အပိုင်း ၁၃၀
Viewers 26k

Part 130


ချီယန်က အသက်ပြင်းပြင်းရှူထုတ်လိုက်ကာ သက်ပြင်းချလိုက်မိသည်။


‘‘ဝမ်မိသားစု ကျရှူံးသွားရင် အဲ့ဒီအခြေအနေတွေက ငါတို့ဆီကို တွန်းထုတ်ခံလာရနိုင်တယ်၊ ဘာလို့လဲ‌ဆိုတော့ ဝမ်မိသားစုက ပျောက်ကွယ်သွားရင် ချီမိသားစုအတွက် အနာဂတ်လမ်းကြောင်းကလည်း အနည်းငယ်ပိုချောမွေ့လာလိမ့်မယ် ’’


‘‘ကျွန်မတို့ ဝမ်ယွီကို တကယ်ဘဲအကူညီတောင်းလို့မရဘူးလား ’’

တင်းရိကျွင်းက မတတ်နိုင်ဘဲ မေးလာတော့သည်။


ချီယန်က ဘာမှမပြောလာပေ။


သူမက သူမလက်မောင်းကိုပွတ်သပ်လိုက်ကာ

‘‘သူ့အကြောင်းပြောရတာနဲ့တင် ကျွန်မနည်းနည်းကြောက်လာပြီ၊ ကျန်းကျန်းဘယ်လိုနေမလဲ ကျွန်မ မသိတော့ဘူး。。。。’’


ချီယန်က နောက်ဆုံးတွင် စကားပြောလာတော့သည်

‘‘အဲ့‌အကြောင်းထပ်မပြောနဲ့တော့၊ဝမ်ယွီက ကြောက်ဖို့ကောင်းတာဟုတ်တယ်။ဒါပေမယ့် သူကကျန်းကျန်းကိုတော့ ကောင်းတယ်လေ။မဟုတ်ရင် သူမကအိမ်မှာထက်စာရင် ပိုသက်တောင့်သက်သာဖြစ်နေပြီး ပျော်နေမှာမဟုတ်ဘူး ၊ကျန်းကျန်းကို ငါတို့ပိုင်တာမှမဟုတ်တာ။ဝမ်ယွီက ငါတို့ကိုလွှတ်ပေးလာတာနဲ့တင် ‌တော်တော်လေးကောင်းနေပြီ၊သွားပြီးတော့ ပြသနာရှာဖို့လုပ်မနေနဲ့ ’’


ချီကျိုးချန်က ခေါင်းညိတ်လိုက်ပေသည်


‘‘အဖေ ဒီတိုင်းဘဲ အလုပ်ကြိုးစားရအောင် အဖေကအရမ်းမအိုသေးပါဘူး၊ကျွန်တော်လည်း ငယ်သေး

တာဘဲ 。。。ချီမိသားစုအတွက် မျှော်လင့်ချက်ရှိပါသေးတယ် ’’


အဲ့ဒီအခါမှသာ ချီယန်ကပြုံးလာတော့သည်။သူက သတင်းစာကို စနစ်တကျခေါက်လိုက်ကာ ဘေးမှာထားလိုက်ပြီး ထရပ်လိုက်တော့သည် ‘‘ဒီအကြောင်းကို တွေးမနေနဲ့တော့ အရင်ဆုံးစားရအောင် ’’


ချီကျိုးချန်က လိုက်သွားတော့သည်။တင်းရိကျွင်းက သတင်းစာကိုကြည့်ကာ ခ‌နလောက်တွေးလိုက်ပြီးနောက် ကောက်ယူလိုက်ကာ အဲ့ဒါကိုထည့်ဖို့ အံဆွဲတစ်ခုကိုရှာလိုက်ပေသည်။


-ဒါက ဝမ်ယွီက သူ့သရုပ်မှန်နဲ့ ပထမဆုံးလူထုရှေ့ ထွက်လာတာလို့ မှတ်ယူနိုင်ပေသည်။


ဒီယောက်ျားက ကြောက်မက်ဖွယ်ကောင်းပေမယ့် သူကအင်အားကြီးတယ်ဆိုတာ သံသယဖြစ်စရာမလိုပေ ပြီးတော့သူက。。。


သူက သူတို့ရဲ့သားမက်လို့လည်း မှတ်ယူနိုင်ပေသည် ။


.....


တချိန်တည်းမှာပင်。。。


ကုမ္ပဏီကိုရောက်လာတဲ့ ဝမ်ကျင်စန်းနဲ့ ဝမ်ရိရန်ကလည်း ခက်ခဲသောအချိန်ကိုရင်ဆိုင်နေကြရပေသည်။သူတို့ကုမ္ပဏီဝင်ပေါက်ကနေ ဝင်လာတာနဲ့ ချက်ချင်းပင် လူတစု၏ဝန်းရံတာကိုခံလိုက်ရလေသည်။သူတို့ကအလျင်အမြန်ပင် ပြောလာကြတော့သည်-


‘‘စီအီးအိုဝမ် သတင်းတွေကိုကြားပြီးပြီမလား အခုကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ ’’


‘‘ဝမ်ကျင်စန်း၊ မင်းဘဲဒီပရောဂျက်ကို လုပ်ချင်နေခဲ့တာနော်၊အခုတော့ဒီလိုမျိုးဖြစ်သွားတယ်။ ငါတို့ကိုရှင်းပြချက်တခု ပေးမှာလား’’


‘‘စီအီးအိုဝမ် ကျွန်တော်တို့က ခင်ဗျားပြောတာကိုယုံလို့ ဒီပရောဂျက်ကိုရင်းနှီးမြုပ်နှံခဲ့တာ၊ အခုတော့ဒီလိုတစုံတခုဖြစ်ပျက်လာပြီး ပရောဂျက်ကိုဖြန့်ဖြူးလို့မရနိုင်တော့ဘူး။ခင်ဗျား ကျွန်တော်ရင်းနှီးထားတာကိုပြန်ပေးမှာ၊ဟုတ်တယ်မလား ’’


‘‘စီအီးအိုဝမ်၊အခုလေးတင် ရေလက်ကြားနည်းပညာက အရင်ကချုပ်ဆိုခဲ့တဲ့ စာချုပ်ကတရားမဝင်တော့ဘူးလို့စာပို့လာတယ်၊ သူတို့က ကျွန်တော်တို့နဲ့မပူးပေါင်းတော့ဘူးတဲ့ ’’


‘‘စီအီးအိုဝမ် ကျွန်တော်တို့ဆွေးနွေးထားတဲ့ ပူးပေါင်းမှုကလည်း ကျဆုံးသွားပြီ ’’


‘‘စီအီးအိုဝမ်。。。’’


ဒီလူတွေက လွန်ခဲ့တဲ့ရက်အနည်းငယ်ကတင် ဝမ်ကျင်စန်းနဲ့ ဝမ်ရိရန်ကို ပြုံးပြနေတုန်းဖြစ်သည်။မနေ့က လက်ထပ်ပွဲမှာတုန်းကလည်း သူတို့ကိုအရမ်းလေးစားပြနေကာ တချို့ဆိုရင် သူတို့ဆီကမျက်နှာသာရအောင် လုပ်နေခဲ့ကြပေသည်။


အဲ့ဒါကတရက်ဘဲကြာသေးပေမယ့် ဝမ်မိသားစုမှာတခုခုဖြစ်လာတာကို မြင်လိုက်ရတဲ့အခါမှာတော့ သူတို့တွေက စတင်ဝန်းရံလာကာ သူတို့ပစ္စည်းတွေကို ပြန်ရယူချင်ကြတော့သည် ၊ ဝမ်မိသားစုနဲ့ အခက်အခဲတွေကိုတောင်ရယူဖြေရှင်းကာ ပိုက်ဆံကိစ္စစာရင်းရှင်းရန် အသင့်ဖြစ်နေကြပေသည်။


ဝမ်ကျင်စန်းက သူ့လက်ချောင်းများကို ခါရမ်းကာ သူတို့ကို လက်ညှိုးထိုးလာတော့သည်။သူဘာမှမပြောနိုင်သေးခင်မှာဘဲ သူ့မျက်နှာကပြာနှမ်းလာပေသည်။သူက ဆေးရုံတွင်ဝမ်ယွီကြောင့် လှုံ့ဆော်မှုကိုတကြိမ်ခံလိုက်ရပြီးသားဖြစ်ကာ အခုထပ်ပြီးလှုံ့ဆော်ခံလိုက်ရပြန်သည်။သူကထပ်ပြီးဆတ်ခနဲဖြစ်ကာ မျက်ဖြူလှန်သွားပြီး ဝှီးချဲပေါ်တွင် မေ့သွားတော့ သည်။


‘‘အဖေ ’’


အန်းချင်ယုနဲ့ ရှုဝေတို့က အချင်းချင်းကျိန်ဆဲနေကြသည့်အချိန်တွင် ဝမ်ကျင်စန်းကနောက်တကြိမ် လေဖြန်းသွားတဲ့ သတင်းကိုကြားလိုက်ရကာ အချင်းချင်းခွာလိုက်ကြတော့သည်။


မကြာခင်မှာဘဲ သူကဆေးရုံကိုပြန်ရောက်လာပြီး ဒီတကြိမ်တွင်တော့ သူ့နောက်တွင် ဒီလူများကလိုက်လာခဲ့ကြသည်မှာ မရပ်မနားအကြွေးတောင်းသော သရဲများလိုပင် ဖြစ်နေလေသည်။


ဝမ်ကျင်စန်းက ‌အရေးပေါ်ခန်းထဲသို့ဝင်သွာလေသည်။


ဝမ်ရိရန်က အော်ဟစ်လိုက်တော့သည်

‘‘ပါးစပ်ပိတ်ထား၊ အကုန်ထွက်သွားကြ ’’


‘‘ရိရန်၊မင်းဒီလိုလုပ်လို့မရဘူး၊ ငါတို့လည်းမတတ်နိုင်ဘူးလေ မင်းတို့ဝမ်မိသားစုသာ ဒေဝါလီခံလိုက်ရရင် ငါတို့ကုမ္ပဏီသေးသေးလေးက ကြီးကြီးမားမားကို အကျိုးသက်ရောက်ခံရမှာ ’’


‘‘ဟုတ်တယ်၊ ဒါမှမဟုတ်ရင်လည်း မြန်မြန်လေး ဖြေရှင်းနိုင်မယ့် နည်းလမ်းတခုကို စဉ်းစားလိုက်လေ ’’


‘‘မင်းတို့ဝမ်မိသားစုလို ကြီးမားတဲ့အရာအတွက် ဖြေရှင်းဖို့ တနည်းနည်းတော့ ရှိမှာပါ’’


‘‘ဝမ်ရိရန်၊ ငါဂရုမစိုက်ဘူးကွာ ဘာဘဲဖြစ်ဖြစ် မင်းငါ့ကို ဖြေရှင်းချက်တခု ပေးကိုပေးရမယ် ’’


‘‘ထွက်သွားကြ ’’


ဝမ်ရိရန်က ဒေါသထွက်လာကာ အော်လိုက်တော့သည်။သူ့လက်ထဲမှာကိုင်ထားသော စာရွက်စာတမ်းဖိုင်ကို ကြမ်းပြင်ပေါ်သို့ ကြမ်းတမ်းစွာရိုက်ချလိုက်လေသည် ။


ပတ်ဝန်းကျင်က ချက်ချင်းဘဲ တိတ်ဆိတ်သွားတော့သည်။


မကြာခင်မှာဘဲ ဆေးရုံကလူတွေရယ်၊ ဝမ်မိသားစုရဲ့ကိုယ်ရံတော်တွေနဲ့ လုံခြုံရေးဝန်ထမ်းများက အမြန်ရောက်လာကာ ဒီလူတွေကိုအပြင်ဘက်ကို ထွက်သွားစေလိုက်တော့သည် ။


ဝမ်ရိရန်က လဲကျသွားကာ ကြမ်းပြင်ပေါ်တွင်ထိုင်လိုက်လေသည်။သူ့ခေါင်းကိုကိုင်ထားကာ သူ့မျက်နှာပေါ်တွင် စိတ်အားငယ်မှုများနှင့်ပြည့်နေပေသည်။


‘‘ရိရန်。。ရိရန် မင်းဘာဖြစ်တာလဲ အမေ့ကိုပြောလေ အာ ’’


ရှုဝေက သူ့ဆီသို့သွားကာ ငိုလာတော့သည်။သူ့သားအတွက် သူမရင်ထဲတွင်ဆို့နင့်နေတုန်းပင်ဖြစ်သည်။


ဝမ်ရိရန်က ဘာမှမပြောလာခဲ့ပေ။


ရှုဝေက အော်ငိုလာလေသည်

‘‘ဖြေရှင်းဖို့ နည်းလမ်းတခုခုတော့ရှိမှာပါ ဟုတ်တယ်မလား၊ ငါတို့ဝမ်မိသားစုက ဒီလောက်ကြီးတာ ဘယ်လိုဖြစ်လို့ အလွယ်တကူရှူံးနိမ့်ရမှာလဲ။ ဝမ်ယွီက ငါတို့ကိုလိမ်နေတာမလား။ သူ့မှာ ဘယ်လိုလုပ်ပြီး စွမ်းဆောင်နိုင်တဲ့အင်အားရှိနိုင်မှာလဲ။တကယ်လို့ သူကလုပ်နိုင်စွမ်းရှိတယ်ဆိုရင် ဘာလို့အနိုင်ကျင့်တာခံပြီး ပြန်မခုခံဘဲနေမှာလဲ ’’


ဝမ်ရိရန်က ကြမ်းပြင်ပေါ်မှာ ပြန့်ကြဲနေတဲ့ စာရွက် စာတမ်းဖိုင်ကြားထဲမှ သတင်းစာတစ်ခုကို ဆွဲယူရန် လုပ်လိုက်လေသည် 


-အဲ့ဒါက စီးပွားရေးမဂ္ဂဇင်းတခုဖြစ်သည်။


‘‘ဒါကအမှန်ဘဲ၊ ဝမ်ယွီ。。သူက ယွီတင်းရဲ့ဘော့စ်ဘဲ’’

ဝမ်ရိရန်အသံက အက်ရှနေကာ  ရူးသွပ်ပြီးနောက် စိတ်ပျက်အားငယ်နေသည့်ပုံ ပေါ်နေပေသည်။


ရှုဝေက အလျင်အမြန်ပင် သတင်းစာကို ဆွဲယူလိုက်ပေသည်။သိသာစွာပင် ဒါက ဒီနေ့မှထွက်လာတဲ့ မဂ္ဂဇင်းအသစ်ဖြစ်ကာ ရှေ့ဆုံးစာမျက်နှာတွင်တော့-


[ဝမ်ယွီရဲ့ ပထမဆုံးအကြိမ် စတင်တည်ထောင်သူအဖြစ် ပေါ်ထွက်လာမှု၊ အသက်26နှစ်ရှိတဲ့ ငယ်ရွယ်ပြီးအရည်အချင်းရှိသူ ဝမ်ယွီ]


အပေါ်ဘက်တွင်တော့ ဘေးကနေရိုက်ထားတဲ့ ပုံတပုံဖြစ်ပေသည်၊ဝမ်ယွီက အနက်ရောင်ဝတ်စုံကို ဝတ်

ဆင်ထားကာ အံ့အားသင့်လောက်စရာ အော်ရာများဖြင့် အရှေ့ဘက်သို့ အေးစက်စွာ ကြည့်နေပေသည်။


သတင်းစာက ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားတော့သည်။


ဒီသတင်းကိုမြင်ပြီးမှတော့ နားမလည်စရာဘာမှရှိမနေတော့ပေ။


သူက သူ့ကိုယ်သူဖုံးကွယ်ထားခဲ့ကာ၊ ဒီနေ့တွင် ဝမ်မိသားနှင့်ပြသနာတွေရှိလာမှတော့ နောက်ဆုံးတွင် ထပ်ပြီးဖုံးကွယ်နေဖို့ မလိုအပ်တော့ပေ။


ရှုဝေက မသဲမကွဲပြောလာလေသည်

‘‘မဖြစ်နိုင်ဘူး。。。မဖြစ်နိုင်ဘူး ’’


ဝမ်ရိရန်က ဘာမှပြောမနေတော့ဘဲ စိတ်ပျက်အားငယ်စွာ သူ့ဆံပင်ကိုဆုပ်ကိုင်လိုက်ပြီး ကြမ်းပြင်ပေါ်တွင်ထိုင်လိုက်တော့သည် 


သိပ်မဝေးတဲ့နေရာတွင် အန်းချင်ယုကလည်း ကြမ်းပြင်ပေါ်သို့ လဲကျနေလေသည်။သူမကိုယ်ဝန်လွယ်ထားရတယ်ဆိုတာမသိတဲ့အတိုင်း အေးစက်နေသောကြမ်းပြင်ပေါ်တွင် သူမက လဲပြိုကျသွားသလို အမူအရာဖြင့်ထိုင်နေလေသည်။


ဘာကြောင့်လဲ၊ ဘာကြောင့် သူမစောစောလေးမသိခဲ့ရတာလဲ


ဘာလို့ ဝမ်ရိရန်နဲ့တရားဝင်လက်မှတ်ထိုးပြီးမှလဲ.....


xxxxxxxx