမပြောနိုင်သေးခင်မှာဘဲ သူ့မျက်နှာကပြာနှမ်းလာပေသည်။သူက ဆေးရုံတွင်ဝမ်ယွီကြောင့် လှုံ့ဆော်မှုကိုတကြိမ်ခံလိုက်ရပြီးသားဖြစ်ကာ အခုထပ်ပြီးလှုံ့ဆော်ခံလိုက်ရပြန်သည်။သူကထပ်ပြီးဆတ်ခနဲဖြစ်ကာ မျက်ဖြူလှန်သွားပြီး ဝှီးချဲပေါ်တွင် မေ့သွားတော့ သည်။


‘‘အဖေ ’’


အန်းချင်ယုနဲ့ ရှုဝေတို့က အချင်းချင်းကျိန်ဆဲနေကြသည့်အချိန်တွင် ဝမ်ကျင်စန်းကနောက်တကြိမ် လေဖြန်းသွားတဲ့ သတင်းကိုကြားလိုက်ရကာ အချင်းချင်းခွာလိုက်ကြတော့သည်။


မကြာခင်မှာဘဲ သူကဆေးရုံကိုပြန်ရောက်လာပြီး ဒီတကြိမ်တွင်တော့ သူ့နောက်တွင် ဒီလူများကလိုက်လာခဲ့ကြသည်မှာ မရပ်မနားအကြွေးတောင်းသော သရဲများလိုပင် ဖြစ်နေလေသည်။


ဝမ်ကျင်စန်းက ‌အရေးပေါ်ခန်းထဲသို့ဝင်သွာလေသည်။


ဝမ်ရိရန်က အော်ဟစ်လိုက်တော့သည်

‘‘ပါးစပ်ပိတ်ထား၊ အကုန်ထွက်သွားကြ ’’


‘‘ရိရန်၊မင်းဒီလိုလုပ်လို့မရဘူး၊ ငါတို့လည်းမတတ်နိုင်ဘူးလေ မင်းတို့ဝမ်မိသားစုသာ ဒေဝါလီခံလိုက်ရရင် ငါတို့ကုမ္ပဏီသေးသေးလေးက ကြီးကြီးမားမားကို အကျိုးသက်ရောက်ခံရမှာ ’’


‘‘ဟုတ်တယ်၊ ဒါမှမဟုတ်ရင်လည်း မြန်မြန်လေး ဖြေရှင်းနိုင်မယ့် နည်းလမ်းတခုကို စဉ်းစားလိုက်လေ ’’


‘‘မင်းတို့ဝမ်မိသားစုလို ကြီးမားတဲ့အရာအတွက် ဖြေရှင်းဖို့ တနည်းနည်းတော့ ရှိမှာပါ’’


‘‘ဝမ်ရိရန်၊ ငါဂရုမစိုက်ဘူးကွာ ဘာဘဲဖြစ်ဖြစ် မင်းငါ့ကို ဖြေရှင်းချက်တခု ပေးကိုပေးရမယ် ’’


‘‘ထွက်သွားကြ ’’


ဝမ်ရိရန်က ဒေါသထွက်လာကာ အော်လိုက်တော့သည်။သူ့လက်ထဲမှာကိုင်ထားသော စာရွက်စာတမ်းဖိုင်ကို ကြမ်းပြင်ပေါ်သို့ ကြမ်းတမ်းစွာရိုက်ချလိုက်လေသည် ။


ပတ်ဝန်းကျင်က ချက်ချင်းဘဲ တိတ်ဆိတ်သွားတော့သည်။


မကြာခင်မှာဘဲ ဆေးရုံကလူတွေရယ်၊ ဝမ်မိသားစုရဲ့ကိုယ်ရံတော်တွေနဲ့ လုံခြုံရေးဝန်ထမ်းများက အမြန်ရောက်လာကာ ဒီလူတွေကိုအပြင်ဘက်ကို ထွက်သွားစေလိုက်တော့သည် ။


ဝမ်ရိရန်က လဲကျသွားကာ ကြမ်းပြင်ပေါ်တွင်ထိုင်လိုက်လေသည်။သူ့ခေါင်းကိုကိုင်ထားကာ သူ့မျက်နှာပေါ်တွင် စိတ်အားငယ်မှုများနှင့်ပြည့်နေပေသည်။


‘‘ရိရန်。。ရိရန် မင်းဘာဖြစ်တာလဲ အမေ့ကိုပြောလေ အာ ’’


ရှုဝေက သူ့ဆီသို့သွားကာ ငိုလာတော့သည်။သူ့သားအတွက် သူမရင်ထဲတွင်ဆို့နင့်နေတုန်းပင်ဖြစ်သည်။


ဝမ်ရိရန်က ဘာမှမပြောလာခဲ့ပေ။


ရှုဝေက အော်ငိုလာလေသည်

‘‘ဖြေရှင်းဖို့ နည်းလမ်းတခုခုတော့ရှိမှာပါ ဟုတ်တယ်မလား၊ ငါတို့ဝမ်မိသားစုက ဒီလောက်ကြီးတာ ဘယ်လိုဖြစ်လို့ အလွယ်တကူရှူံးနိမ့်ရမှာလဲ။ ဝမ်ယွီက ငါတို့ကိုလိမ်နေတာမလား။ သူ့မှာ ဘယ်လိုလုပ်ပြီး စွမ်းဆောင်နိုင်တဲ့အင်အားရှိနိုင်မှာလဲ။တကယ်လို့ သူကလုပ်နိုင်စွမ်းရှိတယ်ဆိုရင် ဘာလို့အနိုင်ကျင့်တာခံပြီး ပြန်မခုခံဘဲနေမှာလဲ ’’


ဝမ်ရိရန်က ကြမ်းပြင်ပေါ်မှာ ပြန့်ကြဲနေတဲ့ စာရွက် စာတမ်းဖိုင်ကြားထဲမှ သတင်းစာတစ်ခုကို ဆွဲယူရန် လုပ်လိုက်လေသည် 


-အဲ့ဒါက စီးပွားရေးမဂ္ဂဇင်းတခုဖြစ်သည်။


‘‘ဒါကအမှန်ဘဲ၊ ဝမ်ယွီ。。သူက ယွီတင်းရဲ့ဘော့စ်ဘဲ’’

ဝမ်ရိရန်အသံက အက်ရှနေကာ  ရူးသွပ်ပြီးနောက် စိတ်ပျက်အားငယ်နေသည့်ပုံ ပေါ်နေပေသည်။


ရှုဝေက အလျင်အမြန်ပင် သတင်းစာကို ဆွဲယူလိုက်ပေသည်။သိသာစွာပင် ဒါက ဒီနေ့မှထွက်လာတဲ့ မဂ္ဂဇင်းအသစ်ဖြစ်ကာ ရှေ့ဆုံးစာမျက်နှာတွင်တော့-


[ဝမ်ယွီရဲ့ ပထမဆုံးအကြိမ် စတင်တည်ထောင်သူအဖြစ် ပေါ်ထွက်လာမှု၊ အသက်26နှစ်ရှိတဲ့ ငယ်ရွယ်ပြီးအရည်အချင်းရှိသူ ဝမ်ယွီ]


အပေါ်ဘက်တွင်တော့ ဘေးကနေရိုက်ထားတဲ့ ပုံတပုံဖြစ်ပေသည်၊ဝမ်ယွီက အနက်ရောင်ဝတ်စုံကို ဝတ်

ဆင်ထားကာ အံ့အားသင့်လောက်စရာ အော်ရာများဖြင့် အရှေ့ဘက်သို့ အေးစက်စွာ ကြည့်နေပေသည်။


သတင်းစာက ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားတော့သည်။


ဒီသတင်းကိုမြင်ပြီးမှတော့ နားမလည်စရာဘာမှရှိမနေတော့ပေ။


သူက သူ့ကိုယ်သူဖုံးကွယ်ထားခဲ့ကာ၊ ဒီနေ့တွင် ဝမ်မိသားနှင့်ပြသနာတွေရှိလာမှတော့ နောက်ဆုံးတွင် ထပ်ပြီးဖုံးကွယ်နေဖို့ မလိုအပ်တော့ပေ။


ရှုဝေက မသဲမကွဲပြောလာလေသည်

‘‘မဖြစ်နိုင်ဘူး。。。မဖြစ်နိုင်ဘူး ’’


ဝမ်ရိရန်က ဘာမှပြောမနေတော့ဘဲ စိတ်ပျက်အားငယ်စွာ သူ့ဆံပင်ကိုဆုပ်ကိုင်လိုက်ပြီး ကြမ်းပြင်ပေါ်တွင်ထိုင်လိုက်တော့သည် 


သိပ်မဝေးတဲ့နေရာတွင် အန်းချင်ယုကလည်း ကြမ်းပြင်ပေါ်သို့ လဲကျနေလေသည်။သူမကိုယ်ဝန်လွယ်ထားရတယ်ဆိုတာမသိတဲ့အတိုင်း အေးစက်နေသောကြမ်းပြင်ပေါ်တွင် သူမက လဲပြိုကျသွားသလို အမူအရာဖြင့်ထိုင်နေလေသည်။


ဘာကြောင့်လဲ၊ ဘာကြောင့် သူမစောစောလေးမသိခဲ့ရတာလဲ


ဘာလို့ ဝမ်ရိရန်နဲ့တရားဝင်လက်မှတ်ထိုးပြီးမှလဲ. 


....


ချီမိသားစုတွင်。。。。


‘‘အဖေ ဝမ်မိသားစုကတော့ တကယ်ကိုသွားပြီဘဲ ’’

ချီကျိုးချန်က သက်ပြင်းချလိုက်ကာ သူ့အမူအရာကစိတ်ရှူပ်ထွေးနေလေသည်။


ဒီလိုရှုပ်ထွေးနေတဲ့ ခံစားချက်တွေက ဝမ်းနည်းတာလည်းမဟုတ်သလို ပျော်တာလည်းမဟုတ်ပေ။


‘‘အင်းး ငါသိတယ် ’’ 


ချီယန် သူ့လက်ထဲက စီးပွားရေးသတင်းစာကို

ကြည့်လိုက်လေသည် ။ခေါင်းစီးသတင်းက မျက်စိဖမ်းစားစရာဖြစ်နေပေသည်။ဘယ်လိုဘဲဖြစ်ဖြစ် ဒါကယွီတင်းတည်ထောင်သူရဲ့ ပထမဆုံးထွက်ပေါ်လာမှုဆိုမှတော့ အရာအများစုကိုရှင်းပြနေပြီးသားဖြစ်သွားပေသည်။


တင်းရိကျွင်းက ခနလောက်ထိတ်လန့်သွားပြီး သက်ပြင်းချလိုက်တော့သည်

‘‘အဲ့ဒါက အမှန်ဖြစ်နေတာဘဲ 。。’’


‘‘ဟုတ်တယ်၊ဒါကအမှန်ဘဲ ။ဝမ်မိသားစုက တကယ်ကိုကျရှူံးသွားပြီ၊ ကံကောင်းလို့ ငါတို့ချီမိသားစုကအခြေခံအုတ်မြစ်ကို ထိန်းထားလိုက်နိုင်တယ်။အရင်ကလောက်တော့ကောင်းမှာမဟုတ်တော့ဘူးပေါ့ ’’

ချီယန်က အသံတိုးတိုးဖြင့်ပြောလိုက်ပေသည် ။


သူတို့တွေ အိမ်ပြောင်းလိုက်ပြီဖြစ်သည်။အရင်က အိမ်ကြီးကို ရောင်းလိုက်ကာ အဲ့ဒီအိမ်နဲ့ယှဉ်ရင် သေးတဲ့အိမ်တခုစီသို့ ပြောင်းလာခဲ့ကြ‌သည် 


 အခုချိန်တွင် ကုမ္ပဏီတဝက်လောက်က ယိုယွင်းနေကာ အရင်တုန်းက အရှုပ်အထွေးကိုဖြေရှင်းနေရတုန်းဖြစ်သည်။ဒါပေမယ့် အဆုံးမှာတော့ သူတို့က တဖြည်းဖြည်း ပြန်တည်ငြိမ်လာခဲ့ပေသည်။အရင်ကလောက် မကောင်းသေးသော်လည်း မျှော်လင့်ချက်တခုကတော့ အမြဲရှိနေခဲ့ပေသည်။


ဒေဝါလီခံလိုက်ရတာကသာ တခုတည်းသောရလဒ်ဖြစ်နေသော ဝမ်မိသားစုနှင့်မတူပေ။


အမှန်တိုင်းဆို ဒီအချိန်တွေအတွင်းမှာ သူတို့တွေက ကြီးမားတဲ့ဖိအားတွေကြားကို ကျရောက်နေခဲ့တာဖြစ်သည်။ လူတိုင်းက သူတို့ကိုလှောင်ပြောင်နေကြကာ၊ သူတို့နဲ့ပူးပေါင်းလာနိုင်တဲ့ တချို့ကလည်း ထပ်ပြီးမပူးပေါင်းလာတော့ဘဲ သူတို့ကိုတောင် ရှောင်နေကြသေးသည်။


ဒါက ချီမိသားစု ဆက်ရှင်သန်ဖို့ အမြှီးကိုဖြတ်လိုက်တာရဲ့ အကျိုးဆက်တွေဖြစ်သည်။တကယ်လို့ 

‘ဝမ်ယွီက ယွီတင်းရဲ့ဘော့စ် ’ဆိုတဲ့ သတင်းသာအမှားဖြစ်နေပြီး သူကအစကတည်းက ဝမ်မိသားစုရဲ့ပရောဂျက်အသစ်ကို ဖြေရှင်းဖို့ မစီစဉ်ထားခဲ့ဘူးဆိုရင် ချီယန်နဲ့ ချီကျိုးချန်တို့က သွေးအန်ပြီးသေသွားရနိုင်သည်။


အခု ဝမ်မိသားစုတွင် တစုံတခုဖြစ်လာတဲ့အခါမှာတော့ သူတို့ကကြောက်ရွံ့နေရုံသာဖြစ်သည်၊ ပျော်ရွှင်နေတဲ့ခံစားချက်မျိုး ရှိမနေကြပေ။


‘‘အဖေ၊ဒါကအရမ်းကြောက်ဖို့ကောင်းတာဘဲ။ ဝမ်ယွီကအရမ်းကြောက်စရာကောင်းတယ်。。。’’

ချီကျိုးချန်က မတတ်နိုင်ဘဲ ထုတ်ပြောလာလေသည်။


ဝမ်ယွီက နှစ်ခါဘဲ ကြားဝင်စွက်ဖက်ခဲ့တာဖြစ်သည်၊ ပထမတခါက လျိုမိသားစုဖြစ်ကာ ပျက်စီးလုနီးပါးပင်ဖြစ်သွားလေသည်။


ဒီဒုတိယအကြိမ်တွင် ဝမ်မိသားစုက ပျက်စီးသွားရသည်။


မနေ့ကတင် ဝမ်မိသားစုက ကြီးပွားချမ်းသာနေခဲ့ပေမယ့် ဒီနေ့တွင်ပျက်စီးသွားလေပြီ။


xxxxxxx


.